HomeEntertainmentFilmDoctor Strange in the Multiverse of Madness ကို Disney+ မှာ ဘယ်တော့ ကြည့်ခွင့်ရမလဲ?

Doctor Strange in the Multiverse of Madness ကို Disney+ မှာ ဘယ်တော့ ကြည့်ခွင့်ရမလဲ?

Doctor Strange in the Multiverse of Madness ကတော့ လာမယ့် မေလ (၆)ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ အံ့အားသင့်စရာတွေများစွာ ပါဝင်နေတယ်လို့ သိရပြီး အစောပိုင်း Reaction တွေကလည်း အခြေအနေကောင်းပါတယ်။ ဝမ်းနည်းဖို့ကောင်းတဲ့ တစ်ချက်ကတော့ အီဂျစ်၊ တရုတ်နဲ့ မြန်မာတို့မှာတော့ ဒီရုပ်ရှင်ကို ရုပ်ရှင်ရုံပေါ်မှာ ကြည့်ရှုခွင့်ရမှာ မဟုတ်တာကြောင့် Disney+ မှာ ဘယ်တော့ ပြသသွားမလည်း ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Spider-Man: No Way Home ထဲမှာ Multiverse ကို မတော်တဆ ဖွင့်ခဲ့မိတာရဲ့ နောက်ဆက်တွဲတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Doctor Strange နဲ့ Wanda တို့ကို အဓိက မြင်တွေ့ရမှာ ဖြစ်ပြီးတော့ သူတို့နှစ်ယောက်ရဲ့ Variant တွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်ကောင်အသစ် ဖြစ်တဲ့ America Chavez လည်း ပါဝင်လာမှာပါ။

အနည်းဆုံးတော့ ဒီရုပ်ရှင်ဟာ ရုံတင်ပြီး (၄၅)ရက် ကြာတဲ့အချိန်မှသာ Disney+ မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Spider-Man: No Way Home ဟာ Box-Office မှာ အလွန်အောင်မြင်ခဲ့တာကြောင့် ရက်ပေါင်း (၉၀)ကြာမှသာ Disney+ မှာ ပြသခဲ့တာကြောင့် ဒီရုပ်ရှင်ဟာလည်း (၄၅)ရက်ထက်တောင် ပိုကြာသွားနိုင်ပါသေးတယ်။ လောလောဆယ်မှာတော့ Disney+ မှာ ဒီရုပ်ရှင်ကို ဘယ်အချိန် ပြသသွားမယ်ဆိုတာ မကြေညာသေးပါဘူး။

photo via screenrant

Shang-Chi and the Legend of Ten Rings နဲ့ Eternals တို့ဟာ ရုံတင်ပြီး ရက်ပေါင်း(၇၀)ဝန်းကျင်မှာ ထွက်ရှိခဲ့တာကြောင့် Doctor Strange 2 ကတော့ Box-Office ပေါ်မှာ မူတည်ပြီး ရုံတင်ပြီး ရက်ပေါင်း(၇၀)နဲ့ (၉၀) ကြားထဲမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Doctor Strange in the Multiverse of Madness ကိုတော့ ဇူလိုင် (၁၅)ရက်နဲ့ ဩဂုတ် (၄)ရက်ကြားမှာ Disney+ ကနေ ပြသသွားနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular