HomeCelebs Update NewsInternationalDisney နဲ့ Black Widow ကိစ္စအပေါ် တုံ့ပြန်ပြောကြားလာတဲ့ Davie Bautista 

Disney နဲ့ Black Widow ကိစ္စအပေါ် တုံ့ပြန်ပြောကြားလာတဲ့ Davie Bautista 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သရုပ်ဆောင် Dave Bautista ဟာ Scarlett Johansson ရဲ့ Disney ကို တရားစွဲဆိုမှုအပေါ် Drax ဆိုလိုရုပ်ရှင်နဲ့ ခိုင်းနှိုင်းပြီး နောက်ပြောင် ပြောဆိုလာပါတယ်။

Black Widow သရုပ်ဆောင် Scarlett Johansson ဟာ သူမရဲ့ ဆိုလိုရုပ်ရှင်ကို Disney+ မှာ ရုံတင်ရက်နဲ့ တပြိုင်တည်း streaming ပြသခဲ့တဲ့အတွက် Disney စတူဒီယိုကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ Disney အနေနဲ့ ရုံတင်ဇာတ်ကားကို streaming service မှာ တပြိုင်တည်း ပြသလိုက်တာဟာ သူမနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖောက်ဖျက်လိုက်ခြင်း ဖြစ်တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။

Photo via IMDb

Disney ရဲ့ ဒီလုပ်ရပ်ကြောင့် သူမဘက်က ဒေါ်လာသန်း(၅၀)ခန့် ဆုံးရှုံးနစ်နာခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။ ဒီကိစ္စအပေါ် Disney ဘက်ကတော့ ဘာကောင်းကျိုးမှ ဖြစ်ထွန်းစေမှာ မဟုတ်တဲ့လုပ်ရပ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။ အခုလို အငြင်းပွားမှုတွေ ဖြစ်ပေါ်နေချိန်မှာ ကျန်တဲ့ Black Widow သရုပ်ဆောင်တွေကတော့ တစုံတရာ ပြောလာခြင်း မရှိကြပေမယ့် Scarlett ရဲ့ MCU သရုပ်ဆောင်ဖက် Dave Bautista ကတော့ သူ့ရဲ့အမြင်ကို ပြောကြားလာပါတယ်။

အဲဒါကတော့ အများထင်ထားတဲ့ဘက်က ရပ်တည်လိုက်တာ မဟုတ်ဘဲ သူ့ရဲ့အမြင်ကို Drax ဆိုလိုရုပ်ရှင်နဲ့ ခိုင်းနှိုင်းပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ “သူတို့ကို Drax ရုပ်ရှင် ရိုက်ပါလို့ ပြောခဲ့သားပဲ။ ဒါပေမယ့် မလုပ်ကြဘူးလေ … ” လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

Photo via twitter

Dave ရဲ့ ဆိုလိုရင်းကို ချက်ချင်းကြီးတော့ နားလည်နိုင်မှာ မဟုတ်ပေမယ့် သူ တကယ် ဆိုလိုချင်တာဟာ Disney အနေနဲ့ Black Widow ကို ဆိုလိုရုပ်ရှင် ရိုက်မယ့်အစား Drax ကို ဆိုလိုရုပ်ရှင် ရိုက်ပေးခဲ့မယ်ဆိုရင် အခုလို ပြဿနာတွေနဲ့ ရင်ဆိုင်နေရမှာ မဟုတ်ဘူးလို့ အကြံပြုချင်တာ ဖြစ်နိုင်ပါတယ်။

Dave ဟာ Drax ဇာတ်ကောင်အတွက် ဆိုလိုရုပ်ရှင် လိုချင်ကြောင်း ပြောလာခဲ့တာ အချိန်အားဖြင့် ကြာမြင့်ခဲ့ပါပြီ။ အဆိုပါ ရုပ်ရှင်မှာ သူကိုယ်တိုင် မပါဝင်ရဘူးဆိုရင်တောင် ဒီဇာတ်ကောင်ရဲ့ နောက်ကြောင်းရာဇဝင်ကို စိတ်ဝင်စားတာကြောင့် ရိုက်စေချင်ကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါရိုက်တာ James Gunn ကလည်း Drax နဲ့ Mantis တို့နှစ်ယောက်ကို အသားပေး ရိုက်ကူးမယ့် ရုပ်ရှင်အကြောင်း Marvel ကို စိတ်ကူးတွေ ချပြဖူးပေမယ့် Marvel ဘက်ကတော့ စိတ်ဝင်စားပုံ မပြခဲ့ပါဘူး။

Photo via IMDb

Dave အနေနဲ့ကတော့ အငြင်းပွားစရာ ကိစ္စတစ်ခုအပေါ်မှာ သေသေချာချာ၊ ပြည့်ပြည့်စုံစုံလည်း မပြောဘဲ လေးနက်မှုမရှိ အပြောင်အပြက် လုပ်နေတယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။ တကယ်တော့ သူဟာလည်း တင်းမာလွန်းနေတဲ့ အခြေအနေကြီးကို ပေါ့ပေါ့ပါးပါး ဖြစ်သွားစေချင်လို့ ဝင်ပြောတာလည်း ဖြစ်နိုင်ပါတယ်။

Dave အနေနဲ့ အခုလို ဝင်ပြောလိုက်လို့လည်း Marvel စတူဒီယိုရဲ့ မျက်နှာသာပေးမှုကို ထူးပြီး ရရှိမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ သူဟာ Guardians of the Galaxy 3 မှာ နောက်ဆုံးအနေနဲ့ ပါဝင်မှာ ဖြစ်ပြီး အဲဒါကိုလည်း သူ့ဘက်က ကျေနပ်ပြီးသား ဖြစ်ပါတယ်။ Dave ဟာ တစ်ဘက်နဲ့တစ်ဘက် တင်းမာမှုတွေနဲ့ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို နှိုးဆော်မှုတစ်ခု ပြုလုပ်လိုက်တာသာ ဖြစ်ပြီး နောက်ထပ် ဘယ် MCU သရုပ်ဆောင်တွေကရော ဒီကိစ္စထဲမှာ ဝင်ရောက်ပြောဆိုလာဦးမယ်ဆိုတာ စောင့်ကြည့်စရာပါပဲ။

Glasgow

Source: screenrant

(Zawgyi Version)

သ႐ုပ္ေဆာင္ Dave Bautista ဟာ Scarlett Johansson ရဲ႕ Disney ကို တရားစြဲဆိုမႈအေပၚ Drax ဆိုလို႐ုပ္ရွင္နဲ႔ ခိုင္းႏႈိင္းၿပီး ေနာက္ေျပာင္ ေျပာဆိုလာပါတယ္။

Black Widow သ႐ုပ္ေဆာင္ Scarlett Johansson ဟာ သူမရဲ႕ ဆိုလို႐ုပ္ရွင္ကို Disney+ မွာ ႐ုံတင္ရက္နဲ႔ တၿပိဳင္တည္း streaming ျပသခဲ့တဲ့အတြက္ Disney စတူဒီယိုကို တရားစြဲဆိုထားတာ ျဖစ္ပါတယ္။ အေၾကာင္းျပခ်က္ကေတာ့ Disney အေနနဲ႔ ႐ုံတင္ဇာတ္ကားကို streaming service မွာ တၿပိဳင္တည္း ျပသလိုက္တာဟာ သူမနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကို ေဖာက္ဖ်က္လိုက္ျခင္း ျဖစ္တယ္လို႔ စြပ္စြဲထားတာ ျဖစ္ပါတယ္။

Photo via IMDb

Disney ရဲ႕ ဒီလုပ္ရပ္ေၾကာင့္ သူမဘက္က ေဒၚလာသန္း(၅၀)ခန႔္ ဆုံးရႈံးနစ္နာခဲ့ရတယ္လို႔လည္း ဆိုထားပါတယ္။ ဒီကိစၥအေပၚ Disney ဘက္ကေတာ့ ဘာေကာင္းက်ိဳးမွ ျဖစ္ထြန္းေစမွာ မဟုတ္တဲ့လုပ္ရပ္လို႔ ျပန္လည္တုံ႔ျပန္ထားပါတယ္။ အခုလို အျငင္းပြားမႈေတြ ျဖစ္ေပၚေနခ်ိန္မွာ က်န္တဲ့ Black Widow သ႐ုပ္ေဆာင္ေတြကေတာ့ တစုံတရာ ေျပာလာျခင္း မရွိၾကေပမယ့္ Scarlett ရဲ႕ MCU သ႐ုပ္ေဆာင္ဖက္ Dave Bautista ကေတာ့ သူ႔ရဲ႕အျမင္ကို ေျပာၾကားလာပါတယ္။

အဲဒါကေတာ့ အမ်ားထင္ထားတဲ့ဘက္က ရပ္တည္လိုက္တာ မဟုတ္ဘဲ သူ႔ရဲ႕အျမင္ကို Drax ဆိုလို႐ုပ္ရွင္နဲ႔ ခိုင္းႏႈိင္းၿပီး ေျပာလိုက္တာ ျဖစ္ပါတယ္။ “သူတို႔ကို Drax ႐ုပ္ရွင္ ႐ိုက္ပါလို႔ ေျပာခဲ့သားပဲ။ ဒါေပမယ့္ မလုပ္ၾကဘူးေလ … ” လို႔ သူ႔ရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေရးသားထားတာ ျဖစ္ပါတယ္။

Photo via twitter

Dave ရဲ႕ ဆိုလိုရင္းကို ခ်က္ခ်င္းႀကီးေတာ့ နားလည္ႏိုင္မွာ မဟုတ္ေပမယ့္ သူ တကယ္ ဆိုလိုခ်င္တာဟာ Disney အေနနဲ႔ Black Widow ကို ဆိုလို႐ုပ္ရွင္ ႐ိုက္မယ့္အစား Drax ကို ဆိုလို႐ုပ္ရွင္ ႐ိုက္ေပးခဲ့မယ္ဆိုရင္ အခုလို ျပႆနာေတြနဲ႔ ရင္ဆိုင္ေနရမွာ မဟုတ္ဘူးလို႔ အႀကံျပဳခ်င္တာ ျဖစ္ႏိုင္ပါတယ္။

Dave ဟာ Drax ဇာတ္ေကာင္အတြက္ ဆိုလို႐ုပ္ရွင္ လိုခ်င္ေၾကာင္း ေျပာလာခဲ့တာ အခ်ိန္အားျဖင့္ ၾကာျမင့္ခဲ့ပါၿပီ။ အဆိုပါ ႐ုပ္ရွင္မွာ သူကိုယ္တိုင္ မပါဝင္ရဘူးဆိုရင္ေတာင္ ဒီဇာတ္ေကာင္ရဲ႕ ေနာက္ေၾကာင္းရာဇဝင္ကို စိတ္ဝင္စားတာေၾကာင့္ ႐ိုက္ေစခ်င္ေၾကာင္း ေျပာခဲ့ဖူးပါတယ္။ ဒါ႐ိုက္တာ James Gunn ကလည္း Drax နဲ႔ Mantis တို႔ႏွစ္ေယာက္ကို အသားေပး ႐ိုက္ကူးမယ့္ ႐ုပ္ရွင္အေၾကာင္း Marvel ကို စိတ္ကူးေတြ ခ်ျပဖူးေပမယ့္ Marvel ဘက္ကေတာ့ စိတ္ဝင္စားပုံ မျပခဲ့ပါဘူး။

Photo via IMDb

Dave အေနနဲ႔ကေတာ့ အျငင္းပြားစရာ ကိစၥတစ္ခုအေပၚမွာ ေသေသခ်ာခ်ာ၊ ျပည့္ျပည့္စုံစုံလည္း မေျပာဘဲ ေလးနက္မႈမရွိ အေျပာင္အျပက္ လုပ္ေနတယ္ဆိုၿပီး ေဝဖန္ခံေနရပါတယ္။ တကယ္ေတာ့ သူဟာလည္း တင္းမာလြန္းေနတဲ့ အေျခအေနႀကီးကို ေပါ့ေပါ့ပါးပါး ျဖစ္သြားေစခ်င္လို႔ ဝင္ေျပာတာလည္း ျဖစ္ႏိုင္ပါတယ္။

Dave အေနနဲ႔ အခုလို ဝင္ေျပာလိုက္လို႔လည္း Marvel စတူဒီယိုရဲ႕ မ်က္ႏွာသာေပးမႈကို ထူးၿပီး ရရွိမွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သူဟာ Guardians of the Galaxy 3 မွာ ေနာက္ဆုံးအေနနဲ႔ ပါဝင္မွာ ျဖစ္ၿပီး အဲဒါကိုလည္း သူ႔ဘက္က ေက်နပ္ၿပီးသား ျဖစ္ပါတယ္။ Dave ဟာ တစ္ဘက္နဲ႔တစ္ဘက္ တင္းမာမႈေတြနဲ႔ တိတ္ဆိတ္ေနတဲ့ ပတ္ဝန္းက်င္ကို ႏႈိးေဆာ္မႈတစ္ခု ျပဳလုပ္လိုက္တာသာ ျဖစ္ၿပီး ေနာက္ထပ္ ဘယ္ MCU သ႐ုပ္ေဆာင္ေတြကေရာ ဒီကိစၥထဲမွာ ဝင္ေရာက္ေျပာဆိုလာဦးမယ္ဆိုတာ ေစာင့္ၾကည့္စရာပါပဲ။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular