HomeEntertainmentFilmအသစ်ထွက်လာမယ့် ရုပ်ရှင်(၄)ကားရဲ့ ဇာတ်ဝင်ခန်းအချို့ကို ပြသသွားတဲ့ DCEU 2022 ထွေလာ

အသစ်ထွက်လာမယ့် ရုပ်ရှင်(၄)ကားရဲ့ ဇာတ်ဝင်ခန်းအချို့ကို ပြသသွားတဲ့ DCEU 2022 ထွေလာ

Dwayne Johnson ပြောခဲ့သလိုပဲ Super Bowl ပွဲ မတိုင်ခင်မှာ DCEU ဟာ ထွေလာတစ်ခု ထုတ်ပေးခဲ့ပြီး အဲ့ဒီထွေလာထဲမှာတော့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်(၄)ကားရဲ့ ဇာတ်ဝင်ခန်းအချို့ကို ပြသသွားပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ DCEU ဟာ ဒါရိုက်တာ James Gunn ရိုက်ကူးထားတဲ့ The Suicide Squad တစ်ကားပဲ ထွက်ရှိခဲ့ပြီး ယခုနှစ်မှာတော့ The Flash ၊ Aquaman and the Lost Kingdom ၊ The Batman နဲ့ Black Adam တို့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

photo via screenrant

ပထမဆုံး ထွက်ရှိလာမယ့် ရုပ်ရှင်ကတော့ The Batman ပဲ ဖြစ်ပြီး မတ်လ (၄)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Animation ဖြစ်တဲ့ DC’s League of Super-Pets ဟာ မေလ (၂၀)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Black Adam ရုပ်ရှင်ထဲမှာတော့ Justice Society of America အဖွဲ့ စတင်ပါဝင်လာမှာ ဖြစ်ပြီး The Flash ထဲမှာတော့ Michael Keaton နဲ့ Ben Affleck တို့ရဲ့ Batman ဗားရှင်းနှစ်မျိူးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ယခုဆိုရင်တော့ Warner Bros. စတူဒီယိုဟာ DCEU 2022 ရဲ့ ထွေလာကို ထုတ်ပေးခဲ့ပြီး ဒီထွေလာကတော့ DCEU ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုလည်း ဖြစ်သလို အသစ်ထွက်လာမယ့် ရုပ်ရှင်တွေကို ပိုမိုကြည့်ရှုချင်လာအောင်လည်း ဆွဲဆောင်ထားပါတယ်။ ဒီထွေလာကိုတော့ အောက်က ဗွီဒီယိုကလစ်မှာ ကြည့်ရှုနိုင်ပါတယ်။

ဒီရုပ်ရှင်(၄)ကားထဲမှာတော့ The Batman ကလွဲရင် ကျန်တဲ့(၃)ကားလုံးဟာ DCEU ထဲမှာ တည်ရှိနေပါတယ်။ The Batman ကတော့ Ben Affleck ဟာ ဒီဇာတ်ကောင်နေရာက နှုတ်ထွက်သွားတာကြောင့် Robert Pattinson နဲ့ Reboot ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း The Flash ရုပ်ရှင်ထဲမှာတော့ Multiverse တွေကို မြင်တွေ့ရမှာ ဖြစ်သလို ဒီရုပ်ရှင်ဟာ DCEU တစ်ခုလုံးကို Reboot ပြုလုပ်သွားမယ်လို့ သတင်းထွက်နေတာကြောင့် Robert Pattinson ရဲ့ Batman ဟာလည်း DCEU ထဲမှာ ပါဝင်လာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular