HomeCelebs Update NewsInternationalကိုယ်ဝန်ရှိနေတယ်လို့ သတင်းထွက်နေတဲ့ Emma Roberts 

ကိုယ်ဝန်ရှိနေတယ်လို့ သတင်းထွက်နေတဲ့ Emma Roberts 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးလေး Emma Roberts ဟာ ချစ်သူ Garrett Hedlund နဲ့ ကိုယ်ဝန်ရှိနေတယ်လို့ US Weekly သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ Emma Roberts ဟာ ကလေးသရုပ်ဆောင်အဖြစ်ကနေ မင်းသမီးတစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားလာခဲ့သူဖြစ်ပြီး မင်းသမီးကြီး Julia Roberts ရဲ့ တူမတော်စပ်သူလည်း ဖြစ်ပါတယ်။

အသက်(၂၉)နှစ်အရွယ် Emma ဟာ အသက်(၃၅)နှစ်အရွယ် ချစ်သူ Garrett နဲ့ တစ်နှစ်ကျော်ကြာ တရားဝင်တွဲပြီးနောက်မှာ အခုလို ကိုယ်ဝန်ရှိနေတယ်လို့ သတင်းထွက်လာတာ ဖြစ်ပါတယ်။ သူတို့ချစ်သူစုံတွဲဟာ ၂၀၁၉ခုနှစ်မှာ စတင်တွဲခဲ့ကြတာဖြစ်ပြီး နှစ်ဦးသားရဲ့ အချစ်ရေးနဲ့ ပတ်သက်ရင် သိပ်ပေါ်ပေါ်ထင်ထင် နေလေ့မရှိဘဲ သိုသိုသိပ်သိပ်ပဲ နေလေ့ရှိပါတယ်။ သို့ပေမယ့် အခုလို ကိုဗစ်ဖြစ်နေတဲ့ကာလမှာတော့ သူတို့နှစ်ဦးကို ပါပါရာဇီတွေရဲ့ ကင်မရာမြင်ကွင်းတွေမှာ မကြာခဏဆိုသလို တွဲလျက်တွေ့နေရပါတယ်။

Photo: emmaroberts/ Instagram

Emma ဟာ ချစ်သူဟောင်း Evan Peters နဲ့ တွဲလိုက်၊ ပြတ်လိုက် မကြာခဏဖြစ်ပြီး ၂၀၁၉ခုနှစ် နှစ်စပိုင်းမှာတော့ အပြီးတိုင် လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာမှ ယခုတွဲနေတဲ့ချစ်သူ Garrett နဲ့ စတင်တွဲခဲ့တာလည်း ဖြစ်ပါတယ်။

Emma နဲ့ Evan Peters တို့ဟာ ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ Adult World ဆိုတဲ့ ရုပ်ရှင်ကို အတူတွဲသရုပ်ဆောင်ရင်း စတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက် ၂၀၁၃ခုနှစ်မှာတော့ မွန်တီရီယယ်လ်က ဟိုတယ်တစ်ခုမှာ နှစ်ယောက်သား ရန်ဖြစ်ကြရင်း Emma က အဖမ်းခံခဲ့ရပါတယ်။ သို့ပေမယ့် Peters က အမှုမဖွင့်ခဲ့တာကြောင့် Emma တစ်ယောက်‌ ပြန်လွတ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ဒါဟာ နှစ်ယောက်ကြားက နားလည်မှုလွဲတာသာ ဖြစ်တယ်ဆိုပြီး ရှင်းချက်ထုတ်ခဲ့ကြပါတယ်။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီလို့ သင်ပုန်းချေခဲ့ကြပြီး ၂၀၁၄ခုနှစ်မှာတော့ တရားဝင် စေ့စပ်ခဲ့ကြပါသေးတယ်။

Photo: emmaroberts/ Instagram

သူတို့နှစ်ဦးဟာ ၂၀၁၉ခုနှစ်ရဲ့ နောက်ဆုံးလမ်းခွဲ မတိုင်ခင်အထိ အကြိမ်ကြိမ် ပြတ်လိုက်၊ ဆက်လိုက် ဖြစ်ခဲ့ကြတာပါ။ ဒီလိုနဲ့ ၂၀၁၉ခုနှစ် မေလမှာ Cosmopolitan မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ ရှားရှားပါးပါးပဲ Evan Peters နဲ့ ပြတ်စဲခဲ့တဲ့ အချစ်ရေးအကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

“ကမ္ဘာပေါ်က ဘယ်နေရာမှာ၊ ဘာလုပ်တဲ့လူပဲဖြစ်ဖြစ်၊ ဘာကြီးပါ ညာကြီးပါလို့ ကြွေးကြော်ထားတဲ့သူပဲ ဖြစ်ဖြစ် အဆုံးသတ်တိုင်းက ခက်ခဲပါတယ်။ ကျွန်မ နားလည်လိုက်တဲ့ အရာတစ်ခုကတော့ ဘဝဆိုတာ အနိမ့်အမြင့်တွေနဲ့ သွားနေတယ်ဆိုတာပါပဲ။ ကျွန်မကတော့ အဲ့ဒီ့နိမ့်တစ်ချည် မြင့်တစ်လှည့်တွေကို စီးနင်းပြီး အလယ်ခေါင်မှာပဲ နေမယ့်လူမျိုးပါ။ ကိုယ်နိမ့်ကျနေတဲ့ အချိန်မျိုးမှာဆိုရင် အဲ့ဒါကြီးက မပြီးတော့ဘူးလို့ ထင်ရတယ်။ မြင့်တဲ့အလှည့်ကို ရောက်နေပြီဆိုရင်လည်း အဲ့ဒီ့အချိန်တွေ ကုန်သွားမှာကို မတရား ကြောက်လန့်နေရတယ်။ ကျွန်မကတော့ အဲ့ဒီ့နှစ်နေရာလုံးကို အချိန်အကြာကြီး နေခဲ့ပြီးပါပြီ…” လို့ Emma က ဆိုထားခဲ့တာပါ။

Photo: thegarretthedlund/ Instagram

Garrett ဘက်ကို ကြည့်မယ်ဆိုရင်တော့ Emma မတိုင်ခင်မှာ နာမည်ကျော်မင်းသမီး Kristen Dunst နဲ့ ၂၀၁၂ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ တွဲခဲ့ဖူးပါတယ်။

LaNina

Source: hollywoodlife

(Zawgyi Version)

မင္းသမီးေလး Emma Roberts ဟာ ခ်စ္သူ Garrett Hedlund နဲ႔ ကိုယ္ဝန္ရွိေနတယ္လို႔ US Weekly သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။ Emma Roberts ဟာ ကေလးသ႐ုပ္ေဆာင္အျဖစ္ကေန မင္းသမီးတစ္ေယာက္အျဖစ္ ေအာင္ျမင္ေက်ာ္ၾကားလာခဲ့သူျဖစ္ၿပီး မင္းသမီးႀကီး Julia Roberts ရဲ႕ တူမေတာ္စပ္သူလည္း ျဖစ္ပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ Emma ဟာ အသက္(၃၅)ႏွစ္အ႐ြယ္ ခ်စ္သူ Garrett နဲ႔ တစ္ႏွစ္ေက်ာ္ၾကာ တရားဝင္တြဲၿပီးေနာက္မွာ အခုလို ကိုယ္ဝန္ရွိေနတယ္လို႔ သတင္းထြက္လာတာ ျဖစ္ပါတယ္။ သူတို႔ခ်စ္သူစုံတြဲဟာ ၂၀၁၉ခုႏွစ္မွာ စတင္တြဲခဲ့ၾကတာျဖစ္ၿပီး ႏွစ္ဦးသားရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ရင္ သိပ္ေပၚေပၚထင္ထင္ ေနေလ့မရွိဘဲ သိုသိုသိပ္သိပ္ပဲ ေနေလ့ရွိပါတယ္။ သို႔ေပမယ့္ အခုလို ကိုဗစ္ျဖစ္ေနတဲ့ကာလမွာေတာ့ သူတို႔ႏွစ္ဦးကို ပါပါရာဇီေတြရဲ႕ ကင္မရာျမင္ကြင္းေတြမွာ မၾကာခဏဆိုသလို တြဲလ်က္ေတြ႕ေနရပါတယ္။

Photo: emmaroberts/ Instagram

Emma ဟာ ခ်စ္သူေဟာင္း Evan Peters နဲ႔ တြဲလိုက္၊ ျပတ္လိုက္ မၾကာခဏျဖစ္ၿပီး ၂၀၁၉ခုႏွစ္ ႏွစ္စပိုင္းမွာေတာ့ အၿပီးတိုင္ လမ္းခြဲခဲ့ၾကတာ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္မွာမွ ယခုတြဲေနတဲ့ခ်စ္သူ Garrett နဲ႔ စတင္တြဲခဲ့တာလည္း ျဖစ္ပါတယ္။

Emma နဲ႔ Evan Peters တို႔ဟာ ၂၀၁၂ခုႏွစ္က ထြက္ရွိခဲ့တဲ့ Adult World ဆိုတဲ့ ႐ုပ္ရွင္ကို အတူတြဲသ႐ုပ္ေဆာင္ရင္း စေတြ႕ခဲ့ၾကတာ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္ ၂၀၁၃ခုႏွစ္မွာေတာ့ မြန္တီရီယယ္လ္က ဟိုတယ္တစ္ခုမွာ ႏွစ္ေယာက္သား ရန္ျဖစ္ၾကရင္း Emma က အဖမ္းခံခဲ့ရပါတယ္။ သို႔ေပမယ့္ Peters က အမႈမဖြင့္ခဲ့တာေၾကာင့္ Emma တစ္ေယာက္‌ ျပန္လြတ္လာခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ဒါဟာ ႏွစ္ေယာက္ၾကားက နားလည္မႈလြဲတာသာ ျဖစ္တယ္ဆိုၿပီး ရွင္းခ်က္ထုတ္ခဲ့ၾကပါတယ္။ အတိတ္ကို အတိတ္မွာပဲ ထားခဲ့ၿပီလို႔ သင္ပုန္းေခ်ခဲ့ၾကၿပီး ၂၀၁၄ခုႏွစ္မွာေတာ့ တရားဝင္ ေစ့စပ္ခဲ့ၾကပါေသးတယ္။

Photo: emmaroberts/ Instagram

သူတို႔ႏွစ္ဦးဟာ ၂၀၁၉ခုႏွစ္ရဲ႕ ေနာက္ဆုံးလမ္းခြဲ မတိုင္ခင္အထိ အႀကိမ္ႀကိမ္ ျပတ္လိုက္၊ ဆက္လိုက္ ျဖစ္ခဲ့ၾကတာပါ။ ဒီလိုနဲ႔ ၂၀၁၉ခုႏွစ္ ေမလမွာ Cosmopolitan မဂၢဇင္းနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာေတာ့ ရွားရွားပါးပါးပဲ Evan Peters နဲ႔ ျပတ္စဲခဲ့တဲ့ အခ်စ္ေရးအေၾကာင္းကို ဖြင့္ဟခဲ့ပါတယ္။

“ကမာၻေပၚက ဘယ္ေနရာမွာ၊ ဘာလုပ္တဲ့လူပဲျဖစ္ျဖစ္၊ ဘာႀကီးပါ ညာႀကီးပါလို႔ ေႂကြးေၾကာ္ထားတဲ့သူပဲ ျဖစ္ျဖစ္ အဆုံးသတ္တိုင္းက ခက္ခဲပါတယ္။ ကြၽန္မ နားလည္လိုက္တဲ့ အရာတစ္ခုကေတာ့ ဘဝဆိုတာ အနိမ့္အျမင့္ေတြနဲ႔ သြားေနတယ္ဆိုတာပါပဲ။ ကြၽန္မကေတာ့ အဲ့ဒီ့နိမ့္တစ္ခ်ည္ ျမင့္တစ္လွည့္ေတြကို စီးနင္းၿပီး အလယ္ေခါင္မွာပဲ ေနမယ့္လူမ်ိဳးပါ။ ကိုယ္နိမ့္က်ေနတဲ့ အခ်ိန္မ်ိဳးမွာဆိုရင္ အဲ့ဒါႀကီးက မၿပီးေတာ့ဘူးလို႔ ထင္ရတယ္။ ျမင့္တဲ့အလွည့္ကို ေရာက္ေနၿပီဆိုရင္လည္း အဲ့ဒီ့အခ်ိန္ေတြ ကုန္သြားမွာကို မတရား ေၾကာက္လန႔္ေနရတယ္။ ကြၽန္မကေတာ့ အဲ့ဒီ့ႏွစ္ေနရာလုံးကို အခ်ိန္အၾကာႀကီး ေနခဲ့ၿပီးပါၿပီ…” လို႔ Emma က ဆိုထားခဲ့တာပါ။

Photo: thegarretthedlund/ Instagram

Garrett ဘက္ကို ၾကည့္မယ္ဆိုရင္ေတာ့ Emma မတိုင္ခင္မွာ နာမည္ေက်ာ္မင္းသမီး Kristen Dunst နဲ႔ ၂၀၁၂ခုႏွစ္ကေန ၂၀၁၆ခုႏွစ္အထိ တြဲခဲ့ဖူးပါတယ္။

LaNina

Source: hollywoodlife

 

RELATED ARTICLES

Most Popular