HomeEntertainmentFilmချစ်သူလေးနဲ့အတူ ကြည့်ရှုသင့်တဲ့ Netflix က အချစ်ဇာတ်ကားကောင်းများ 

ချစ်သူလေးနဲ့အတူ ကြည့်ရှုသင့်တဲ့ Netflix က အချစ်ဇာတ်ကားကောင်းများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ချစ်ခြင်းမေတ္တာအကြောင်း ဖော်ကြူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဟာ လူတွေရဲ့ စိတ်ခံစားချက်ကို နှစ်ဝင်စီးမျောစေပါတယ်။ ဒါကြောင့်လည်း ရိုမန့်စ်ရုပ်ရှင် အမျိုးအစားတွေဟာ နှစ်ပေါင်းများစွာ အောင်မြင်လာတာ ဖြစ်ပါတယ်။ အချစ်ရဲ့စေ့ဆော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်းတွေနဲ့ နွေးထွေးတဲ့ ခံစားမှုတွေဟာ တကယ့်လက်တွေ့ လူတွေကြားမှာလည်း ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါပဲ။ ဒါကြောင့် စုံတွဲတွေ အေးအေးဆေးဆေး အတူတူ ကြည့်ရှုနိုင်မယ့် Netflix က အချစ်ဇာတ်ကားကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

All The Bright Places (2020)
Photo via screenrant

စိတ်ကျန်းမာရေးဆိုင်ရာ အသိအမြင် နိုးကြားမှုဟာ အရေးကြီးပါတယ်။ အထူးသဖြင့် ယနေ့ခေတ်လို အခြေအနေမျိုးမှာ လူတိုင်းက စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပိုမိုအလေးပေး ဂရုစိုက်သင့်ပါတယ်။ လူတွေဟာ အရင်အချိန်တွေတုန်းကတော့ စိတ်ကျန်းမာရေးကို ထင်သလောက် ဂရုမပြုခဲ့ကြပါဘူး။ မကြာသေးခင် ကာလလောက်ကမှ စတင်ပြီး ဒီကိစ္စဟာ အရေးပါပြီး ဦးစားပေးရမယ့် အရာအဖြစ် လူတွေကြားမှာ ပွင့်လင်းစွာ ဆွေးနွေးပြောဆိုလာကြတာ ဖြစ်ပါတယ်။

All The Bright Places ဆိုတဲ့ ဇာတ်ကားလေးမှာတော့ Elle Fanning နဲ့ Justice Smith တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.5 ရရှိထားပါတယ်။ ဒီဇာတ်ကားလေးမှာတော့ စိတ်ကျန်းမာရေးရဲ့ အသေးစိတ်ကျတဲ့ အကြောင်းအရာတွေကို တင်ဆက်ထားပါတယ်။ ဆယ်ကျော်သက် နှစ်ယောက်ဟာ ချစ်ကြိုက်သွားကြပြီးနောက် နှစ်ယောက်အတူတူ အချိန်တွေ ကုန်ဆုံးရင်း သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားကြပုံကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

Desperados (2020)
Photo via screenrant

ဒီဇာတ်ကားကတော့ ရယ်လည်းရယ်ရတဲ့ အချစ်ဟာသ ကားတစ်ကားဖြစ်ပြီး IMDb 5.1 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အသက်သုံးဆယ်ပြည့်တော့မယ့် အမျိုးသမီးတစ်ယောက်ဟာ အလုပ်မှာလည်း ရုန်းကန်နေရသလို ဒိတ်တွေလည်း အများကြီး သွားဖူးပေမယ့် အဆင်မပြေတာတွေပဲ ကြုံနေရပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ သူမနဲ့ အဆင်ပြေ လိုက်ဖက်တဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။

သို့ပေမယ့် သိပ်မကြာခင်မှာပဲ ကောင်လေးဘက်က သူမဆီကို စာမပြန်၊ ဖုန်းမကိုင်ဘဲ အဆက်ဖြတ်သွားပါတယ်။ ဒီမှာတင် စိတ်တွေဆိုးပြီး စိတ်ရှိတိုင်း ပြောဆိုထားတဲ့ အီးမေးလ်တစ်စောင်ကို ကောင်လေးဆီ ပို့လိုက်ပါတယ်။ သို့ပေမယ့် ကောင်လေးဘက်က စာမပြန်၊ မဆက်သွယ်နိုင်တာဟာ တခြားခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုကြောင့်ဆိုတာ သိသွားချိန်မှာတော့ သူမရဲ့အီးမေးလ်ကို ကောင်လေး မဖတ်မိခင် ပြန်ဖျက်နိုင်ဖို့ ကြိုးစားရပါတော့တယ်။

The Kissing Booth 2 (2020)
Photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Kissing Booth ရဲ့ ဒုတိယမြောက်ဇာတ်ကား ဖြစ်ပြီး Joey King နဲ့ Jacob Elordi တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ Ella နဲ့ Norah ရဲ့ကြားက အချစ်ရေးကိုပဲ ဆက်လက်တင်ဆက်ထားပေမယ့် ဒီတစ်ခါမှာတော့ တစ်ယောက်တစ်နယ်စီ ဝေးနေကြရပါတယ်။ အဝေးကနေ ချစ်နေကြရတဲ့ ချစ်သူနှစ်ဦးဟာ နှစ်ယောက်ကြားက အချစ်ကို မပျက်ပြယ်သွားဖို့နဲ့ တစ်ခြားသူတွေရဲ့ ဖြားယောင်းသွေးဆောင်မှုတွေကနေ တောင့်ခံနိုင်ဖို့ ကြိုးစားကြရပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ IMDb 5.9 ရရှိထားပါတယ်။

Always Be My Maybe (2019)
Photo via screenrant

ဒီဇာတ်လမ်းကတော့ ရင့်ကျက်တဲ့ အရွယ်ရောက်မှ ပြန်လည်ဆက်သွယ်မိကြတဲ့ စုံတွဲတစ်တွဲအကြောင်း ဖြစ်ပါတယ်။ BFF တွေအဖြစ် ကြီးပြင်းလာခဲ့ပြီး ဆယ်ကျော်သက်ရွယ် လူငယ်ဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီး၊ နီးစပ်မှုရှိလာအောင် ကြိုးစားခဲ့ပေမယ့် အချိန်ကြာလာတော့လည်း ကိုယ့်လမ်းကိုယ် ရွေးချယ်ကြပြီး ကွဲကွာသွားခဲ့ကြပါတယ်။

ဒီလိုနဲ့ အဆက်အသွယ် ပြတ်သွားပြီး (၁၅)နှစ်လောက်အကြာမှ အမှတ်မထင် ပြန်တွေ့ကြတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိ ခံစားချက်တွေ ရှိနေသေးလည်းဆိုတာ သတိထားမိသွားကြပါတယ်။ ရင့်ကျက်တဲ့အရွယ်မှာတော့ ကွာခြားချက်တွေ အများကြီးရှိပေမယ့် သူတို့ကြားက ဇာတ်လမ်းကို ရှေ့ဆက်ဖို့ ကြိုးစားကြတဲ့အခါ အဆင်ပြေမှာလားဆိုတာ ကြည့်ရှုရမှာပါ။ IMDb 6.8 ရရှိထားပါတယ်။

To All the Boy: P.S. I Still Love You (2020)
Photo via screenrant

ဒီဇာတ်ကားဟာ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တဲ့ To All The Boy I Love Before ရဲ့ အဆက်ဖြစ်ပြီး IMDb 6 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကြီးစာရေးဆရာ Jenny Han ရဲ့ဝတ္ထုကို မှီငြမ်းထားပြီး ဒါရိုက်တာ Michael Fimognari က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကတော့ ဘဝတစ်လျှောက်လုံး ကြိတ်ကြွေခဲ့ဖူးတဲ့ ကောင်လေးတွေရဲ့အကြောင်းကို အမှတ်တရ မှတ်စုလေးတွေ ရေးထားတတ်တဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ရဲ့အကြောင်း ဖြစ်ပါတယ်။

Set It Up (2018)
Photo via screenrant

ဒီဇာတ်ကားလေးကတော့ လုပ်ငန်းခွင်မှာ ဖြစ်ပျက်တတ်တဲ့ ကိစ္စလေးတွေကို ရိုမန့်စ် ဟာသရောနှောထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူငယ်ဝန်ထမ်းနှစ်ယောက်ဟာ သူတို့ရဲ့အလုပ်တွေထဲမှာ အံဝင်ခွင်ကျ မဖြစ်ဘူးလို့ သိလာပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ဘော့စ်တွေဟာ ဆက်ဆံရခက်ခဲပြီး အနိုင်ယူ ဗိုလ်ကျတတ်တာကြောင့် အဆင်မပြေဖြစ်ရလို့ပါပဲ။

ဒီလိုနဲ့ သူတို့ရဲ့ဘော့စ်တွေ အလုပ်က ခဏနားပြီး အေးဆေးအနားယူလို့ရအောင် သူတို့နှစ်ယောက်ဟာ ကြိတ်ကြံပါတော့တယ်။ ဒါ့အပြင် ဘော့စ်နှစ်ယောက် ချစ်ကြိုက်သွားအောင် ကြံဆောင်နိုင်မယ်ဆိုရင် သူတို့လည်း အလုပ်မှာအေးအေးဆေးဆေး၊ သာသာယာယာ နေနိုင်မယ်လို့ အတွေးရသွားကြပါတယ်။ သူတို့ရဲ့ မဟာအစီအစဉ်ကိုအကောင်အထည် ဖော်နေဆဲ ကာလအတွင်းမှာပဲ သူတို့နှစ်ယောက်ကိုယ်တိုင်ကလည်း ချစ်ကြိုက်သွားပါတော့တယ်။ IMDb 6.5 ရရှိထားပါတယ်။

Mr. Right (2015)
Photo via screenrant

ဒီဇာတ်ကားမှာတော့ Anna Kendrick နဲ့ Sam Rockwell တို့က အဓိက သရုပ်ဆောင်ထားပြီး IMDb 6.3 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ သူမရဲ့ရည်းစားအသစ်ဟာ ကြေးစားလူသတ်သမား ဖြစ်နေတာကို သိသွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။

ကောင်မလေးရဲ့ရည်းစားဟာ အလွန်လှည့်ကွက်များတဲ့ ကြေးစားလုပ်ကြံသူဖြစ်ပြီး သူတကယ်သတ်ရမယ့် ပစ်မှတ်တွေအစား သူ့ကိုငှားရမ်းသူတွေကို ပြန်လည်ရှင်းလင်းသုတ်သင်ပစ်သူ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Box office မှာတော့ ဝင်ငွေသိပ်မကောင်းခဲ့ပေမယ့် ကြည့်ရတာ တန်မယ့် ကားတစ်ကား ဖြစ်ပါတယ်။ Anna Kendrick နဲ့ Sam Rockwell တို့ကြားက သက်ဝင်ပီပြင်တဲ့ သရုပ်ဆောင်မှုတွေအပြင် ဆန်းပြားတဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း ကြည့်ရှုရမှာပါ။

Silver Linings Playbook (2012)
Photo via screenrant

စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိအမြင် နိုးကြားစေမယ့် နောက်ထပ်တစ်ကားကတော့ Silver Linings Playbook ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးကို သေချာစွာ ဂရုမစိုက်ဘူးဆိုရင် သာယာဖြောင့်ဖြူးတဲ့ မေတ္တာလမ်းဆိုတာ မရှိနိုင်ဘဲ  ဆန့်ကျင်ဘက်အနေနဲ့ ဆိုးကျိုးတွေပဲ ရစေနိုင်ပါလိမ့်မယ်။ ဒီဇာတ်ကားမှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အများကြီး မီးမောင်းထိုးပြထားပါတယ်။ Bradley Cooper နဲ့ Jennifer Lawrence တို့က အပြိုင်သရုပ်ဆောင်ထားပါတယ်။ IMDb ကတော့ 7.7 ရရှိထားပါတယ်။

The Perfect Date (2019)
Photo via screenrant

မင်းသား Noah Centineo ဟာ Netflix မှာတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ပါတယ်။ သူဟာ Netflix original ဇာတ်ကားတွေမှာ သရုပ်ဆောင်ထားပြီး နာမည်လည်း ရှိပြီးသား ဖြစ်ပါတယ်။ IMDb 5.8 ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ Noah Centineo ဟာ Camila Mendes ၊ Lana Cantor ၊ Laura Marano တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။

The Perfect Date ဇာတ်ကားထဲမှာတော့ Noah Centineo ဟာ ကျောင်းကပွဲနဲ့ အခြားပျော်ပွဲရွှင်ပွဲတွေကို အခကြေးငွေယူပြီး မိန်းကလေးတွေအတွက် အဖော်လိုက်ပေးတဲ့ ဆယ်ကျော်သက်ကောင်လေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ သူဟာ ကောလိပ်တက်ဖို့ ပိုက်ဆံစုနေသူဖြစ်ပေမယ့် ဒီလိုနည်းနဲ့ ပိုက်ဆံရှာတဲ့အခါမှာတော့ သူ့အတွက် ပြဿနာတွေ ဖြစ်လာစေပါတော့တယ်။

ဒီဇာတ်ကားတွေကတော့ Netflix မှာ ရရှိနိုင်ပြီး ချစ်သူနဲ့အတူ ကြည်ကြည်နူးနူး ကြည့်လို့ကောင်းတဲ့ စိတ်ကြည်နူးဖွယ် အချစ်ဇာတ်ကားလေးတွေ ဖြစ်ပါတယ်။ အားလုံးပဲ ကြည်နူးဖွယ်ရာ အချိန်လေးတွေကို ဒီကားလေးတွေ ကြည့်ရင်း ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

ခ်စ္ျခင္းေမတၱာအေၾကာင္း ေဖာ္ၾကဴးထားတဲ့ ႐ုပ္ရွင္ဇာတ္လမ္းေတြဟာ လူေတြရဲ႕ စိတ္ခံစားခ်က္ကို ႏွစ္ဝင္စီးေမ်ာေစပါတယ္။ ဒါေၾကာင့္လည္း ႐ိုမန႔္စ္႐ုပ္ရွင္ အမ်ိဳးအစားေတြဟာ ႏွစ္ေပါင္းမ်ားစြာ ေအာင္ျမင္လာတာ ျဖစ္ပါတယ္။ အခ်စ္ရဲ႕ေစ့ေဆာ္မႈေၾကာင့္ ျဖစ္ေပၚလာတဲ့ ေမွ်ာ္လင့္ျခင္း၊ ယုံၾကည္ျခင္းေတြနဲ႔ ေႏြးေထြးတဲ့ ခံစားမႈေတြဟာ တကယ့္လက္ေတြ႕ လူေတြၾကားမွာလည္း ျဖစ္ပ်က္ေနတဲ့ ကိစၥေတြပါပဲ။ ဒါေၾကာင့္ စုံတြဲေတြ ေအးေအးေဆးေဆး အတူတူ ၾကည့္ရႈႏိုင္မယ့္ Netflix က အခ်စ္ဇာတ္ကားေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

All The Bright Places (2020)
Photo via screenrant

စိတ္က်န္းမာေရးဆိုင္ရာ အသိအျမင္ ႏိုးၾကားမႈဟာ အေရးႀကီးပါတယ္။ အထူးသျဖင့္ ယေန႔ေခတ္လို အေျခအေနမ်ိဳးမွာ လူတိုင္းက စိတ္က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ပိုမိုအေလးေပး ဂ႐ုစိုက္သင့္ပါတယ္။ လူေတြဟာ အရင္အခ်ိန္ေတြတုန္းကေတာ့ စိတ္က်န္းမာေရးကို ထင္သေလာက္ ဂ႐ုမျပဳခဲ့ၾကပါဘူး။ မၾကာေသးခင္ ကာလေလာက္ကမွ စတင္ၿပီး ဒီကိစၥဟာ အေရးပါၿပီး ဦးစားေပးရမယ့္ အရာအျဖစ္ လူေတြၾကားမွာ ပြင့္လင္းစြာ ေဆြးေႏြးေျပာဆိုလာၾကတာ ျဖစ္ပါတယ္။

All The Bright Places ဆိုတဲ့ ဇာတ္ကားေလးမွာေတာ့ Elle Fanning နဲ႔ Justice Smith တို႔က ပါဝင္သ႐ုပ္ေဆာင္ထားၿပီး IMDb 6.5 ရရွိထားပါတယ္။ ဒီဇာတ္ကားေလးမွာေတာ့ စိတ္က်န္းမာေရးရဲ႕ အေသးစိတ္က်တဲ့ အေၾကာင္းအရာေတြကို တင္ဆက္ထားပါတယ္။ ဆယ္ေက်ာ္သက္ ႏွစ္ေယာက္ဟာ ခ်စ္ႀကိဳက္သြားၾကၿပီးေနာက္ ႏွစ္ေယာက္အတူတူ အခ်ိန္ေတြ ကုန္ဆုံးရင္း သူတို႔ရဲ႕ စိတ္ဒဏ္ရာေတြကို ကုစားၾကပုံကို ၾကည့္ရႈခံစားရမွာ ျဖစ္ပါတယ္။

Desperados (2020)
Photo via screenrant

ဒီဇာတ္ကားကေတာ့ ရယ္လည္းရယ္ရတဲ့ အခ်စ္ဟာသ ကားတစ္ကားျဖစ္ၿပီး IMDb 5.1 ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အသက္သုံးဆယ္အ႐ြယ္ အမ်ိဳးသမီးတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အသက္သုံးဆယ္ျပည့္ေတာ့မယ့္ အမ်ိဳးသမီးတစ္ေယာက္ဟာ အလုပ္မွာလည္း ႐ုန္းကန္ေနရသလို ဒိတ္ေတြလည္း အမ်ားႀကီး သြားဖူးေပမယ့္ အဆင္မေျပတာေတြပဲ ႀကဳံေနရပါတယ္။ ဒီလိုနဲ႔ ေနာက္ဆုံးမွာေတာ့ သူမနဲ႔ အဆင္ေျပ လိုက္ဖက္တဲ့ လူတစ္ေယာက္ကို ေတြ႕လိုက္ရပါတယ္။

သို႔ေပမယ့္ သိပ္မၾကာခင္မွာပဲ ေကာင္ေလးဘက္က သူမဆီကို စာမျပန္၊ ဖုန္းမကိုင္ဘဲ အဆက္ျဖတ္သြားပါတယ္။ ဒီမွာတင္ စိတ္ေတြဆိုးၿပီး စိတ္ရွိတိုင္း ေျပာဆိုထားတဲ့ အီးေမးလ္တစ္ေစာင္ကို ေကာင္ေလးဆီ ပို႔လိုက္ပါတယ္။ သို႔ေပမယ့္ ေကာင္ေလးဘက္က စာမျပန္၊ မဆက္သြယ္ႏိုင္တာဟာ တျခားခိုင္လုံတဲ့ အေၾကာင္းျပခ်က္တစ္ခုေၾကာင့္ဆိုတာ သိသြားခ်ိန္မွာေတာ့ သူမရဲ႕အီးေမးလ္ကို ေကာင္ေလး မဖတ္မိခင္ ျပန္ဖ်က္ႏိုင္ဖို႔ ႀကိဳးစားရပါေတာ့တယ္။

The Kissing Booth 2 (2020)
Photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Kissing Booth ရဲ႕ ဒုတိယေျမာက္ဇာတ္ကား ျဖစ္ၿပီး Joey King နဲ႔ Jacob Elordi တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားမွာ Ella နဲ႔ Norah ရဲ႕ၾကားက အခ်စ္ေရးကိုပဲ ဆက္လက္တင္ဆက္ထားေပမယ့္ ဒီတစ္ခါမွာေတာ့ တစ္ေယာက္တစ္နယ္စီ ေဝးေနၾကရပါတယ္။ အေဝးကေန ခ်စ္ေနၾကရတဲ့ ခ်စ္သူႏွစ္ဦးဟာ ႏွစ္ေယာက္ၾကားက အခ်စ္ကို မပ်က္ျပယ္သြားဖို႔နဲ႔ တစ္ျခားသူေတြရဲ႕ ျဖားေယာင္းေသြးေဆာင္မႈေတြကေန ေတာင့္ခံႏိုင္ဖို႔ ႀကိဳးစားၾကရပုံကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ IMDb 5.9 ရရွိထားပါတယ္။

Always Be My Maybe (2019)
Photo via screenrant

ဒီဇာတ္လမ္းကေတာ့ ရင့္က်က္တဲ့ အ႐ြယ္ေရာက္မွ ျပန္လည္ဆက္သြယ္မိၾကတဲ့ စုံတြဲတစ္တြဲအေၾကာင္း ျဖစ္ပါတယ္။ BFF ေတြအျဖစ္ ႀကီးျပင္းလာခဲ့ၿပီး ဆယ္ေက်ာ္သက္႐ြယ္ လူငယ္ဘဝမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုရင္းႏွီး၊ နီးစပ္မႈရွိလာေအာင္ ႀကိဳးစားခဲ့ေပမယ့္ အခ်ိန္ၾကာလာေတာ့လည္း ကိုယ့္လမ္းကိုယ္ ေ႐ြးခ်ယ္ၾကၿပီး ကြဲကြာသြားခဲ့ၾကပါတယ္။

ဒီလိုနဲ႔ အဆက္အသြယ္ ျပတ္သြားၿပီး (၁၅)ႏွစ္ေလာက္အၾကာမွ အမွတ္မထင္ ျပန္ေတြ႕ၾကတဲ့အခါ တစ္ေယာက္ကိုတစ္ေယာက္ ဘယ္ေလာက္ထိ ခံစားခ်က္ေတြ ရွိေနေသးလည္းဆိုတာ သတိထားမိသြားၾကပါတယ္။ ရင့္က်က္တဲ့အ႐ြယ္မွာေတာ့ ကြာျခားခ်က္ေတြ အမ်ားႀကီးရွိေပမယ့္ သူတို႔ၾကားက ဇာတ္လမ္းကို ေရွ႕ဆက္ဖို႔ ႀကိဳးစားၾကတဲ့အခါ အဆင္ေျပမွာလားဆိုတာ ၾကည့္ရႈရမွာပါ။ IMDb 6.8 ရရွိထားပါတယ္။

To All the Boy: P.S. I Still Love You (2020)
Photo via screenrant

ဒီဇာတ္ကားဟာ ၂၀၁၈ခုႏွစ္က ထြက္ရွိခဲ့တဲ့ To All The Boy I Love Before ရဲ႕ အဆက္ျဖစ္ၿပီး IMDb 6 ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ နာမည္ႀကီးစာေရးဆရာ Jenny Han ရဲ႕ဝတၳဳကို မွီျငမ္းထားၿပီး ဒါ႐ိုက္တာ Michael Fimognari က ႐ိုက္ကူးထားပါတယ္။ ဇာတ္လမ္းကေတာ့ ဘဝတစ္ေလွ်ာက္လုံး ႀကိတ္ေႂကြခဲ့ဖူးတဲ့ ေကာင္ေလးေတြရဲ႕အေၾကာင္းကို အမွတ္တရ မွတ္စုေလးေတြ ေရးထားတတ္တဲ့ ဆယ္ေက်ာ္သက္ ေကာင္မေလးတစ္ေယာက္ရဲ႕အေၾကာင္း ျဖစ္ပါတယ္။

Set It Up (2018)
Photo via screenrant

ဒီဇာတ္ကားေလးကေတာ့ လုပ္ငန္းခြင္မွာ ျဖစ္ပ်က္တတ္တဲ့ ကိစၥေလးေတြကို ႐ိုမန႔္စ္ ဟာသေရာေႏွာထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ လူငယ္ဝန္ထမ္းႏွစ္ေယာက္ဟာ သူတို႔ရဲ႕အလုပ္ေတြထဲမွာ အံဝင္ခြင္က် မျဖစ္ဘူးလို႔ သိလာပါတယ္။ အေၾကာင္းကေတာ့ သူတို႔ရဲ႕ေဘာ့စ္ေတြဟာ ဆက္ဆံရခက္ခဲၿပီး အႏိုင္ယူ ဗိုလ္က်တတ္တာေၾကာင့္ အဆင္မေျပျဖစ္ရလို႔ပါပဲ။

ဒီလိုနဲ႔ သူတို႔ရဲ႕ေဘာ့စ္ေတြ အလုပ္က ခဏနားၿပီး ေအးေဆးအနားယူလို႔ရေအာင္ သူတို႔ႏွစ္ေယာက္ဟာ ႀကိတ္ႀကံပါေတာ့တယ္။ ဒါ့အျပင္ ေဘာ့စ္ႏွစ္ေယာက္ ခ်စ္ႀကိဳက္သြားေအာင္ ႀကံေဆာင္ႏိုင္မယ္ဆိုရင္ သူတို႔လည္း အလုပ္မွာေအးေအးေဆးေဆး၊ သာသာယာယာ ေနႏိုင္မယ္လို႔ အေတြးရသြားၾကပါတယ္။ သူတို႔ရဲ႕ မဟာအစီအစဥ္ကိုအေကာင္အထည္ ေဖာ္ေနဆဲ ကာလအတြင္းမွာပဲ သူတို႔ႏွစ္ေယာက္ကိုယ္တိုင္ကလည္း ခ်စ္ႀကိဳက္သြားပါေတာ့တယ္။ IMDb 6.5 ရရွိထားပါတယ္။

Mr. Right (2015)
Photo via screenrant

ဒီဇာတ္ကားမွာေတာ့ Anna Kendrick နဲ႔ Sam Rockwell တို႔က အဓိက သ႐ုပ္ေဆာင္ထားၿပီး IMDb 6.3 ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ သူမရဲ႕ရည္းစားအသစ္ဟာ ေၾကးစားလူသတ္သမား ျဖစ္ေနတာကို သိသြားတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္း ျဖစ္ပါတယ္။

ေကာင္မေလးရဲ႕ရည္းစားဟာ အလြန္လွည့္ကြက္မ်ားတဲ့ ေၾကးစားလုပ္ႀကံသူျဖစ္ၿပီး သူတကယ္သတ္ရမယ့္ ပစ္မွတ္ေတြအစား သူ႔ကိုငွားရမ္းသူေတြကို ျပန္လည္ရွင္းလင္းသုတ္သင္ပစ္သူ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ Box office မွာေတာ့ ဝင္ေငြသိပ္မေကာင္းခဲ့ေပမယ့္ ၾကည့္ရတာ တန္မယ့္ ကားတစ္ကား ျဖစ္ပါတယ္။ Anna Kendrick နဲ႔ Sam Rockwell တို႔ၾကားက သက္ဝင္ပီျပင္တဲ့ သ႐ုပ္ေဆာင္မႈေတြအျပင္ ဆန္းျပားတဲ့ ဇာတ္ဝင္ခန္းေတြကိုလည္း ၾကည့္ရႈရမွာပါ။

Silver Linings Playbook (2012)
Photo via screenrant

စိတ္က်န္းမာေရးနဲ႔ ပတ္သက္တဲ့ အသိအျမင္ ႏိုးၾကားေစမယ့္ ေနာက္ထပ္တစ္ကားကေတာ့ Silver Linings Playbook ျဖစ္ပါတယ္။ စိတ္က်န္းမာေရးကို ေသခ်ာစြာ ဂ႐ုမစိုက္ဘူးဆိုရင္ သာယာေျဖာင့္ျဖဴးတဲ့ ေမတၱာလမ္းဆိုတာ မရွိႏိုင္ဘဲ  ဆန႔္က်င္ဘက္အေနနဲ႔ ဆိုးက်ိဳးေတြပဲ ရေစႏိုင္ပါလိမ့္မယ္။ ဒီဇာတ္ကားမွာေတာ့ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး အမ်ားႀကီး မီးေမာင္းထိုးျပထားပါတယ္။ Bradley Cooper နဲ႔ Jennifer Lawrence တို႔က အၿပိဳင္သ႐ုပ္ေဆာင္ထားပါတယ္။ IMDb ကေတာ့ 7.7 ရရွိထားပါတယ္။

The Perfect Date (2019)
Photo via screenrant

မင္းသား Noah Centineo ဟာ Netflix မွာေတာ့ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ ျဖစ္ပါတယ္။ သူဟာ Netflix original ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ထားၿပီး နာမည္လည္း ရွိၿပီးသား ျဖစ္ပါတယ္။ IMDb 5.8 ရရွိထားတဲ့ ဒီဇာတ္ကားမွာေတာ့ Noah Centineo ဟာ Camila Mendes ၊ Lana Cantor ၊ Laura Marano တို႔နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ထားပါတယ္။

The Perfect Date ဇာတ္ကားထဲမွာေတာ့ Noah Centineo ဟာ ေက်ာင္းကပြဲနဲ႔ အျခားေပ်ာ္ပြဲ႐ႊင္ပြဲေတြကို အခေၾကးေငြယူၿပီး မိန္းကေလးေတြအတြက္ အေဖာ္လိုက္ေပးတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးအျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ သူဟာ ေကာလိပ္တက္ဖို႔ ပိုက္ဆံစုေနသူျဖစ္ေပမယ့္ ဒီလိုနည္းနဲ႔ ပိုက္ဆံရွာတဲ့အခါမွာေတာ့ သူ႔အတြက္ ျပႆနာေတြ ျဖစ္လာေစပါေတာ့တယ္။

ဒီဇာတ္ကားေတြကေတာ့ Netflix မွာ ရရွိႏိုင္ၿပီး ခ်စ္သူနဲ႔အတူ ၾကည္ၾကည္ႏူးႏူး ၾကည့္လို႔ေကာင္းတဲ့ စိတ္ၾကည္ႏူးဖြယ္ အခ်စ္ဇာတ္ကားေလးေတြ ျဖစ္ပါတယ္။ အားလုံးပဲ ၾကည္ႏူးဖြယ္ရာ အခ်ိန္ေလးေတြကို ဒီကားေလးေတြ ၾကည့္ရင္း ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular