HomeEntertainmentFilmနာမည်ကျော်ဇာတ်ကားတွေရဲ့ နောက်ကွယ်က အထူးပြုလုပ်ချက် ပုံရိပ်များ 

နာမည်ကျော်ဇာတ်ကားတွေရဲ့ နောက်ကွယ်က အထူးပြုလုပ်ချက် ပုံရိပ်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ် ရုပ်ရှင်လောကဟာ တိုးတက်လွန်းတဲ့ နည်းပညာတွေဖြစ်တဲ့ CGI နဲ့ Green Screen တို့လို အထူးပြုလုပ်ချက်တွေကြောင့် ယနေ့အထိ အစဉ်တစိုက် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို အထူးပြုလုပ်ချက်တွေသာ မရှိခဲ့ဘူးဆိုရင် စာရေးဆရာတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ရုပ်ရှင်ချစ်သူတွေရဲ့ မျက်လုံးထဲမှာ ကွင်းကွင်းကွက်ကွက် မြင်ရအောင် ပြသနိုင်ခဲ့မှာ မဟုတ်ပါဘူး။

ဇာတ်လမ်းရေးဆရာတွေရဲ့ ထူးခြားပြောင်မြောက်တဲ့ ဇာတ်လမ်းတွေကတဆင့် ပြင်ပကမ္ဘာမှာ တစ်ခါမျှ မြင်ဖူးမှာ မဟုတ်တဲ့ ကမ္ဘာသစ်တွေ၊ လောကသစ်တွေကို ကြည့်ရှုခံစားခွင့် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစိတ်ကူးယဉ် ဇာတ်လမ်းတွေကို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူး ထုတ်လုပ်ထားမှန်း လူတိုင်း သိကြပေမယ့် ရိုက်ကွင်းနောက်ကွယ်က ပုံစံတွေကို တပ်အပ် မြင်တွေ့ရမယ်ဆိုရင်တော့ ဒီနည်းပညာတွေ ဘယ်လောက်ထိ ခမ်းနားမှန်း ပိုပြီး သိရပါလိမ့်မယ်။

Harry Potter And The Order of The Phoenix
@BehindScenesPic/ Twitter

တကယ့် ဟယ်ရီပေါ်တာ ပရိသတ်စစ်စစ်တွေဆိုရင် ဒီပုံကို အထူးပြုလုပ်ချက်လို့တောင် ယုံချင်မှာ မဟုတ်ပါဘူး။ Hogwarts ကျောင်းကြီးဟာ တကယ် ရှိနေပြီး Harry Potter ရဲ့ wizarding world ဟာလည်း တစ်နေရာရာမှာ တကယ် ရှိနေလိမ့်မယ်လို့တောင် ယုံကြည်ကောင်း ယုံကြည်မိကြမှာပါ။ သို့ပေမယ့်လည်း ဒီအစိမ်းရောင် လက်တွေကတော့ စာကြည့်တိုက်က အလိုလျောက် တုံ့ပြန်တဲ့ စာအုပ်စင်တွေအဖြစ် ပရိသတ်တွေကို ကောင်းမွန်စွာ တင်ဆက်ပြနိုင်ခဲ့ပါတယ်။

Game of Thrones
Photo: @BehindScenesPic/ Twitter

Game of Thrones ပရိသတ်ဆိုရင် နဂါးတွေကို CGI အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားမှန်း သိပေမယ့် ဒီထက်ပိုကြီးတဲ့ အရာတစ်ခုခုနဲ့ နဂါးကို အစားထိုးထားတယ်လို့ ထင်မှတ်မိကြမှာပါ။ သို့ပေမယ့် အဝတ်စတွေ ပတ်ထားတဲ့ အစိမ်းရောင် တုတ်ချောင်းတစ်ချောင်းကို နဂါးကြီးအဖြစ် အသွင်ပြောင်းပေးခဲ့ကြတာကတော့ တကယ် အံ့ဩစရာပါပဲ။ ဒါဟာ နည်းပညာအဖွဲ့အတွက်တင် မဟုတ်ဘဲ သရုပ်ဆောင် Emilia Clarke အတွက်ပါ ခက်ခဲစေခဲ့တယ်ဆိုတာ ငြင်းစရာလိုမယ် မထင်ပါဘူး။

I Am Legend
Photo: @BehindScenesPic/ Twitter

ဒီဓာတ်ပုံကတော့ I Am Legend ထဲက ပရိသတ်တွေအားလုံး ခံစားခဲ့ရတဲ့ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပါတယ်။ သန္ဓေပြောင်း ခွေးတစ်ကောင်က Robert ကို တိုက်ခိုက်တဲ့အခါ သူ့ရဲ့ခွေးလေးက သခင်ကို ကာကွယ်ပြီး ပြန်တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ Robert ရဲ့ ခွေးဟာလည်း ကူးစက်ခံလိုက်ရပါတယ်။

ဒီဇာတ်ဝင်ခန်းမှာ ပရိသတ်တွေ နာကျင်ခံစားခဲ့ရပေမယ့် ရိုက်ကွင်းနောက်ကွယ်က ဓာတ်ပုံကို ကြည့်လိုက်ရင်တော့ အစိမ်းရောင်ဝတ်စုံနဲ့ လူတစ်ယောက်က ခွေးအရုပ်ကို လက်ထိုးပြီး သရုပ်ဆောင်နေတာကို မြင်ရမှာပါ။ ဒီလိုမြင်လိုက်ရတော့လည်း ဇာတ်ကားကြည့်တုန်းက နာကျင်မှုတွေ အနည်းနဲ့အများတော့ လျော့နည်းသွားတာ အမှန်ပါပဲ။

The Matrix
Photo: @thegtd_/ twitter

The Matrix ဇာတ်ကားတွေရဲ့ ဇာတ်ဝင်ခန်းအများစုဟာ Green Screen နည်းပညာကို အသုံးပြု ရိုက်ကူးထားမှန်း သိသာစေမယ့် ပုံရိပ်တစ်ခု ဖြစ်ပါတယ်။ ယခုဖော်ပြထားတဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်ကတော့ ကိုယ်ကို ညွှတ်ကိုင်းပြီး ကျည်ဆံတွေကို ရှောင်တဲ့အခန်း ဖြစ်ပါတယ်။ ဟောလိဝုဒ်ရဲ့ မှော်ပညာလို့ပဲ တင်စားရမှာပါပဲ။

The Avengers
Photo: @Soma_stance/ Twitter

Marvel ဟာ ရုပ်ရှင်လောကရဲ့ ထိတ်ထိတ်ကြဲ ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် Green Screen နည်းပညာမှာလည်း တစ်ဖက်ကမ်းခတ်နေခြင်းဟာ အံ့ဩစရာတော့ မရှိပါဘူး။ Marvel က ထုတ်လုပ်တဲ့ ဇာတ်ကားတွေဟာ စူပါဟီးရိုး ရုပ်ရှင်တွေ ဖြစ်တာကြောင့် အပစ်အခတ်တွေ၊ အက်ရှင်ခန်းတွေနဲ့ ပေါက်ကွဲမှုတွေ များစွာ ပါဝင်ပါတယ်။ အထူးသဖြင့် ပေါက်ကွဲမှုဖြစ်တဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူး ထုတ်လုပ်ရာမှာ သူတို့ရဲ့ ဘတ်ဂျက်အနေအထားနဲ့ တကယ် ဖောက်ခွဲမှုတွေ ပြုလုပ်ပြလို့ ရပေမယ့် လုံခြုံရေးအတွက် Green Screen ကို ပိုပြီး အသားပေး အသုံးပြုတာကို တွေ့ရပါတယ်။

Infinity War
Photo via pinterest

Marvel Cinematic Universe ထဲက အကြမ်းတမ်းဆုံးနဲ့ ရင်ဆိုင်ရ အခက်ခဲဆုံး ဗီလိန်ကတော့ Thanos ပါ။ Avengers: Infinity War မှာ ပီပီပြင်ပြင် စတင်ပါဝင်လာခဲ့တဲ့ Thanos ဟာ ပရိသတ်တွေကိုတော့ လုံးဝစိတ်မပျက်စေခဲ့ပါဘူး။ သူ့ရဲ့ စွမ်းအားတွေအပြင် ရုပ်ရည် ပုံပန်းသဏ္ဍာန်တွေကလည်း ခက်ထန်တဲ့ ဗီလိန်တစ်ယောက် ပီသစေပါတယ်။ ဒီနေရာမှာတော့ သရုပ်ဆောင် Josh Brolin ရဲ့ မျက်နှာအနေအထားနဲ့ အမူအရာတွေကို ပုံဖမ်းပြီး အထူးနည်းပညာတွေနဲ့ Thanos ကြီးရဲ့ မျက်နှာအဖြစ် ပြောင်းလဲ ဖန်တီးထားတာ တွေ့ရမှာပါ။

The Wolverine
Photo via pinterest

Hugh Jackman ဟာ Wolverine ဇာတ်ကောင်အတွက် အလိုက်ဖက်ဆုံး သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး သူ့ဇာတ်ကောင်ရဲ့ သေဆုံးမှုဟာ ပရိသတ်တွေအတွက်တော့ အသည်းကွဲခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ Wolverine မင်းသားဖြစ်တဲ့အတွက် တော်ရုံတန်ရုံ ကွဲရုံ ပြဲရုံ ဒဏ်ရာလောက်ကတော့ တကယ် ဖြစ်ရင်တောင် မမှုလောက်ဘူးလို့ ပရိသတ်တွေက ထင်မှတ်ထားကြပေမယ့် Marvel ကတော့ သူ့ရဲ့ ဘတ်ဂျက်နဲ့ နည်းပညာ ဝိတ်တွေကို သုံးပြီး ဒီလိုရိုးရှင်းတဲ့ ဒဏ်ရာလေးကိုတောင် မိတ်ကပ်နဲ့ မလုပ်ဘဲ CGI သုံးထားပါတယ်။

Life of Pi
Photo via pinterest

လှေတစ်စင်းပေါ်မှာ ကျားကြီးတစ်ကောင်နဲ့ တစ်ယောက်တည်း ကျန်နေခဲ့တဲ့ Life of Pi ဇာတ်လမ်းကိုတော့ ပရိသတ်တွေ တခဲနက် အားပေးခဲ့ကြပါတယ်။ သို့ပေမယ့် မင်းသားရဲ့ ပေါင်ပေါ်မှာတောင် လာအိပ်တတ်တဲ့ ကျားကြီးဟာ မသေမသပ်နဲ့ အပြာရောင် အရုပ်လေး ဖြစ်နေမယ်လို့တော့ ဘယ်သူကမှ တွေးမိခဲ့ကြမှာ မဟုတ်ပါဘူး။

Wolf of Wall Street
Photo via pinterest

ဒီလို ရိုးရှင်းတဲ့ ဇာတ်ဝင်ခန်းအတွက်တောင် Green Screen သုံးတယ်ဆိုတာ တွေးတော့ တွေးချင်စရာပါ။ သူတို့မှာ တကယ့်နေရာကို သွားပြီး ရိုက်ကူးရေးလုပ်ဖို့ ဘတ်ဂျက်မလုံလောက်တာကြောင့်လို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။ တကယ်တမ်းမှာတော့ ရိုက်ကူးရေးတစ်ဖွဲ့လုံးကို ကရိကထများပြီး ရွှေ့ရမယ့်အစား ရိုက်ကွင်း တည်နေရာကိုပဲ နည်းပညာနဲ့ အစားထိုးလိုက်ပုံ ရပါတယ်။

Hunger Games
Photo via pinterest

Hunger Games ကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြတဲ့ ပရိသတ်တွေအတွက်ကတော့ ဒီပညာရှင်နေရာမှာ သရုပ်ဆောင်ကြသူတွေ ရှေ့က ကွန်ပျူတာ ဖန်သားပြင်နဲ့စားပွဲကြီးကို အထင်ကြီးမဆုံး ရှိခဲ့ကြမှာပါ။ ဒီနေရာမှာ အထူးပြုလုပ်ချက်နဲ့ အစားထိုးထားတယ်ဆိုရင်တောင် အနည်းဆုံးတော့ အစိမ်းရောင်ပြောင်ချည်းပဲ ရှိတဲ့ ခုံတစ်လုံး မဟုတ်ဘဲ စခရင်မ်လေးတော့ အနည်းဆုံး ရှိမယ်လို့ ထင်မိခဲ့ကြမှာပါ။

ဒါကတော့ နာမည်ကျော် ဇာတ်ကားတွေရဲ့ နောက်ကွယ်က အထူးပြုလုပ်ချက်ပုံရိပ်အချို့ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္ ႐ုပ္ရွင္ေလာကဟာ တိုးတက္လြန္းတဲ့ နည္းပညာေတြျဖစ္တဲ့ CGI နဲ႔ Green Screen တို႔လို အထူးျပဳလုပ္ခ်က္ေတြေၾကာင့္ ယေန႔အထိ အစဥ္တစိုက္ တိုးတက္လာခဲ့တာ ျဖစ္ပါတယ္။ ဒီလို အထူးျပဳလုပ္ခ်က္ေတြသာ မရွိခဲ့ဘူးဆိုရင္ စာေရးဆရာေတြရဲ႕ စိတ္ကူးစိတ္သန္းေတြကို ႐ုပ္ရွင္ခ်စ္သူေတြရဲ႕ မ်က္လုံးထဲမွာ ကြင္းကြင္းကြက္ကြက္ ျမင္ရေအာင္ ျပသႏိုင္ခဲ့မွာ မဟုတ္ပါဘူး။

ဇာတ္လမ္းေရးဆရာေတြရဲ႕ ထူးျခားေျပာင္ေျမာက္တဲ့ ဇာတ္လမ္းေတြကတဆင့္ ျပင္ပကမာၻမွာ တစ္ခါမွ် ျမင္ဖူးမွာ မဟုတ္တဲ့ ကမာၻသစ္ေတြ၊ ေလာကသစ္ေတြကို ၾကည့္ရႈခံစားခြင့္ ရရွိခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီစိတ္ကူးယဥ္ ဇာတ္လမ္းေတြကို အထူးျပဳလုပ္ခ်က္ေတြနဲ႔ ႐ိုက္ကူး ထုတ္လုပ္ထားမွန္း လူတိုင္း သိၾကေပမယ့္ ႐ိုက္ကြင္းေနာက္ကြယ္က ပုံစံေတြကို တပ္အပ္ ျမင္ေတြ႕ရမယ္ဆိုရင္ေတာ့ ဒီနည္းပညာေတြ ဘယ္ေလာက္ထိ ခမ္းနားမွန္း ပိုၿပီး သိရပါလိမ့္မယ္။

Harry Potter And The Order of The Phoenix
Photo: @BehindScenesPic/ Twitter

တကယ့္ ဟယ္ရီေပၚတာ ပရိသတ္စစ္စစ္ေတြဆိုရင္ ဒီပုံကို အထူးျပဳလုပ္ခ်က္လို႔ေတာင္ ယုံခ်င္မွာ မဟုတ္ပါဘူး။ Hogwarts ေက်ာင္းႀကီးဟာ တကယ္ ရွိေနၿပီး Harry Potter ရဲ႕ wizarding world ဟာလည္း တစ္ေနရာရာမွာ တကယ္ ရွိေနလိမ့္မယ္လို႔ေတာင္ ယုံၾကည္ေကာင္း ယုံၾကည္မိၾကမွာပါ။ သို႔ေပမယ့္လည္း ဒီအစိမ္းေရာင္ လက္ေတြကေတာ့ စာၾကည့္တိုက္က အလိုေလ်ာက္ တုံ႔ျပန္တဲ့ စာအုပ္စင္ေတြအျဖစ္ ပရိသတ္ေတြကို ေကာင္းမြန္စြာ တင္ဆက္ျပႏိုင္ခဲ့ပါတယ္။

Game of Thrones
Photo: @BehindScenesPic/ Twitter

Game of Thrones ပရိသတ္ဆိုရင္ နဂါးေတြကို CGI အထူးျပဳလုပ္ခ်က္ေတြနဲ႔ ဖန္တီးထားမွန္း သိေပမယ့္ ဒီထက္ပိုႀကီးတဲ့ အရာတစ္ခုခုနဲ႔ နဂါးကို အစားထိုးထားတယ္လို႔ ထင္မွတ္မိၾကမွာပါ။ သို႔ေပမယ့္ အဝတ္စေတြ ပတ္ထားတဲ့ အစိမ္းေရာင္ တုတ္ေခ်ာင္းတစ္ေခ်ာင္းကို နဂါးႀကီးအျဖစ္ အသြင္ေျပာင္းေပးခဲ့ၾကတာကေတာ့ တကယ္ အံ့ဩစရာပါပဲ။ ဒါဟာ နည္းပညာအဖြဲ႕အတြက္တင္ မဟုတ္ဘဲ သ႐ုပ္ေဆာင္ Emilia Clarke အတြက္ပါ ခက္ခဲေစခဲ့တယ္ဆိုတာ ျငင္းစရာလိုမယ္ မထင္ပါဘူး။

I Am Legend
Photo: @BehindScenesPic/ Twitter

ဒီဓာတ္ပုံကေတာ့ I Am Legend ထဲက ပရိသတ္ေတြအားလုံး ခံစားခဲ့ရတဲ့ ဇာတ္ဝင္ခန္းတစ္ခု ျဖစ္ပါတယ္။ သေႏၶေျပာင္း ေခြးတစ္ေကာင္က Robert ကို တိုက္ခိုက္တဲ့အခါ သူ႔ရဲ႕ေခြးေလးက သခင္ကို ကာကြယ္ၿပီး ျပန္တိုက္ခိုက္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ Robert ရဲ႕ ေခြးဟာလည္း ကူးစက္ခံလိုက္ရပါတယ္။

ဒီဇာတ္ဝင္ခန္းမွာ ပရိသတ္ေတြ နာက်င္ခံစားခဲ့ရေပမယ့္ ႐ိုက္ကြင္းေနာက္ကြယ္က ဓာတ္ပုံကို ၾကည့္လိုက္ရင္ေတာ့ အစိမ္းေရာင္ဝတ္စုံနဲ႔ လူတစ္ေယာက္က ေခြးအ႐ုပ္ကို လက္ထိုးၿပီး သ႐ုပ္ေဆာင္ေနတာကို ျမင္ရမွာပါ။ ဒီလိုျမင္လိုက္ရေတာ့လည္း ဇာတ္ကားၾကည့္တုန္းက နာက်င္မႈေတြ အနည္းနဲ႔အမ်ားေတာ့ ေလ်ာ့နည္းသြားတာ အမွန္ပါပဲ။

The Matrix
Photo: @thegtd_/ twitter

The Matrix ဇာတ္ကားေတြရဲ႕ ဇာတ္ဝင္ခန္းအမ်ားစုဟာ Green Screen နည္းပညာကို အသုံးျပဳ ႐ိုက္ကူးထားမွန္း သိသာေစမယ့္ ပုံရိပ္တစ္ခု ျဖစ္ပါတယ္။ ယခုေဖာ္ျပထားတဲ့ ႐ိုက္ကြင္းေနာက္ကြယ္က ပုံရိပ္ကေတာ့ ကိုယ္ကို ၫႊတ္ကိုင္းၿပီး က်ည္ဆံေတြကို ေရွာင္တဲ့အခန္း ျဖစ္ပါတယ္။ ေဟာလိဝုဒ္ရဲ႕ ေမွာ္ပညာလို႔ပဲ တင္စားရမွာပါပဲ။

The Avengers
Photo: @Soma_stance/ Twitter

Marvel ဟာ ႐ုပ္ရွင္ေလာကရဲ႕ ထိတ္ထိတ္ႀကဲ ကုမၸဏီတစ္ခုျဖစ္တဲ့အတြက္ Green Screen နည္းပညာမွာလည္း တစ္ဖက္ကမ္းခတ္ေနျခင္းဟာ အံ့ဩစရာေတာ့ မရွိပါဘူး။ Marvel က ထုတ္လုပ္တဲ့ ဇာတ္ကားေတြဟာ စူပါဟီး႐ိုး ႐ုပ္ရွင္ေတြ ျဖစ္တာေၾကာင့္ အပစ္အခတ္ေတြ၊ အက္ရွင္ခန္းေတြနဲ႔ ေပါက္ကြဲမႈေတြ မ်ားစြာ ပါဝင္ပါတယ္။ အထူးသျဖင့္ ေပါက္ကြဲမႈျဖစ္တဲ့ ဇာတ္ဝင္ခန္းေတြကို ႐ိုက္ကူး ထုတ္လုပ္ရာမွာ သူတို႔ရဲ႕ ဘတ္ဂ်က္အေနအထားနဲ႔ တကယ္ ေဖာက္ခြဲမႈေတြ ျပဳလုပ္ျပလို႔ ရေပမယ့္ လုံၿခဳံေရးအတြက္ Green Screen ကို ပိုၿပီး အသားေပး အသုံးျပဳတာကို ေတြ႕ရပါတယ္။

Infinity War
Photo via pinterest

Marvel Cinematic Universe ထဲက အၾကမ္းတမ္းဆုံးနဲ႔ ရင္ဆိုင္ရ အခက္ခဲဆုံး ဗီလိန္ကေတာ့ Thanos ပါ။ Avengers: Infinity War မွာ ပီပီျပင္ျပင္ စတင္ပါဝင္လာခဲ့တဲ့ Thanos ဟာ ပရိသတ္ေတြကိုေတာ့ လုံးဝစိတ္မပ်က္ေစခဲ့ပါဘူး။ သူ႔ရဲ႕ စြမ္းအားေတြအျပင္ ႐ုပ္ရည္ ပုံပန္းသ႑ာန္ေတြကလည္း ခက္ထန္တဲ့ ဗီလိန္တစ္ေယာက္ ပီသေစပါတယ္။ ဒီေနရာမွာေတာ့ သ႐ုပ္ေဆာင္ Josh Brolin ရဲ႕ မ်က္ႏွာအေနအထားနဲ႔ အမူအရာေတြကို ပုံဖမ္းၿပီး အထူးနည္းပညာေတြနဲ႔ Thanos ႀကီးရဲ႕ မ်က္ႏွာအျဖစ္ ေျပာင္းလဲ ဖန္တီးထားတာ ေတြ႕ရမွာပါ။

The Wolverine
Photo via pinterest

Hugh Jackman ဟာ Wolverine ဇာတ္ေကာင္အတြက္ အလိုက္ဖက္ဆုံး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ၿပီး သူ႔ဇာတ္ေကာင္ရဲ႕ ေသဆုံးမႈဟာ ပရိသတ္ေတြအတြက္ေတာ့ အသည္းကြဲခဲ့ရတဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပါတယ္။ Wolverine မင္းသားျဖစ္တဲ့အတြက္ ေတာ္႐ုံတန္႐ုံ ကြဲ႐ုံ ၿပဲ႐ုံ ဒဏ္ရာေလာက္ကေတာ့ တကယ္ ျဖစ္ရင္ေတာင္ မမႈေလာက္ဘူးလို႔ ပရိသတ္ေတြက ထင္မွတ္ထားၾကေပမယ့္ Marvel ကေတာ့ သူ႔ရဲ႕ ဘတ္ဂ်က္နဲ႔ နည္းပညာ ဝိတ္ေတြကို သုံးၿပီး ဒီလို႐ိုးရွင္းတဲ့ ဒဏ္ရာေလးကိုေတာင္ မိတ္ကပ္နဲ႔ မလုပ္ဘဲ CGI သုံးထားပါတယ္။

Life of Pi
Photo via pinterest

ေလွတစ္စင္းေပၚမွာ က်ားႀကီးတစ္ေကာင္နဲ႔ တစ္ေယာက္တည္း က်န္ေနခဲ့တဲ့ Life of Pi ဇာတ္လမ္းကိုေတာ့ ပရိသတ္ေတြ တခဲနက္ အားေပးခဲ့ၾကပါတယ္။ သို႔ေပမယ့္ မင္းသားရဲ႕ ေပါင္ေပၚမွာေတာင္ လာအိပ္တတ္တဲ့ က်ားႀကီးဟာ မေသမသပ္နဲ႔ အျပာေရာင္ အ႐ုပ္ေလး ျဖစ္ေနမယ္လို႔ေတာ့ ဘယ္သူကမွ ေတြးမိခဲ့ၾကမွာ မဟုတ္ပါဘူး။

Wolf of Wall Street
Photo via pinterest

ဒီလို ႐ိုးရွင္းတဲ့ ဇာတ္ဝင္ခန္းအတြက္ေတာင္ Green Screen သုံးတယ္ဆိုတာ ေတြးေတာ့ ေတြးခ်င္စရာပါ။ သူတို႔မွာ တကယ့္ေနရာကို သြားၿပီး ႐ိုက္ကူးေရးလုပ္ဖို႔ ဘတ္ဂ်က္မလုံေလာက္တာေၾကာင့္လို႔ ေတြးမိေကာင္း ေတြးမိႏိုင္ပါတယ္။ တကယ္တမ္းမွာေတာ့ ႐ိုက္ကူးေရးတစ္ဖြဲ႕လုံးကို ကရိကထမ်ားၿပီး ေ႐ႊ႕ရမယ့္အစား ႐ိုက္ကြင္း တည္ေနရာကိုပဲ နည္းပညာနဲ႔ အစားထိုးလိုက္ပုံ ရပါတယ္။

Hunger Games
Photo via pinterest

Hunger Games ကို စိတ္ဝင္တစား ၾကည့္ရႈခဲ့ၾကတဲ့ ပရိသတ္ေတြအတြက္ကေတာ့ ဒီပညာရွင္ေနရာမွာ သ႐ုပ္ေဆာင္ၾကသူေတြ ေရွ႕က ကြန္ပ်ဴတာ ဖန္သားျပင္နဲ႔စားပြဲႀကီးကို အထင္ႀကီးမဆုံး ရွိခဲ့ၾကမွာပါ။ ဒီေနရာမွာ အထူးျပဳလုပ္ခ်က္နဲ႔ အစားထိုးထားတယ္ဆိုရင္ေတာင္ အနည္းဆုံးေတာ့ အစိမ္းေရာင္ေျပာင္ခ်ည္းပဲ ရွိတဲ့ ခုံတစ္လုံး မဟုတ္ဘဲ စခရင္မ္ေလးေတာ့ အနည္းဆုံး ရွိမယ္လို႔ ထင္မိခဲ့ၾကမွာပါ။

ဒါကေတာ့ နာမည္ေက်ာ္ ဇာတ္ကားေတြရဲ႕ ေနာက္ကြယ္က အထူးျပဳလုပ္ခ်က္ပုံရိပ္အခ်ိဳ႕ကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular