HomeEntertainmentFilmWW84 ထဲမှာ Princess Diana ဟာ အထီးကျန်နေရတဲ့အကြောင်း ပြောလာတဲ့ Gal Gadot

WW84 ထဲမှာ Princess Diana ဟာ အထီးကျန်နေရတဲ့အကြောင်း ပြောလာတဲ့ Gal Gadot

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သိပ်မကြာခင်မှာ ထွက်ရှိလာတော့မယ့် Wonder Woman 1984 ထဲမှာတော့ Princess Diana ဟာ အလွန်အထီးကျန်နေပါတယ် ဆိုပြီးတော့ Gal Gadot ကတော့ ပြောခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Diana ကို ၁၉၈၀ ကျော် အမေရိကန်နဲ့ ဆိုဗီယက်ယူနီယမ်တို့ရဲ့ စစ်အေးတိုက်ပွဲအချိန်မှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ဟာ ကိုရိုနာဗိုင်းရပ်စ် ပေါ်မလာခင်ကတည်းက အကြောင်းမျိူးစုံနဲ့ နောက်ကျနေတာ ဖြစ်ပြီး အခုချိန်မှာတော့ ရုပ်ရှင်ရုံတွေမှာရော HBO Max မှာပါ ခရစ်စမတ်နေ့မှာ ပြသသွားမယ်လို့ သိရပါတယ်။ Diana ဟာ လူသားတွေကို ကာကွယ်ဖို့အတွက် အန္တရာယ်တွေကို တိုက်ခိုက်နေရုံတင်မကဘဲ ဒီရုပ်ရှင်ထဲမှာတော့ သူ့ရဲ့ စိတ်ခံစားချက်တွေနဲ့ပါ တိုက်ခိုက်နေတာကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ Diana ရဲ့သူငယ်ချင်းတွေ အကုန်လုံးဟာ သေဆုံးကုန်ပြီး အသက်ကျန်ရှင်ကျန်သူတွေကလည်း အိုမင်းကုန်ကြတာကြောင့် အလွန်အထီးကျန်နေပြီး သူမရဲ့ စိတ်အခြေအနေကိုတော့ SiriusXM Town Hall show မှာ Gal Gadot က ပြောပြသွားခဲ့ပါတယ်။

photo via screenrant

သူမပြောပြသွားတဲ့ အကြောင်းအရာ အပြည့်အစုံကတော့ ” သူမဟာ တစ်ခြားလူအသစ်တွေနဲ့ မဆက်ဆံချင်တော့တာကြောင့် အထီးကျန်နေရတယ်လို့ ကျွန်မ ထင်ပါတယ်။ သူမဟာ မသေမျိူးတစ်ယောက် ဖြစ်တာကြောင့် ပထမရုပ်ရှင်ထဲက သူ့ရဲ့သူငယ်ချင်းတွေအကုန်လုံးကို ဆုံးရှုံးခဲ့ရပါတယ်။ သူတို့တွေအကုန်လုံးဟာ သေဆုံးကုန်တာကြောင့် သူမဟာ အဲ့ဒီဆုံးရှုံးမှုကို ထပ်မံမခံစားချင်တော့ပါဘူး။ ပြီးတော့ သူမနဲ့ ခင်မင်တဲ့လူတွေကိုလည်း သူမဟာ အသက်မကြီးလာတာကို မမြင်စေချင်ပါဘူး။ အဲ့ဒါကြောင့်ပဲ သူမဟာ အရမ်းအရမ်းကို အထီးကျန်နေပြီး‌တော့ တစ်ယောက်တည်း ဖြစ်နေပါတယ်။ လူသားတွေကို ပိုပြီးတော့ ကောင်းမွန်လာစေမယ့် မစ်ရှင်တစ်ခုတည်းကြောင့်သာ သူမဟာ ဒီနေရာကို ရောက်နေတာပါ ” ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

photo via screenrant

Diana ဟာ အဲ့လိုမျိူး ဖြစ်သွားရတဲ့ အကြောင်းအရင်းကတော့ ပထမ Wonder Woman ဇာတ်လမ်းထဲမှာ Steve ဟာ သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံခဲ့တာကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ ဒီရုပ်ရှင်ထဲမှာတော့  Steve ဟာ ပြန်လည်ပါဝင်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ဘယ်လိုအကြောင်းပြချက်ကြောင့် ပြန်လည်ပါဝင်လာတာလည်း ဆိုတာတော့ မသိရသေးပါဘူး။ အဲ့ဒါကြောင့်ပဲ Diana ကို ဘယ်လိုပုံစံမျိူးနဲ့ မြင်ရမလည်း ဆိုတာနဲ့ Stecve ရဲ့ ပြန်လည်ရှင်သန်လာမှုအပေါ်မှာ ဘယ်လိုလှည့်ကွက်တွေကို သုံးသွားမလည်း ဆိုတာကိုတော့ မကြာခင်မှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

သိပ္မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ Wonder Woman 1984 ထဲမွာေတာ့ Princess Diana ဟာ အလြန္အထီးက်န္ေနပါတယ္ ဆိုၿပီးေတာ့ Gal Gadot ကေတာ့ ေျပာခဲ့ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Diana ကို ၁၉၈၀ ေက်ာ္ အေမရိကန္နဲ႔ ဆိုဗီယက္ယူနီယမ္တို႔ရဲ႕ စစ္ေအးတိုက္ပြဲအခ်ိန္မွာ ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ဟာ ကို႐ိုနာဗိုင္းရပ္စ္ ေပၚမလာခင္ကတည္းက အေၾကာင္းမ်ိဴးစုံနဲ႔ ေနာက္က်ေနတာ ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ ႐ုပ္ရွင္႐ုံေတြမွာေရာ HBO Max မွာပါ ခရစ္စမတ္ေန႔မွာ ျပသသြားမယ္လို႔ သိရပါတယ္။ Diana ဟာ လူသားေတြကို ကာကြယ္ဖို႔အတြက္ အႏၲရာယ္ေတြကို တိုက္ခိုက္ေန႐ုံတင္မကဘဲ ဒီ႐ုပ္ရွင္ထဲမွာေတာ့ သူ႔ရဲ႕ စိတ္ခံစားခ်က္ေတြနဲ႔ပါ တိုက္ခိုက္ေနတာကို ျမင္ေတြ႕ရမွာပါ။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Diana ရဲ႕သူငယ္ခ်င္းေတြ အကုန္လုံးဟာ ေသဆုံးကုန္ၿပီး အသက္က်န္ရွင္က်န္သူေတြကလည္း အိုမင္းကုန္ၾကတာေၾကာင့္ အလြန္အထီးက်န္ေနၿပီး သူမရဲ႕ စိတ္အေျခအေနကိုေတာ့ SiriusXM Town Hall show မွာ Gal Gadot က ေျပာျပသြားခဲ့ပါတယ္။

photo via screenrant

သူမေျပာျပသြားတဲ့ အေၾကာင္းအရာ အျပည့္အစုံကေတာ့ ” သူမဟာ တစ္ျခားလူအသစ္ေတြနဲ႔ မဆက္ဆံခ်င္ေတာ့တာေၾကာင့္ အထီးက်န္ေနရတယ္လို႔ ကြၽန္မ ထင္ပါတယ္။ သူမဟာ မေသမ်ိဴးတစ္ေယာက္ ျဖစ္တာေၾကာင့္ ပထမ႐ုပ္ရွင္ထဲက သူ႔ရဲ႕သူငယ္ခ်င္းေတြအကုန္လုံးကို ဆုံးရႈံးခဲ့ရပါတယ္။ သူတို႔ေတြအကုန္လုံးဟာ ေသဆုံးကုန္တာေၾကာင့္ သူမဟာ အဲ့ဒီဆုံးရႈံးမႈကို ထပ္မံမခံစားခ်င္ေတာ့ပါဘူး။ ၿပီးေတာ့ သူမနဲ႔ ခင္မင္တဲ့လူေတြကိုလည္း သူမဟာ အသက္မႀကီးလာတာကို မျမင္ေစခ်င္ပါဘူး။ အဲ့ဒါေၾကာင့္ပဲ သူမဟာ အရမ္းအရမ္းကို အထီးက်န္ေနၿပီး‌ေတာ့ တစ္ေယာက္တည္း ျဖစ္ေနပါတယ္။ လူသားေတြကို ပိုၿပီးေတာ့ ေကာင္းမြန္လာေစမယ့္ မစ္ရွင္တစ္ခုတည္းေၾကာင့္သာ သူမဟာ ဒီေနရာကို ေရာက္ေနတာပါ ” ဆိုၿပီးေတာ့ ေျပာျပခဲ့ပါတယ္။

photo via screenrant

Diana ဟာ အဲ့လိုမ်ိဴး ျဖစ္သြားရတဲ့ အေၾကာင္းအရင္းကေတာ့ ပထမ Wonder Woman ဇာတ္လမ္းထဲမွာ Steve ဟာ သူ႔ကိုယ္သူ စြန႔္လႊတ္အနစ္နာခံခဲ့တာေၾကာင့္လည္း တစ္စိတ္တစ္ပိုင္း ပါဝင္ပါတယ္။ ဒါေပမယ့္လည္း ကံေကာင္းစြာနဲ႔ပဲ ဒီ႐ုပ္ရွင္ထဲမွာေတာ့  Steve ဟာ ျပန္လည္ပါဝင္လာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဘယ္လိုအေၾကာင္းျပခ်က္ေၾကာင့္ ျပန္လည္ပါဝင္လာတာလည္း ဆိုတာေတာ့ မသိရေသးပါဘူး။ အဲ့ဒါေၾကာင့္ပဲ Diana ကို ဘယ္လိုပုံစံမ်ိဴးနဲ႔ ျမင္ရမလည္း ဆိုတာနဲ႔ Stecve ရဲ႕ ျပန္လည္ရွင္သန္လာမႈအေပၚမွာ ဘယ္လိုလွည့္ကြက္ေတြကို သုံးသြားမလည္း ဆိုတာကိုေတာ့ မၾကာခင္မွာ ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular