HomeEntertainmentFilmပရိသတ်အချစ်တော် Tewkesbury ပြန်လည်ပါဝင်လာဦးမယ့် Enola Holmes 2

ပရိသတ်အချစ်တော် Tewkesbury ပြန်လည်ပါဝင်လာဦးမယ့် Enola Holmes 2

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix က ထပ်မံထွက်ရှိလာဦးမယ့် Enola Holmes 2 ရုပ်ရှင်မှာတော့ ပရိသတ်အချစ်တော် ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Tewkesbury ပြန်လည် ပါဝင်လာဦးမယ်လို့ သိရပါတယ်။

Enola Holmes ဇာတ်ကားကတော့ ပြီးခဲ့တဲ့နှစ်က Netflix မှာ ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်ကားခေါင်းစဉ်ရဲ့ ကာရိုက်တာဖြစ်တဲ့ Enola Holmes ရဲ့ ဇာတ်ကြောင်းကို အဓိကပြသထားတာ ဖြစ်ပါတယ်။ နာမည်ကျော် စုံထောက်ဖြစ်တဲ့ Sherlock Holmes နဲ့ Mycroft Holmes တို့ရဲ့ ညီမအငယ်ဆုံးလေး Enola Holmes ဟာ သူမရဲ့ ပျောက်ဆုံးသွားတဲ့ မိခင်ကို ပြန်လည်ရှာဖွေတဲ့ စွန့်စားခန်း ရုပ်ရှင်လည်း ဖြစ်ပါတယ်။

Photo via IMDb

စာရေးဆရာမ Nancy Springer ရဲ့ ဝတ္ထုကို အခြေခံ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာတော့ Enola နဲ့ ရွယ်တူဇာတ်ကောင်တစ်ယောက် ပါဝင်ခဲ့ပြီး သူကတော့ Tewkesbury ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေဟာ အဓိကဇာတ်ကောင် Enola ကိုတင်မက Tewkesbury ကိုပါ နှစ်သက်အားပေးခဲ့ကြတာကြောင့် ယခုလာမယ့် Enola Holmes 2 ထဲမှာလည်း ပြန်လည် ပါဝင်လာဦးမယ်လို့ သိရပါတယ်။

ပထမဇာတ်ကားဟာ Nancy Springer ရဲ့ The Case of the Missing Marquess ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပြီး ဒုတိယလာမယ့် ဇာတ်ကားကတော့ ဆရာမရဲ့ ဒုတိယမြောက် Enola Holmes ဝတ္ထုဖြစ်တဲ့ The Cast of the Left-Handed Lady ကို အခြေခံ ရိုက်ကူးသွားဖို့ များပါတယ်။

Photo via IMDb

သို့သော်လည်း ထူးဆန်းတာတစ်ခုကတော့ Tewkesbury ဟာ ပထမစာအုပ်ထဲမှာပဲ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်ဖြစ်ပြီး ဒုတိယစာအုပ်ထဲမှာတော့ မပါဝင်တော့တာကြောင့် အခုလာမယ့် ဒုတိယမြောက် Enola Holmes ထဲမှာတော့ ဘယ်လိုဇာတ်လမ်းမျိုး တွေ့ရမလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဒါ့အပြင် Enola Holmes ဝတ္ထုဟာ စုစုပေါင်း ခြောက်အုပ်ရှိတာကြောင့် Netflix အနေနဲ့ အဆိုပါဝတ္ထုတွေထဲက Enola ရဲ့ စွန့်စားခန်းတွေကို ပေါင်းစည်းပြီး တတိယမြောက် ဇာတ်ကားလောက်မှာ ဇာတ်သိမ်းနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Photo via IMDb

လာမယ့် Enola Holmes 2 မှာတော့ မင်းသမီးလေး Millie Bobby Brown ၊ နာမည်ကျော်မင်းသား Henry Cavill နဲ့ Louis Partridge တို့က ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Netflix ဟာ ဒီဇာတ်ကားရဲ့ ထွက်ရှိမယ့်ရက်ကို ကြေညာပေးခြင်း မရှိသေးပါဘူး။

Glasgow

Source: screenrant

(Zawgyi Version)

Netflix က ထပ္မံထြက္ရွိလာဦးမယ့္ Enola Holmes 2 ႐ုပ္ရွင္မွာေတာ့ ပရိသတ္အခ်စ္ေတာ္ ဇာတ္ေကာင္တစ္ေယာက္ျဖစ္တဲ့ Tewkesbury ျပန္လည္ ပါဝင္လာဦးမယ္လို႔ သိရပါတယ္။

Enola Holmes ဇာတ္ကားကေတာ့ ၿပီးခဲ့တဲ့ႏွစ္က Netflix မွာ ထုတ္လႊင့္ျပသခဲ့တဲ့ ဇာတ္ကားျဖစ္ၿပီး ဇာတ္ကားေခါင္းစဥ္ရဲ့ ကာရိုက္တာျဖစ္တဲ့ Enola Holmes ရဲ့ ဇာတ္ေၾကာင္းကို အဓိကျပသထားတာ ျဖစ္ပါတယ္။ နာမည္ေက်ာ္ စုံေထာက္ျဖစ္တဲ့ Sherlock Holmes နဲ႔ Mycroft Holmes တို႔ရဲ့ ညီမအငယ္ဆုံးေလး Enola Holmes ဟာ သူမရဲ့ ေပ်ာက္ဆုံးသြားတဲ့ မိခင္ကို ျပန္လည္ရွာေဖြတဲ့ စြန႔္စားခန္း ႐ုပ္ရွင္လည္း ျဖစ္ပါတယ္။

Photo via IMDb

စာေရးဆရာမ Nancy Springer ရဲ့ ဝတၳဳကို အေျခခံ ရိုက္ကူးထားတဲ့ ဒီဇာတ္ကားထဲမွာေတာ့ Enola နဲ႔ ရြယ္တူဇာတ္ေကာင္တစ္ေယာက္ ပါဝင္ခဲ့ၿပီး သူကေတာ့ Tewkesbury ပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြဟာ အဓိကဇာတ္ေကာင္ Enola ကိုတင္မက Tewkesbury ကိုပါ ႏွစ္သက္အားေပးခဲ့ၾကတာေၾကာင့္ ယခုလာမယ့္ Enola Holmes 2 ထဲမွာလည္း ျပန္လည္ ပါဝင္လာဦးမယ္လို႔ သိရပါတယ္။

ပထမဇာတ္ကားဟာ Nancy Springer ရဲ့ The Case of the Missing Marquess ကို အေျခခံ ရိုက္ကူးထားတာ ျဖစ္ၿပီး ဒုတိယလာမယ့္ ဇာတ္ကားကေတာ့ ဆရာမရဲ့ ဒုတိယေျမာက္ Enola Holmes ဝတၳဳျဖစ္တဲ့ The Cast of the Left-Handed Lady ကို အေျခခံ ရိုက္ကူးသြားဖို႔ မ်ားပါတယ္။

Photo via IMDb

သို႔ေသာ္လည္း ထူးဆန္းတာတစ္ခုကေတာ့ Tewkesbury ဟာ ပထမစာအုပ္ထဲမွာပဲ ပါဝင္ခဲ့တဲ့ ဇာတ္ေကာင္ျဖစ္ၿပီး ဒုတိယစာအုပ္ထဲမွာေတာ့ မပါဝင္ေတာ့တာေၾကာင့္ အခုလာမယ့္ ဒုတိယေျမာက္ Enola Holmes ထဲမွာေတာ့ ဘယ္လိုဇာတ္လမ္းမ်ိဳး ေတြ႕ရမလည္းဆိုတာ စိတ္ဝင္စားစရာပါပဲ။

ဒါ့အျပင္ Enola Holmes ဝတၳဳဟာ စုစုေပါင္း ေျခာက္အုပ္ရွိတာေၾကာင့္ Netflix အေနနဲ႔ အဆိုပါဝတၳဳေတြထဲက Enola ရဲ့ စြန႔္စားခန္းေတြကို ေပါင္းစည္းၿပီး တတိယေျမာက္ ဇာတ္ကားေလာက္မွာ ဇာတ္သိမ္းနိုင္တယ္လို႔လည္း ခန႔္မွန္းထားၾကပါတယ္။

Photo via IMDb

လာမယ့္ Enola Holmes 2 မွာေတာ့ မင္းသမီးေလး Millie Bobby Brown ၊ နာမည္ေက်ာ္မင္းသား Henry Cavill နဲ႔ Louis Partridge တို႔က ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ Netflix ဟာ ဒီဇာတ္ကားရဲ့ ထြက္ရွိမယ့္ရက္ကို ေၾကညာေပးျခင္း မရွိေသးပါဘူး။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular