HomeEntertainmentFilmDoctor Strange 2 ထဲမှာ Wolverine အဖြစ် ပါဝင်လာနိုင်တဲ့ Daniel Radcliffe

Doctor Strange 2 ထဲမှာ Wolverine အဖြစ် ပါဝင်လာနိုင်တဲ့ Daniel Radcliffe

Doctor Strange in the Multiverse of Madness ရဲ့ ပထမဆုံး ထွေလာကတော့ Super Bowl ပွဲမှာ ပြသခဲ့တာ ဖြစ်ပြီး ဒီရုပ်ရှင်ကိုတော့ လာမယ့် မေလမှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ ဒီရုပ်ရှင်ထဲမှာ Wolverine လည်း ပါဝင်လာမယ်လို့ သတင်းထွက်နေပြီး သရုပ်ဆောင်ကတော့ Hugh Jackman မဟုတ်ဘူးလို့ ဆိုပါတယ်။ ယခုလက်ရှိမှာတော့ Harry Potter ဇာတ်ကောင်နဲ့ လူသိများကြတဲ့ မင်းသား Daniel Radcliffe က Wolverine အဖြစ် ပါဝင်လာမယ်ဆိုတဲ့ ကောလာဟလက ရေပန်းစားနေပါတယ်။

photo via screenrant

ထွေလာထဲက ဇာတ်ဝင်ခန်း တစ်ခုမှာတော့ Doctor Strange ကို စက်ရုပ်တွေက ဖမ်းဆီးသွားတာကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီအချိန်မှာတော့ Professor X အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Sir Patrick Stewart ရဲ့ အသံက နောက်ခံအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ Multiverse ကို ပြသသွားမှာ ဖြစ်တာကြောင့် Professor X ဟာလည်း Fox ရဲ့ X-Men Universe ထဲက မဟုတ်ဘဲ တခြား Universe က Variant တစ်ယောက် ဖြစ်နေနိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားသလိုပဲ Professor X ရဲ့ Variant ကို မြင်တွေ့ရမယ် ဆိုရင်တော့ Wolverine ရဲ့ Variant ကို မြင်တွေ့ရမယ် ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ Variant ဖြစ်နေတာကြောင့် ဗားရှင်းတူညီမှာ မဟုတ်ဘဲ သရုပ်ဆောင် ပြောင်းလဲသွားလည်း ပြဿနာ မရှိပါဘူး။ ယခုအချိန်မှာတော့ ပရိသတ် အများစုဟာ Harry Potter သရုပ်ဆောင် Daniel Radcliffe ကို ဒီနေရာမှာ သရုပ်ဆောင်စေချင်နေကြပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်ကတည်းက သူ့ကို Wolverine အဖြစ် ဖန်တီးထားတဲ့ Fan Art လည်း ရှိနေပါသေးတယ်။

photo via screenrant

ဒါကြောင့်ပဲ Daniel Radcliffe ကို Wolverine အဖြစ် ပါဝင် သရုပ်ဆောင်စေချင်ကြတာဟာ ယခုမှ မဟုတ်ဘူးဆိုတာ သိသာစေပါတယ်။ ကောမစ်ထဲက Wolverine ကတော့ အရပ်ငါးပေ သုံးလက်မပဲ ရှိကာ Daniel Radcliffe ကတော့ အရပ်ငါးပေ လေးလက်မ ရှိပါတယ်။ ဒါ့အပြင် Daniel ရဲ့ မုတ်ဆိတ်မွေးအရှည် ထားထားတဲ့ ပုံကလည်း ဒီဇာတ်ကောင်နဲ့ လိုက်ဖက်နေတာကြောင့် ပရိသတ်တွေဟာ Daniel Radcliffe ကို Wolverine အသစ် ဖြစ်စေချင်နေကြပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular