HomeCharacterDarkhold စာအုပ်နဲ့ Scarlet Witch ကို လိုချင်နေတဲ့ Blade (Fan Theory)

Darkhold စာအုပ်နဲ့ Scarlet Witch ကို လိုချင်နေတဲ့ Blade (Fan Theory)

ပြီးခဲ့တဲ့ နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Eternals ရုပ်ရှင်ထဲမှာတော့ Blade ဟာ အသံ Cameo ပါဝင်ခဲ့တာကြောင့် ယခုအချိန်မှာတော့ သူဟာ MCU ထဲမှာ ပါဝင်လာပြီလို့ ပြောလို့ရပါတယ်။ MCU Phase 5 မှာဆိုရင်လည်း သူ့ရဲ့ ဆိုလိုရုပ်ရှင် ထွက်ရှိလာမှာ ဖြစ်ပြီး ဇာတ်လမ်းအကြောင်းကိုတော့ မသိရသေးပါဘူး။ ပရိသတ်အချို့ကတော့ အဲ့ဒီဇာတ်လမ်းဟာ Scarlet Witch နဲ့ ဆက်စပ်နေမယ်လို့ ယူဆကြပြီး Blade ဟာ Darkhold စာအုပ်နဲ့ Scarlet Witch ကို လိုချင်နေတယ်လို့ ဆိုပါတယ်။

Erick Cross Brooks တဖြစ်လည်း Blade ဟာ လူသားတစ်ဝက် သွေးစုပ်ဖုတ်ကောင်တစ်ဝက် ရောနှောထားတဲ့ dhampir ပဲ ဖြစ်ပါတယ်။ သူကတော့ တစ်ကမ္ဘာလုံးမှာ ရှိသမျှ သွေးစုပ်ဖုတ်ကောင်တွေကို သတ်ပစ်ဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။ ကောမစ်ထဲမှာဆိုရင်တော့ သူဟာ မတူညီတဲ့ အဖွဲ့တွေများစွာမှာ ပါဝင်ခဲ့ဖူးပြီး Midnight Sons အဖွဲ့ထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ယခုဆိုရင်တော့ MCU ထဲမှာ Black Knight နဲ့ Moon Knight တို့ ပါဝင်လာမှာ ဖြစ်တာကြောင့် ဒီအဖွဲ့ကိုလည်း MCU မှာ မြင်တွေ့ရတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။

photo via screenrant

ဒီသီအိုရီအရ ဆိုရင်တော့ Blade ဟာ Scarlet Witch ကို Midnight Sons အဖွဲ့ထဲကို ခေါ်သွင်းချင်နေ ပြီး Darkhold စာအုပ်ကိုလည်း လိုချင်နေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ Darkhold စာအုပ်ထဲမှာ Montesi Formula ဆိုတဲ့ အစွမ်းထက် Spell တစ်ခု ပါဝင်နေပြီး အဲ့ဒီ Spell ကတော့ ရှိသမျှ သွေးစုပ်ဖုတ်ကောင်တွေ အားလုံးကို သတ်ပစ်လိုက်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ Spell ရဲ့ အစွမ်းသက်ရောက်မှုက ခဏတာပဲ ဖြစ်ပြီး ဒီ Spell ပျက်စီးသွားတာနဲ့ သေဆုံးသွားတဲ့ သွေးစုပ်ဖုတ်ကောင်တွေအားလုံးက ပြန်လည်ရှင်သန်လာကြမှာ ဖြစ်ပါတယ်။

Blade ကတော့ ရှိသမျှ သွေးစုပ်ဖုတ်ကောင်တွေအားလုံးကို သတ်ပစ်ဖို့ စိတ်ဆုံးဖြတ်ထားသူ ဖြစ်တာကြောင့် ဒီ Spell နဲ့ဆိုရင် သူ့ရဲ့မစ်ရှင်ဟာ လွယ်လွယ်ကူကူ ပြီးမြောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ Scarlet Witch ဆီမှာရှိတဲ့ Darkhold စာအုပ်ကို ရယူဖို့ ကြိုးစားလိမ့်မယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။

Scarlet Witch ကတော့ ဒီစာအုပ်ကို လွယ်လွယ်နဲ့ ပေးလိုက်မှာ မဟုတ်တာကြောင့် Blade ဟာ သူမကိုပါ Midnight Sons အဖွဲ့ထဲကို ခေါ်ယူဖို့ ကြိုးစားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အခြေအနေတွေပေါ်မှာ မူတည်တာကြောင့် သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကိုလည်း မြင်တွေ့ရနိုင်ချေ ရှိပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ သွေးစုပ်ဖုတ်ကောင်တွေ တည်ရှိနေရတဲ့ အကြောင်းရင်းဟာ Darkhold စာအုပ်ကြောင့်ပဲ ဖြစ်ပါတယ်။ Thulsa Doom ဆိုတဲ့ မှော်ဆရာရဲ့ နောက်လိုက်တွေဟာ Darkhold စာအုပ်ထဲက Spell တစ်ခုကို အသုံးပြုပြီး ပထမဆုံး သွေးစုပ်ဖုတ်ကောင် ဖြစ်တဲ့ Varnae ကို ဖန်တီးခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာတော့ သွေးစုပ်ဖုတ်ကောင်တွေကို ဖန်တီးတဲ့ နည်းလမ်းအပြင် ဖျက်ဆီးဖို့ နည်းလမ်းလည်း ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ Blade ရုပ်ရှင်ထဲမှာတော့ Darkhold စာအုပ်က အဓိကနေရာ ပါဝင်လာနိုင်ချေ များပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular