HomeCelebs Update NewsInternationalFashion Editor ကို လှောင်နေတဲ့ Kanye West ကို ဒဲ့ဝုန်းလိုက်တဲ့ Gigi Hadid

Fashion Editor ကို လှောင်နေတဲ့ Kanye West ကို ဒဲ့ဝုန်းလိုက်တဲ့ Gigi Hadid

Gigi Hadid ကတော့ သူမရဲ့မိတ်ဆွေ ဖက်ရှင်အယ်ဒီတာကို လှောင်ပြောင်နေတဲ့ Kanye West ကို တည့်တိုးဝုန်းချလိုက်ပါတယ်။ အဲဒီဖက်ရှင်အယ်ဒီတာကတော့ Gabriella Karefa-Johnson ဖြစ်ပြီး သူမဟာ Garage ရဲ့ ဖက်ရှင်အယ်ဒီတာဖြစ်သလို နာမည်ကျော် Vogue မဂ္ဂဇင်းရဲ့ ဖက်ရှင်အကြံပေးတစ်ယောက်လည်း ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ Gabriella ဟာ မကြာခင် ရက်ပိုင်းက ပြုလုပ်သွားတဲ့ Kanye ရဲ့ Paris Fashion Week ကို တက်ရောက်ခဲ့ပြီး အဲဒီပွဲမှာ မြင်တွေ့လိုက်ရတဲ့ Kanye ရဲ့ “White Lives Matter” စာသားနဲ့ အင်္ကျီကြောင့် သူမရဲ့ခံစားချက်ကို အင်စတာဂရမ်ပေါ်မှာ မျှဝေလိုက်ရာက စတင်ပါတယ်။ ဒီစာသားဟာ အစွန်းရောက်လူဖြူတွေ သုံးစွဲတဲ့စာသား ဖြစ်ပြီး Black Lives Matter လှုပ်ရှားမှုကို မှေးမှိန်သွားအောင် တန်ပြန်ဆောင်ရွက်တဲ့ ဆောင်ပုဒ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

Photo: gabriellak_j/ Instagram

ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်ကို Gabriella က အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ရာမှာတော့ Kanye ဟာ အဲဒီပို့စ်အောက်မှာ လှောင်ပြောင်သရော်တဲ့ ကောမန့်တွေ သွားပေးခဲ့ပါတယ်။ အဲဒါကတော့ အဲဒီနေ့က သူ့ရဲ့ဖက်ရှင်ပွဲကို တက်ရောက်ခဲ့တဲ့ Gabriella ရဲ့ပုံရိပ်တွေကို သွားမန့်ခဲ့တာ ဖြစ်ပါတယ်။ သဘောကတော့ သူ့ဖက်ရှင်ရှိုးကို တက်ရောက်ခဲ့တဲ့အတွက် ဒီအပေါ်မှာ ဝေဖန်မှုတွေ ပြုလုပ်တာဟာ ရယ်စရာဖြစ်တယ်လို့ Kanye က ဆိုလိုချင်တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နာမည်ကျော်မော်ဒယ်လ် Gigi Hadid ကတော့ ရပ်ကြည့်မနေခဲ့ဘဲ သူမရဲ့မိတ်ဆွေဘက်ကနေ ချေပပြောဆိုလိုက်ပါတယ်။ Gabriella ဟာ Gigi ရဲ့ Vogue ကမ်ပိန်းတွေမှာ သူမကိုကူညီပေးခဲ့တဲ့ ဖက်ရှင်အယ်ဒီတာ၊ stylist တစ်ယောက်ဖြစ်ပြီး Gigi ရဲ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေလည်း ဖြစ်ပါတယ်။

Photo: commentsbycelebs/ Instagram

“သူ့ရဲ့ဉာဏ်ရည်ဉာဏ်စွမ်း နည်းနည်းလောက်ဖြစ်ဖြစ်တောင် ရှင့်မှာ ရှိလို့လား။ ရှင် ဘာမှမသိပါဘူး။ ဟားဟား ။ ရှင့်ရဲ့ သောက်အထုပ်ရှုပ်ဟာမှာ ရည်ရွယ်ချက်တစ်ခုခု ရှိခဲ့တယ်ဆိုရင် ရှင့်ကို ကယ်တင်နိုင်မှာ သူတစ်ယောက်တည်းပဲ ရှိတယ်နော်။ ဘာလဲ။ ရှင့်ရဲ့ရှိုးကို အဖိတ်ခံရတာနဲ့ ဂုဏ်ကျက်သရေ ကြီးမားလွန်းသွားတော့ သူဘယ်လိုထင်တယ် ဆိုတာတောင် ပြောခွင့်မရှိတော့ဘူးလား။ ဟာသပဲ။ ရှင်ကလေ သူများကို လိုက်အနိုင်ကျင့်နေတဲ့ လူပြက်ပဲ …”လို့ Gigi က ပြန်ပြောထားပါတယ်။

သို့သော်လည်း အခုအချိန်မှာတော့ အဆိုပါပို့စ်ဟာ Kanye ရဲ့ IG မှာ မရှိတော့ဘဲ ဖျက်လိုက်ပြီ ဖြစ်ပါတယ်။ Gigi ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမရဲ့ IG Story မှာ ထပ်ပြောထားပါသေးတယ်။ အဲဒါကတော့ Gabriella ဟာ ဖက်ရှင်လောကရဲ့ အရေးပါတဲ့ အသံတစ်ခုဖြစ်ပြီး “အဲဒီကျေးဇူးမသိတတ်တဲ့လူကို သင်ကြားပေးလိုက်ပါဦး …”လို့ ပြောထားတာပါ။

Photo: candanceowens/ Twitter

Gabriella ကတော့ Kanye ရဲ့ “White Lives Matter” ဆိုတဲ့ ဆောင်ပုဒ်အသုံးပြုမှုအပေါ် သူမရဲ့ခံစားချက်ကို IG Story မှာ ပြောထားပါတယ်။ သူမကတော့ ဒီစာသားနဲ့ အင်္ကျီတွေကို ဖက်ရှင်လျှောက်လမ်းပေါ်မှာ အသုံးပြုစေတာဟာ အန္တရာယ်များလွန်းပြီး တာဝန်မဲ့လွန်းရာကျတယ်လို့ ဆိုထားပါတယ်။

“ဒီလူ ထုတ်ထားတဲ့ တီရှပ်တွေဟာ တကယ့် အကြမ်းဖက်မှုစစ်စစ်ပါပဲ။ ဘာဆင်ခြေမှ ပေးစရာလည်း မရှိပါဘူး။ ဘာအနုပညာမှလည်း မပါဝင်ပါဘူး။ ကျွန်မ စောစောက ရှင်းရှင်းလင်းလင်း မပြောခဲ့မိတာ တောင်းပန်ပါတယ်။ Kanye ကို မေးကြည့်လိုက်ရင်တော့ သူ့ရဲ့အဲဒီတီရှပ်မှာ တော်လှန်ရေးတွေ၊ အနုပညာတွေ အားလုံးပါဝင်နေတယ်လို့ ပြောမှာ အသေအချာပါပဲ။ ဒါပေမယ့် အဲဒါတွေ တစ်ခုမှ မပါဝင်ပါဘူး …” လို့ ဖက်ရှင်အယ်ဒီတာ Gabriella က ပြောထားပါတယ်။

Vancouver

Source: people

 

RELATED ARTICLES

Most Popular