HomeCharacterကောမစ်ထဲမှာ Dracula ကိုက်တာ ခံခဲ့ရဖူးတဲ့ Doctor Strange

ကောမစ်ထဲမှာ Dracula ကိုက်တာ ခံခဲ့ရဖူးတဲ့ Doctor Strange

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Doctor Strange ဟာ ရန်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ဖူးတဲ့အပြင် Dracula နဲ့တောင် တိုက်ခိုက်ခဲ့ဖူးပါသေးတယ်။ အဲ့ဒီအဖြစ်အပျက်ကတော့ Doctor Strange ကောမစ်နဲ့ Tomb of Dracula ကောမစ်နှစ်ခုကို crossover လုပ်တဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နှစ်ပိုင်းရှိပြီးတော့ ပထမပိုင်းကို Tomb of Dracula #44 မှာ ဖော်ခဲ့ပြီး ဒုတိယပိုင်းကိုတော့ Doctor Strange #14 ထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မူလတုန်းက Comics Code Authority အဖွဲ့အစည်းဟာ ကောမစ်တွေထဲမှာ သွေးစုပ်ဖုတ်ကောင်တွေနဲ့ အလားတူမွန်းစတားတွေကို ထည့်သွင်းခွင့် ပိတ်ပင်ခဲ့ပါတယ်။ နောက်ပိုင်းကျမှသာ အဲ့ဒီအချက်ဟာ ပယ်ပျောက်သွားတာကြောင့် Dracula ဟာ Marvel ကောမစ်ထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Dracula ဟာ Blade နဲ့ X-Men တို့လို ဇာတ်ကောင်တွေနဲ့တောင် ရင်ဆိုင်ခဲ့ဖူးပါတယ်။ Doctor Strange ဟာ Dracula နဲ့ ရင်ဆိုင်မိတဲ့အချိန်မှာတော့ အကိုက်ခံခဲ့ရပြီး သွေးစုပ်ဖုတ်ကောင် ဖြစ်လုနီးပါးတောင် ဖြစ်ခဲ့ပါတယ်။

photo via screenrant

ဇာတ်လမ်းကတော့ Wong ပျောက်ဆုံးသွားတာကြောင့် Doctor Strange က လိုက်လံရှာဖွေရာက စတင်ပါတယ်။ Doctor Strange ဟာ Wong ကို ခြေရာခံဖို့အတွက် မန္တန်တစ်ခုကို အသုံးပြုလိုက်ရာမှာ Wong ဟာ Dracula တိုက်ခိုက်တာခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို ကူညီဖို့အတွက် ထွက်သွားတာကို သိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Wong ဟာ Dracula ကိုက်တာကို ခံခဲ့ရပြီး သွေးစုပ်ဖုတ်ကောင် ဖြစ်လုနီးပါး ဖြစ်နေပါတယ်။ အဲ့ဒါကြောင့်ပဲ Doctor Strange ဟာ Wong ကို ကယ်တင်ဖို့အတွက် Dracula ကို ခြေရာခံလိုက်ခဲ့ပြီး တိုက်ခိုက်ခဲ့ပါတယ်။ Doctor Strange ရဲ့ စွမ်းအားကြီးတဲ့ မှော်ပညာတွေနဲ့ တိုက်ခိုက်နေရင်းနဲ့တောင် Dracula ဟာ Doctor Strange ကို မရရအောင် ကိုက်လိုက်နိုင်ခဲ့ပါတယ်။

photo via screenrant

အဲ့ဒါနဲ့ပဲ Doctor Strange ဟာလည်း Wong လိုမျိူး သွေးစုပ်ဖုတ်ကောင် ဖြစ်လုနီးနီး ဖြစ်သွားပါတော့တယ်။ ဒီမှာတင် Doctor Strange ဟာ သွေးစုပ်ဖုတ်ကောင်အဖြစ် မပြောင်းလဲသွားအောင် ဝိဉာဉ်အဖြစ်နဲ့ နည်းလမ်းရှာဖွေရပါတော့တယ်။ Doctor Strange နဲ့ Dracula တို့ရဲ့ နောက်ဆုံးတိုက်ပွဲမှာတော့ Dracula ဟာ အလွန်စွမ်းအားကြီးမားနေတာကြောင့် Doctor Strange ဟာ နတ်ဘုရားတွေနဲ့ စွမ်းအားတွေကို ဆင့်ခေါ်ပြီး တိုက်ခိုက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Doctor Strange ဟာ Dracula ကို အောင်မြင်စွာနဲ့ သတ်နိုင်ခဲ့ပြီး Wong ရော၊ သူရော နှစ်ယောက်လုံးဟာ Dracula ရဲ့ကျိန်စာကနေ လွတ်မြောက်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Dracula ကောမစ်ဟာ ဆက်လက်ထွက်ရှိခဲ့ပါတယ်။ Dracula ဟာ Doctor Strange ကိုတောင် ယှဉ်ဆိုင်နိုင်ခဲ့တဲ့အပြင် တိုက်ပွဲမှာ အသာစီးရသွားပြီး သွေးစုပ်ဖုတ်ကောင် ဖြစ်လုနီးပါးတောင် လုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် Dracula ဟာ ဘယ်လောက်တောင် စွမ်းအားကြီးလည်းဆိုတာကို သိနိုင်ပါလိမ့်မယ်။ ဒါ့အပြင် Dracula ဟာလည်း Marvel ကောမစ်ထဲက စွမ်းအားကြီးတဲ့ ဗီလိန်တွေထဲမှာ ပါဝင်ပါတယ်။

ဒီလိုဆောင်းပါးတွေ ဖတ်ရတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Doctor Strange ဟာ ရန္သူေပါင္းမ်ားစြာကို ရင္ဆိုင္ခဲ့ဖူးတဲ့အျပင္ Dracula နဲ႔ေတာင္ တိုက္ခိုက္ခဲ့ဖူးပါေသးတယ္။ အဲ့ဒီအျဖစ္အပ်က္ကေတာ့ Doctor Strange ေကာမစ္နဲ႔ Tomb of Dracula ေကာမစ္ႏွစ္ခုကို crossover လုပ္တဲ့အခ်ိန္မွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ႏွစ္ပိုင္းရွိၿပီးေတာ့ ပထမပိုင္းကို Tomb of Dracula #44 မွာ ေဖာ္ခဲ့ၿပီး ဒုတိယပိုင္းကိုေတာ့ Doctor Strange #14 ထဲမွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

မူလတုန္းက Comics Code Authority အဖြဲ႕အစည္းဟာ ေကာမစ္ေတြထဲမွာ ေသြးစုပ္ဖုတ္ေကာင္ေတြနဲ႔ အလားတူမြန္းစတားေတြကို ထည့္သြင္းခြင့္ ပိတ္ပင္ခဲ့ပါတယ္။ ေနာက္ပိုင္းက်မွသာ အဲ့ဒီအခ်က္ဟာ ပယ္ေပ်ာက္သြားတာေၾကာင့္ Dracula ဟာ Marvel ေကာမစ္ထဲကို ဝင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Dracula ဟာ Blade နဲ႔ X-Men တို႔လို ဇာတ္ေကာင္ေတြနဲ႔ေတာင္ ရင္ဆိုင္ခဲ့ဖူးပါတယ္။ Doctor Strange ဟာ Dracula နဲ႔ ရင္ဆိုင္မိတဲ့အခ်ိန္မွာေတာ့ အကိုက္ခံခဲ့ရၿပီး ေသြးစုပ္ဖုတ္ေကာင္ ျဖစ္လုနီးပါးေတာင္ ျဖစ္ခဲ့ပါတယ္။

photo via screenrant

ဇာတ္လမ္းကေတာ့ Wong ေပ်ာက္ဆုံးသြားတာေၾကာင့္ Doctor Strange က လိုက္လံရွာေဖြရာက စတင္ပါတယ္။ Doctor Strange ဟာ Wong ကို ေျခရာခံဖို႔အတြက္ မႏၲန္တစ္ခုကို အသုံးျပဳလိုက္ရာမွာ Wong ဟာ Dracula တိုက္ခိုက္တာခံခဲ့ရတဲ့ မိန္းကေလးတစ္ေယာက္ကို ကူညီဖို႔အတြက္ ထြက္သြားတာကို သိလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Wong ဟာ Dracula ကိုက္တာကို ခံခဲ့ရၿပီး ေသြးစုပ္ဖုတ္ေကာင္ ျဖစ္လုနီးပါး ျဖစ္ေနပါတယ္။ အဲ့ဒါေၾကာင့္ပဲ Doctor Strange ဟာ Wong ကို ကယ္တင္ဖို႔အတြက္ Dracula ကို ေျခရာခံလိုက္ခဲ့ၿပီး တိုက္ခိုက္ခဲ့ပါတယ္။ Doctor Strange ရဲ႕ စြမ္းအားႀကီးတဲ့ ေမွာ္ပညာေတြနဲ႔ တိုက္ခိုက္ေနရင္းနဲ႔ေတာင္ Dracula ဟာ Doctor Strange ကို မရရေအာင္ ကိုက္လိုက္ႏိုင္ခဲ့ပါတယ္။

photo via screenrant

အဲ့ဒါနဲ႔ပဲ Doctor Strange ဟာလည္း Wong လိုမ်ိဴး ေသြးစုပ္ဖုတ္ေကာင္ ျဖစ္လုနီးနီး ျဖစ္သြားပါေတာ့တယ္။ ဒီမွာတင္ Doctor Strange ဟာ ေသြးစုပ္ဖုတ္ေကာင္အျဖစ္ မေျပာင္းလဲသြားေအာင္ ဝိဉာဥ္အျဖစ္နဲ႔ နည္းလမ္းရွာေဖြရပါေတာ့တယ္။ Doctor Strange နဲ႔ Dracula တို႔ရဲ႕ ေနာက္ဆုံးတိုက္ပြဲမွာေတာ့ Dracula ဟာ အလြန္စြမ္းအားႀကီးမားေနတာေၾကာင့္ Doctor Strange ဟာ နတ္ဘုရားေတြနဲ႔ စြမ္းအားေတြကို ဆင့္ေခၚၿပီး တိုက္ခိုက္ခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ Doctor Strange ဟာ Dracula ကို ေအာင္ျမင္စြာနဲ႔ သတ္ႏိုင္ခဲ့ၿပီး Wong ေရာ၊ သူေရာ ႏွစ္ေယာက္လုံးဟာ Dracula ရဲ႕က်ိန္စာကေန လြတ္ေျမာက္သြားခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ Dracula ေကာမစ္ဟာ ဆက္လက္ထြက္ရွိခဲ့ပါတယ္။ Dracula ဟာ Doctor Strange ကိုေတာင္ ယွဥ္ဆိုင္ႏိုင္ခဲ့တဲ့အျပင္ တိုက္ပြဲမွာ အသာစီးရသြားၿပီး ေသြးစုပ္ဖုတ္ေကာင္ ျဖစ္လုနီးပါးေတာင္ လုပ္ႏိုင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Dracula ဟာ ဘယ္ေလာက္ေတာင္ စြမ္းအားႀကီးလည္းဆိုတာကို သိႏိုင္ပါလိမ့္မယ္။ ဒါ့အျပင္ Dracula ဟာလည္း Marvel ေကာမစ္ထဲက စြမ္းအားႀကီးတဲ့ ဗီလိန္ေတြထဲမွာ ပါဝင္ပါတယ္။

ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါလို႔ တိုက္တြန္းလိုက္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular