HomeEntertainmentFilmDoctor Strange 2 ထဲမှာ Scarlet Witch ဟာ ဗီလိန်အနေနဲ့ ပါဝင်လာပါမယ် (Fan Theory)

Doctor Strange 2 ထဲမှာ Scarlet Witch ဟာ ဗီလိန်အနေနဲ့ ပါဝင်လာပါမယ် (Fan Theory)

မကြာသေးခင်ကတော့ Super Bowl ပွဲမှာ Doctor Strange in the Multiverse of Madness ရဲ့ ထွေလာအသစ် ထွက်ရှိခဲ့ပါတယ်။ ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ အချက်တွေအရ Scarlet Witch ဟာ ဗီလိန် ဖြစ်သွားနိုင်ပါတယ်။ တကယ်တော့ ဒီထွေလာ မထွက်ခင်ကတည်းက Doctor Strange 2 ထဲမှာ Scarlet Witch က ဗီလိန်အနေနဲ့ ပါဝင်လာမယ်ဆိုတဲ့ သီအိုရီ ရှိပြီးသား ဖြစ်နေတာပါ။ ယခုဆိုရင်တော့ ဒီသီအိုရီက ပိုပြီးဖြစ်နိုင်ချေ ရှိလာကြောင်း Dr. Strange ထွေလာအသစ်က ပြသထားပါတယ်။

photo via screenrant

Wanda ကတော့ ကောမစ်ထဲမှာရော၊ MCU ထဲမှာပါ ဆုံးရှုံးမှုတွေများစွာ ကြုံတွေ့ခဲ့ရသူ ဖြစ်ပါတယ်။ WandaVision ဇာတ်လမ်းတွဲထဲမှာတော့ သူမဟာ ဆိုးရွားတဲ့ ရွေးချယ်မှုတွေကို ပြုလုပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ Westview မြို့က လူတွေကို လွှတ်ပေးဖို့အတွက် သူမရဲ့ ပျော်ရွှင်မှုတွေကို ထပ်မံအဆုံးရှုံးခံခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အဆုံးသတ်မှာတော့ အားလုံးမြင်တွေ့ခဲ့ရတဲ့အတိုင်း သူမဟာ Vision နဲ့ သူမရဲ့ကလေးတွေကိုပါ ထပ်မံပြီး ဆုံးရှုံးခဲ့ရပါတယ်။

Doctor Strange 2 ထွေလာထဲမှာတော့ သူမဟာ ဗီလိန်ဖြစ်သွားနိုင်ကြောင်း အရိပ်အမြွက် ပြသထားပါတယ်။ ပထမထွေလာထဲမှာတော့ Doctor Strange ဟာ ချယ်ရီပန်းတွေ ပွင့်နေတဲ့ နေရာတစ်ခုမှာ Multiverse နဲ့ ပတ်သက်ပြီး Wanda ကို အကူအညီသွားတောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Wanda ဟာ Westview အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တောင်းပန်ခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့်လည်း ဒီဇာတ်ဝင်ခန်းဟာ Wanda ဖန်တီးထားတဲ့ ပုံရိပ်ယောင် တစ်ခု ဖြစ်နေနိုင်ပါတယ်။

photo via screenrant

ဒုတိယထွေလာထဲမှာတော့ Scarlet Witch ဟာ Doctor Strange နဲ့ ရင်ဆိုင်နေတဲ့ပုံစံကို မြင်တွေ့ခဲ့ရပြီး Doctor Strange ကလည်း အပေါ်မှာ ဖော်ပြထားတဲ့ ဇာတ်ဝင်ခန်းထဲက ဝတ်စုံအတိုင်း ဝတ်ဆင်ထားပါတယ်။ ဒါ့အပြင် ဘေးနားမှာလည်း ခြောက်ကပ်နေတဲ့ သစ်ပင်တချို့ကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အစောပိုင်းက ဇာတ်ဝင်ခန်းမှာ သူမဟာ အဲ့ဒီသစ်ပင်တွေကို ချယ်ရီပင်တွေအဖြစ် ပြောင်းလဲထားတာ ဖြစ်နိုင်ပါတယ်။

Wanda ဟာ Reality ကို သူမရဲ့ စိတ်ကြိုက် ခြယ်လှယ်နိုင်စွမ်း ရှိတယ်ဆိုတာကို WandaVision ဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲရဲ့ Credit Scene မှာတော့ သူမရဲ့ ဗားရှင်းတစ်မျိူးဟာ သစ်လုံးအိမ်လေးရဲ့အပြင်မှာ အေးအေးလူလူ ထိုင်နေပေမယ့်လည်း တစ်ချိန်တည်းမှာပဲ Scarlet Witch ကတော့ Darkhold စာအုပ်ကို လေ့လာနေတာ မြင်တွေ့ခဲ့ရပါတယ်။ သူမဟာ ဆုံးရှုံးလိုက်ရတဲ့ သူမရဲ့ကလေးတွေကို ဘယ်လို ပြန်လည်ရယူနိုင်မလည်းဆိုတာ ရှာဖွေနေရင်းနဲ့ Multiverse အကြောင်းကို ရှာဖွေတွေ့ရှိသွားတာ ဖြစ်နိုင်ပါတယ်။

photo via screenrant

ဒီထွေလာထဲမှာတော့ Scarlet Witch ဟာ “ရှင် စည်းကမ်းတွေကို ချိူးဖောက်လိုက်တော့ ဟီးရိုး ဖြစ်လာပြီး ကျွန်မလုပ်တော့ကျ ဗီလိန် ဖြစ်လာတယ်။ မတရားလိုက်တာနော် … ” လို့ Doctor Strange ကို ပြောခဲ့ပါတယ်။ သူမဟာ ဘဝတလျှောက်လုံးမှာ တခြား Avengers တွေထက်ပိုတဲ့ နာကျင်စရာတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Wanda ဟာ ဝမ်းနည်းနေတဲ့ Scarlet Witch ကို နှစ်သိမ့်ပေးနေတာ မြင်တွေ့ခဲ့ရပါသေးတယ်။ လူတိုင်းဟာ နာကျင်မှုတွေ ခံစားရတာများပြီး ခံနိုင်ရည်ထက် ကျော်လွန်သွားတဲ့ အချိန်မှာတော့ ပေါက်ကွဲထွက်လာတတ်ပြီး Wanda ဟာလည်း ဒီရုပ်ရှင်ထဲမှာတော့ အလားတူပဲ ဖြစ်လာမယ်လို့ ယူဆရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular