HomeEntertainmentFilmGame of Thrones မှာ Robb Stark သာ အသက်ရှင်ခဲ့မယ်ဆိုရင် ပြောင်းလဲသွားနိုင်တဲ့အချက်များ 

Game of Thrones မှာ Robb Stark သာ အသက်ရှင်ခဲ့မယ်ဆိုရင် ပြောင်းလဲသွားနိုင်တဲ့အချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Robb Stark ဟာ Red Wedding မှာ သစ္စာအဖောက်မခံရခင်တုန်းက Westeros ရဲ့ အရေးပါတဲ့ နိုင်ငံရေးအာဏာရှိသူတစ်ယောက် ဖြစ်ပါတယ်။ တကယ်လို့ Red Wedding သာ မရှိခဲ့ရင်၊ ဒါမှမဟုတ် အဲ့ဒီ့သစ္စာဖောက်မှုကနေ တစ်နည်းနည်းနဲ့ Robb သာ အသက်ရှင်ကျန်ရစ်မယ်ဆိုရင် Game of Thrones (GoT) ရ‌ဲ့ ဇာတ်သိမ်းဟာ အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။ ရာစုနှစ်သုံးခုကျော်မှာမှ ပထမဆုံး မြောက်ပိုင်းရဲ့ ဘုရင်ဖြစ်လာတဲ့ Robb Stark ဟာ Westeros မှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လို့ ဇာတ်ကောင်များစွာရဲ့ ကံကြမ္မာဟာလည်း သိသိသာသာ ပြောင်းလဲသွားနိုင်ပါတယ်။ ဘယ်လိုတွေ ပြောင်းလဲသွားနိုင်လည်းဆိုတဲ့ ဖြစ်နိုင်ချေတွေကို ကြည့်လိုက်ကြရအောင်။

Stark တွေ စစ်နိုင်မယ်။
Photo via screenrant

ဘုရင်ငါးယောက်ရဲ့ တိုက်ပွဲဟာ Robb သာ အသက်ရှင်ခဲ့မယ်ဆိုရင် လုံးဝကို ရလဒ် ပြောင်းလဲသွားနိုင်ပါတယ်။ Lannister တွေဟာ Red Wedding နဲ့ Stark တွေကို အနိုင်ပိုင်းခဲ့ပေမယ့် အဲ့ဒီ့နောက် မကြာခင်မှာပဲ Tywin နဲ့ Joffrey ကို ဆုံးရှုံးခဲ့ရပါတယ်။ တကယ်လို့ Robb သာ အသက်ရှင်မယ်ဆိုရင် Lannister အိမ်တော်ရဲ့ ပြိုလဲမှုကို ချက်ကောင်းအဖြစ် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

Robb အသက်ရှင်ကျန်ရစ်မှုရဲ့ ဖြစ်နိုင်ချေတစ်ခုကတော့ Stark အိမ်တော်အတွက် အကြီးမားဆုံး လက်စားချေမှုကိုပါ ယူဆောင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဝံပုလွေပျိုလေးဟာ သူ့ဖခင်ရဲ့ သေဆုံးမှုကို လက်စားချေနိုင်ပြီး ရန်သူတွေကို ချေမှုန်းပစ်ရုံသာမက တစ်ဖက်မှာလည်း မြောက်ပိုင်းကို ကိုယ်တိုင်အုပ်ချုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။

မြောက်ပိုင်းကို Robb ပြန်လာနိုင်မယ်။
Photo via screenrant

မြောက်ပိုင်းရဲ့ဘုရင်ဟာ အရွယ်ရောက်ပြီးတည်းက သူ့ရဲ့ဇာတိမြေမှာ နေထိုင်ချိန် အလွန်နည်းပါးခဲ့ပါတယ်။ ဖခင်ဖြစ်သူ Ned Stark ရဲ့ အဖမ်းခံရမှုမှာ မြောက်ပိုင်းက တပ်တွေအားလုံးဟာ Lannister အိမ်တော်နဲ့ ရင်ဆိုင်ဖို့ တောင်ပိုင်းဆီ ချီတက်ခဲ့ကြရတာ ဖြစ်ပါတယ်။ Robb မရှိတဲ့ Winterfell ဟာ အားနည်းနေခဲ့တာ ဖြစ်ပြီး season 2 မှာတော့ Theon Greyjoy နဲ့ သူ့ရဲ့သံကျွန်းဖွား စစ်သည်တော်တွေရဲ့ လက်အောက်မှာ လျင်မြန်စွာပဲ ကျရှုံးခဲ့ရတာ ဖြစ်ပါတယ်။

တကယ်လို့ Robb သာ Frey အိမ်တော်မှာ ရက်ရက်စက်စက် အသတ်မခံခဲ့ဘူးဆိုရင် သူ့ရဲ့ချစ်စွာသော မွေးရပ်မြေကို ပြန်လာနိုင်မှာဖြစ်ပြီး သံကျွန်းဖွားတွေကိုလည်း သုတ်သင်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Winterfell ဟာလည်း လာမယ့်စစ်ပွဲတွေအတွက် ခိုင်မာတဲ့ ခံတပ်တစ်ခုအဖြစ် ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

Lannister တွေနဲ့ ငြိမ်းချမ်းရေး ရယူနိုင်မယ်။
Photo via screenrant

မဖြစ်နိုင်တဲ့ အရာတစ်ခုလို့ ထင်ရပေမယ့် Lannister အိမ်တော်နဲ့ Stark အိမ်တော်မှာ စစ်ပြေငြိမ်းသွားနိုင်ပါတယ်။ အကြောင်းကတော့ Robb မသေဆုံးခင်မှာ သူ့ရဲ့စစ်ပွဲဟာ အားပျော့နေခဲ့လို့ပဲ ဖြစ်ပါတယ်။ Talisa ကို လက်ထပ်လိုက်ရာက Robb အတွက် တန်ဖိုးရှိတဲ့ မဟာမိတ်တွေကို ဆုံးရှုံးသွားခဲ့သလို Karstark အိမ်တော်ရဲ့သခင် Rickard Karstark ကို ကွပ်မျက်လိုက်တာကြောင့်လည်း မြောက်ပိုင်းသားများစွာရဲ့ စိတ်ပျက်မှုကို ရရှိခဲ့တာတွေက Stark အိမ်တော်ကို အားနည်းစေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း Robb သာ အသက်ရှင်နေခဲ့မယ်ဆိုရင် သူ့အိမ်တော်ရဲ့ လုံခြုံမှုနဲ့ သူ့ညီမလေးတွေကို ကယ်တင်ဖို့အတွက် Tywin Lannister နဲ့ စစ်ပြေငြိမ်းဖို့ ညှိနှိုင်းရတော့မှာ ဖြစ်ပါတယ်။ Joffrey က Ned Stark ကို ကွပ်မျက်လိုက်မှုကြောင့် ဝံပုလွေပျိုနဲ့ စစ်ပွဲရင်ဆိုင်ခဲ့ရတဲ့ ဘုရင့်လက်ထောက်ကြီးဟာ တကယ်လို့ Stark အိမ်တော်ဘက်ကသာ အလျှော့ပေးမယ်လို့ ကမ်းလှမ်းလာခဲ့ရင် ဒီအဆိုပြုချက်ကို ကြိုဆိုမှာ ဖြစ်ပါတယ်။

The Wall ဆီ သွားရမယ်။
Photo via screenrant

ဝံပုလွေပျိုသာ အသက်ရှင်မယ်ဆို ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုတစ်ခုကတော့ Night’s Watch အဖွဲ့နဲ့ ပူးပေါင်းဖို့ Wall ဆီကို သွားရတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Tywin အနေနဲ့ အလျှော့ပေးလာတဲ့ Stark တွေကို ဒီအတိုင်းလေး ချမ်းသာပေးလိုက်ဖို့ဆိုတာ အခွင့်အရေး နည်းပါးတာကြောင့်ပါပဲ။ ဒါကြောင့် ရလာတဲ့ အခွင့်အရေးကို အသုံးချတဲ့အနေနဲ့ သူတို့ရဲ့ပြိုင်ဘက် Stark တွေကို ခုနှစ်ပြည်ထောင်ကနေ ဖယ်ရှားပါလိမ့်မယ်။ တစ်ဖက်ကလည်း မြောက်ပိုင်းက ဆူပူထကြွမှာတွေကို နှိမ်နင်းပြီးသား ဖြစ်စေဖို့ ဝံပုလွေပျိုလေးကို အသက်တော့ ချမ်းသာပေးပါလိမ့်မယ်။

ဒီတော့ ပြိုင်ဘက်ရဲ့ရန်က အေးစေဖို့ Tywin ဟာ Robb ကို Wall ဆီ သွားခိုင်းပါလိမ့်မယ်။ ဒီမှာတင် သူ့ရဲ့အဖေတူအမေကွဲ ညီ တစ်ဖြစ်လည်း ဝမ်းကွဲညီလေး Jon Snow နဲ့ Robb တို့ ရဲတိုက်နက်မှာ ပြန်ဆုံကြပါလိမ့်မယ်။ ဒီတော့ အတူတူဖြစ်သွားတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ season 6 မှာ Sansa နဲ့ ပြန်ဆုံပြီး Winterfell ကို Bolton တွေဆီကနေ ပြန်သိမ်းယူကြပါလိမ့်မယ်။

Jon Snow နဲ့အတူ White Walker တွေကို တိုက်ခိုက်မယ်။
Photo via screenrant

Robb နဲ့ Jon တို့သာ ရဲတိုက်နက်မှာ အတူတူ ပြန်ဆုံဖြစ်ကြမယ်ဆိုရင် Night King နဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ့် Hardhome ၊ The Long Night စတဲ့ စစ်ပွဲတွေမှာ အတူတူ တိုက်ခိုက်ဖြစ်ကြပါလိမ့်မယ်။ ငယ်ငယ်တည်းက ခွဲမရခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ အခုလိုပုံစံနဲ့ ပြန်ဆုံကြမယ်ဆိုရင်လည်း Robb အနေနဲ့ အန္တရာယ်များလွန်းတဲ့ ဒီတိုက်ပွဲမှာ Jon ကို တစ်ယောက်တည်း သွားခိုင်းမှာ မဟုတ်တာ အသေအချာပါပဲ။

Robb မှာ ဗလေးရီးယန်းဓားတော့ မရှိပေမယ့် သူဟာ နာမည်ကျော် စစ်သူရဲကောင်းတစ်ယောက် ဖြစ်ပြီး ဘေးနားမှာလည်း မိတ်ဆွေကြီး ဝံပုလွေ Grey Wind ရှိနေတာကြောင့် သေချာပေါက် white walker တွေနဲ့ တိုက်ပွဲမှာ ကူညီနိုင်မှာ ဖြစ်ပါတယ်။ Jon နဲ့ လူသေစစ်တပ်ကြီးကြားက တိုက်ပွဲဟာ Robb သာ ရှိနေမယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်စရာပါပဲ။

Rickon ကို ကယ်နိုင်မယ်။
Photo via screenrant

Robb ရဲ့ အသက်ရှင်မှုဟာ နောက်ထပ် Stark တစ်ယောက်ရဲ့ အသက်ကိုပါ ကယ်တင်နိုင်ကောင်းပါတယ်။ Rickon ဟာ season 3 မှာတည်းက Bran နဲ့ လမ်းခွဲပြီး Osha နဲ့ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ season 6 မှာတော့ Rickon နဲ့ Osha တို့ နှစ်ယောက်စလုံးဟာ Ramsay Bolton ရဲ့ လက်ချက်မိခဲ့ရပါတယ်။

ဖြစ်နိုင်ချေ နောက်တစ်ခုအနေနဲ့ Robb သာ မြောက်ပိုင်းကို အသက်ရှင်လျက် ပြန်လာနိုင်ခဲ့မယ်ဆိုရင် မြောက်ပိုင်းသားတွေရဲ့ လေးစားမှုကို အရင်ကထက် ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒုတိယအကြိမ်အဖြစ် မြောက်ပိုင်းက အင်အားတွေကို စုပေါင်းနိုင်မှာဖြစ်ပြီး Bolton တွေကို ချေမှုန်းကာ ညီငယ်လေး Rickon ကိုလည်း ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

သရဖူဟာ Sansa အတွက် မဟုတ်နိုင်တော့ပါဘူး။
Photo via screenrant

Robb ရဲ့ အသက်ရှင်မှုဟာ Stark အိမ်တော်တစ်ခုလုံးက မောင်နှမတွေအားလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲသွားစေနိုင်ပါသေးတယ်။ Robb သာ ရှိနေသေးမယ်ဆိုရင် Sansa အနေနဲ့ မြောက်ပိုင်းရဲ့ဘုရင်မ ဖြစ်လာမှာကို မဟုတ်ပါဘူး။ တကယ်လို့ အပေါ်က ပြောထားတဲ့ ဖြစ်နိုင်ချေလိုပဲ Robb သာ Rickon ကိုလည်း အသက်ရှင်လျက် ကယ်နိုင်ခဲ့မယ်ဆိုရင် မြောက်ပိုင်းရဲ့ သရဖူဟာ Sansa ဆီ မရောက်ခင် Rickon ဆီကို ရောက်ရမှာ ဖြစ်ပါတယ်။

Arya ရဲ့ နောက်ဆုံးခန်းဟာလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်လောက်ပါသေးတယ်။ Winterfell မှာ သူရဲကောင်းတွေ ရှိနေသေးတယ်ဆိုတဲ့ အချက်ဟာ သူမကို အထုပ်ပြင်ပြီး ထွက်မသွားအောင် တားနိုင်မယ့် လှုံ့ဆော်မှုတစ်ခု ဖြစ်နိုင်ပါသေးတယ်။

Bran အစား Robb က သံပုလ္လင်ပေါ်မှာ ထိုင်ဖို့ ရွေးကောက်ခံရမယ်။
Photo via screenrant

Red Wedding သာ မဖြစ်ခဲ့ဘူးဆိုရင် စီးရီးရဲ့အဆုံးမှာ သံပုလ္လင်ပေါ်ကို ထိုင်ဖို့ လျာထားခံရသူတွေထဲမှာ တစ်ယောက် ထပ်တိုးလာဦးမှာ ဖြစ်ပါတယ်။ Robb ဟာ Ned Stark ရဲ့ အကြီးဆုံးသား အရိုက်အရာ ဆက်ခံသူဖြစ်သလို မြောက်ပိုင်းတစ်ခုလုံးက ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်ကြောင်း သူ့လူတွေကို သက်သေပြပြီးသား လူတစ်ယောက် ဖြစ်တာကြောင့် သူ့အနေနဲ့လည်း သံပုလ္လင်ပေါ်မှာ ထိုင်ဖို့ ထိုက်တန်သူတစ်ယောက် ဖြစ်ပါတယ်။

ဒါကြောင့် Robb သာ အသက်ရှင်ဦးမယ်ဆိုရင် Bran က ခုနှစ်ပြည်ထောင်ရဲ့ ဘုရင် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီနေရာအတွက် Robb ကိုသာ ကမ်းလှမ်းကြမှာ ဖြစ်ပါတယ်။ Robb ကိုယ်တိုင်ကတော့ Winterfell ကို ပြန်ချင်စိတ်သာ ကြီးစိုးနေရင် ဒီရာထူးကြီးကို လက်ခံမှာ မဟုတ်လောက်ပါဘူး။ ဒါမှမဟုတ်လည်း ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး ခုနှစ်ပြည်ထောင်တစ်ခုလုံးကို ပိုမိုကောင်းမွန်အောင် အုပ်ချုပ်သွားတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

နဂါးမေမေနဲ့ စစ်ဖြစ်မယ်။
Photo via screenrant

Robb ဟာ Westeros ကို Daenerys Targaryen ရောက်မလာခင်တည်းက ကြွေလွင့်သွားခဲ့ရသူ ဖြစ်ပါတယ်။ တကယ်လို့ သူသာ အသက်ရှင်ဦးမယ်ဆိုရင် သေချာပေါက်ကို နဂါးမေမေနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Robb ဟာ မြောက်ပိုင်းကို လွတ်လပ်ရေးရဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ခိုက်ခဲ့သူဖြစ်ပြီး Daenerys ကတော့ Westeros တစ်ခုလုံးကို သိမ်းပိုက်ချင်သူ ဖြစ်တာကြောင့် သေချာပေါက်ကို ထိပ်တိုက်တွေ့ရမှာပါ။

ဒီလိုရင်ဆိုင်တွေ့ပြီဆိုရင်လည်း Robb ရဲ့ အင်အားဟာ Lannister တွေနဲ့ တိုက်ခိုက်ထားရလို့ ယုတ်လျော့နေမှာ ဖြစ်တာကြောင့် Daenerys ရဲ့ အင်အားနဲ့တော့ ဘယ်လိုမှ ယှဉ်လို့ရမှာ မဟုတ်တာ အသေအချာပါပဲ။ ဒီအကြပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် Robb ဟာ Daenerys နဲ့ လက်ထပ်ပြီး မဟာမိတ်ဖွဲ့တာမျိုးလည်း ဖြစ်လာနိုင်ပါသေးတယ်။

Lannister တွေကို ရှုံးနိမ့်ရဦးမယ့် Stark အိမ်တော်
Photo via screenrant

Robb အနေနဲ့ Red Wedding မှာ အသက်ရှင်ခဲ့မယ်ဆိုရင်တောင် Lannister အိမ်တော်ကို အောင်နိုင်သွားမယ်လို့ အာမခံချက် မရှိပါဘူး။ season 3 မှာဆိုရင် သူ့ဘက်မှာ အားနည်းလာတာကို မြင်တွေ့ရမှာဖြစ်ပြီး တစ်ဖက်က Lannister အိမ်တော်ကတော့ Tyrell တွေနဲ့ မဟာမိတ်ဖွဲ့လိုက်တဲ့ ကျေးဇူးကြောင့် ပိုပြီးတောင့်တင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် Robb အနေနဲ့ Frey အိမ်တော်က လက်ချက်ကို ရှောင်လွဲနိုင်ခဲ့ရင်တောင် နောက်ဆုံးမှာတော့ Tywin ရဲ့ လက်စာနဲ့ ကြွေလွင့်ရဦးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Joffrey ဟာလည်း သူ့ရဲ့ရန်သူဆိုရင် သတ်ပစ်ဖို့ကိုပဲ ဆုံးဖြတ်ထားတာကြောင့် Stark အိမ်တော်ကို ဖျက်ဆီးဖို့အတွက် သူ့အာဏာစက်နဲ့ တတ်နိုင်သမျှ အားလုံးကို လုပ်သွားမယ်ဆိုတာ သံသယဝင်စရာ မလိုပါဘူး။

ဒါကတော့ Robb Stark သာ အသက်ရှင်ခဲ့မယ်ဆိုရင် ပြောင်းလဲသွားနိုင်တဲ့ ဖြစ်နိုင်ချေတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ တွေးမိတဲ့ အခြားဖြစ်နိုင်ချေတွေ ရှိသေးရင်လည်း ပြန်လည်ဆွေးနွေးပေးပါဦးလို့ ဖိတ်ခေါ်ပါတယ်။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Robb Stark ဟာ Red Wedding မွာ သစၥာအေဖာက္မခံရခင္တုန္းက Westeros ရဲ႕ အေရးပါတဲ့ ႏိုင္ငံေရးအာဏာရွိသူတစ္ေယာက္ ျဖစ္ပါတယ္။ တကယ္လို႔ Red Wedding သာ မရွိခဲ့ရင္၊ ဒါမွမဟုတ္ အဲ့ဒီ့သစၥာေဖာက္မႈကေန တစ္နည္းနည္းနဲ႔ Robb သာ အသက္ရွင္က်န္ရစ္မယ္ဆိုရင္ Game of Thrones (GoT) ရ‌ဲ့ ဇာတ္သိမ္းဟာ အမ်ားႀကီး ေျပာင္းလဲသြားႏိုင္ပါတယ္။ ရာစုႏွစ္သုံးခုေက်ာ္မွာမွ ပထမဆုံး ေျမာက္ပိုင္းရဲ႕ ဘုရင္ျဖစ္လာတဲ့ Robb Stark ဟာ Westeros မွာ အေရးပါတဲ့ ပုဂၢိဳလ္တစ္ေယာက္ျဖစ္လို႔ ဇာတ္ေကာင္မ်ားစြာရဲ႕ ကံၾကမၼာဟာလည္း သိသိသာသာ ေျပာင္းလဲသြားႏိုင္ပါတယ္။ ဘယ္လိုေတြ ေျပာင္းလဲသြားႏိုင္လည္းဆိုတဲ့ ျဖစ္ႏိုင္ေခ်ေတြကို ၾကည့္လိုက္ၾကရေအာင္။

Stark ေတြ စစ္ႏိုင္မယ္။
Photo via screenrant

ဘုရင္ငါးေယာက္ရဲ႕ တိုက္ပြဲဟာ Robb သာ အသက္ရွင္ခဲ့မယ္ဆိုရင္ လုံးဝကို ရလဒ္ ေျပာင္းလဲသြားႏိုင္ပါတယ္။ Lannister ေတြဟာ Red Wedding နဲ႔ Stark ေတြကို အႏိုင္ပိုင္းခဲ့ေပမယ့္ အဲ့ဒီ့ေနာက္ မၾကာခင္မွာပဲ Tywin နဲ႔ Joffrey ကို ဆုံးရႈံးခဲ့ရပါတယ္။ တကယ္လို႔ Robb သာ အသက္ရွင္မယ္ဆိုရင္ Lannister အိမ္ေတာ္ရဲ႕ ၿပိဳလဲမႈကို ခ်က္ေကာင္းအျဖစ္ အသုံးခ်ႏိုင္မွာ ျဖစ္ပါတယ္။

Robb အသက္ရွင္က်န္ရစ္မႈရဲ႕ ျဖစ္ႏိုင္ေခ်တစ္ခုကေတာ့ Stark အိမ္ေတာ္အတြက္ အႀကီးမားဆုံး လက္စားေခ်မႈကိုပါ ယူေဆာင္ေပးႏိုင္မွာပဲ ျဖစ္ပါတယ္။ ဝံပုေလြပ်ိဳေလးဟာ သူ႔ဖခင္ရဲ႕ ေသဆုံးမႈကို လက္စားေခ်ႏိုင္ၿပီး ရန္သူေတြကို ေခ်မႈန္းပစ္႐ုံသာမက တစ္ဖက္မွာလည္း ေျမာက္ပိုင္းကို ကိုယ္တိုင္အုပ္ခ်ဳပ္ႏိုင္ဦးမွာ ျဖစ္ပါတယ္။

ေျမာက္ပိုင္းကို Robb ျပန္လာႏိုင္မယ္။
Photo via screenrant

ေျမာက္ပိုင္းရဲ႕ဘုရင္ဟာ အ႐ြယ္ေရာက္ၿပီးတည္းက သူ႔ရဲ႕ဇာတိေျမမွာ ေနထိုင္ခ်ိန္ အလြန္နည္းပါးခဲ့ပါတယ္။ ဖခင္ျဖစ္သူ Ned Stark ရဲ႕ အဖမ္းခံရမႈမွာ ေျမာက္ပိုင္းက တပ္ေတြအားလုံးဟာ Lannister အိမ္ေတာ္နဲ႔ ရင္ဆိုင္ဖို႔ ေတာင္ပိုင္းဆီ ခ်ီတက္ခဲ့ၾကရတာ ျဖစ္ပါတယ္။ Robb မရွိတဲ့ Winterfell ဟာ အားနည္းေနခဲ့တာ ျဖစ္ၿပီး season 2 မွာေတာ့ Theon Greyjoy နဲ႔ သူ႔ရဲ႕သံကြၽန္းဖြား စစ္သည္ေတာ္ေတြရဲ႕ လက္ေအာက္မွာ လ်င္ျမန္စြာပဲ က်ရႈံးခဲ့ရတာ ျဖစ္ပါတယ္။

တကယ္လို႔ Robb သာ Frey အိမ္ေတာ္မွာ ရက္ရက္စက္စက္ အသတ္မခံခဲ့ဘူးဆိုရင္ သူ႔ရဲ႕ခ်စ္စြာေသာ ေမြးရပ္ေျမကို ျပန္လာႏိုင္မွာျဖစ္ၿပီး သံကြၽန္းဖြားေတြကိုလည္း သုတ္သင္ဖယ္ရွားႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Winterfell ဟာလည္း လာမယ့္စစ္ပြဲေတြအတြက္ ခိုင္မာတဲ့ ခံတပ္တစ္ခုအျဖစ္ က်န္ရွိေနဦးမွာ ျဖစ္ပါတယ္။

Lannister ေတြနဲ႔ ၿငိမ္းခ်မ္းေရး ရယူႏိုင္မယ္။
Photo via screenrant

မျဖစ္ႏိုင္တဲ့ အရာတစ္ခုလို႔ ထင္ရေပမယ့္ Lannister အိမ္ေတာ္နဲ႔ Stark အိမ္ေတာ္မွာ စစ္ေျပၿငိမ္းသြားႏိုင္ပါတယ္။ အေၾကာင္းကေတာ့ Robb မေသဆုံးခင္မွာ သူ႔ရဲ႕စစ္ပြဲဟာ အားေပ်ာ့ေနခဲ့လို႔ပဲ ျဖစ္ပါတယ္။ Talisa ကို လက္ထပ္လိုက္ရာက Robb အတြက္ တန္ဖိုးရွိတဲ့ မဟာမိတ္ေတြကို ဆုံးရႈံးသြားခဲ့သလို Karstark အိမ္ေတာ္ရဲ႕သခင္ Rickard Karstark ကို ကြပ္မ်က္လိုက္တာေၾကာင့္လည္း ေျမာက္ပိုင္းသားမ်ားစြာရဲ႕ စိတ္ပ်က္မႈကို ရရွိခဲ့တာေတြက Stark အိမ္ေတာ္ကို အားနည္းေစခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း Robb သာ အသက္ရွင္ေနခဲ့မယ္ဆိုရင္ သူ႔အိမ္ေတာ္ရဲ႕ လုံၿခဳံမႈနဲ႔ သူ႔ညီမေလးေတြကို ကယ္တင္ဖို႔အတြက္ Tywin Lannister နဲ႔ စစ္ေျပၿငိမ္းဖို႔ ညႇိႏႈိင္းရေတာ့မွာ ျဖစ္ပါတယ္။ Joffrey က Ned Stark ကို ကြပ္မ်က္လိုက္မႈေၾကာင့္ ဝံပုေလြပ်ိဳနဲ႔ စစ္ပြဲရင္ဆိုင္ခဲ့ရတဲ့ ဘုရင့္လက္ေထာက္ႀကီးဟာ တကယ္လို႔ Stark အိမ္ေတာ္ဘက္ကသာ အေလွ်ာ့ေပးမယ္လို႔ ကမ္းလွမ္းလာခဲ့ရင္ ဒီအဆိုျပဳခ်က္ကို ႀကိဳဆိုမွာ ျဖစ္ပါတယ္။

The Wall ဆီ သြားရမယ္။
Photo via screenrant

ဝံပုေလြပ်ိဳသာ အသက္ရွင္မယ္ဆို ျဖစ္လာႏိုင္တဲ့ ေျပာင္းလဲမႈတစ္ခုကေတာ့ Night’s Watch အဖြဲ႕နဲ႔ ပူးေပါင္းဖို႔ Wall ဆီကို သြားရတာပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Tywin အေနနဲ႔ အေလွ်ာ့ေပးလာတဲ့ Stark ေတြကို ဒီအတိုင္းေလး ခ်မ္းသာေပးလိုက္ဖို႔ဆိုတာ အခြင့္အေရး နည္းပါးတာေၾကာင့္ပါပဲ။ ဒါေၾကာင့္ ရလာတဲ့ အခြင့္အေရးကို အသုံးခ်တဲ့အေနနဲ႔ သူတို႔ရဲ႕ၿပိဳင္ဘက္ Stark ေတြကို ခုႏွစ္ျပည္ေထာင္ကေန ဖယ္ရွားပါလိမ့္မယ္။ တစ္ဖက္ကလည္း ေျမာက္ပိုင္းက ဆူပူထႂကြမွာေတြကို ႏွိမ္နင္းၿပီးသား ျဖစ္ေစဖို႔ ဝံပုေလြပ်ိဳေလးကို အသက္ေတာ့ ခ်မ္းသာေပးပါလိမ့္မယ္။

ဒီေတာ့ ၿပိဳင္ဘက္ရဲ႕ရန္က ေအးေစဖို႔ Tywin ဟာ Robb ကို Wall ဆီ သြားခိုင္းပါလိမ့္မယ္။ ဒီမွာတင္ သူ႔ရဲ႕အေဖတူအေမကြဲ ညီ တစ္ျဖစ္လည္း ဝမ္းကြဲညီေလး Jon Snow နဲ႔ Robb တို႔ ရဲတိုက္နက္မွာ ျပန္ဆုံၾကပါလိမ့္မယ္။ ဒီေတာ့ အတူတူျဖစ္သြားတဲ့ ညီအစ္ကိုႏွစ္ေယာက္ဟာ season 6 မွာ Sansa နဲ႔ ျပန္ဆုံၿပီး Winterfell ကို Bolton ေတြဆီကေန ျပန္သိမ္းယူၾကပါလိမ့္မယ္။

Jon Snow နဲ႔အတူ White Walker ေတြကို တိုက္ခိုက္မယ္။
Photo via screenrant

Robb နဲ႔ Jon တို႔သာ ရဲတိုက္နက္မွာ အတူတူ ျပန္ဆုံျဖစ္ၾကမယ္ဆိုရင္ Night King နဲ႔ ရင္ဆိုင္တိုက္ခိုက္ရမယ့္ Hardhome ၊ The Long Night စတဲ့ စစ္ပြဲေတြမွာ အတူတူ တိုက္ခိုက္ျဖစ္ၾကပါလိမ့္မယ္။ ငယ္ငယ္တည္းက ခြဲမရခဲ့ၾကတဲ့ သူတို႔ႏွစ္ဦးဟာ အခုလိုပုံစံနဲ႔ ျပန္ဆုံၾကမယ္ဆိုရင္လည္း Robb အေနနဲ႔ အႏၲရာယ္မ်ားလြန္းတဲ့ ဒီတိုက္ပြဲမွာ Jon ကို တစ္ေယာက္တည္း သြားခိုင္းမွာ မဟုတ္တာ အေသအခ်ာပါပဲ။

Robb မွာ ဗေလးရီးယန္းဓားေတာ့ မရွိေပမယ့္ သူဟာ နာမည္ေက်ာ္ စစ္သူရဲေကာင္းတစ္ေယာက္ ျဖစ္ၿပီး ေဘးနားမွာလည္း မိတ္ေဆြႀကီး ဝံပုေလြ Grey Wind ရွိေနတာေၾကာင့္ ေသခ်ာေပါက္ white walker ေတြနဲ႔ တိုက္ပြဲမွာ ကူညီႏိုင္မွာ ျဖစ္ပါတယ္။ Jon နဲ႔ လူေသစစ္တပ္ႀကီးၾကားက တိုက္ပြဲဟာ Robb သာ ရွိေနမယ္ဆိုရင္ တန္ဖိုးမျဖတ္ႏိုင္စရာပါပဲ။

Rickon ကို ကယ္ႏိုင္မယ္။
Photo via screenrant

Robb ရဲ႕ အသက္ရွင္မႈဟာ ေနာက္ထပ္ Stark တစ္ေယာက္ရဲ႕ အသက္ကိုပါ ကယ္တင္ႏိုင္ေကာင္းပါတယ္။ Rickon ဟာ season 3 မွာတည္းက Bran နဲ႔ လမ္းခြဲၿပီး Osha နဲ႔ ေနထိုင္ခဲ့ရတာ ျဖစ္ပါတယ္။ season 6 မွာေတာ့ Rickon နဲ႔ Osha တို႔ ႏွစ္ေယာက္စလုံးဟာ Ramsay Bolton ရဲ႕ လက္ခ်က္မိခဲ့ရပါတယ္။

ျဖစ္ႏိုင္ေခ် ေနာက္တစ္ခုအေနနဲ႔ Robb သာ ေျမာက္ပိုင္းကို အသက္ရွင္လ်က္ ျပန္လာႏိုင္ခဲ့မယ္ဆိုရင္ ေျမာက္ပိုင္းသားေတြရဲ႕ ေလးစားမႈကို အရင္ကထက္ ရရွိသြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒုတိယအႀကိမ္အျဖစ္ ေျမာက္ပိုင္းက အင္အားေတြကို စုေပါင္းႏိုင္မွာျဖစ္ၿပီး Bolton ေတြကို ေခ်မႈန္းကာ ညီငယ္ေလး Rickon ကိုလည္း ကယ္တင္ႏိုင္မွာ ျဖစ္ပါတယ္။

သရဖူဟာ Sansa အတြက္ မဟုတ္ႏိုင္ေတာ့ပါဘူး။
Photo via screenrant

Robb ရဲ႕ အသက္ရွင္မႈဟာ Stark အိမ္ေတာ္တစ္ခုလုံးက ေမာင္ႏွမေတြအားလုံးရဲ႕ ကံၾကမၼာကို ေျပာင္းလဲသြားေစႏိုင္ပါေသးတယ္။ Robb သာ ရွိေနေသးမယ္ဆိုရင္ Sansa အေနနဲ႔ ေျမာက္ပိုင္းရဲ႕ဘုရင္မ ျဖစ္လာမွာကို မဟုတ္ပါဘူး။ တကယ္လို႔ အေပၚက ေျပာထားတဲ့ ျဖစ္ႏိုင္ေခ်လိုပဲ Robb သာ Rickon ကိုလည္း အသက္ရွင္လ်က္ ကယ္ႏိုင္ခဲ့မယ္ဆိုရင္ ေျမာက္ပိုင္းရဲ႕ သရဖူဟာ Sansa ဆီ မေရာက္ခင္ Rickon ဆီကို ေရာက္ရမွာ ျဖစ္ပါတယ္။

Arya ရဲ႕ ေနာက္ဆုံးခန္းဟာလည္း တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲသြားႏိုင္ေလာက္ပါေသးတယ္။ Winterfell မွာ သူရဲေကာင္းေတြ ရွိေနေသးတယ္ဆိုတဲ့ အခ်က္ဟာ သူမကို အထုပ္ျပင္ၿပီး ထြက္မသြားေအာင္ တားႏိုင္မယ့္ လႈံ႕ေဆာ္မႈတစ္ခု ျဖစ္ႏိုင္ပါေသးတယ္။

Bran အစား Robb က သံပုလႅင္ေပၚမွာ ထိုင္ဖို႔ ေ႐ြးေကာက္ခံရမယ္။
Photo via screenrant

Red Wedding သာ မျဖစ္ခဲ့ဘူးဆိုရင္ စီးရီးရဲ႕အဆုံးမွာ သံပုလႅင္ေပၚကို ထိုင္ဖို႔ လ်ာထားခံရသူေတြထဲမွာ တစ္ေယာက္ ထပ္တိုးလာဦးမွာ ျဖစ္ပါတယ္။ Robb ဟာ Ned Stark ရဲ႕ အႀကီးဆုံးသား အ႐ိုက္အရာ ဆက္ခံသူျဖစ္သလို ေျမာက္ပိုင္းတစ္ခုလုံးက ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ ေခါင္းေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ေခါင္းေဆာင္ရာထူးနဲ႔ ထိုက္တန္ေၾကာင္း သူ႔လူေတြကို သက္ေသျပၿပီးသား လူတစ္ေယာက္ ျဖစ္တာေၾကာင့္ သူ႔အေနနဲ႔လည္း သံပုလႅင္ေပၚမွာ ထိုင္ဖို႔ ထိုက္တန္သူတစ္ေယာက္ ျဖစ္ပါတယ္။

ဒါေၾကာင့္ Robb သာ အသက္ရွင္ဦးမယ္ဆိုရင္ Bran က ခုႏွစ္ျပည္ေထာင္ရဲ႕ ဘုရင္ ျဖစ္လာမွာ မဟုတ္ပါဘူး။ ဒီေနရာအတြက္ Robb ကိုသာ ကမ္းလွမ္းၾကမွာ ျဖစ္ပါတယ္။ Robb ကိုယ္တိုင္ကေတာ့ Winterfell ကို ျပန္ခ်င္စိတ္သာ ႀကီးစိုးေနရင္ ဒီရာထူးႀကီးကို လက္ခံမွာ မဟုတ္ေလာက္ပါဘူး။ ဒါမွမဟုတ္လည္း ကမ္းလွမ္းခ်က္ကို လက္ခံလိုက္ၿပီး ခုႏွစ္ျပည္ေထာင္တစ္ခုလုံးကို ပိုမိုေကာင္းမြန္ေအာင္ အုပ္ခ်ဳပ္သြားတာမ်ိဳးလည္း ျဖစ္ႏိုင္ပါေသးတယ္။

နဂါးေမေမနဲ႔ စစ္ျဖစ္မယ္။
Photo via screenrant

Robb ဟာ Westeros ကို Daenerys Targaryen ေရာက္မလာခင္တည္းက ေႂကြလြင့္သြားခဲ့ရသူ ျဖစ္ပါတယ္။ တကယ္လို႔ သူသာ အသက္ရွင္ဦးမယ္ဆိုရင္ ေသခ်ာေပါက္ကို နဂါးေမေမနဲ႔ ထိပ္တိုက္ ရင္ဆိုင္ေတြ႕မွာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Robb ဟာ ေျမာက္ပိုင္းကို လြတ္လပ္ေရးရဖို႔၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရဖို႔ တိုက္ခိုက္ခဲ့သူျဖစ္ၿပီး Daenerys ကေတာ့ Westeros တစ္ခုလုံးကို သိမ္းပိုက္ခ်င္သူ ျဖစ္တာေၾကာင့္ ေသခ်ာေပါက္ကို ထိပ္တိုက္ေတြ႕ရမွာပါ။

ဒီလိုရင္ဆိုင္ေတြ႕ၿပီဆိုရင္လည္း Robb ရဲ႕ အင္အားဟာ Lannister ေတြနဲ႔ တိုက္ခိုက္ထားရလို႔ ယုတ္ေလ်ာ့ေနမွာ ျဖစ္တာေၾကာင့္ Daenerys ရဲ႕ အင္အားနဲ႔ေတာ့ ဘယ္လိုမွ ယွဥ္လို႔ရမွာ မဟုတ္တာ အေသအခ်ာပါပဲ။ ဒီအၾကပ္အတည္းကို ေျဖရွင္းဖို႔ဆိုရင္ Robb ဟာ Daenerys နဲ႔ လက္ထပ္ၿပီး မဟာမိတ္ဖြဲ႕တာမ်ိဳးလည္း ျဖစ္လာႏိုင္ပါေသးတယ္။

Lannister ေတြကို ရႈံးနိမ့္ရဦးမယ့္ Stark အိမ္ေတာ္
Photo via screenrant

Robb အေနနဲ႔ Red Wedding မွာ အသက္ရွင္ခဲ့မယ္ဆိုရင္ေတာင္ Lannister အိမ္ေတာ္ကို ေအာင္ႏိုင္သြားမယ္လို႔ အာမခံခ်က္ မရွိပါဘူး။ season 3 မွာဆိုရင္ သူ႔ဘက္မွာ အားနည္းလာတာကို ျမင္ေတြ႕ရမွာျဖစ္ၿပီး တစ္ဖက္က Lannister အိမ္ေတာ္ကေတာ့ Tyrell ေတြနဲ႔ မဟာမိတ္ဖြဲ႕လိုက္တဲ့ ေက်းဇူးေၾကာင့္ ပိုၿပီးေတာင့္တင္းလာတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ Robb အေနနဲ႔ Frey အိမ္ေတာ္က လက္ခ်က္ကို ေရွာင္လြဲႏိုင္ခဲ့ရင္ေတာင္ ေနာက္ဆုံးမွာေတာ့ Tywin ရဲ႕ လက္စာနဲ႔ ေႂကြလြင့္ရဦးမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ Joffrey ဟာလည္း သူ႔ရဲ႕ရန္သူဆိုရင္ သတ္ပစ္ဖို႔ကိုပဲ ဆုံးျဖတ္ထားတာေၾကာင့္ Stark အိမ္ေတာ္ကို ဖ်က္ဆီးဖို႔အတြက္ သူ႔အာဏာစက္နဲ႔ တတ္ႏိုင္သမွ် အားလုံးကို လုပ္သြားမယ္ဆိုတာ သံသယဝင္စရာ မလိုပါဘူး။

ဒါကေတာ့ Robb Stark သာ အသက္ရွင္ခဲ့မယ္ဆိုရင္ ေျပာင္းလဲသြားႏိုင္တဲ့ ျဖစ္ႏိုင္ေခ်ေတြကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ေတြးမိတဲ့ အျခားျဖစ္ႏိုင္ေခ်ေတြ ရွိေသးရင္လည္း ျပန္လည္ေဆြးေႏြးေပးပါဦးလို႔ ဖိတ္ေခၚပါတယ္။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular