HomeEntertainmentFilmDoctor Strange 2 ထဲကဖြစ်ရပ်ကြောင့် Logan ထဲမှာ အတိတ်မေ့ရောဂါ ခံစားနေရတဲ့ Professor X (Fan Theory)

Doctor Strange 2 ထဲကဖြစ်ရပ်ကြောင့် Logan ထဲမှာ အတိတ်မေ့ရောဂါ ခံစားနေရတဲ့ Professor X (Fan Theory)

လာမယ့် မေလမှာ ထွက်ရှိလာမယ့် Doctor Strange in the Multiverse of Madness ရုပ်ရှင်ကတော့ သီအိုရီပေါင်းများစွာ ထွက်ပေါ်လာစေတဲ့ ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ Multiverse နဲ့ ပတ်သက်တာတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး ဇာတ်ကောင်များစွာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီတစ်ခါ ဖော်ပြသွားမယ့် သီအိုရီကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Logan ရုပ်ရှင်ထဲမှာ Professor X တစ်ယောက် အတိတ်မေ့နေရတဲ့ အကြောင်းရင်းဟာ Doctor Strange 2 ထဲက ဖြစ်ရပ်တစ်ခုကြောင့်ဆိုတဲ့ သီအိုရီပဲ ဖြစ်ပါတယ်။

photo via screenrant

Super Bowl ပွဲမှာ ပြသခဲ့တဲ့ Doctor Strange 2 ရဲ့ ပထမဆုံး ထွေလာမှာတော့ Professor X နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Patrick Stewart ရဲ့ အသံလို့ ယူဆရတဲ့ အသံတစ်ခု ပါဝင်ခဲ့ပါတယ်။ မူလတုန်းကတော့ ဒါဟာ ခန့်မှန်းချက်မျှသာပဲ ရှိသေးပေမယ့် သိပ်မကြာခင်မှာပဲ Patrick Stewart ကိုယ်တိုင်က ဒီအချက်ကို အတည်ပြုပေးခဲ့ပါတယ်။

X-Men: Days of the Future Past နဲ့ Logan တို့ဟာ ရုပ်ရှင်ထဲကအချိန် ခြောက်နှစ်ပဲ ကွာခြားပေမယ့်လည်း ဇာတ်လမ်းထဲက အခြေအနေတွေကတော့ အတော်လေးကို ကွဲပြားနေပါတယ်။ X-Men: Days of the Future Past ရဲ့ အဆုံးသတ်မှာတော့ Wolverine ဟာ Timeline ကို ပြန်လည် ပြုပြင်ကာ Mutant တွေအားလုံးကို ကယ်တင်လိုက်နိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး Logan ကတော့ ၂၀၂၉ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပါတယ်။

photo via screenrant

Logan ထဲမှာတော့ Professor X ဟာ အတိတ်မေ့ရောဂါကို ခံစားနေရပြီး ဒါကြောင့်ပဲ သူ့ရဲ့စိတ်စွမ်းအားတွေကို မထိန်းချုပ်နိုင် ဖြစ်နေပါတယ်။ ဒါကြောင့်လည်း Professor X ဟာ Mutant တွေ အများအပြားကို မတော်တဆ သတ်ပစ်မိခဲ့တယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးဘဲ ဗိုင်းရပ်စ်တစ်ခုကြောင့် Mutant တွေရဲ့ အရေအတွက်ဟာ တဖြည်းဖြည်း နည်းပါးလာပါတယ်။ Logan ရုပ်ရှင်ထဲမှာတော့ Professor X ဟာ ဘာကြောင့် အခုလိုမျိူး အတိတ်မေ့ရောဂါကို ခံစားနေရတယ် ဆိုတာကို မပြသသွားခဲ့ပါဘူး။

ဒါကြောင့်ပဲ ယခုဆိုရင်တော့ Doctor Strange 2 ထဲက ဖြစ်ရပ်တစ်ခုကြောင့် Logan ထဲက Professor X ဟာ အတိတ်မေ့ရောဂါ ခံစားနေရတယ်ဆိုတဲ့ သီအိုရီနှစ်ခု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ပထမသီအိုရီကတော့ Multiverse နဲ့ ပတ်သက်ပြီး Doctor Strange ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်ပြင်ဖို့အတွက် Professor X ဟာ Cerebro ကို အသုံးပြုခဲ့ရာက မရေတွက်နိုင်တဲ့ Timeline တွေကြောင့် သူ့ရဲ့စိတ်ကို ထိခိုက်သွားစေတယ်လို့ ဆိုပါတယ်။

photo via screenrant

နောက်ထပ် သီအိုရီတစ်ခုကတော့ Professor X ဟာ Doctor Strange ဒါမှမဟုတ် Scarlet Witch ကို ထိန်းချုပ်ဖို့ ကြိုးစားရင်း ယခုလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ထွေလာထဲမှာတော့ Illuminati အဖွဲ့ကို အရိပ်အမြွက် ပြသခဲ့သလို အဖွဲ့ဝင်ဖြစ်တဲ့ Superior Iron Man ဟာလည်း Iron Man Evil ဗားရှင်းလို့ ယူဆနိုင်ပါတယ်။ ဒါကြောင့်ပဲ ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Professor X ဟာလည်း Evil ဗားရှင်း ဖြစ်နေနိုင်ပြီး အပေါ်မှာ ဖော်ပြထားတဲ့ သီအိုရီတွေကြောင့် သူ့ရဲ့ Variant တွေအားလုံးကို သက်ရောက်မှု ရှိသွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular