HomeAnimeGhibli anime တွေထဲက ကြောက်ဖို့အကောင်းဆုံး သတ္တဝါများ

Ghibli anime တွေထဲက ကြောက်ဖို့အကောင်းဆုံး သတ္တဝါများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime လောကမှာဆိုရင် Ghibli စတူဒီယိုဟာ မသိသူ မရှိလောက်အောင်ကို အောင်မြင်ပါတယ်။ စတူဒီယို Ghibli အကြောင်းကို ပြောတော့မယ် ဆိုရင်တော့ Hayao Miyazaki အကြောင်းကိုလည်း ချန်ထားလို့ မရပါဘူး။ သူကတော့ ထုတ်လုပ်သူ ၊ ဇာတ်လမ်းရေးသားသူ ၊ manga ရေးဆွဲသူ ၊ ဇာတ်ညွှန်းရေးသားသူ ၊ ဒါရိုက်တာနဲ့ Ghibli စတူဒီယိုရဲ့ ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။ Ghibli စတူဒီယိုရဲ့ ဇာတ်လမ်းတွေအများစုဟာ သူ့ရဲ့လက်ရာတွေပဲ ဖြစ်ပြီးတော့ သူ့ရဲ့ဇာတ်လမ်းတွေထဲမှာ ကြောက်ဖို့ကောင်းတဲ့ သတ္တဝါတွေကိုလည်း ထည့်သွင်းလေ့ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Ghibli စတူဒီယိုရဲ့ anime တွေထဲက ကြောက်ဖို့ကောင်းတဲ့ သတ္တဝါတွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Forest Spirit – Princess Mononoke
photo via screenrant

သူ့ကိုတော့ The Forest Spirit နဲ့ The Night-Walker လို့ သိကြပြီးတော့ အဲ့ဒီသတ္တဝါကတော့ သေခြင်းနဲ့ ရှင်ခြင်းတို့ရဲ့ နတ်ဘုရားလို့လည်း ခေါ်ကြပါတယ်။ Princess Mononoke ဇာတ်လမ်းထဲမှာတော့ ဒီသတ္တဝါဟာ မြင်ရခဲတဲ့ သတ္တဝါတစ်ကောင် ဖြစ်ပြီးတော့ သွားပြီးလည်း မနှောင့်ယှက်သင့်ပါဘူး။ ဒါ့အပြင် သူဟာ ဒဏ်ရာတွေကို ပြန်လည်ကုသပေးနိုင်တဲ့ ရေကန်ထဲက ရေကို သောက်နေတဲ့အချိန်မှာပဲ သူ့ရဲ့ တိရစ္ဆာန်ပုံစံကို မြင်ရတာ ဖြစ်ပါတယ်။ သူဟာ သိပ်ပြီးကြောက်ဖို့ကောင်းတဲ့ သတ္တဝါ မဟုတ်ပေမယ့်လည်း သူ့ရဲ့ပုံမှန်မဟုတ်တဲ့ ပုံသဏ္ဍာန်တွေဟာ ကြောက်ဖို့ကောင်းတာပဲ ဖြစ်ပါတယ်။

(6) Cob – Tales From Earthsea
photo via screenrant

ဒီ anime ကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ Sparrowhawk ဆိုတဲ့ မှော်ဆရာတစ်ယောက်ဟာ ကမ္ဘာကြီးကို ပျက်စီးသွားစေမယ့် အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ကြိုးစားပုံကို ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Cob ကတော့ ဒီဇာတ်လမ်းရဲ့ ဗီလိန်တစ်ယောက် ဖြစ်ပြီးတော့ အလွန်ကိုအင်အားကြီးတဲ့ စွမ်းအားတွေနဲ့ မသေမျိူးတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သူလိုချင်တဲ့ အရာကို ရအောင်ယူတတ်ပြီးတော့ သူလိုချင်တာကို ရဖို့ဆိုရင် ကမ္ဘာကြီးကို ဖျက်စီးဖို့လည်း တွေဝေနေမယ့်သူ မဟုတ်ပါဘူး။ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ အောက်လမ်းမှော်ပညာတွေကို အသုံးပြုပြီးတော့ ပြောင်းလဲသွားတဲ့အချိန်မှာလည်း အတော်လေး ကြောက်ဖို့ကောင်းခဲ့ပါတယ်။

(5) Howlbird – Howl’s Moving Castle
photo via screenrant

ဒီ anime ထဲက Howl ကတော့ အတော်လေးကို လူကြိုက်များတဲ့ ဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ဘဝထဲကို Sophie ဝင်ရောက်လာတဲ့အချိန်မှာတော့ သူဟာ အတော်လေးကို သဘောကျစရာကောင်းတဲ့ ဇာတ်ကောင်တစ်ယောက်အဖြစ် မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေဟာ နောက်ပိုင်းမှာတော့ သူဟာ မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားနိုင်တဲ့ ကျိန်စာမိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ဒီဇာတ်ကောင်ရဲ့ မကောင်းဆိုးဝါးဆန်တဲ့ ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။

(4) No-Face – Spirited Away
photo via screenrant

Spirited Away ကတော့ အော်စကာဆု ရရှိခဲ့တဲ့ ပထမဆုံး anime ဖြစ်ပြီးတော့ အလွန်ကို အောင်မြင်ခဲ့တဲ့ anime လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာတော့ ဝိဉာဉ်ဇာတ်ကောင်တွေ အများကြီး ပါဝင်ပြီးတော့ No-Face ကတော့ လူအကြိုက်အများဆုံး ဝိဉာဉ်ဇာတ်ကောင်တွေထဲက တစ်ယောက်လို့ ပြောလို့ရပါတယ်။ No-Face ကတော့ သရဲလိုမျိူး ဇာတ်ကောင်တစ်‌ယောက် ဖြစ်ပြီးတော့ မျက်နှာဖုံးပဲ ဝတ်ထားကာ မျက်နှာလည်း မရှိသလို အသံလည်း မရှိပါဘူး။

အစတုန်းမှာတော့ ဒီဇာတ်ကောင်ဟာ Chihiro နဲ့ သူငယ်ချင်းလို ပုံစံမျိူး ပြသခဲ့ပြီး ချစ်စရာပုံစံလေးလို့ ထင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ Chihiro ကို တိုက်ခိုက်ဖို့ကြိုးစားခဲ့ကာ တစ်ခြားလူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အမူအကျင့်တွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုလည်း ရယူဖို့အတွက် လူတွေကို စုပ်ယူတတ်ပါသေးတယ်။ ဒါ့အပြင် သူဟာ ရန်သူလား မိတ်ဆွေလား ဆိုတာကိုလည်း ခွဲခြားဖို့အတွက် မလွယ်ကူပါဘူး။

(3) Lord Okkoto – Princess Mononoke
photo via screenrant

Lord Okkoto ကတော့ တောဝက်နတ်ဘုရား Nago သေဆုံးသွားရင် တောဝက်အုပ်စုရဲ့ ခေါင်းဆောင် ဖြစ်လာမယ့်သူပဲ ဖြစ်ပါတယ်။ သူဟာလည်း မကောင်းဆိုးဝါးဆန်တဲ့ မုန်းတီးမှုတွေကြောင့်ပဲ ပျက်စီးမှုတွေအားလုံးအတွက် လူသားတွေကို အပြစ်တင်နေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သူ့ရဲ့အုပ်စုနဲ့အတူ လူသားတွေကို သတ်ဖြတ်ဖို့အတွက်တောင် လုပ်ခဲ့ပါသေးတယ်။ သူ့ရဲ့ပုံသဏ္ဍာန်ဟာလည်း သူ့ရဲ့မုန်းတီးမှုတွေ တိုးပွားလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ ကြောက်ဖို့ကောင်းလာခဲ့ပါတယ်။

(2) River Spirit – Spirited Away
photo via screenrant

River Spirit ကလည်း Spirited Away ထဲက ဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပြီးတော့ ရေချိူးအိမ်ကို လာတဲ့ဧည့်သည်တစ်ယောက် ဖြစ်ပါတယ်။ စစလာချင်းမှာတော့ ရွှံ့တွေနဲ့ ဘာကောင်ကြီးမှန်း မသိလောက်အောင်ကို ဖြစ်နေပါတယ်။ ရေချိူးနေတဲ့အချိန်မှာတော့ သူဟာ ရေအောက်ထဲက ပစ္စည်းတွေအများကြီးကို စုပ်ယူထားတာကို တွေ့ရပြီး နောက်ဆုံးမှာတော့ ကြောက်ဖို့ကောင်းတဲ့ အဘိုးကြီးမျက်နှာနဲ့ ပုံစံကို တွေ့လိုက်ရပါတယ်။ သူ့ရဲ့ပုံစံနှစ်ခုလုံးကတော့ ပုံမှန်မဟုတ်သလို ဘယ်ပုံစံက ပိုပြီးကြောက်ဖို့ကောင်းလည်း ဆိုတာတော့ ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ပါ။

(1) Dragon – Tales From Earthsea
photo via screenrant

၂၀၀၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ Tales From Earthsea ကတော့ မှော်ပညာတွေ ၊ စုန်းမတွေနဲ့ နဂါးတွေလိုမျိူး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တွေ ပါဝင်ခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ နဂါးတွေဟာ လူသားတွေနဲ့ အဝေးမှာ နေထိုင်တတ်ကြပြီး အတော်လေးကို မြင်ရခဲပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းထဲမှာတော့ နဂါးတွေ သောင်းကျန်းနေတာကို လူတွေက တဖြည်းဖြည်းနဲ့ မြင်တွေ့နေကြပါတယ်။ ဒါ့အပြင် နဂါးဆိုတဲ့အတိုင်းပဲ ပုံစံကရော စွမ်းအားတွေရော ကြောက်ဖို့ကောင်းတယ် ဆိုတာကို ပြောစရာ မလိုပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Anime ေလာကမွာဆိုရင္ Ghibli စတူဒီယိုဟာ မသိသူ မရွိေလာက္ေအာင္ကို ေအာင္ျမင္ပါတယ္။ စတူဒီယို Ghibli အေၾကာင္းကို ေျပာေတာ့မယ္ ဆိုရင္ေတာ့ Hayao Miyazaki အေၾကာင္းကိုလည္း ခ်န္ထားလို႔ မရပါဘူး။ သူကေတာ့ ထုတ္လုပ္သူ ၊ ဇာတ္လမ္းေရးသားသူ ၊ manga ေရးဆြဲသူ ၊ ဇာတ္ၫႊန္းေရးသားသူ ၊ ဒါ႐ိုက္တာနဲ႔ Ghibli စတူဒီယိုရဲ႕ ပူးတြဲတည္ေထာင္သူလည္း ျဖစ္ပါတယ္။ Ghibli စတူဒီယိုရဲ႕ ဇာတ္လမ္းေတြအမ်ားစုဟာ သူ႔ရဲ႕လက္ရာေတြပဲ ျဖစ္ၿပီးေတာ့ သူ႔ရဲ႕ဇာတ္လမ္းေတြထဲမွာ ေၾကာက္ဖို႔ေကာင္းတဲ့ သတၱဝါေတြကိုလည္း ထည့္သြင္းေလ့ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Ghibli စတူဒီယိုရဲ႕ anime ေတြထဲက ေၾကာက္ဖို႔ေကာင္းတဲ့ သတၱဝါေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) The Forest Spirit – Princess Mononoke
photo via screenrant

သူ႔ကိုေတာ့ The Forest Spirit နဲ႔ The Night-Walker လို႔ သိၾကၿပီးေတာ့ အဲ့ဒီသတၱဝါကေတာ့ ေသျခင္းနဲ႔ ရွင္ျခင္းတို႔ရဲ႕ နတ္ဘုရားလို႔လည္း ေခၚၾကပါတယ္။ Princess Mononoke ဇာတ္လမ္းထဲမွာေတာ့ ဒီသတၱဝါဟာ ျမင္ရခဲတဲ့ သတၱဝါတစ္ေကာင္ ျဖစ္ၿပီးေတာ့ သြားၿပီးလည္း မေႏွာင့္ယွက္သင့္ပါဘူး။ ဒါ့အျပင္ သူဟာ ဒဏ္ရာေတြကို ျပန္လည္ကုသေပးႏိုင္တဲ့ ေရကန္ထဲက ေရကို ေသာက္ေနတဲ့အခ်ိန္မွာပဲ သူ႔ရဲ႕ တိရစာၦန္ပုံစံကို ျမင္ရတာ ျဖစ္ပါတယ္။ သူဟာ သိပ္ၿပီးေၾကာက္ဖို႔ေကာင္းတဲ့ သတၱဝါ မဟုတ္ေပမယ့္လည္း သူ႔ရဲ႕ပုံမွန္မဟုတ္တဲ့ ပုံသ႑ာန္ေတြဟာ ေၾကာက္ဖို႔ေကာင္းတာပဲ ျဖစ္ပါတယ္။

(6) Cob – Tales From Earthsea
photo via screenrant

ဒီ anime ကေတာ့ ၂၀၀၆ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ Sparrowhawk ဆိုတဲ့ ေမွာ္ဆရာတစ္ေယာက္ဟာ ကမာၻႀကီးကို ပ်က္စီးသြားေစမယ့္ အႏၲရာယ္ကေန ကာကြယ္ဖို႔အတြက္ ႀကိဳးစားပုံကို ဖန္တီးထားတာပဲ ျဖစ္ပါတယ္။ Cob ကေတာ့ ဒီဇာတ္လမ္းရဲ႕ ဗီလိန္တစ္ေယာက္ ျဖစ္ၿပီးေတာ့ အလြန္ကိုအင္အားႀကီးတဲ့ စြမ္းအားေတြနဲ႔ မေသမ်ိဴးတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ သူလိုခ်င္တဲ့ အရာကို ရေအာင္ယူတတ္ၿပီးေတာ့ သူလိုခ်င္တာကို ရဖို႔ဆိုရင္ ကမာၻႀကီးကို ဖ်က္စီးဖို႔လည္း ေတြေဝေနမယ့္သူ မဟုတ္ပါဘူး။ သူ႔ရဲ႕ ေၾကာက္စရာေကာင္းတဲ့ ပုံစံနဲ႔ ေအာက္လမ္းေမွာ္ပညာေတြကို အသုံးျပဳၿပီးေတာ့ ေျပာင္းလဲသြားတဲ့အခ်ိန္မွာလည္း အေတာ္ေလး ေၾကာက္ဖို႔ေကာင္းခဲ့ပါတယ္။

(5) Howlbird – Howl’s Moving Castle
photo via screenrant

ဒီ anime ထဲက Howl ကေတာ့ အေတာ္ေလးကို လူႀကိဳက္မ်ားတဲ့ ဇာတ္ေကာင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ သူ႔ရဲ႕ဘဝထဲကို Sophie ဝင္ေရာက္လာတဲ့အခ်ိန္မွာေတာ့ သူဟာ အေတာ္ေလးကို သေဘာက်စရာေကာင္းတဲ့ ဇာတ္ေကာင္တစ္ေယာက္အျဖစ္ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ပရိသတ္ေတြဟာ ေနာက္ပိုင္းမွာေတာ့ သူဟာ မေကာင္းဆိုးဝါးအျဖစ္ ေျပာင္းလဲသြားႏိုင္တဲ့ က်ိန္စာမိေနတာကို သိလိုက္ရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကတဲ့ ဒီဇာတ္ေကာင္ရဲ႕ မေကာင္းဆိုးဝါးဆန္တဲ့ ပုံစံကို ျမင္ေတြ႕ခဲ့ရပါတယ္။

(4) No-Face – Spirited Away
photo via screenrant

Spirited Away ကေတာ့ ေအာ္စကာဆု ရရွိခဲ့တဲ့ ပထမဆုံး anime ျဖစ္ၿပီးေတာ့ အလြန္ကို ေအာင္ျမင္ခဲ့တဲ့ anime လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းထဲမွာေတာ့ ဝိဉာဥ္ဇာတ္ေကာင္ေတြ အမ်ားႀကီး ပါဝင္ၿပီးေတာ့ No-Face ကေတာ့ လူအႀကိဳက္အမ်ားဆုံး ဝိဉာဥ္ဇာတ္ေကာင္ေတြထဲက တစ္ေယာက္လို႔ ေျပာလို႔ရပါတယ္။ No-Face ကေတာ့ သရဲလိုမ်ိဴး ဇာတ္ေကာင္တစ္‌ေယာက္ ျဖစ္ၿပီးေတာ့ မ်က္ႏွာဖုံးပဲ ဝတ္ထားကာ မ်က္ႏွာလည္း မရွိသလို အသံလည္း မရွိပါဘူး။

အစတုန္းမွာေတာ့ ဒီဇာတ္ေကာင္ဟာ Chihiro နဲ႔ သူငယ္ခ်င္းလို ပုံစံမ်ိဴး ျပသခဲ့ၿပီး ခ်စ္စရာပုံစံေလးလို႔ ထင္ခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ Chihiro ကို တိုက္ခိုက္ဖို႔ႀကိဳးစားခဲ့ကာ တစ္ျခားလူေတြရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အမူအက်င့္ေတြနဲ႔ ကိုယ္ရည္ကိုယ္ေသြးေတြကိုလည္း ရယူဖို႔အတြက္ လူေတြကို စုပ္ယူတတ္ပါေသးတယ္။ ဒါ့အျပင္ သူဟာ ရန္သူလား မိတ္ေဆြလား ဆိုတာကိုလည္း ခြဲျခားဖို႔အတြက္ မလြယ္ကူပါဘူး။

(3) Lord Okkoto – Princess Mononoke
photo via screenrant

Lord Okkoto ကေတာ့ ေတာဝက္နတ္ဘုရား Nago ေသဆုံးသြားရင္ ေတာဝက္အုပ္စုရဲ႕ ေခါင္းေဆာင္ ျဖစ္လာမယ့္သူပဲ ျဖစ္ပါတယ္။ သူဟာလည္း မေကာင္းဆိုးဝါးဆန္တဲ့ မုန္းတီးမႈေတြေၾကာင့္ပဲ ပ်က္စီးမႈေတြအားလုံးအတြက္ လူသားေတြကို အျပစ္တင္ေနသူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ သူ႔ရဲ႕အုပ္စုနဲ႔အတူ လူသားေတြကို သတ္ျဖတ္ဖို႔အတြက္ေတာင္ လုပ္ခဲ့ပါေသးတယ္။ သူ႔ရဲ႕ပုံသ႑ာန္ဟာလည္း သူ႔ရဲ႕မုန္းတီးမႈေတြ တိုးပြားလာတာနဲ႔အမွ် တျဖည္းျဖည္းနဲ႔ ေၾကာက္ဖို႔ေကာင္းလာခဲ့ပါတယ္။

(2) River Spirit – Spirited Away
photo via screenrant

River Spirit ကလည္း Spirited Away ထဲက ဇာတ္ေကာင္တစ္ေယာက္ပဲ ျဖစ္ၿပီးေတာ့ ေရခ်ိဴးအိမ္ကို လာတဲ့ဧည့္သည္တစ္ေယာက္ ျဖစ္ပါတယ္။ စစလာခ်င္းမွာေတာ့ ႐ႊံ႕ေတြနဲ႔ ဘာေကာင္ႀကီးမွန္း မသိေလာက္ေအာင္ကို ျဖစ္ေနပါတယ္။ ေရခ်ိဴးေနတဲ့အခ်ိန္မွာေတာ့ သူဟာ ေရေအာက္ထဲက ပစၥည္းေတြအမ်ားႀကီးကို စုပ္ယူထားတာကို ေတြ႕ရၿပီး ေနာက္ဆုံးမွာေတာ့ ေၾကာက္ဖို႔ေကာင္းတဲ့ အဘိုးႀကီးမ်က္ႏွာနဲ႔ ပုံစံကို ေတြ႕လိုက္ရပါတယ္။ သူ႔ရဲ႕ပုံစံႏွစ္ခုလုံးကေတာ့ ပုံမွန္မဟုတ္သလို ဘယ္ပုံစံက ပိုၿပီးေၾကာက္ဖို႔ေကာင္းလည္း ဆိုတာေတာ့ ကိုယ္တိုင္ပဲဆုံးျဖတ္လိုက္ပါ။

(1) Dragon – Tales From Earthsea
photo via screenrant

၂၀၀၆ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Tales From Earthsea ကေတာ့ ေမွာ္ပညာေတြ ၊ စုန္းမေတြနဲ႔ နဂါးေတြလိုမ်ိဴး စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္ေကာင္ေတြ ပါဝင္ခဲ့ပါတယ္။ ပုံမွန္ဆိုရင္ေတာ့ နဂါးေတြဟာ လူသားေတြနဲ႔ အေဝးမွာ ေနထိုင္တတ္ၾကၿပီး အေတာ္ေလးကို ျမင္ရခဲပါတယ္။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းထဲမွာေတာ့ နဂါးေတြ ေသာင္းက်န္းေနတာကို လူေတြက တျဖည္းျဖည္းနဲ႔ ျမင္ေတြ႕ေနၾကပါတယ္။ ဒါ့အျပင္ နဂါးဆိုတဲ့အတိုင္းပဲ ပုံစံကေရာ စြမ္းအားေတြေရာ ေၾကာက္ဖို႔ေကာင္းတယ္ ဆိုတာကို ေျပာစရာ မလိုပါဘူး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular