HomeEntertainmentFilmMCU ထဲမှာ ပြန်လည်ပါဝင်လာဦးမယ်လို့ သတင်းထွက်နေတဲ့ Don Lee

MCU ထဲမှာ ပြန်လည်ပါဝင်လာဦးမယ်လို့ သတင်းထွက်နေတဲ့ Don Lee

Eternals ရုပ်ရှင်ထဲမှာ Gilgamesh အဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Don Lee ဟာ MCU Phase 4 ရဲ့ ရုပ်ရှင်၊ ဒါမှမဟုတ် ဇာတ်လမ်းတွဲတစ်ခုခုမှာ ပြန်လည်ပါဝင်လာဦးမယ်လို့ သိရပါတယ်။

အဲ့ဒီပရောဂျက်ကတော့ ယခုနှစ် နွေရာသီအချိန်မှာ ရိုက်ကူးရေး စတင်သွားမယ်လို့ သိရပါတယ်။ MCU ကတော့ Avengers: Endgame ပြီးသွားတဲ့ အချိန်ကတည်းက ဟီးရိုးနဲ့ ဗီလိန်အသစ်တွေများစွာကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပြီး ဇာတ်ကောင်အသစ်တွေချည်းပဲ စုစည်းထားတဲ့ Eternals ရုပ်ရှင်လည်း ထွက်ရှိလာခဲ့ပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ Marvel ဟာ Eternals ထဲက ဘယ်သရုပ်ဆောင်တွေက ပြန်လည် ပါဝင်လာဦးမယ်ဆိုတာ အတည်ပြုထားတာမျိူး မရှိသေးပါဘူး။ Eternals ရုပ်ရှင်ရဲ့ အဆုံးသတ်မှာလည်း “Eternals Will Return” လို့ပဲ စာတန်းထိုးထားတာကြောင့် ဘယ်ဇာတ်ကောင်က ပြန်လည် ပါဝင်လာမယ်ဆိုတာ မသေချာသေးပါဘူး။  Sersi နေရာမှာ သရုပ်ဆောင်ထားတဲ့ Gemma Chan ကလည်း သူမဟာ အနာဂတ်ပရောဂျက်တွေမှာ ပါဝင်လာမယ်လို့ ယုံကြည်မှု ရှိကြောင်း ပြောခဲ့ပါသေးတယ်။

Allkpop သတင်းဌာနရဲ့ ဖော်ပြချက်အရ Don Lee ဟာ အနာဂတ် ပရောဂျက်တစ်ခုမှာ Gilgamesh အနေနဲ့ ပြန်လည် ပါဝင်လာဦးမယ်လို့ သိရပါတယ်။ Don Lee ဟာလည်း လာမယ့်နွေရာသီမှာ အဲ့ဒီပရောဂျက်အတွက် အမေရိကန်နိုင်ငံကို ခရီးထွက်ရမယ်လို့လည်း ဆိုထားပါတယ်။

Gilgamesh ကတော့ Eternals ရုပ်ရှင်ထဲမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး ယခုထွက်လာတဲ့ သတင်းကိုလည်း Marvel ဘက်က အတည်ပြုထားခြင်း မရှိသေးတာကြောင့် Gilgamesh ပြန်လာမယ်ဆိုတာကတော့ ကောလာဟလတစ်ခုအဆင့်လောက်ပဲ ရှိပါသေးတယ်။

photo via screenrant

အကယ်၍ Gilgamesh သာ ပြန်လည် ပါဝင်လာဦးမယ်ဆိုရင်တော့ Thor: Love and Thunder ၊ Guardians of the Galaxy Vol. 3 နဲ့ The Marvels တို့မှာ Cameo အနေနဲ့ ပါဝင်လာမှာ ဖြစ်နိုင်သလို What If…? Season 2 ထဲမှာ အသံသရုပ်ဆောင်အနေနဲ့ ပါဝင်လာမှာလည်း ဖြစ်နိုင်ပါတယ်။

ယခုနှစ်ရဲ့ နွေရာသီအချိန်မှာ ရိုက်ကူးရေး စတင်သွားမယ့် MCU ပရောဂျက်တွေကတော့ Echo ၊ Ironheart ၊ Armor Wars နဲ့ Loki Season 2 တို့ ဖြစ်ပြီး Loki Season 2 ကလွဲရင် တခြားပရောဂျက်တွေမှာတော့ ပါဝင်လာနိုင်ချေ သိပ်မရှိလှပါဘူး။ ဒါကြောင့် Gilgamesh တကယ် ပြန်လာမှာလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular