HomeCelebs Update NewsInternationalDemi Wand ဆိုတဲ့ လူကြီးကစားစရာ ထုတ်လိုက်တဲ့ Demi Lovato 

Demi Wand ဆိုတဲ့ လူကြီးကစားစရာ ထုတ်လိုက်တဲ့ Demi Lovato 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် Demi Lovato ကတော့ သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ လူကြီးကစားစရာတစ်မျိုးကို ထုတ်လုပ်ထားပါတယ်။

Demi ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေတဆင့် Demi Wand လို့ အမည်ပေးထားတဲ့ ဒီလူကြီးကစားစရာကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ သာယာမှုကို လူမှုအသိုင်းအဝိုင်းရဲ့ အညစ်အထေးတစ်ခုလို သတ်မှတ်ထားတာတွေကို ဖျောက်ဖျက်သင့်ပြီဆိုတဲ့ တိုက်တွန်းစကားနဲ့ အခုလို toy ကို ထုတ်လုပ်ရတာပါလို့ Demi က ဆိုထားပါတယ်။

Photo: ddlovato/ Instagram

ဒီ toy ကိုတော့ Bellesa Boutique ဆိုတဲ့ အမျိုးသမီးပစ္စည်းတွေ သီးသန့်ရောင်းချတဲ့ ကုမ္ပဏီကနေတဆင့် ဖြန့်ချိရောင်းချသွားမယ်လို့ သိရပါတယ်။

“Demi Wand ကို မိတ်ဆက်ပေးလိုက်ပါတယ်။ သာယာမှုဆိုတာ မစားကောင်းတဲ့အသီးလို ပုံဖော်ခံနေရတာတွေ ပျောက်ပျက်သွားဖို့နဲ့ ရှင်တို့ရဲ့ လိင်မှုဆက်ဆံရေးကို level တဆင့် တက်သွားစေဖို့ ရည်ရွယ်ပြီး တို့ရဲ့ ကိုယ်ပိုင်တံဆိပ်နဲ့ toy ကို ဖန်တီးလိုက်ရတာ ဖြစ်ပါတယ်။ ဒါကိုတော့ Bellesa Boutique မှာပဲ သီးသန့် ရရှိနိုင်မှာ ဖြစ်ပါတယ် … ” လို့ Demi ရဲ့ ပစ္စည်းမိတ်ဆက်ပို့စ်မှာ ရေးသားထားပါတယ်။

Photo: ddlovato/ Instagram

အခုလို လူကြီးကစားစရာ ထုတ်လိုက်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပရိသတ်တွေကတော့ အကောင်းဘက်ကနေပဲ အားပေးနေကြတာ တွေ့ရပါတယ်။ Demi ရဲ့ toy ကတော့ vibration mode (၈)ခု ပါဝင်ပြီး သူ့ရဲ့ကိုယ်ပိုင်ထည့်စရာဘူးလေးနဲ့ ထုပ်ပိုးထားတာ တွေ့ရပါတယ်။ ဒါဟာ toy တွေထဲမှာ ပထမဆုံးသော mode (၈)ခုနဲ့ အမျိုးအစား ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

“မိမိရဲ့ စိတ်ဆန္ဒပြည့်ဝမှုကို မိမိရဲ့ လက်ထဲမှာပဲ ပိုင်ဆိုင်စေခြင်းလောက် empowerment ဖြစ်စေတာ မရှိတော့ပါဘူး။ တို့တွေဟာ လိင်စိတ်ဆန္ဒမရှိတဲ့ သက်ရှိတွေလို ဟန်ဆောင်လာခဲ့ကြတာ ကြာမြင့်လာပါပြီ။ အခုကတော့ ဒီသတ်မှတ်ချက်တွေကို ဖယ်ခွာရမယ့်အချိန် ရောက်လာပါပြီ။ တို့တွေအားလုံး သာယာမှုကို ခံစားဖို့ ထိုက်တန်ပါတယ်။ တို့တွေအားလုံး ဆန္ဒပြီးမြောက်ဖို့လည်း ထိုက်တန်ပါတယ် … ” လို့ ကုန်ပစ္စည်းအကြောင်း ဖော်ပြချက်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: ddlovato/ Instagram

ဒါဟာ Demi အနေနဲ့ non-binary အဖြစ် တရားဝင် ကြေညာပြီး ခြောက်လခန့်အကြာမှာ အခုလို ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ toy ထွက်ရှိလာတာလည်း ဖြစ်ပါတယ်။ Demi ဟာ non-binary အဖြစ် ကြေညာထားတာကြောင့် သူ့အတွက် သုံးနှုန်းရမယ့် နာမ်စားကိုလည်း they/them ကို အသုံးပြုပေးဖို့ တောင်းဆိုထားပါတယ်။ (non-binary ဆိုတာကတော့ male လည်းမဟုတ်၊ female လည်းမဟုတ်တဲ့ gender သတ်မှတ်မှုအပြင်ဘက်က ဖြစ်တည်မှုတစ်မျိုး ဖြစ်ပါတယ်။)

Glasgow

Source: hollywoodlife

(Zawgyi Version)

နာမည္ေက်ာ္ အဆိုေတာ္၊ သ႐ုပ္ေဆာင္ Demi Lovato ကေတာ့ သူ႔ရဲ့ ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ လူႀကီးကစားစရာတစ္မ်ိဳးကို ထုတ္လုပ္ထားပါတယ္။

Demi ဟာ သူ႔ရဲ့ ဆိုရွယ္မီဒီယာအေကာင့္ကေနတဆင့္ Demi Wand လို႔ အမည္ေပးထားတဲ့ ဒီလူႀကီးကစားစရာကို မိတ္ဆက္ေပးလိုက္တာ ျဖစ္ပါတယ္။ လူတစ္ေယာက္ရဲ့ သာယာမွုကို လူမွုအသိုင္းအဝိုင္းရဲ့ အညစ္အေထးတစ္ခုလို သတ္မွတ္ထားတာေတြကို ေဖ်ာက္ဖ်က္သင့္ၿပီဆိုတဲ့ တိုက္တြန္းစကားနဲ႔ အခုလို toy ကို ထုတ္လုပ္ရတာပါလို႔ Demi က ဆိုထားပါတယ္။

Photo: ddlovato/ Instagram

ဒီ toy ကိုေတာ့ Bellesa Boutique ဆိုတဲ့ အမ်ိဳးသမီးပစၥည္းေတြ သီးသန႔္ေရာင္းခ်တဲ့ ကုမၸဏီကေနတဆင့္ ျဖန႔္ခ်ိေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

“Demi Wand ကို မိတ္ဆက္ေပးလိုက္ပါတယ္။ သာယာမွုဆိုတာ မစားေကာင္းတဲ့အသီးလို ပုံေဖာ္ခံေနရတာေတြ ေပ်ာက္ပ်က္သြားဖို႔နဲ႔ ရွင္တို႔ရဲ့ လိင္မွုဆက္ဆံေရးကို level တဆင့္ တက္သြားေစဖို႔ ရည္ရြယ္ၿပီး တို႔ရဲ့ ကိုယ္ပိုင္တံဆိပ္နဲ႔ toy ကို ဖန္တီးလိုက္ရတာ ျဖစ္ပါတယ္။ ဒါကိုေတာ့ Bellesa Boutique မွာပဲ သီးသန႔္ ရရွိနိုင္မွာ ျဖစ္ပါတယ္ … ” လို႔ Demi ရဲ့ ပစၥည္းမိတ္ဆက္ပို႔စ္မွာ ေရးသားထားပါတယ္။

Photo: ddlovato/ Instagram

အခုလို လူႀကီးကစားစရာ ထုတ္လိုက္တာနဲ႔ ပတ္သက္ၿပီး သူ႔ရဲ့ ပရိသတ္ေတြကေတာ့ အေကာင္းဘက္ကေနပဲ အားေပးေနၾကတာ ေတြ႕ရပါတယ္။ Demi ရဲ့ toy ကေတာ့ vibration mode (၈)ခု ပါဝင္ၿပီး သူ႔ရဲ့ကိုယ္ပိုင္ထည့္စရာဘူးေလးနဲ႔ ထုပ္ပိုးထားတာ ေတြ႕ရပါတယ္။ ဒါဟာ toy ေတြထဲမွာ ပထမဆုံးေသာ mode (၈)ခုနဲ႔ အမ်ိဳးအစား ျဖစ္တယ္လို႔လည္း ဆိုထားပါတယ္။

“မိမိရဲ့ စိတ္ဆႏၵျပည့္ဝမွုကို မိမိရဲ့ လက္ထဲမွာပဲ ပိုင္ဆိုင္ေစျခင္းေလာက္ empowerment ျဖစ္ေစတာ မရွိေတာ့ပါဘူး။ တို႔ေတြဟာ လိင္စိတ္ဆႏၵမရွိတဲ့ သက္ရွိေတြလို ဟန္ေဆာင္လာခဲ့ၾကတာ ၾကာျမင့္လာပါၿပီ။ အခုကေတာ့ ဒီသတ္မွတ္ခ်က္ေတြကို ဖယ္ခြာရမယ့္အခ်ိန္ ေရာက္လာပါၿပီ။ တို႔ေတြအားလုံး သာယာမွုကို ခံစားဖို႔ ထိုက္တန္ပါတယ္။ တို႔ေတြအားလုံး ဆႏၵၿပီးေျမာက္ဖို႔လည္း ထိုက္တန္ပါတယ္ … ” လို႔ ကုန္ပစၥည္းအေၾကာင္း ေဖာ္ျပခ်က္မွာ ေရးသားထားတာ ေတြ႕ရပါတယ္။

Photo: ddlovato/ Instagram

ဒါဟာ Demi အေနနဲ႔ non-binary အျဖစ္ တရားဝင္ ေၾကညာၿပီး ေျခာက္လခန႔္အၾကာမွာ အခုလို ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ toy ထြက္ရွိလာတာလည္း ျဖစ္ပါတယ္။ Demi ဟာ non-binary အျဖစ္ ေၾကညာထားတာေၾကာင့္ သူ႔အတြက္ သုံးႏွုန္းရမယ့္ နာမ္စားကိုလည္း they/them ကို အသုံးျပဳေပးဖို႔ ေတာင္းဆိုထားပါတယ္။ (non-binary ဆိုတာကေတာ့ male လည္းမဟုတ္၊ female လည္းမဟုတ္တဲ့ gender သတ္မွတ္မွုအျပင္ဘက္က ျဖစ္တည္မွုတစ္မ်ိဳး ျဖစ္ပါတယ္။)

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular