HomeCharacterDC ကောမစ်ထဲက ကြောင်တောင်တောင် အနိုင်ဆုံး ခရစ်စမတ်ဇာတ်လမ်းများ

DC ကောမစ်ထဲက ကြောင်တောင်တောင် အနိုင်ဆုံး ခရစ်စမတ်ဇာတ်လမ်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုအချိန်ဟာ ဒီဇင်ဘာလနှောင်းပိုင်းကို ရောက်နေပြီဖြစ်လို့ ခရစ်စမတ်ကာလဟာလည်း မကြာခင်မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီလိုအချိန်တွေဟာ လူအစည်ဆုံးအချိန်တွေ ဖြစ်ပြီး လူတိုင်းရဲ့အားလပ်ရက်လည်း ရောက်လာတော့မှာ ဖြစ်တာကြောင့် အားလုံးပျော်ရွှင်ကြရတဲ့အချိန် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်မှာတော့ ကိုဗစ်ကြောင့် အပြင်လည်း သွားလို့မရသလို ဘာမှလုပ်စရာလည်း မရှိတာကြောင့် အပျင်းပြေဖတ်ဖို့အတွက် DC ရဲ့ ကောမစ်ထဲက ကြောင်တောင်တောင် အနိုင်ဆုံးနဲ့ အရယ်ရဆုံး ခရစ်စမတ်ဇာတ်လမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Justice League အဖွဲ့ဝင်ဖြစ်သွားတဲ့ Santa Claus
photo via cbr

ဒီဇာတ်လမ်းကတော့ JLA #60 ကောမစ်ထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီအပိုင်းရဲ့ နာမည်ကတော့ “Merry Christmas Justice League – Now Die!” ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Plastic Man ဟာ Woozy ရဲ့တူဖြစ်သူကို အိပ်ပျော်စေဖို့ ချော့သိပ်နေရာက အိပ်ရာဝင်ပုံပြင်တစ်ခုကို ပြောပြခဲ့ပါတယ်။ အဆိုပါပုံပြင်ထဲမှာတော့ Santa ဟာ Justice League ထဲကို ဝင်ရောက်ခဲ့ရုံမကဘဲ ဆိုးသွမ်းတဲ့ ဗီလိန်တစ်ယောက်ကိုပါ တိုက်ခိုက်ဖို့ ကူညီခဲ့တဲ့အကြောင်းတွေ ပါဝင်ပါတယ်။

သို့ပေမယ့် ကလေးလေးကလည်း Plastic Man ပြောပြတဲ့ ဇာတ်လမ်းကို တကယ်လို့ မထင်ဘဲ ဟာကွက်တွေကိုတောင် ပြန်ထောက်ပြနေပါသေးတယ်။ ဒါနဲ့ပဲ နောက်ဆုံးမှာတော့ သူ့ဘေးက ပြတင်းပေါက်နားမှာ Santa အစစ်က စောင့်နေတယ်လို့ Plastic Man က ပြောလိုက်တော့မှ ကောင်လေးလည်း ငြိမ်သွားပါတော့တယ်။ တကယ် ပြတင်းအပြင်ဘက်မှာ စောင့်နေတဲ့ Santa ကတော့ တကယ့် Santa အစစ် မဟုတ်ဘဲ ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားတဲ့ Martian Manhunter သာ ဖြစ်ပါတယ်။ ဒီကောမစ်ထဲမှာတော့ Plastic Man ပြောပြတဲ့ ဇာတ်လမ်းတွေကို သေချာဖော်ပြထားတာကြောင့် ဇာတ်သိမ်းကျမှသာ ပရိသတ်တွေဟာ ဂျင်းမိသွားမှန်း သိလိုက်ရပါတယ်။

(2) A Batman Christmas Carol
photo via cbr

အားလုံးသိကြတဲ့အတိုင်း Batman ဟာ ဘယ်တုန်းကမှ တစ်ညလောက် အနားယူလိုက်တယ် ဆိုတာမျိူး မရှိခဲ့ပါဘူး။ အကြောင်းကတော့ ခရစ်စမတ်နေ့အပါအဝင် ဘယ်လိုအားလပ်ရက်မျိူးပဲ ဖြစ်နေပါစေ၊ ရာဇဝတ်မှုတွေကတော့ အမြဲဖြစ်နေတာကြောင့် အနားယူဖို့ကို လုံးဝငြင်းဆိုခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Batman #219 ကောမစ်ထဲမှာတော့ Batman ဟာ ခြွင်းချက်အနေနဲ့ ရဲမှူး Gordon အပါအဝင် ဂေါ်သမ်ရဲဌာနက ရဲတွေအားလုံးနဲ့ အနားယူပြီး ခရစ်စမတ်သီချင်းတွေ သီဆိုခဲ့ပါတယ်။ ထူးဆန်းတဲ့အချက်ကတော့ အမြဲတမ်း ရာဇဝတ်မှုတွေ ဖြစ်နေတဲ့ ဂေါ်သမ်မြို့ကလည်း အဲ့ဒီနေ့မှာ ဘာမှရာဇဝတ်မှုမှ မဖြစ်ခဲ့ပါဘူး။ ဒီကောမစ်ထဲမှာတော့ ထူးထူးဆန်းဆန်း Batman ကတောင် အနားယူခဲ့တာကို တွေ့ရပါတယ်။

(3) Bat Santa
photo via cbr

Batman #239 ကောမစ်ထဲမှာတော့ Batman ဟာ Santa အဝတ်အစားနဲ့ လူတွေကို လိုက်လံ တိုက်ခိုက်နေသူတစ်ယောက်အကြောင်းကို စုံစမ်းနေပါတယ်။ အဲ့ဒီလူကို ရှာဖွေဖို့အတွက် သူဟာ ရုပ်ဖျက်ဖို့ လိုအပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Bruce ဟာ ရုပ်ဖျက်တဲ့အနေနဲ့ Batman ဝတ်စုံအပြင် Santa ရဲ့ မုတ်ဆိတ်မွေးအတုကြီးကိုပါ တပ်ပြီး လက်ဆောင်ထုပ်ကြီးကိုလည်း သယ်လာပါတယ်။ ထူးဆန်းစွာနဲ့ပဲ Batman ဟာ အဲ့ဒီပုံစံအတိုင်း စုံစမ်းရင်း နောက်ဆုံးမှာတော့ တရားခံကို ဖမ်းမိခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ ကြောင်တောင်တောင်ဖြစ်နေတဲ့ ဇာတ်လမ်းကနေ ချက်ချင်းပဲ ဝမ်းနည်းစရာ ဇာတ်လမ်းအဖြစ် ပြောင်းလဲသွားပါတယ်။ အကြောင်းကတော့ အဲ့ဒီတရားခံဟာ အလုပ်ဖြုတ်ခံလိုက်ရတာကြောင့် Santa လို ရုပ်ဖျက်ပြီး လူတွေကို တိုက်ခိုက် ဓားပြတိုက်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်မရှိရုံ သက်သက်ကြောင့် ရာဇဝတ်မှုတွေကို လုပ်နေတာ မဟုတ်ဘဲ သူ့ရဲ့သမီးလေးအတွက် ခရစ်စမတ်နေ့ကို ထူးထူးခြားခြား ပြုလုပ်ပေးချင်တာကြောင့် ဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။

(4) Santa Vs. Lobo
photo via cbr

Lobo လိုမျိူး အမြဲတစေ အကြမ်းဖက်တတ်တဲ့ ဇာတ်ကောင်တစ်ယောက်ဟာ ခရစ်စမတ်ဇာတ်လမ်းထဲမှာ ပါဝင်လာမယ်လို့ ဘယ်သူမှ ထင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ၁၉၉၂ခုနှစ်မှာတော့ Lobo Paramilitary Christmas Special ဆိုတဲ့ ကောမစ်တစ်ခု ထွက်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ဖော်ပြထားတဲ့ ဇာတ်လမ်းတွေ အားလုံးထဲမှာတော့ ဒီတစ်ခုဟာ ကြောင်တောင်တောင်အနိုင်ဆုံးလို့တောင် ပြောလို့ရပါတယ်။

ဒီကောမစ်ထဲမှာတော့ Easter Bunny လည်း ပါဝင်ခဲ့ပြီး သူဟာ Santa ကို မနာလိုဖြစ်နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Santa ကို သတ်ပေးမယ့်သူကို ဆုငွေပေးမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ အဲ့ဒီသတင်းကို Lobo ကသိသွားပြီး သူကိုယ်တိုင်က ကြေးစားတစ်ယောက် ဖြစ်တာကြောင့် Santa ကို သတ်ဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း Santa ဟာ လွယ်လွယ်နဲ့ မသေဘဲ Lobo နဲ့တောင်ယှဉ်ပြီး တိုက်ခိုက်ခဲ့ကာ တဖြည်းဖြည်းနဲ့ မြောက်ဝင်ရိုးစွန်းအထိတောင် ရောက်သွားကြပါတယ်။

ဒါကတော့ DC ကောမစ်ထဲက ခရစ်စမတ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းအချို့ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အခုအခ်ိန္ဟာ ဒီဇင္ဘာလေႏွာင္းပိုင္းကို ေရာက္ေနၿပီျဖစ္လို႔ ခရစ္စမတ္ကာလဟာလည္း မၾကာခင္မွာ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ပုံမွန္ဆိုရင္ေတာ့ ဒီလိုအခ်ိန္ေတြဟာ လူအစည္ဆုံးအခ်ိန္ေတြ ျဖစ္ၿပီး လူတိုင္းရဲ႕အားလပ္ရက္လည္း ေရာက္လာေတာ့မွာ ျဖစ္တာေၾကာင့္ အားလုံးေပ်ာ္႐ႊင္ၾကရတဲ့အခ်ိန္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီႏွစ္မွာေတာ့ ကိုဗစ္ေၾကာင့္ အျပင္လည္း သြားလို႔မရသလို ဘာမွလုပ္စရာလည္း မရွိတာေၾကာင့္ အပ်င္းေျပဖတ္ဖို႔အတြက္ DC ရဲ႕ ေကာမစ္ထဲက ေၾကာင္ေတာင္ေတာင္ အႏိုင္ဆုံးနဲ႔ အရယ္ရဆုံး ခရစ္စမတ္ဇာတ္လမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) Justice League အဖြဲ႕ဝင္ျဖစ္သြားတဲ့ Santa Claus
photo via cbr

ဒီဇာတ္လမ္းကေတာ့ JLA #60 ေကာမစ္ထဲမွာ ပါဝင္ခဲ့တာ ျဖစ္ၿပီး အဲ့ဒီအပိုင္းရဲ႕ နာမည္ကေတာ့ “Merry Christmas Justice League – Now Die!” ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Plastic Man ဟာ Woozy ရဲ႕တူျဖစ္သူကို အိပ္ေပ်ာ္ေစဖို႔ ေခ်ာ့သိပ္ေနရာက အိပ္ရာဝင္ပုံျပင္တစ္ခုကို ေျပာျပခဲ့ပါတယ္။ အဆိုပါပုံျပင္ထဲမွာေတာ့ Santa ဟာ Justice League ထဲကို ဝင္ေရာက္ခဲ့႐ုံမကဘဲ ဆိုးသြမ္းတဲ့ ဗီလိန္တစ္ေယာက္ကိုပါ တိုက္ခိုက္ဖို႔ ကူညီခဲ့တဲ့အေၾကာင္းေတြ ပါဝင္ပါတယ္။

သို႔ေပမယ့္ ကေလးေလးကလည္း Plastic Man ေျပာျပတဲ့ ဇာတ္လမ္းကို တကယ္လို႔ မထင္ဘဲ ဟာကြက္ေတြကိုေတာင္ ျပန္ေထာက္ျပေနပါေသးတယ္။ ဒါနဲ႔ပဲ ေနာက္ဆုံးမွာေတာ့ သူ႔ေဘးက ျပတင္းေပါက္နားမွာ Santa အစစ္က ေစာင့္ေနတယ္လို႔ Plastic Man က ေျပာလိုက္ေတာ့မွ ေကာင္ေလးလည္း ၿငိမ္သြားပါေတာ့တယ္။ တကယ္ ျပတင္းအျပင္ဘက္မွာ ေစာင့္ေနတဲ့ Santa ကေတာ့ တကယ့္ Santa အစစ္ မဟုတ္ဘဲ ႐ုပ္ေျပာင္း႐ုပ္လႊဲ လုပ္ထားတဲ့ Martian Manhunter သာ ျဖစ္ပါတယ္။ ဒီေကာမစ္ထဲမွာေတာ့ Plastic Man ေျပာျပတဲ့ ဇာတ္လမ္းေတြကို ေသခ်ာေဖာ္ျပထားတာေၾကာင့္ ဇာတ္သိမ္းက်မွသာ ပရိသတ္ေတြဟာ ဂ်င္းမိသြားမွန္း သိလိုက္ရပါတယ္။

(2) A Batman Christmas Carol
photo via cbr

အားလုံးသိၾကတဲ့အတိုင္း Batman ဟာ ဘယ္တုန္းကမွ တစ္ညေလာက္ အနားယူလိုက္တယ္ ဆိုတာမ်ိဴး မရွိခဲ့ပါဘူး။ အေၾကာင္းကေတာ့ ခရစ္စမတ္ေန႔အပါအဝင္ ဘယ္လိုအားလပ္ရက္မ်ိဴးပဲ ျဖစ္ေနပါေစ၊ ရာဇဝတ္မႈေတြကေတာ့ အၿမဲျဖစ္ေနတာေၾကာင့္ အနားယူဖို႔ကို လုံးဝျငင္းဆိုခဲ့သူ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း Batman #219 ေကာမစ္ထဲမွာေတာ့ Batman ဟာ ႁခြင္းခ်က္အေနနဲ႔ ရဲမႉး Gordon အပါအဝင္ ေဂၚသမ္ရဲဌာနက ရဲေတြအားလုံးနဲ႔ အနားယူၿပီး ခရစ္စမတ္သီခ်င္းေတြ သီဆိုခဲ့ပါတယ္။ ထူးဆန္းတဲ့အခ်က္ကေတာ့ အၿမဲတမ္း ရာဇဝတ္မႈေတြ ျဖစ္ေနတဲ့ ေဂၚသမ္ၿမိဳ႕ကလည္း အဲ့ဒီေန႔မွာ ဘာမွရာဇဝတ္မႈမွ မျဖစ္ခဲ့ပါဘူး။ ဒီေကာမစ္ထဲမွာေတာ့ ထူးထူးဆန္းဆန္း Batman ကေတာင္ အနားယူခဲ့တာကို ေတြ႕ရပါတယ္။

(3) Bat Santa
photo via cbr

Batman #239 ေကာမစ္ထဲမွာေတာ့ Batman ဟာ Santa အဝတ္အစားနဲ႔ လူေတြကို လိုက္လံ တိုက္ခိုက္ေနသူတစ္ေယာက္အေၾကာင္းကို စုံစမ္းေနပါတယ္။ အဲ့ဒီလူကို ရွာေဖြဖို႔အတြက္ သူဟာ ႐ုပ္ဖ်က္ဖို႔ လိုအပ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Bruce ဟာ ႐ုပ္ဖ်က္တဲ့အေနနဲ႔ Batman ဝတ္စုံအျပင္ Santa ရဲ႕ မုတ္ဆိတ္ေမြးအတုႀကီးကိုပါ တပ္ၿပီး လက္ေဆာင္ထုပ္ႀကီးကိုလည္း သယ္လာပါတယ္။ ထူးဆန္းစြာနဲ႔ပဲ Batman ဟာ အဲ့ဒီပုံစံအတိုင္း စုံစမ္းရင္း ေနာက္ဆုံးမွာေတာ့ တရားခံကို ဖမ္းမိခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ ေၾကာင္ေတာင္ေတာင္ျဖစ္ေနတဲ့ ဇာတ္လမ္းကေန ခ်က္ခ်င္းပဲ ဝမ္းနည္းစရာ ဇာတ္လမ္းအျဖစ္ ေျပာင္းလဲသြားပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီတရားခံဟာ အလုပ္ျဖဳတ္ခံလိုက္ရတာေၾကာင့္ Santa လို ႐ုပ္ဖ်က္ၿပီး လူေတြကို တိုက္ခိုက္ ဓားျပတိုက္ေနရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အလုပ္မရွိ႐ုံ သက္သက္ေၾကာင့္ ရာဇဝတ္မႈေတြကို လုပ္ေနတာ မဟုတ္ဘဲ သူ႔ရဲ႕သမီးေလးအတြက္ ခရစ္စမတ္ေန႔ကို ထူးထူးျခားျခား ျပဳလုပ္ေပးခ်င္တာေၾကာင့္ ျဖစ္တယ္ဆိုတာ သိလိုက္ရပါတယ္။

(4) Santa Vs. Lobo
photo via cbr

Lobo လိုမ်ိဴး အၿမဲတေစ အၾကမ္းဖက္တတ္တဲ့ ဇာတ္ေကာင္တစ္ေယာက္ဟာ ခရစ္စမတ္ဇာတ္လမ္းထဲမွာ ပါဝင္လာမယ္လို႔ ဘယ္သူမွ ထင္ၾကမွာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ၁၉၉၂ခုႏွစ္မွာေတာ့ Lobo Paramilitary Christmas Special ဆိုတဲ့ ေကာမစ္တစ္ခု ထြက္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ ေဖာ္ျပထားတဲ့ ဇာတ္လမ္းေတြ အားလုံးထဲမွာေတာ့ ဒီတစ္ခုဟာ ေၾကာင္ေတာင္ေတာင္အႏိုင္ဆုံးလို႔ေတာင္ ေျပာလို႔ရပါတယ္။

ဒီေကာမစ္ထဲမွာေတာ့ Easter Bunny လည္း ပါဝင္ခဲ့ၿပီး သူဟာ Santa ကို မနာလိုျဖစ္ေနပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Santa ကို သတ္ေပးမယ့္သူကို ဆုေငြေပးမယ္ဆိုၿပီး ေၾကညာခဲ့ပါတယ္။ အဲ့ဒီသတင္းကို Lobo ကသိသြားၿပီး သူကိုယ္တိုင္က ေၾကးစားတစ္ေယာက္ ျဖစ္တာေၾကာင့္ Santa ကို သတ္ဖို႔အတြက္ ဆုံးျဖတ္လိုက္ပါတယ္။ ဒါေပမယ့္လည္း Santa ဟာ လြယ္လြယ္နဲ႔ မေသဘဲ Lobo နဲ႔ေတာင္ယွဥ္ၿပီး တိုက္ခိုက္ခဲ့ကာ တျဖည္းျဖည္းနဲ႔ ေျမာက္ဝင္႐ိုးစြန္းအထိေတာင္ ေရာက္သြားၾကပါတယ္။

ဒါကေတာ့ DC ေကာမစ္ထဲက ခရစ္စမတ္နဲ႔ ပတ္သက္တဲ့ ဇာတ္လမ္းအခ်ိဳ႕ ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular