HomeEntertainmentFilmယခုလအတွင်းမှာ Digital Release ဖြစ်လာမယ့် Death on the Nile ရုပ်ရှင်

ယခုလအတွင်းမှာ Digital Release ဖြစ်လာမယ့် Death on the Nile ရုပ်ရှင်

Death on the Nile ရုပ်ရှင်ကတော့ ရုံတင်ခဲ့တာ တစ်လကျော်ကျော်ပဲ ရှိသေးပေမယ့် မကြာခင်မှာပဲ Streaming Service တွေကနေ ပြသသွားတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၁၉၃၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စာရေးဆရာမ Agatha Christie ရဲ့ ဝတ္ထုကို အခြေခံပြီး ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စုံထောက် Hercule Poirot ရဲ့ ထူးခြားပြီး ပဟေဠိဆန်တဲ့ မှုခင်းတွေကို ဖြေရှင်းပုံကို မြင်တွေ့ရမှာပါ။

photo via screenrant

စုံထောက် Hercule Poirot နေရာမှာတော့ မင်းသားကြီး Kenneth Branagh က ပါဝင် သရုပ်ဆောင်ထားပြီး ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Murder on the Orient Express ထဲမှာလည်း အဲ့ဒီဇာတ်ကောင်အဖြစ်နဲ့ပဲ ပါဝင်ခဲ့ပါသေးတယ်။ ဒါ့အပြင် မင်းသားကြီးဟာ ဒီဇာတ်ကားကို ဒါရိုက်တာအဖြစ် ကိုယ်တိုင် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Kenneth Branagh ၊ Gal Gadot ၊ Annette Bening ၊ Russell Brand ၊ Ali Fazal ၊ Armie Hammer နဲ့ Dawn French တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ယခုအချိန်မှာတော့ 20th Century စတူဒီယိုဟာ ဒီရုပ်ရှင်အတွက် Digital Release လုပ်မယ့် နေ့ရက်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ယခုလ လာမယ့် (၂၉)ရက်နေ့မှာ စတင်ပြသသွားမှာ ဖြစ်ပြီး HBO Max နဲ့ Hulu တို့မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ ကိုဗစ်ကာလ ဖြစ်နေတာကြောင့် Box Office မှာ ဝင်ငွေ ဒေါ်လာ (၁၁၆)သန်းပဲ ရရှိခဲ့ပါတယ်။ ပထမ ထွက်ရှိခဲ့တဲ့ Murder on the Orient Express ကတော့ ဝင်ငွေ ဒေါ်လာ (၃၅၂)သန်း ရရှိခဲ့တာကြောင့် ဒီရုပ်ရှင်ဟာ Box Office မှာ မအောင်မြင်ဘူးလို့ ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် 20th Century စတူဒီယိုကတော့ ဒီ Franchise ရဲ့ တတိယမြောက် ရုပ်ရှင်ကို ဆက်လက် ဖန်တီးနေတယ်လို့လည်း သိရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular