HomeEntertainmentFilmနှစ်မကုန်ခင် ထွက်ရှိလာမယ့် Netflix ရဲ့ ခရစ်စမတ်ဇာတ်ကားများ

နှစ်မကုန်ခင် ထွက်ရှိလာမယ့် Netflix ရဲ့ ခရစ်စမတ်ဇာတ်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုချိန်မှာ နိုဝင်ဘာလကို ရောက်ရှိနေပြီ ဖြစ်ပြီး တစ်ကမ္ဘာလုံးအတွက် အားလပ်ရက်ဖြစ်တဲ့ ခရစ်စမတ်ကာလကို မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ခရစ်စမတ်နီးလာတာနဲ့ ခရစ်စမတ်ရုပ်ရှင်တွေလည်း ထွက်လာလေ့ ရှိတာကြောင့် Netflix ကလည်း ၂၀၁၇ခုနှစ်က စတင်ပြီး ခရစ်စမတ်ရုပ်ရှင်ဇာတ်ကားတွေကို ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ၂၀၂၀ နှစ်မကုန်ခင် ထွက်ရှိလာမယ့် Netflix ရဲ့ ခရစ်စမတ်ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Holidate – အောက်တိုဘာလ (၂၈) ရက်
photo via screenrant

ယခုနှစ်မှာတော့ Holidate ဆိုတဲ့ ခရစ်စမတ်ရုပ်ရှင်ဟာ Netflix မှာ ပထမဆုံး ထွက်ရှိလာမှာ ဖြစ်ပြီးတော့ အောက်တိုဘာလ (၂၈)ရက်နေ့တည်းက ကြည့်ရှုလို့ရနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Emma Roberts နဲ့ Luke Bracey တို့က အားလပ်ရက်တွေကိုမုန်းတဲ့ တစ်ယောက်တည်းသမားတွေအဖြစ် သရုပ်ဆောင်ထားကြပါတယ်။ ခရစ်စမတ်ကာလ ပြီးသွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ မထင်မှတ်ထားဘဲ တွေ့ဖြစ်သွားကြပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်လုံးဟာ အဲ့ဒီအချိန်ကစပြီးတော့ နောက်ထပ်လာမယ့် အားလပ်ရက်တွေမှာ အတူတူရှိနေဖို့အတွက် ဆုံးဖြတ်လိုက်ကြပါတယ်။

(2) Operation Christmas Drop – နိုဝင်ဘာလ (၅)ရက်
photo via screenrant

ဒီဇာတ်ကားကတော့ အချစ်ဟာသဇာတ်လမ်း ဖြစ်ပြီးတော့ Netflix မှာ နိုဝင်ဘာလ (၅)ရက်နေ့ရောက်ရင် ကြည့်ရှုလို့ရပြီ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ The Vampire Diaries ထဲမှာ ပါဝင်ခဲ့တဲ့ Kat Graham နဲ့ The Hunger Games ထဲမှာ ပါဝင်ခဲ့တဲ့ Alexander Ludwig တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Erica ဆိုတဲ့ ကောင်မလေးဟာ သူမ ဘော့စ်ရဲ့ တောင်းဆိုမှုကြောင့် မိသားစုနဲ့ ခရစ်စမတ်ကာလကို မကုန်ဆုံးဘဲ လေတပ်စခန်းမှာပဲ နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ ကပ္ပတိန် Andrew Jantz နဲ့ တွေ့ဆုံမိသွားပါတော့တယ်။

(3) Jingle Jangle: A Christmas Journey – နိုဝင်ဘာလ (၁၃)ရက်
photo via screenrant

ဒီဇာတ်ကားကတော့ Musical အမျိူးအစား ဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာ ပါဝင်တဲ့ သီချင်းတွေကိုတော့ John Legend နဲ့ Usher တို့က ဖန်တီးပေးထားပါတယ်။ သရုပ်ဆောင်တွေကတော့ Forest Whitaker ၊ Madalen Mills နဲ့ Keegan-Michael Key တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ Cobbleton မြို့မှာ နေထိုင်တဲ့ အရုပ်ပြုလုပ်သူတစ်ယောက်ဟာ သူ့ရဲ့တပည့်ဖြစ်သူက သစ္စာဖောက်တာကို ခံခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ အရုပ်ပြုလုပ်သူနဲ့ သူ့ရဲ့မြေးမလေးတို့ဟာ တီထွင်မှုတစ်ခုကို ပြုလုပ်ဖို့အတွက် ကြိုးစားကြပါတော့တယ်။

(4) The Princess Switch: Switched Again – နိုဝင်ဘာလ (၁၉)ရက်
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၈ခုနှစ်တုန်းက Netflix က ထုတ်လုပ်ခဲ့တဲ့ The Princess Switch ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Duchess Margaret ဟာ မမျှော်လင့်ထားဘဲနဲ့ ထီးနန်းကို ဆက်ခံခဲ့ရပါတယ်။ ဒီမှာတင် သူမနဲ့ သူမရဲ့ချစ်သူတို့ဟာလည်း အခက်အခဲတွေ တွေ့ကြုံရပါတော့တယ်။ အဲ့ဒါကြောင့်ပဲ Margaret ကို ကယ်တင်ဖို့အတွက် မင်းသမီး Stacy ပေါ်မှာ မူတည်သွားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Vanessa Hudgens ၊ Nick Sagar နဲ့ Sam Palladio တို့က အဓိက ပါဝင်ထားကြပါတယ်။

(5) Alien Xmas – နိုဝင်ဘာလ (၂၀)ရက်
photo via screenrant

ဒါကတော့ ၂၀၂၀ခုနှစ်မှာ Netflix က ခရစ်စမတ်အတွက် ဖန်တီးထားတဲ့ animated movie လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂြိုဟ်သားတစ်ယောက်ဟာ ခရစ်စမတ်ကာလမှာ ကမ္ဘာပေါ်မှာရှိတဲ့ ဆွဲအားကို ခိုးယူဖို့အတွက် ကျူးကျော်လာတာပဲ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Bradley Baker ၊ Barbara Goodson နဲ့ Kirk Thornton တို့ပဲ ဖြစ်ပါတယ်။

(6) Dolly Parton’s Christmas On The Square – နိုဝင်ဘာလ (၂၂)ရက်
photo via screenrant

ဒီဇာတ်ကားကလည်း Musical အမျိူးအစားပဲ ဖြစ်ပြီးတော့ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်တဲ့ Dolly Parton ကိုယ်တိုင် သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ၂၀၁၉ခုနှစ်တုန်းကလည်း Netflix နဲ့ Dolly တို့ ပူးပေါင်းပြီးတော့ Dolly Parton’s Heartstrings ဆိုတဲ့ စီးရီးလည်း ထွက်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Regina ဆိုတဲ့ စီးပွားရေးသမားတစ်ယောက်ဟာ သူမရဲ့မြို့ငယ်လေးကို လောဘကြီးတဲ့ လူတစ်ယောက်ဆီကို ရောင်းဖို့အတွက် စီစဉ်နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ မြို့နေ့ပြည်သူတွေကို ခရစ်စမတ်မှာ မြို့ထဲက ထွက်သွားဖို့အတွက် ပြောခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဖြစ်လာမယ့် စိတ်ဝင်စားစရာတွေကို ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(7) The Christmas Chronicles: Part 2 – နိုဝင်ဘာလ (၂၅)ရက်
photo via screenrant

ဒီဇာတ်ကားကလည်း ၂၀၁၈ခုနှစ်မှာ Netflix က ထုတ်လုပ်ခဲ့တဲ့ The Christmas Chronicles ရဲ့အဆက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Kurt Russell ၊ Goldie Hawn တို့က Santa Claus နဲ့ Mrs. Claus တို့နေရာမှာ သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်တစ်ယောက် ဖြစ်လာတဲ့ Kate ဟာ ခရစ်စမတ်ကို ကလေးဘဝတုန်းကလောက် ကြိုက်နှစ်သက်မှု မရှိတော့ပါဘူး။ ဒါပေမယ့်လည်း သူမဟာ Jack ဆိုတဲ့ ကောင်လေးနဲ့အတူ မြောက်ဝင်ရိုးစွန်းကို ရုတ်တရက် ရောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူတို့ဟာ Santa နဲ့ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး ခရစ်စမတ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ Santa ရဲ့ မကောင်းတဲ့ညီအစ်ကိုကို တားဆီးဖို့ ကြိုးစားရပါတော့တယ်။

(8) Just Another Christmas – ဒီဇင်ဘာလ (၃)ရက်
photo via screenrant

ဒီဇာတ်ကားကတော့ ဘရာဇီး ခရစ်စမတ်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Jorge ဆိုသူဟာ ခရစ်စမတ်အကြိုကာလမှာ အကြောင်းတစ်ခုကြောင့် သတိလစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ နောက်တစ်နှစ် ခရစ်စမတ်ကို ရောက်တော့မှ ပြန်နိုးလာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ သတိလစ်သွားတဲ့ အချိန်တစ်နှစ်အတွင်းမှာ ဘာတွေဖြစ်သွားလည်းဆိုတာကို သိရှိဖို့အတွက် ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Leandro Hassum ၊ Elisa Pinheiro နဲ့ Ariane Botehlo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အခုခ်ိန္မွာ ႏိုဝင္ဘာလကို ေရာက္ရွိေနၿပီ ျဖစ္ၿပီး တစ္ကမာၻလုံးအတြက္ အားလပ္ရက္ျဖစ္တဲ့ ခရစ္စမတ္ကာလကို မၾကာခင္ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ထုံးစံအတိုင္း ခရစ္စမတ္နီးလာတာနဲ႔ ခရစ္စမတ္႐ုပ္ရွင္ေတြလည္း ထြက္လာေလ့ ရွိတာေၾကာင့္ Netflix ကလည္း ၂၀၁၇ခုႏွစ္က စတင္ၿပီး ခရစ္စမတ္႐ုပ္ရွင္ဇာတ္ကားေတြကို ထုတ္လုပ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ၂၀၂၀ ႏွစ္မကုန္ခင္ ထြက္ရွိလာမယ့္ Netflix ရဲ႕ ခရစ္စမတ္ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Holidate – ေအာက္တိုဘာလ (၂၈)ရက္
photo via screenrant

ယခုႏွစ္မွာေတာ့ Holidate ဆိုတဲ့ ခရစ္စမတ္႐ုပ္ရွင္ဟာ Netflix မွာ ပထမဆုံး ထြက္ရွိလာမွာ ျဖစ္ၿပီးေတာ့ ေအာက္တိုဘာလ (၂၈)ရက္ေန႔တည္းက ၾကည့္ရႈလို႔ရေနၿပီ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Emma Roberts နဲ႔ Luke Bracey တို႔က အားလပ္ရက္ေတြကိုမုန္းတဲ့ တစ္ေယာက္တည္းသမားေတြအျဖစ္ သ႐ုပ္ေဆာင္ထားၾကပါတယ္။ ခရစ္စမတ္ကာလ ၿပီးသြားတဲ့အခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ မထင္မွတ္ထားဘဲ ေတြ႕ျဖစ္သြားၾကပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္လုံးဟာ အဲ့ဒီအခ်ိန္ကစၿပီးေတာ့ ေနာက္ထပ္လာမယ့္ အားလပ္ရက္ေတြမွာ အတူတူရွိေနဖို႔အတြက္ ဆုံးျဖတ္လိုက္ၾကပါတယ္။

(2) Operation Christmas Drop – ႏိုဝင္ဘာလ (၅)ရက္
photo via screenrant

ဒီဇာတ္ကားကေတာ့ အခ်စ္ဟာသဇာတ္လမ္း ျဖစ္ၿပီးေတာ့ Netflix မွာ ႏိုဝင္ဘာလ (၅)ရက္ေန႔ေရာက္ရင္ ၾကည့္ရႈလို႔ရၿပီ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ The Vampire Diaries ထဲမွာ ပါဝင္ခဲ့တဲ့ Kat Graham နဲ႔ The Hunger Games ထဲမွာ ပါဝင္ခဲ့တဲ့ Alexander Ludwig တို႔က အဓိက ပါဝင္ထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Erica ဆိုတဲ့ ေကာင္မေလးဟာ သူမ ေဘာ့စ္ရဲ႕ ေတာင္းဆိုမႈေၾကာင့္ မိသားစုနဲ႔ ခရစ္စမတ္ကာလကို မကုန္ဆုံးဘဲ ေလတပ္စခန္းမွာပဲ ေနခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ ကပၸတိန္ Andrew Jantz နဲ႔ ေတြ႕ဆုံမိသြားပါေတာ့တယ္။

(3) Jingle Jangle: A Christmas Journey – ႏိုဝင္ဘာလ (၁၃)ရက္
photo via screenrant

ဒီဇာတ္ကားကေတာ့ Musical အမ်ိဴးအစား ျဖစ္ၿပီး ဒီဇာတ္လမ္းထဲမွာ ပါဝင္တဲ့ သီခ်င္းေတြကိုေတာ့ John Legend နဲ႔ Usher တို႔က ဖန္တီးေပးထားပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Forest Whitaker ၊ Madalen Mills နဲ႔ Keegan-Michael Key တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ Cobbleton ၿမိဳ႕မွာ ေနထိုင္တဲ့ အ႐ုပ္ျပဳလုပ္သူတစ္ေယာက္ဟာ သူ႔ရဲ႕တပည့္ျဖစ္သူက သစၥာေဖာက္တာကို ခံခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ အ႐ုပ္ျပဳလုပ္သူနဲ႔ သူ႔ရဲ႕ေျမးမေလးတို႔ဟာ တီထြင္မႈတစ္ခုကို ျပဳလုပ္ဖို႔အတြက္ ႀကိဳးစားၾကပါေတာ့တယ္။

(4) The Princess Switch: Switched Again – ႏိုဝင္ဘာလ (၁၉)ရက္
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၈ခုႏွစ္တုန္းက Netflix က ထုတ္လုပ္ခဲ့တဲ့ The Princess Switch ရဲ႕ အဆက္ပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Duchess Margaret ဟာ မေမွ်ာ္လင့္ထားဘဲနဲ႔ ထီးနန္းကို ဆက္ခံခဲ့ရပါတယ္။ ဒီမွာတင္ သူမနဲ႔ သူမရဲ႕ခ်စ္သူတို႔ဟာလည္း အခက္အခဲေတြ ေတြ႕ႀကဳံရပါေတာ့တယ္။ အဲ့ဒါေၾကာင့္ပဲ Margaret ကို ကယ္တင္ဖို႔အတြက္ မင္းသမီး Stacy ေပၚမွာ မူတည္သြားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Vanessa Hudgens ၊ Nick Sagar နဲ႔ Sam Palladio တို႔က အဓိက ပါဝင္ထားၾကပါတယ္။

(5) Alien Xmas – ႏိုဝင္ဘာလ (၂၀)ရက္
photo via screenrant

ဒါကေတာ့ ၂၀၂၀ခုႏွစ္မွာ Netflix က ခရစ္စမတ္အတြက္ ဖန္တီးထားတဲ့ animated movie ေလးပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ၿဂိဳဟ္သားတစ္ေယာက္ဟာ ခရစ္စမတ္ကာလမွာ ကမာၻေပၚမွာရွိတဲ့ ဆြဲအားကို ခိုးယူဖို႔အတြက္ က်ဴးေက်ာ္လာတာပဲ ျဖစ္ပါတယ္။ အသံသ႐ုပ္ေဆာင္ေတြကေတာ့ Bradley Baker ၊ Barbara Goodson နဲ႔ Kirk Thornton တို႔ပဲ ျဖစ္ပါတယ္။

(6) Dolly Parton’s Christmas On The Square – ႏိုဝင္ဘာလ (၂၂)ရက္
photo via screenrant

ဒီဇာတ္ကားကလည္း Musical အမ်ိဴးအစားပဲ ျဖစ္ၿပီးေတာ့ နာမည္ႀကီး အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ Dolly Parton ကိုယ္တိုင္ သ႐ုပ္ေဆာင္ထားပါတယ္။ ဒါ့အျပင္ ၂၀၁၉ခုႏွစ္တုန္းကလည္း Netflix နဲ႔ Dolly တို႔ ပူးေပါင္းၿပီးေတာ့ Dolly Parton’s Heartstrings ဆိုတဲ့ စီးရီးလည္း ထြက္ထားပါေသးတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Regina ဆိုတဲ့ စီးပြားေရးသမားတစ္ေယာက္ဟာ သူမရဲ႕ၿမိဳ႕ငယ္ေလးကို ေလာဘႀကီးတဲ့ လူတစ္ေယာက္ဆီကို ေရာင္းဖို႔အတြက္ စီစဥ္ေနပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ ၿမိဳ႕ေန႔ျပည္သူေတြကို ခရစ္စမတ္မွာ ၿမိဳ႕ထဲက ထြက္သြားဖို႔အတြက္ ေျပာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ျဖစ္လာမယ့္ စိတ္ဝင္စားစရာေတြကို ဆက္လက္ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(7) The Christmas Chronicles: Part 2 – ႏိုဝင္ဘာလ (၂၅)ရက္
photo via screenrant

ဒီဇာတ္ကားကလည္း ၂၀၁၈ခုႏွစ္မွာ Netflix က ထုတ္လုပ္ခဲ့တဲ့ The Christmas Chronicles ရဲ႕အဆက္ပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Kurt Russell ၊ Goldie Hawn တို႔က Santa Claus နဲ႔ Mrs. Claus တို႔ေနရာမွာ သ႐ုပ္ေဆာင္ထားၾကပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဆယ္ေက်ာ္သက္တစ္ေယာက္ ျဖစ္လာတဲ့ Kate ဟာ ခရစ္စမတ္ကို ကေလးဘဝတုန္းကေလာက္ ႀကိဳက္ႏွစ္သက္မႈ မရွိေတာ့ပါဘူး။ ဒါေပမယ့္လည္း သူမဟာ Jack ဆိုတဲ့ ေကာင္ေလးနဲ႔အတူ ေျမာက္ဝင္႐ိုးစြန္းကို ႐ုတ္တရက္ ေရာက္သြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူတို႔ဟာ Santa နဲ႔ ျပန္လည္ဆုံေတြ႕ခဲ့ၾကၿပီး ခရစ္စမတ္ကို ဖ်က္ဆီးဖို႔ ႀကိဳးစားေနတဲ့ Santa ရဲ႕ မေကာင္းတဲ့ညီအစ္ကိုကို တားဆီးဖို႔ ႀကိဳးစားရပါေတာ့တယ္။

(8) Just Another Christmas – ဒီဇင္ဘာလ (၃)ရက္
photo via screenrant

ဒီဇာတ္ကားကေတာ့ ဘရာဇီး ခရစ္စမတ္႐ုပ္ရွင္ပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Jorge ဆိုသူဟာ ခရစ္စမတ္အႀကိဳကာလမွာ အေၾကာင္းတစ္ခုေၾကာင့္ သတိလစ္သြားခဲ့ပါတယ္။ ဒီလိုနဲ႔ သူဟာ ေနာက္တစ္ႏွစ္ ခရစ္စမတ္ကို ေရာက္ေတာ့မွ ျပန္ႏိုးလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ သတိလစ္သြားတဲ့ အခ်ိန္တစ္ႏွစ္အတြင္းမွာ ဘာေတြျဖစ္သြားလည္းဆိုတာကို သိရွိဖို႔အတြက္ ႀကိဳးစားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Leandro Hassum ၊ Elisa Pinheiro နဲ႔ Ariane Botehlo တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular