HomeCharacterThe Sandman ကောမစ်ထဲက Dream နဲ့ Nada တို့ရဲ့ စိတ်ဝင်စားစရာဇာတ်လမ်း

The Sandman ကောမစ်ထဲက Dream နဲ့ Nada တို့ရဲ့ စိတ်ဝင်စားစရာဇာတ်လမ်း

The Sandman ဇာတ်လမ်းတွဲကတော့ မကြာခင်ရက်ပိုင်းကပဲ Netflix က စတင်ပြသခဲ့ပြီး လောလောဆယ်မှာတော့ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ ဇာတ်လမ်းတွဲ ဖြစ်နေပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Dream ဟာ လူသားတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာကြောင့် သူ့ရဲ့ အိပ်မက်လောကကြီးဟာ ပျက်စီးသွားပါတယ်။ ဒါကြောင့်ပဲ Dream ဟာ ပြန်လည်လွတ်မြောက်လာတဲ့ အချိန်မှာတော့ သူ့ရဲ့အိပ်မက်လောကကြီးကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားပါတော့တယ်။

ဒီဇာတ်လမ်းတွဲထဲက အပိုင်း(၄)ထဲမှာတော့ Dream ဟာ ငရဲကို သွားရောက်ရာမှာ Nada နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအပိုင်းထဲမှာတော့ Dream နဲ့ Nada တို့ဟာ ချစ်သူဟောင်းတွေ ဖြစ်နေတာကို တွေ့ခဲ့ရပြီး သူတို့ရဲ့ ဇာတ်လမ်းကိုတော့ မပြသခဲ့ပါဘူး။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ရဲ့ ကောမစ်ထဲက ဇာတ်လမ်းကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းခန့်တုန်းက Dream နဲ့ Nada တို့ဟာ ခဏတာ ချစ်ကြိုက်ခဲ့ကြပါတယ်။ Nada ကတော့ First People လို့ခေါ်တဲ့ အာဖရိကန်လူမျိူးစုရဲ့ ဘုရင်မပဲ ဖြစ်ပါတယ်။ တစ်ညမှာတော့ Nada ဟာ သူမရဲ့ မြို့ထဲမှာ ဝတ်ရုံနဲ့ လူတစ်ယောက်က အမှောင်ထဲမှာ လျှောက်လာနေပြီး သူမရဲ့တာဝါအောက်မှာ ရပ်သွားတာကို တွေ့လိုက်ရပါတယ်။

အဲဒီအချိန်မှာပဲ Nada ဟာ အဲဒီလူကို ချက်ချင်းပဲ ချစ်ကြိုက်မိသွားပါတော့တယ်။ အဲဒီနောက်မှာတော့ သူမဟာ မှော်ပညာကို အသုံးပြုပြီး အဲဒီသူဟာ Endless ထဲက Dream ဖြစ်နေတာကို သိသွားပါတယ်။ ဒါ့အပြင် သူမဟာ မှော်ပညာကို အသုံးပြုပြီး အိပ်မက်လောကထဲကို ဝင်ရောက်သွားကာ Dream ကို ချစ်နေကြောင်း ဝန်ခံခဲ့ပါတယ်။ သူမတို့ မျိူးနွယ်စုကတော့ Dream ကို Kai’ckul လို့ ခေါ်ဆိုပါတယ်။

photo via screenrant

Dream ကလည်း Nada နဲ့ ချစ်ကြိုက်သွားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမဟာ လူသားတွေနဲ့ Endless တွေရဲ့ ချစ်ခြင်းတရားကို တားမြစ်ထားကြောင်း သိလိုက်ရပါတယ်။ ဒါကြောင့်ပဲ Nada ဟာ Dream ကို ငြင်းဆန်ခဲ့ပေမယ့် Dream ကတော့ သူတို့နှစ်ယောက် အတူတူအိပ်ကြတဲ့ အခြေအနေထိရောက်အောင် ဆွဲဆောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ တားမြစ်ထားတာကို ပြုလုပ်လိုက်ကြတာကြောင့် Nada ရဲ့ မြို့တော်ဟာ ပျက်စီးသွားခဲ့ပါတယ်။ Nada ကလည်း သူမကြောင့် ယခုလိုတွေ ဖြစ်ရတယ်ဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။

အဲဒီအချိန်မှာ Dream ဟာ Nada ရှိတဲ့ တမလွန်အထိ လိုက်လာပြီး သူ့ရဲ့မိဖုရားလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း Nada က အကြိမ်ကြိမ် ငြင်းပယ်ခဲ့တာကြောင့် Dream ဟာ ဒေါသထွက်ပြီး သူမကို ငရဲဆီ ပို့လိုက်ပါတယ်။ ယခုခေတ်ကို ရောက်လာတဲ့အခါမှာတော့ Nada ဟာ ငရဲမှာ နေထိုင်နေရတာ နှစ်ပေါင်းတစ်သောင်း ရှိနေပြီ ဖြစ်ပါတယ်။ Dream ရဲ့ စိတ်ထဲမှာတော့ Nada ဟာ သူကိုယ်တိုင်နဲ့ သူတို့ရဲ့အချစ်တွေကို သစ္စာဖောက်တယ်လို့ ယူဆထားပြီး သူမကို ခွင့်မလွှတ်နိုင်တာပဲ ဖြစ်ပါတယ်။ Nada ကတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ဟာ တားမြစ်ချက်တစ်ခု ဖြစ်ရုံသာမက သူမရဲ့အမှားကြောင့် သူမရဲ့မျိူးနွယ်စုတစ်ခုလုံး အပြစ်ခံခဲ့ရတာကြောင့် Dream ကို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Nada ဟာ Dream ကို မြင်လိုက်တဲ့အချိန်မှာ Dream ဟာ အာဖရိကန် ကောင်လေးတစ်ယောက်ပုံစံ ပြောင်းလဲသွားတာ တွေ့ရပါတယ်။ အကြောင်းကတော့ Dream ဟာ အိပ်မက်ကို ကိုယ်စားပြုတဲ့ အကောင်အထည်တစ်ခု ဖြစ်တာကြောင့် သူ့မှာ True Form ဆိုတာ မရှိပါဘူး။ Dream ကတော့ များသောအားဖြင့် လူသားပုံစံဆိုရင် အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနဲ့ ပုံစံကို ကြိုက်နှစ်သက်ပေမယ့်လည်း မတူညီတဲ့ လူမျိူးစုတွေက Dream ကို ပုံဖော်ကြတဲ့အပေါ် မူတည်ပြီး သူရဲ့ပုံစံကလည်း ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Dream ဟာ Martian ၊ First People ပုံစံမျိူးတောင် ပြောင်းလဲခဲ့ဖူးပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular