HomeCelebs Update NewsLocal၂၀၁၉ခုႏွစ္ အကယ္ဒမီဆုစာရင္းမ်ား ေပါက္ၾကားခဲ့မႈ အေရးယူမည္ဟု ဦးဇင္၀ိုင္းဆို

၂၀၁၉ခုႏွစ္ အကယ္ဒမီဆုစာရင္းမ်ား ေပါက္ၾကားခဲ့မႈ အေရးယူမည္ဟု ဦးဇင္၀ိုင္းဆို

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ပူပူေႏြးေႏြး က်င္းပၿပီးစီးသြားခဲ့တဲ့ ၂၀၁၉ခုႏွစ္ ျမန္မာ့ရုပ္ရွင္အကယ္ဒမီေပးပြဲႀကီးဟာ ေ၀ဖန္သံမ်ား မ်ားစြာထြက္ေပၚခဲ့သလို ပြဲက်င္းပေနစဥ္အတြင္းမွာ ဆုစာရင္းအတိအက် ႀကိဳတင္ထြက္ေပၚခဲ့တဲ့အေပၚမွာ စိစစ္အေရးယူမႈေတြ ျပဳလုပ္သြားမယ့္အေၾကာင္း ျမန္မာႏိုင္ငံရုပ္ရွင္အစည္းအရုံး ဥကၠဌဦးဇင္၀ိုင္းက တရား၀င္ေျပာၾကားလိုက္တယ္လို႔ မဇၩိမသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ဥကၠဌႀကီးရဲ႕အဆိုအရ ခါတိုင္းႏွစ္မ်ားမွာ အခုလိုဆုစာရင္း ႀကိဳတင္ေပါက္ၾကားျခင္းမ်ိဳး မရိွဖူးခဲ့ဘဲ ယခုႏွစ္မွသာ ေပါက္ၾကားသြားျခင္း ျဖစ္တယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း သုံးေလးရက္ ႀကိဳမေပါက္ၾကားသြားဘဲ နာရီပိုင္းခန္႔သာ ေစာေပါက္ၾကားသြားျခင္းက တစ္မ်ိဳးသက္သာရာရတယ္လို႔လည္း ဥကၠဌႀကီး ဦးဇင္၀ိုင္းက ဆိုပါတယ္။

ေပါက္ၾကားသြားတယ္ဆိုေပမယ့္ ဆုစာရင္းေရြးခ်ယ္တဲ့ပုံစံဟာ ဘုတ္အဖြဲ႕တစ္ေယာက္ခ်င္းစီက ကိုယ္ေရြးခ်ယ္တဲ့ဇာတ္ကားကို မဲေပးၿပီး စာအိတ္နဲ႔ ထည့္ေပးၿပီးကာမွ နာယကႀကီးမ်ားထံ ေပးပို႔တာ ျဖစ္လို႔ အင္မတန္ စည္းကမ္းတင္းၾကပ္ထားေၾကာင္းကိုလည္း ဥကၠဌႀကီး ဦးဇင္၀ိုင္းက မဇၩိမသတင္းဌာနကို ေျပာၾကားထားပါတယ္။

ယမန္ေန႔ ညပိုင္းခန္႔က အကယ္ဒမီေပးပြဲ ျပဳလုပ္ေနစဥ္အတြင္းမွာ လက္ေရးနဲ႔ ေရးသားထားတဲ့ ဆုစာရင္းတစ္ခု အင္တာနက္စာမ်က္ႏွာေတြေပၚမွာ ထြက္ေပၚလာခဲ့ၿပီး တကယ္ေပးအပ္ခဲ့တဲ့ ဆုစာရင္းေတြနဲ႔ တစ္ထပ္တည္း တူညီေနတာ ျဖစ္ပါတယ္။

၂၀၁၉ခုႏွစ္ ျမန္မာ့ရုပ္ရွင္ထူးခၽြန္ဆုေပးပြဲႀကီးက ခ်ီးျမွင့္ခဲ့တဲ့ ဆုေတြကေတာ့ ရုပ္ရွင္တစ္သက္တာဆုကို ေဒၚျမင့္ျမင့္ခင္၊ အမ်ိဳးသားဇာတ္ေဆာင္ဆုကို သူထူးစံ (ေမွာ္၀င္သမန္းက်ား)၊ အမ်ိဳးသားဇာတ္ပုိ႔ဆုကို ေက်ာ္ေက်ာ္ဗိုလ္ (မုန္းစြဲ)၊ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ေဖြးေဖြး (ေရႊၾကာ)၊ အမ်ိဳးသမီးဇာတ္ပို႔ဆုကို ေအးျမတ္သူ (ေနာင္တြင္ဥဒါန္းတည္ေစသတည္း)၊ အေကာင္းဆုံးဒါရိုက္တာဆုကို ၾသရသ (မုန္းစြဲ)၊ အေကာင္းဆုံးဇာတ္ညႊန္းဆုကို ၀ိုင္း (ေရႊၾကာ)၊ အေကာင္းဆုံးဇာတ္ကားဆုကို ေငြေသာ္တာရုပ္ရွင္ထုတ္လုပ္ေရး (ေရႊၾကာ)၊ ေနာက္ခံေတးဂီတဆုကို ရွလုံးအမ္ေရာနမ္ (မ်က္ႏွာျပင္မ်ား)၊ ဓာတ္ပုံဆုကို ၀င္းလြင္ထက္ (မုန္းစြဲ)၊ ရုပ္ရွင္တည္းျဖတ္ဆုကို ေက်ာ္ခိုင္စိုး (ေရႊၾကာ) နဲ႔ အသံဆုကို ကိုေအး (မုန္းစြဲ)တို႔ပဲ ျဖစ္ပါတယ္။

Xei

(Unicode Version)

ပူပူနွေးနွေး ကျင်းပပြီးစီးသွားခဲ့တဲ့ ၂၀၁၉ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲကြီးဟာ ဝေဖန်သံများ များစွာထွက်ပေါ်ခဲ့သလို ပွဲကျင်းပနေစဉ်အတွင်းမှာ ဆုစာရင်းအတိအကျ ကြိုတင်ထွက်ပေါ်ခဲ့တဲ့အပေါ်မှာ စိစစ်အရေးယူမှုတွေ ပြုလုပ်သွားမယ့်အကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဦးဇင်ဝိုင်းက တရားဝင်ပြောကြားလိုက်တယ်လို့ မဇ္ဈိမသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဥက္ကဌကြီးရဲ့အဆိုအရ ခါတိုင်းနှစ်များမှာ အခုလိုဆုစာရင်း ကြိုတင်ပေါက်ကြားခြင်းမျိုး မရှိဖူးခဲ့ဘဲ ယခုနှစ်မှသာ ပေါက်ကြားသွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ သို့သော်လည်း သုံးလေးရက် ကြိုမပေါက်ကြားသွားဘဲ နာရီပိုင်းခန့်သာ စောပေါက်ကြားသွားခြင်းက တစ်မျိုးသက်သာရာရတယ်လို့လည်း ဥက္ကဌကြီး ဦးဇင်ဝိုင်းက ဆိုပါတယ်။

ပေါက်ကြားသွားတယ်ဆိုပေမယ့် ဆုစာရင်းရွေးချယ်တဲ့ပုံစံဟာ ဘုတ်အဖွဲ့တစ်ယောက်ချင်းစီက ကိုယ်ရွေးချယ်တဲ့ဇာတ်ကားကို မဲပေးပြီး စာအိတ်နဲ့ ထည့်ပေးပြီးကာမှ နာယကကြီးများထံ ပေးပို့တာ ဖြစ်လို့ အင်မတန် စည်းကမ်းတင်းကြပ်ထားကြောင်းကိုလည်း ဥက္ကဌကြီး ဦးဇင်ဝိုင်းက မဇ္ဈိမသတင်းဌာနကို ပြောကြားထားပါတယ်။

ယမန်နေ့ ညပိုင်းခန့်က အကယ်ဒမီပေးပွဲ ပြုလုပ်နေစဉ်အတွင်းမှာ လက်ရေးနဲ့ ရေးသားထားတဲ့ ဆုစာရင်းတစ်ခု အင်တာနက်စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်လာခဲ့ပြီး တကယ်ပေးအပ်ခဲ့တဲ့ ဆုစာရင်းတွေနဲ့ တစ်ထပ်တည်း တူညီနေတာ ဖြစ်ပါတယ်။

၂၀၁၉ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးက ချီးမြှင့်ခဲ့တဲ့ ဆုတွေကတော့ ရုပ်ရှင်တစ်သက်တာဆုကို ဒေါ်မြင့်မြင့်ခင်၊ အမျိုးသားဇာတ်ဆောင်ဆုကို သူထူးစံ (မှော်ဝင်သမန်းကျား)၊ အမျိုးသားဇာတ်ပို့ဆုကို ကျော်ကျော်ဗိုလ် (မုန်းစွဲ)၊ အမျိုးသမီးဇာတ်ဆောင်ဆုကို ဖွေးဖွေး (ရွှေကြာ)၊ အမျိုးသမီးဇာတ်ပို့ဆုကို အေးမြတ်သူ (နောင်တွင်ဥဒါန်းတည်စေသတည်း)၊ အကောင်းဆုံးဒါရိုက်တာဆုကို သြရသ (မုန်းစွဲ)၊ အကောင်းဆုံးဇာတ်ညွှန်းဆုကို ဝိုင်း (ရွှေကြာ)၊ အကောင်းဆုံးဇာတ်ကားဆုကို ငွေသော်တာရုပ်ရှင်ထုတ်လုပ်ရေး (ရွှေကြာ)၊ နောက်ခံတေးဂီတဆုကို ရှလုံးအမ်ရောနမ် (မျက်နှာပြင်များ)၊ ဓာတ်ပုံဆုကို ဝင်းလွင်ထက် (မုန်းစွဲ)၊ ရုပ်ရှင်တည်းဖြတ်ဆုကို ကျော်ခိုင်စိုး (ရွှေကြာ) နဲ့ အသံဆုကို ကိုအေး (မုန်းစွဲ)တို့ပဲ ဖြစ်ပါတယ်။

Xei

RELATED ARTICLES

Most Popular