HomeCelebs Update NewsBollywoodနေအိမ်မှာ အဆုံးစီရင်သွားတဲ့ မင်းသား Sushant Singh Rajput 

နေအိမ်မှာ အဆုံးစီရင်သွားတဲ့ မင်းသား Sushant Singh Rajput 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘောလိဝုဒ်ကြယ်တစ်ပွင့်ဖြစ်တဲ့ မင်းသား Sushant Singh Rajput ဟာ မနေ့က တနင်္ဂနွေနေ့မှာ သူ့ရဲ့မွမ်ဘိုင်းမြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့နဲ့ Sushant ရဲ့ ကိုယ်စားလှယ်တို့ရဲ့ ပြောကြားချက်အရ မွမ်ဘိုင်းမြို့ Bandra က နေအိမ်ဖြစ်တဲ့ ခြောက်လွှာတိုက်ခန်းမှာ Sushant ကို သေဆုံးလျက် တွေ့ရှိကြရတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သူ့ရဲ့သေဆုံးမှုဟာ မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပြီး နေအိမ်အတွင်းမှာလည်း ချန်ထားရစ်ခဲ့တဲ့ စာတစ်စောင်တစ်လေမှ မတွေ့ရှိဘူးလို့ သိရပါတယ်။

Photo: anushkasharma/ Instagram

ဒီသေမှုသေခင်းနဲ့ ပတ်သက်ပြီး မွမ်ဘိုင်းရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကွယ်လွန်ချိန်မှာ Sushant ဟာ အသက်(၃၄)နှစ်အရွယ်သာ ရှိသေးတာကြောင့် သူ့ရဲ့ပရိသတ်တွေနဲ့ ဘောလိဝုဒ်က ရုပ်ရှင်အသိုင်းအဝိုင်းကြားထဲမှာ အံ့ဩမှုနဲ့အတူ နှမျောတသ ယူကျုံးမရ ဖြစ်နေကြပါတယ်။

ထူးဆန်းပြီး စိတ်မကောင်းစရာကောင်းတာတစ်ခုကတော့ Sushant ရဲ့ မန်နေဂျာဟောင်း Disha Salian ဟာလည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တာဖြစ်ပြီး အဲ့ဒီ့သတင်းနဲ့ ပတ်သက်လို့ စိတ်ထိခိုက်ရတဲ့အကြောင်းကိုလည်း Sushant က သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါသေးတယ်။

Photo: anushkasharma/ Instagram

Sushant ရဲ့ နာမည်ကျော်ဇာတ်ကားတွေကတော့ Chhichhore ၊ MS Dhoni: The Untold Story ၊ Detective Byomkesh Bakshy စတာတွေပဲ ဖြစ်ပါတယ်။ Sushant ဟာ တီဗွီကနေမှ ရုပ်ရှင်နယ်ပယ်ဘက်ကို ကူးပြောင်းလာခဲ့သူဖြစ်ပြီး Pavitra Rishtra ဇာတ်လမ်းတွဲထဲက သူ့ရဲ့သရုပ်ဆောင်မှုတွေကို အမြဲအမှတ်ရနေစေမယ့် သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

Sushant နောက်ဆုံး သရုပ်ဆောင်သွားတဲ့ ဇာတ်ကားကတော့ ၂၀၁၉ခုနှစ်က Netflix မှာ ထွက်ရှိခဲ့တဲ့ Drive ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ငယ်ငယ်နဲ့ လောကကို ကျောခိုင်းသွားတဲ့ Sushant လည်း ကောင်းမွန်ရာဘဝမှာ အေးချမ်းနေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

LaNina

Source: hindustantimes

(Zawgyi Version)

ေဘာလိဝုဒ္ၾကယ္တစ္ပြင့္ျဖစ္တဲ့ မင္းသား Sushant Singh Rajput ဟာ မေန႔က တနဂၤေႏြေန႔မွာ သူ႔ရဲ႕မြမ္ဘိုင္းၿမိဳ႕ေနအိမ္မွာ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕နဲ႔ Sushant ရဲ႕ ကိုယ္စားလွယ္တို႔ရဲ႕ ေျပာၾကားခ်က္အရ မြမ္ဘိုင္းၿမိဳ႕ Bandra က ေနအိမ္ျဖစ္တဲ့ ေျခာက္လႊာတိုက္ခန္းမွာ Sushant ကို ေသဆုံးလ်က္ ေတြ႕ရွိၾကရတယ္လို႔ သိရပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္အရ သူ႔ရဲ႕ေသဆုံးမႈဟာ မိမိကိုယ္ကို အဆုံးစီရင္မႈျဖစ္ၿပီး ေနအိမ္အတြင္းမွာလည္း ခ်န္ထားရစ္ခဲ့တဲ့ စာတစ္ေစာင္တစ္ေလမွ မေတြ႕ရွိဘူးလို႔ သိရပါတယ္။

Photo: anushkasharma/ Instagram

ဒီေသမႈေသခင္းနဲ႔ ပတ္သက္ၿပီး မြမ္ဘိုင္းရဲတပ္ဖြဲ႕က ဆက္လက္စုံစမ္းစစ္ေဆးေနဆဲ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ကြယ္လြန္ခ်ိန္မွာ Sushant ဟာ အသက္(၃၄)ႏွစ္အ႐ြယ္သာ ရွိေသးတာေၾကာင့္ သူ႔ရဲ႕ပရိသတ္ေတြနဲ႔ ေဘာလိဝုဒ္က ႐ုပ္ရွင္အသိုင္းအဝိုင္းၾကားထဲမွာ အံ့ဩမႈနဲ႔အတူ ႏွေမ်ာတသ ယူက်ဳံးမရ ျဖစ္ေနၾကပါတယ္။

ထူးဆန္းၿပီး စိတ္မေကာင္းစရာေကာင္းတာတစ္ခုကေတာ့ Sushant ရဲ႕ မန္ေနဂ်ာေဟာင္း Disha Salian ဟာလည္း လြန္ခဲ့တဲ့ ရက္အနည္းငယ္ကမွ မိမိကိုယ္ကို အဆုံးစီရင္သြားခဲ့တာျဖစ္ၿပီး အဲ့ဒီ့သတင္းနဲ႔ ပတ္သက္လို႔ စိတ္ထိခိုက္ရတဲ့အေၾကာင္းကိုလည္း Sushant က သူ႔ရဲ႕ဆိုရွယ္မီဒီယာမွာ ပို႔စ္တင္ခဲ့ပါေသးတယ္။

Photo: anushkasharma/ Instagram

Sushant ရဲ႕ နာမည္ေက်ာ္ဇာတ္ကားေတြကေတာ့ Chhichhore ၊ MS Dhoni: The Untold Story ၊ Detective Byomkesh Bakshy စတာေတြပဲ ျဖစ္ပါတယ္။ Sushant ဟာ တီဗြီကေနမွ ႐ုပ္ရွင္နယ္ပယ္ဘက္ကို ကူးေျပာင္းလာခဲ့သူျဖစ္ၿပီး Pavitra Rishtra ဇာတ္လမ္းတြဲထဲက သူ႔ရဲ႕သ႐ုပ္ေဆာင္မႈေတြကို အၿမဲအမွတ္ရေနေစမယ့္ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္။

Sushant ေနာက္ဆုံး သ႐ုပ္ေဆာင္သြားတဲ့ ဇာတ္ကားကေတာ့ ၂၀၁၉ခုႏွစ္က Netflix မွာ ထြက္ရွိခဲ့တဲ့ Drive ဆိုတဲ့ ဇာတ္ကားပဲ ျဖစ္ပါတယ္။ ငယ္ငယ္နဲ႔ ေလာကကို ေက်ာခိုင္းသြားတဲ့ Sushant လည္း ေကာင္းမြန္ရာဘဝမွာ ေအးခ်မ္းေနႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

LaNina

Source: hindustantimes

 

RELATED ARTICLES

Most Popular