HomeEntertainmentFilmရိုက်ကူးရေးပြီးတော့မှ Cancel ခံလိုက်ရတဲ့ DC ရဲ့ Batgirl ရုပ်ရှင်

ရိုက်ကူးရေးပြီးတော့မှ Cancel ခံလိုက်ရတဲ့ DC ရဲ့ Batgirl ရုပ်ရှင်

သရုပ်ဆောင် Leslie Grace ပါဝင်ထားတဲ့ DC ရဲ့ Batgirl ရုပ်ရှင်ကတော့ ရိုက်ကူးရေးတွေလည်း ပြီးဆုံးသွားပေမယ့် မကြာသေးခင်ကပဲ Warner Bros. စတူဒီယိုဟာ ဒီရုပ်ရှင်ကို Cancel လုပ်ပစ်လိုက်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ Bad Boys for Life ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Adil El  Arbi နဲ့ Bilall Fallah တို့က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် Michael Keaton ကလည်း Batman အနေနဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်သလို Firefly ဗီလိန်နေရာမှာတော့ တာဇံမင်းသားကြီး Brendan Fraser က ပါဝင်ထားပါတယ်။ ဒါတင်မကသေးဘဲ J.K. Simmons ကလည်း Commissioner Gordon နေရာက ပါဝင်ထားပါသေးတယ်။

photo via screenrant

အစတုန်းကတော့ Batgirl ရုပ်ရှင်ကို ယခုနှစ် နှောင်းပိုင်းမှာ HBO Max ကနေ ပြသသွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း Warner Bros. နဲ့ Discovery တို့ဟာ ကုမ္ပဏီချင်း ပူးပေါင်းတော့မှာ ဖြစ်တာကြောင့် မကြာသေးခင်တုန်းကလည်း DC ရဲ့ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲအချို့ကို Cancel လုပ်ခဲ့ပြီး CW ရဲ့ အချို့ဇာတ်လမ်းတွဲတွေလည်း အဆုံးသတ်ကုန်ကြပါတယ်။ ဒါတင်မကသေးဘဲ ဖန်တီးဖို့ စီစဉ်ထားတဲ့ Wonder Twin ရုပ်ရှင်ဟာလည်း Cancel တဲ့အထဲမှာ ပါဝင်သွားပါတယ်။

Batgirl ရုပ်ရှင်ကတော့ ယခုနှစ်အတွင်းမှာပဲ ရိုက်ကူးရေး ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့် WB Discovery ရဲ့ စမ်းသပ်ပြသတဲ့အချိန်မှာတော့ အခြေအနေ မကောင်းခဲ့ပါဘူး။ The Warp သတင်းဌာနရဲ့ ဖော်ပြချက်အရ WB Discovery ဟာ ဘတ်ဂျက်တွေ ထပ်သုံးပြီး Reshoot ပြန်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ဒီရုပ်ရှင်ဟာ သူတို့လိုချင်တဲ့အတိုင်း ဖြစ်မလာခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို Cancel လိုက်ပေမယ့်လည်း WB Discovery ဟာ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာတွေနဲ့ သရုပ်ဆောင် Leslie Grace တို့နဲ့ ထပ်ပြီး အလုပ်လုပ်ချင်သေးတယ်လို့ ပြောထားပါတယ်။

photo via screenrant

ဒီရုပ်ရှင် ဖန်တီးရေးအတွက် အသုံးပြုခဲ့တဲ့ ဘတ်ဂျက်ကတော့ ဒေါ်လာသန်း(၉၀)ကနေ သန်း(၁၀၀)အထိ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ ဘတ်ဂျက်တွေအများကြီး သုံးပြီးမှ Cancel သွားတဲ့ ရုပ်ရှင်တွေထဲမှာ ပါဝင်သွားပြီ ဖြစ်ပါတယ်။ Batgirl ရုပ်ရှင်က Cancel သွားပြီ ဆိုပေမယ့်လည်း WB Discovery ဟာ Leslie Grace နဲ့အတူ ထပ်ပြီး အလုပ်လုပ်ချင်သေးတယ်လို့ ပြောထားတာကြောင့် တချိန်ချိန်မှာတော့ သူမရဲ့ Batgirl ကို DCEU ထဲမှာ မြင်တွေ့ရနိုင်ပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular