HomeCelebs Update NewsInternationalMegan Thee Stallion ရဲ့ Pet ဖြစ်ချင်တယ်ဆိုတဲ့ Dwayne Johnson

Megan Thee Stallion ရဲ့ Pet ဖြစ်ချင်တယ်ဆိုတဲ့ Dwayne Johnson

ပေါက်ပေါက်ရှာရှာ မေးခွန်းတွေအတွက် ပေါက်ပေါက်ရှာရှာ အဖြေတွေ ရှိစမြဲပါပဲ။ Dwayne Johnson ကတော့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူသာ အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဖြစ်နေခဲ့မယ်ဆိုရင် သူ့ရဲ့ပိုင်ရှင်အနေနဲ့ Megan Thee Stallion ကို ရွေးချယ်မယ်လို့ ပြောလိုက်ပါတယ်။

Dwayne Johnson ကတော့ DC League of Super-Pets animated ရုပ်ရှင်အသစ်ထဲမှာ ပါဝင်ပြီး အသံသရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ရဲ့ ပရိုမိုးရှင်းအတွက် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Johnson နဲ့အတူ သရုပ်ဆောင်ဖက်ဖြစ်တဲ့ Kevin Hart လည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါအင်တာဗျူးထဲမှာတော့ ဟာသဖြစ်စေမယ့် ပေါက်ပေါက်ရှာရှာ မေးခွန်းတွေ မေးထားပြီး Johnson နဲ့ Kevin Hart တို့နှစ်ယောက်လုံးကလည်း ဟာသနှောပြီး ပြန်ဖြေထားပါတယ်။

Photo: therock/ Instagram

မေးခွန်းတွေထဲမှာတော့ ကိုယ်မွေးထားတဲ့ pet လေးတွေနဲ့အတူ တစ်အိပ်ရာတည်းမှာ အိပ်တတ်လား၊ pet လေးတွေနဲ့ သူတို့ရဲ့ပိုင်ရှင်ဟာ ရုပ်ချင်းတူတယ်လို့ ထင်လား အစရှိတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် တကယ်လို့ ဆယ်လီတစ်ယောက်ရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်မယ်ဆိုရင် ဘယ်သူ့ကို ပိုင်ရှင်အနေနဲ့ ရွေးချယ်ချင်လည်းလို့ မေးမြန်းခဲ့ပါသေးတယ်။

ဒီမေးခွန်းကိုတော့ Johnson ဟာ တုံ့ဆိုင်းခြင်းမရှိဘဲ Megan Thee Stallion ရဲ့ အိမ်မွေးတိရစ္ဆာန်လေး ဖြစ်ချင်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ဘာကြောင့် Megan Thee Stallion ကို ရွေးချယ်ရတာလည်းလို့ မေးမြန်းတဲ့အခါမှာတော့ “အိုး … ဒါကိုတော့ ပြောစရာမလိုဘူးလေ …” လို့ ပြန်ဖြေခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Dwayne Johnson (@therock)

Kevin Hart ကတော့ “Denzel Washington ရဲ့ pet ဖြစ်ချင်တယ် … “လို့ ပြန်ဖြေခဲ့ရာ “မင်း စောစောက အပြင်မှာ ပြောတုန်းက တခြားတစ်ယောက်ပါ …” လို့ Johnson က ပြန်အရွှန်းဖောက်ခဲ့ပါသေးတယ်။ Johnson နဲ့ Kevin Hart ကတော့ ရုပ်ရှင်ကားတော်တော်များများမှာ အတူတွဲပြီး သရုပ်ဆောင်ထားသူတွေ ဖြစ်တာကြောင့် အတော်လေး ရင်းနှီးနေကြသူတွေ ဖြစ်ပါတယ်။

Johnson အနေနဲ့ကတော့ ဟာသအနေနဲ့ အရွှန်းဖောက်ပြီး Megan Thee Stallion ရဲ့ pet ဖြစ်ချင်တယ်လို့ ပြောလိုက်ပေမယ့် လက်ရှိအချိန်ထိ Megan ဘက်ကတော့ ဒါကိုတုံ့ပြန်ပြောကြားလာခြင်း မရှိသေးပါဘူး။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular