HomeCelebs Update NewsKoreaSong Hye Kyo ထက်တစ်နှစ်ပဲငယ်ပေမယ့် အငယ်ဗားရှင်းအဖြစ် သရုပ်ဆောင်ခဲ့ရတဲ့ Han Ji Min

Song Hye Kyo ထက်တစ်နှစ်ပဲငယ်ပေမယ့် အငယ်ဗားရှင်းအဖြစ် သရုပ်ဆောင်ခဲ့ရတဲ့ Han Ji Min

မင်းသမီး Han Ji Min ကိုတော့ မြန်မာပရိသတ်တွေကြားမှာ အွန်စောလို့ လူသိများတဲ့ မင်းသမီး Song Hye Kyo နဲ့ ရုပ်ချင်းဆင်တူတဲ့ မင်းသမီးတစ်လက်ဆိုတာ သိထားကြပြီး ဖြစ်မှာပါ။ တကယ်တော့ Han Ji Min ဟာ Song Hye Kyo ထက် အသက်တစ်နှစ်သာ ငယ်ပေမယ့် သူမဘဝရဲ့ အစောပိုင်းသရုပ်ဆောင်မှုမှာတော့ Song Hye Kyo ရဲ့ငယ်ဘဝဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

ဒီအကြောင်းကိုတော့ Han Ji Min ဟာ မေလ(၂၉)ရက်နေ့က Channel A မှာထုတ်လွှင့်ခဲ့တဲ့ Go Doo Shim ရဲ့ reality show “I Like Go Doo Shim” မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့တုန်းက ပြောပြသွားတာ ဖြစ်ပါတယ်။ မင်းသမီးကြီး Go Doo Shim ကတော့ လက်ရှိ နာမည်ကြီးနေတဲ့ ဒရာမာ Our Blues ထဲမှာ Han Ji Min နဲ့အတူ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

အဆိုပါရှိုးမှာပဲ Go Doo Shim နဲ့ Han Ji Min တို့နှစ်ဦးဟာ အတူတူ စားသောက်ကြရင်း စကားစမြည် ပြောဆိုထားကြပါတယ်။ မင်းသမီးကြီး Go Doo Shim ကတော့ Han Ji Min အနေနဲ့ မင်းသမီးတစ်လက်အဖြစ် ဘဝကို ဘယ်လိုစတင်ခဲ့တယ်ဆိုတာ မေးမြန်းခဲ့ပါတယ်။

Photo via soompi

Han Ji Min ကတော့ စစချင်း သရုပ်ဆောင်ရွေးပွဲတွေ ဝင်ပြိုင်ခဲ့တုန်းက အလွန်ရှက်ကြောက်တတ်ပြီး မိမိရဲ့ခံစားချက်ကို သိပ်ပြီးထုတ်မပြတတ်ဘူးလို့ ဆိုပါတယ်။ သို့သော်လည်း သူမဟာ အဲဒီအခြေအနေကို သူမနည်းသူမဟန်နဲ့ ဖြတ်ကျော်နိုင်ခဲ့ပြီး ဇာတ်ရုပ်တွေလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်မမှာ မင်းသမီးဖြစ်ချင်တဲ့ဆန္ဒ အရမ်းကြီး မရှိခဲ့ပါဘူး။ ဒါပေမယ့် ထင်တာတော့ ကျွန်မပုံစံက အေးအေးဆေးဆေး ရှိတဲ့ပုံစံ ပေါက်တယ်ပေါ့နော်။ လူရွေးပွဲတွေမှာ သိပ်ပြီးစိတ်လှုပ်ရှားနေတဲ့ပုံ မဖြစ်ခဲ့လို့လားတော့ မသိဘူး …” လို့ Han Ji Min က ပြောပြပါတယ်။

ဒါ့အပြင် သူမရဲ့ ပွဲဦးထွက်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်ကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ All In ဒရာမာထဲမှာ Song Hye Kyo ရဲ့ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ Song Hye Kyo ရဲ့ငယ်ဘဝနေရာမှာ သရုပ်ဆောင်ခဲ့ရပေမယ့် တကယ်တမ်း ပြင်ပဘဝမှာတော့ သူမဟာ Song Hye Kyo ထက် အသက်တစ်နှစ်သာ ငယ်တယ်လို့ သိရပါတယ်။

Photo via soompi

“ကျွန်မရဲ့ ပထမဆုံးဇာတ်ရုပ်က All In ထဲမှာပါ။ အဲဒီမှာ ကျွန်မက Song Hye Kyo ရဲ့ငယ်ဘဝအဖြစ် သရုပ်ဆောင်ထားတာလေ။ အဲဒီအချိန်တုန်းက ကျွန်မ ကောလိပ်ပထမနှစ် တက်နေတဲ့အချိန်ပေါ့။ အဲဒီတုန်းက သူတို့က ကျွန်မကို လူရွေးပွဲ လာပြိုင်ဖို့ခေါ်တယ်…”

“ဖြစ်ချင်တော့ သူတို့ခေါ်တဲ့အချိန်က ကျွန်မတို့မိသားစုရဲ့ ပထမဆုံး နိုင်ငံခြားခရီးထွက်မယ့်အချိန် ဖြစ်နေတယ်။ မိသားစုအပန်းဖြေခရီးဆိုတော့ ကျွန်မလည်း လိုက်ချင်တယ်လေ။ အဲဒါနဲ့ အဲဒီလူရွေးပွဲကို မသွားလိုက်တော့ဘူး။ ဒါပေမယ့် ဖြစ်ချင်တော့ ကျွန်မခရီးက ပြန်လာပြီးတဲ့အချိန်ထိ သူတို့လူရှာမတွေ့သေးဘူးလို့ ပြောတယ်။ အဲဒါနဲ့ ကျွန်မလည်း လူရွေးပွဲသွားလိုက်တာ။ ပါသွားတော့တာပဲ …” လို့ Han Ji Min က ပြောပြထားပါတယ်။

Photo via korea.net

All In ကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးဒရာမာတစ်ခု ဖြစ်ပါတယ်။ ဒီဒရာမာထဲမှာတော့ Lee Byung Hun ၊ Song Hye Kyo ၊ Ji Sun နဲ့ Han Ji Min တို့ အဓိက ပါဝင်ထားပါတယ်။ IMDb rating ကတော့ (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Inha ဟာ သူ့ရဲ့ချစ်သူကောင်မလေး Suyeon ရဲ့ဖခင်ကို ကူညီပေးရင်းနဲ့ လူသတ်မှုတစ်ခုရဲ့ တရားခံလို့ မှားယွင်းစွာ စွပ်စွဲခံရပြီး ထောင်ဒဏ်ကျခံလိုက်ရပါတယ်။ အဲဒီနောက် ထောင်ကလွတ်လာတဲ့အချိန်မှာတော့ လုံခြုံရေးဝန်ထမ်းအဖြစ်နဲ့ အလုပ်ရခဲ့ပါတယ်။ ဖြစ်ချင်တော့ တချိန်က သူ့ရဲ့ချစ်သူကောင်မလေး Suyeon ကို ကာစီနိုတစ်ခုမှာ လုပ်ကိုင်နေတာ တွေ့လိုက်ရတဲ့အခါမှာတော့ … ။

Vancouver

Source: soompi

RELATED ARTICLES

Most Popular