HomeCharacterDC က အသစ်ထွက်ရှိလာမယ့် Blue Beetle ဇာတ်ကောင်ရဲ့ Origin နဲ့ စွမ်းအားများ

DC က အသစ်ထွက်ရှိလာမယ့် Blue Beetle ဇာတ်ကောင်ရဲ့ Origin နဲ့ စွမ်းအားများ

Blue Beetle ရုပ်ရှင်ကတော့ လာမယ့် ဩဂုတ်လ (၁၈)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ James Gunn နဲ့ Peter Safran တို့ရဲ့ Universe အသစ်မစတင်ခင်မှာ ထွက်ရှိသွားမယ့် နောက်ဆုံးလက်ကျန်ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ Blue Beetle ဇာတ်ကောင်ကတော့ ယခုမှ Live Action ဗားရှင်း စတင်ထွက်ရှိလာမှာ ဖြစ်တာကြောင့် ဒီတစ်ခါမှာတော့ DC ပရိသတ်တွေအတွက် Blue Beetle ဇာတ်ကောင်ရဲ့ Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

Origin

photo credit DC Comics

Blue Beetle ဇာတ်ကောင်ရဲ့ နာမည်အရင်းကတော့ Jaime Reyes ပဲ ဖြစ်ပါတယ်။ Jaime ဟာ Texas မှာ မိသားစုနဲ့အတူ နေထိုင်တဲ့ သာမန်ဆယ်ကျော်သက်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Jaime ဟာ ပထမဆုံး Blue Beetle မဟုတ်ဘဲ တတိယမြောက် Blue Beetle ဖြစ်ပါတယ်။

တစ်ရက်မှာတော့ Shazam ရဲ့ဂူဟာ ဖျက်ဆီးခံခဲ့ရပြီး Blue Beetle Scarab ဟာ Jaime ရှိရာမြို့ဆီကို လွင့်ထွက်လာခဲ့ပါတယ်။ Jaime ကတော့ ကျောင်းကနေ အိမ်ပြန်တဲ့အချိန်မှာ အဲဒီ Scarab ကို ရှာတွေ့ပြီး အိမ်ကိုယူလာခဲ့ပါတယ်။ အဲဒီညမှာပဲ Scarab ဟာ အသက်ဝင်လာပြီး Jaime နဲ့ ပေါင်းစပ်သွားတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Booster Gold ဟာ Jaime ကို ရှာဖွေပါတော့တယ်။ အကြောင်းကတော့ Booster Gold နဲ့ Batman တို့ဟာ Brother Eye ဆိုတဲ့ ဂြိုဟ်တုကို ဖျက်ဆီးဖို့ ကြိုးစားနေကြပြီး ဒီဂြိုဟ်တုကို ဖျက်ဆီးဖို့ အဲဒီ Scarab ရဲ့ အကူအညီကို လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ Jaime ဟာ Booster Gold နဲ့ Batman တို့နဲ့အတူ အာကာသထဲကိုသွားပြီး အဲဒီဂြိုဟ်တုကို ဖျက်ဆီးဖို့ ကူညီပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်အပြီးမှာတော့ Jaime ဟာ သူ့ရဲ့မိသားစုကို အကြောင်းစုံပြောပြခဲ့ပြီး အဲဒီအချိန်ကစတင်ကာ Blue Beetle အဖြစ် စူပါဟီးရိုးလုပ်ခဲ့ပါတယ်။ သူဟာ Teen Titans ၊ Justice League အဖွဲ့တွေနဲ့တောင် ပူးပေါင်းခဲ့ဖူးပါတယ်။

စွမ်းအားများ

photo credit DC Comics

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Jaime ဟာ သာမန်လူသားတစ်ယောက် ဖြစ်ပြီး Scarab ကြောင့်ပဲ စွမ်းအားတွေ ရရှိလာတာ ဖြစ်ပါတယ်။ ဒီ Scarab ကြောင့်ပဲ Jaime ဟာ အလွန်အကြမ်းခံနိုင်တဲ့ Exoskeleton (ပြင်ပအရိုးအဆစ်အကူ)ကို ရရှိခဲ့ပါတယ်။

Jaime ဟာ များသောအားဖြင့် ဒီ Scarab ရဲ့ စွမ်းအားတွေကို လိုသလို ထိန်းချုပ်နိုင်ပေမယ့် လိုအပ်လာတဲ့အချိန်မှာတော့ ဒီ Scarab ဟာ သူ့အလိုလို လုပ်ဆောင်ချက်တွေ ပြုလုပ်တာမျိူးလည်း ရှိပါတယ်။ ဒီ Scarab ကြောင့်ပဲ Jaime ဟာ သာမန်စူပါဟီးရိုးတွေမှာ ရှိကြတဲ့ Speed ၊ Agility ၊ Strength နဲ့ Flight တို့အပြင် အခြားသောစွမ်းအားတွေပါ ရရှိထားပါတယ်။

ဒီ Scarab ကြောင့်ပဲ Jaime ဟာ ဒဏ်ရာတွေကို အမြန်ပျောက်ကင်းနိုင်စွမ်း ရှိသလို Energy တွေကို စုပ်ယူနိုင်ပါတယ်။ ဒါ့အပြင် အန္တရာယ်ရှိနိုင်တဲ့ ပတ်ဝန်းကျင်ကို ရောက်တဲ့အချိန်မှာလည်း Scarab ဟာ Jaime ကို ကာကွယ်ပေးထားပါတယ်။

ဒါတင်မကသေးဘဲ ဓားတွေ၊ ဒိုင်းတွေနဲ့ Plasma Canon တို့လို လက်နက်တွေများစွာကိုလည်း ဖန်တီးနိုင်ပါသေးတယ်။ Jaime ကို ပိုပြီးစွမ်းအားကြီးလာစေတဲ့ စွမ်းအားတွေကတော့ Pyrokinesis (မီးကို စိတ်နဲ့ဖန်တီးထိန်းချုပ်နိုင်စွမ်း)၊ Sound Manipulation ၊ Drone Creation နဲ့ Mechanokinesis (နည်းပညာတွေကို စိတ်နဲ့ထိန်းချုပ်နိုင်စွမ်း)တို့ပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular