HomeEntertainmentFilm၂၀၂၁ ခုနှစ်မှာ စတင်ရိုက်ကူးသွားမယ့် Game of Thrones ရဲ့ prequel ဇာတ်လမ်းတွဲ

၂၀၂၁ ခုနှစ်မှာ စတင်ရိုက်ကူးသွားမယ့် Game of Thrones ရဲ့ prequel ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Game of Thrones ဇာတ်လမ်းရဲ့ prequel ဖြစ်တဲ့ House of Dragon ဇာတ်လမ်းတွဲဟာ ၂၀၂၁ ခုနှစ်မှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ Game of Thrones ဇာတ်လမ်းတွဲဟာ HBO အတွက် အောင်မြင်မှုတွေအများကြီး ယူဆောင်လာပေးသလို ဆုတွေလည်း ရရှိခဲ့ပါတယ်။ Game of Thrones ဇာတ်လမ်းတွဲကို ၂၀၁၉ မေလမှာ ပြသပြီးသွားတဲ့အချိန်မှာတော့ HBO ဟာ နောက်ထပ် prequel ဇာတ်လမ်းတွဲ နှစ်ခုကို ဖန်တီးဖို့အတွက် စီစဉ်ခဲ့ပါတယ်။

photo via screenrant

ပထမတစ်ခုကတော့ Bloodmoon သို့မဟုတ် The Long Night လို့ ခေါ်ပြီးတော့ Naomi Watts က သရုပ်ဆောင်သွားဖို့ စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီဇာတ်လမ်းတွဲဟာ Game of Thrones မတိုင်ခင် နှစ်ပေါင်း (၈) ထောင်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရိုက်ကူးရေးတွေ စတင်ပြီး သိပ်မကြာခင်မှာဘဲ ဖျက်သိမ်းခံလိုက်ရပါတယ်။ နောက်တစ်ခုဖြစ်တဲ့ House of Dragon ကတော့ ပိုပြီးတော့လည်း လူစိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ နာမည်အတိုင်းဘဲ Targaryen အိမ်တော်အကြောင်းကို ရိုက်ပြသွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာလမှာတော့ HBO ဥက္ကဌဖြစ်သူ Casey Bloys ကတော့ ဒီဇာတ်လမ်းတွဲဟာ ၂၀၂၂ ခုနှစ်မှာ ပြသသွားမယ်လို့ ပြောခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ Paddy Considine က အဓိကဇာတ်ကောင်ဖြစ်တဲ့ Viserys Targaryen နေရာမှာ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ GOT ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု ထွက်လာခဲ့ပါတယ်။

photo via screenrant

အဲ့ဒါကတော့ Game of Thrones ရဲ့ တွစ်တာကနေ House of Dragon ဟာ ၂၀၂၁ ခုနှစ်မှာ စတင်ရိုက်ကူးသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေအတွက် နဂါးနှစ်ကောင်ရဲ့ first look ကိုလည်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ် ဘယ်အချိန်မှာဆိုပြီးတော့ အတိအကျ ဖော်ပြခဲ့ခြင်းတော့ မရှိပါဘူး။ ဒီဇာတ်လမ်းတွဲကို ၂၀၂၁ ခုနှစ်မှာ စတင်ရိုက်ကူးသွားမယ် ဆိုရင်တော့ HBO ဥက္ကဌဖြစ်သူ Casey Bloys ပြောခဲ့သလို ၂၀၂၂ ခုနှစ်မှာ ပြသနိုင်မှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Game of Thrones ဇာတ္လမ္းရဲ႕ prequel ျဖစ္တဲ့ House of Dragon ဇာတ္လမ္းတြဲဟာ ၂၀၂၁ ခုႏွစ္မွာ စတင္႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။ Game of Thrones ဇာတ္လမ္းတြဲဟာ HBO အတြက္ ေအာင္ျမင္မႈေတြအမ်ားႀကီး ယူေဆာင္လာေပးသလို ဆုေတြလည္း ရရွိခဲ့ပါတယ္။ Game of Thrones ဇာတ္လမ္းတြဲကို ၂၀၁၉ ေမလမွာ ျပသၿပီးသြားတဲ့အခ်ိန္မွာေတာ့ HBO ဟာ ေနာက္ထပ္ prequel ဇာတ္လမ္းတြဲ ႏွစ္ခုကို ဖန္တီးဖို႔အတြက္ စီစဥ္ခဲ့ပါတယ္။

photo via screenrant

ပထမတစ္ခုကေတာ့ Bloodmoon သို႔မဟုတ္ The Long Night လို႔ ေခၚၿပီးေတာ့ Naomi Watts က သ႐ုပ္ေဆာင္သြားဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီဇာတ္လမ္းတြဲဟာ Game of Thrones မတိုင္ခင္ ႏွစ္ေပါင္း (၈) ေထာင္မွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ႐ိုက္ကူးေရးေတြ စတင္ၿပီး သိပ္မၾကာခင္မွာဘဲ ဖ်က္သိမ္းခံလိုက္ရပါတယ္။ ေနာက္တစ္ခုျဖစ္တဲ့ House of Dragon ကေတာ့ ပိုၿပီးေတာ့လည္း လူစိတ္ဝင္စားမႈ ျမင့္တက္လာခဲ့ပါတယ္။

ဒီဇာတ္လမ္းတြဲကေတာ့ နာမည္အတိုင္းဘဲ Targaryen အိမ္ေတာ္အေၾကာင္းကို ႐ိုက္ျပသြားမွာ ျဖစ္ပါတယ္။စက္တင္ဘာလမွာေတာ့ HBO ဥကၠဌျဖစ္သူ Casey Bloys ကေတာ့ ဒီဇာတ္လမ္းတြဲဟာ ၂၀၂၂ ခုႏွစ္မွာ ျပသသြားမယ္လို႔ ေျပာခဲ့ပါတယ္။ သိပ္မၾကာခင္မွာေတာ့ Paddy Considine က အဓိကဇာတ္ေကာင္ျဖစ္တဲ့ Viserys Targaryen ေနရာမွာ သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ဒီေန႔မွာေတာ့ GOT ပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခု ထြက္လာခဲ့ပါတယ္။

photo via screenrant

အဲ့ဒါကေတာ့ Game of Thrones ရဲ႕ တြစ္တာကေန House of Dragon ဟာ ၂၀၂၁ ခုႏွစ္မွာ စတင္႐ိုက္ကူးသြားမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြအတြက္ နဂါးႏွစ္ေကာင္ရဲ႕ first look ကိုလည္း ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္လည္း ၂၀၂၁ ခုႏွစ္ ဘယ္အခ်ိန္မွာဆိုၿပီးေတာ့ အတိအက် ေဖာ္ျပခဲ့ျခင္းေတာ့ မရွိပါဘူး။ ဒီဇာတ္လမ္းတြဲကို ၂၀၂၁ ခုႏွစ္မွာ စတင္႐ိုက္ကူးသြားမယ္ ဆိုရင္ေတာ့ HBO ဥကၠဌျဖစ္သူ Casey Bloys ေျပာခဲ့သလို ၂၀၂၂ ခုႏွစ္မွာ ျပသႏိုင္မွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular