HomeEntertainmentFilmGuardians of the Galaxy Vol.3 ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Guardians of the Galaxy Vol.3 ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

*** Spoiler Alert ***

ပရိသတ်တွေ စောင့်မျှော်နေတဲ့ Guardians of the Galaxy Vol.3 ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ GOTG အဖွဲ့ရဲ့ Line-Up တွေ ပြောင်းလဲမှုဖြစ်ခဲ့ပြီး ဇာတ်လမ်းအဆုံးသတ်မှာတော့ Rocket ဦးဆောင်တဲ့ GOTG အဖွဲ့အသစ် ဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာ Rocket ရဲ့ ဝမ်းနည်းစရာဇာတ်လမ်းကို မြင်တွေ့ခဲ့ရတာကြောင့် စိတ်ဝင်စားစရာ Easter Egg တွေကို သတိမထားမိလိုက်တာမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ GOTG 3 ထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Marvel Studios Intro

photo credit Marvel Studios

ဒီရုပ်ရှင်ဟာ GOTG Trilogy ရဲ့ အဆုံးသတ်ဖြစ်တာကြောင့် MCU အတွက် အရေးပါတဲ့ Chapter တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း အစမှာကတည်းက Marvel Studios Intro မှာ အခြားဇာတ်ကောင်တွေကို မပြသခဲ့ဘဲ GOTG အဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကိုသာ ပြသခဲ့တာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ပရောဂျက်တွေပေါ် မူတည်ပြီး Marvel Studios Intro ကို ပြောင်းလဲပြသခဲ့တာမျိူး ရှိပေမယ့် ယခုလိုမျိူး ရုပ်ရှင်တစ်ခုထဲက ဇာတ်ကောင်တွေကိုပဲ ပြသခဲ့တာကတော့ ဒါဟာပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Lylla ဟာ GOTG 1 မှာကတည်းက Easter Egg အနေနဲ့ ပါဝင်ခဲ့ပါတယ်။

photo credit Marvel Studios

Lylla ဟာ GOTG 3 မှာ စတင်ပါဝင်လာတဲ့ ဇာတ်ကောင်ဖြစ်ပေမယ့်လည်း သူ့ကိုတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ GOTG 1 မှာတည်းက Easter Egg အနေနဲ့ ထည့်သွင်းခဲ့ပါတယ်။ အဲဒါကိုတော့ GOTG 1 ထဲမှာ Rocket ကို Nova Corps တွေက ဖမ်းမိတဲ့အချိန်မှာ Rocket ရဲ့အပေါင်းအပါတွေ ဆိုပြီးတော့ Groot နဲ့ Lylla တို့ကို ထည့်သွင်းထားခဲ့ပါတယ်။

Rocket ရဲ့သူငယ်ချင်းတွေနေရာမှာ MCU သရုပ်ဆောင်တွေကပဲ အသံသရုပ်ဆောင်ထားပါတယ်။

photo credit Marvel Studios

ဒီရုပ်ရှင်ထဲမှာတော့ High Evolutionary ရဲ့ အစမ်းသပ်ခံတွေဖြစ်တဲ့ Rocket ၊ Lylla ၊ Teefs နဲ့ Floor တို့ကို မြင်တွေ့ခဲ့ရပါတယ်။ Lylla နေရာမှာတော့ Hawkeye ဇာတ်လမ်းတွဲထဲက Clint ရဲ့ဇနီးနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Linda Cardelllini က အသံသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ Floor ရဲ့နေရာမှာတော့ GOTG 1 ထဲမှာ Nova Corps ထဲက တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ Mikaela Hoover က အသံသရုပ်ဆောင်ထားပါတယ်။

Stakar Ogord ရဲ့ Ravangers

photo credit Marvel Studios

Sylvester Stallone သရုပ်ဆောင်ထားတဲ့ Stakar Ogord ဇာတ်ကောင်ရဲ့ Ravangers အဖွဲ့လည်း ဒီရုပ်ရှင်ထဲမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Stakar Ogord ရဲ့ Ravangers အဖွဲ့ဝင်တွေဖြစ်တဲ့ Martinex (Michael Rosenbaum) ၊ Krugarr နဲ့ Mainframe (Tara Strong)တို့ ပါဝင်ထားပါတယ်။ ဒါပေမယ့်လည်း Aleta Ogord (Michelle Yeoh)နဲ့ Charlie-27 (Ving Rhames)တို့ကတော့ မပါဝင်လာပါဘူး။ ဘာကြောင့် သူတို့နှစ်ယောက် ပြန်မပါလာတာလည်း ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

Counter-Earth

photo credit Marvel Studios

ဒီရုပ်ရှင်ထဲမှာတော့ MCU ဟာ High Evolutionary ကို သေချာပုံဖော်ဖန်တီးထားပြီး ကောမစ်ထဲက Location တစ်ခု ဖြစ်တဲ့ Counter-Earth လည်း ပါဝင်ခဲ့ပါတယ်။ High Evolutionary ဟာ သူဖန်တီးထားတဲ့ ပြီးပြည့်စုံတဲ့ မျိူးစိတ်တွေကို Counter-Earth ပေါ်မှာ ရှိစေချင်တာပါ။ သူ့စမ်းသပ်မှုတွေဟာ လိုအပ်ချက်တွေ ရှိနေတာကြောင့် Counter-Earth ကိုဖျက်ဆီးပြီး အသစ်ပြန်ဖန်တီးဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ကောမစ်ထဲမှာလည်း High Evolutionary ဟာ Counter-Earth ကို အကြိမ်အနည်းငယ်လောက် ဖျက်ဆီးလိုက် ဖန်တီးလိုက် ပြုလုပ်ဖူးပါတယ်။

Rocket နာမည် ဖြစ်ပေါ်လာပုံ

photo credit Marvel Studios

Rocket ဟာ သူ့ရဲ့ငယ်ဘဝမှာ Rocket တစ်စင်းက လေပေါ်ပျံသွားတာကို မြင်တွေ့ပြီး အလွန်အံ့ဩ သဘောကျသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ သူ့သူငယ်ချင်းတွေနဲ့ နာမည်ရွေးချယ်ကြတဲ့အချိန်မှာတော့ Rocket ဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ ကောင်းကင်ပေါ်မှာ ပျံသန်းသွားချင်တာကြောင့် သူ့ကိုယ်သူ Rocket လို့ နာမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

GOTG အဖွဲ့သားတွေရဲ့ Space Suit

photo credit Marvel Studios

ဒီဇာတ်ဝင်ခန်းကိုတော့ ထွေလာမှာကတည်းက မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး GOTG အဖွဲ့သားတွေ ဝတ်ဆင်ထားတဲ့ Space Suit ပုံစံဟာ နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Among Us နဲ့ ဆင်တူနေပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေဟာ ဒီဇာတ်ဝင်ခန်းက Among Us ကို Reference ပြုလုပ်ထားတယ်လို့ သီအိုရီထုတ်နေချိန်မှာပဲ ဒါရိုက်တာ James Gunn ကတော့ ဒီသီအိုရီကို ငြင်းဆိုခဲ့ပါတယ်။ တကယ်တော့ ဒီဇာတ်ဝင်ခန်းဟာ 2001: A Space Odyssey ရုပ်ရှင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းထားတာပါလို့ James Gunn က ပြောထားပါတယ်။

DC သရုပ်ဆောင်တွေရဲ့ Cameo များ

photo credit DC Studios

James Gunn ဟာ DC ရဲ့ Co-CEO မဖြစ်ခင်မှာ The Suicide Squad ၊ Peacemaker နဲ့ Guardians of the Galaxy Vol.3 တို့ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ James Gunn ကတော့ သူရိုက်ကူးဖူးတဲ့ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေကို နောက်ထပ်ရုပ်ရှင်တွေမှာလည်း ပြန်လည်အသုံးပြုလေ့ရှိပြီး GOTG 3 ထဲမှာလည်း DC သရုပ်ဆောင်အချို့ Cameo ပါဝင်ထားပါသေးတယ်။

James Gunn ရဲ့ ဇနီးဖြစ်သူ Jennifer Holland ကတော့ Administrator Kwol ဇာတ်ရုပ်က ပါဝင်ထားပြီး The Suicide Squad ထဲမှာ Ratcatcher 2 အနေနဲ့ ပါဝင်ထားတဲ့ Daniela Melchior ကလည်း Ura အနေနဲ့ ပါဝင်ထားပါသေးတယ်။ ဒါ့အပြင် Pete Davidson ကလည်း လူသိပ်သတိမထားမိလောက်တဲ့ Cameo အနေနဲ့ ပါဝင်ထားပါတယ်။ Pete ရဲ့ Cameo ကတော့ High Evolutionary အတွက် အလုပ်လုပ်တဲ့ အစိမ်းရောင်ဂြိုဟ်သားနေရာက ဖြစ်ပါတယ်။

Nathan Fillion ရဲ့ တတိယမြောက် MCU ဇာတ်ကောင်

photo credit Marvel Studios

ဒီရုပ်ရှင်ထဲမှာတော့ Nathan Fillion ဟာ Orgoscope အဖွဲ့ရဲ့ လုံခြုံရေးခေါင်းဆောင် Master Kaja နေရာက ပါဝင်ထားပါတယ်။ Nathan Fillion ကတော့ ဒီဇာတ်ကောင်နဲ့ဆို MCU ထဲမှာ မတူညီတဲ့ ဇာတ်ကောင်သုံးခုနေရာက ပါဝင်ထားတာ ဖြစ်ပါတယ်။ GOTG 1 ထဲမှာတော့ သူဟာ အဖမ်းခံထားရတဲ့ ဂြိုဟ်သားနေရာက ပါဝင်ထားပြီး GOTG 2 ထဲမှာလည်း Wonder Man ဖြစ်လာမယ့် Simon Williams ဇာတ်ကောင်အနေနဲ့ Background Cameo ပါဝင်ထားပါသေးတယ်။

MCU ရဲ့ ပထမဆုံး F-Bomb ကို ရရှိခဲ့တဲ့ Star-Lord

photo credit Marvel Studios

ဒီရုပ်ရှင်ထဲမှာတော့ Star-Lord ဟာ MCU ထဲက ပထမဆုံး F-Bomb ကိုပြောခဲ့တဲ့ ဇာတ်ကောင် ဖြစ်လာပါတယ်။ MCU ဟာ အရင်တုန်းကတော့ ဆဲရေးတဲ့ ဒိုင်ယာလော့ခ်တွေ ပါဝင်ခဲ့ဖူးပေမယ့်လည်း ပုံစံအမျိူးမျိူးနဲ့ ဆင်ဆာဖြတ်ခဲ့ပြီး ယခုအချိန်မှသာ ဆင်ဆာမဖြတ်ထားတဲ့ ပထမဆုံး F-Bomb ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

High Evolutionary ဖန်တီးခဲ့တဲ့ ဂြိုဟ်သားများ

photo credit Marvel Studios

High Evolutionary ကတော့ နှစ်ပေါင်းများစွာအတွင်းမှာ မျိူးစိတ်များစွာကို ဖန်တီးခဲ့ပြီး ရွှေရောင်အသားအရေတွေ ရှိတဲ့ Sovereign မျိူးနွယ်၊ Xeronians နဲ့ Animen တို့ကို ဖန်တီးခဲ့တယ်လို့ ပြောပါတယ်။ Xeronians နဲ့ Animen တို့ကတော့ MCU ထဲမှာ မပါဝင်လာသေးတဲ့ ဂြိုဟ်သားတွေ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Xeronians တွေဟာ အေးအေးဆေးဆေး နေတတ်တဲ့ ဂြိုဟ်သားမျိူးနွယ်တွေဖြစ်ပြီး High Evolutionary နဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး။ Animen တွေကတော့ High Evolutionary ရဲ့အစေခံတွေအဖြစ် ကောမစ်ထဲမှာ ပါဝင်ခဲ့ပါတယ်။

Star-Lord ရဲ့ အဘိုးနာမည်

photo credit Marvel Comics

ဒီရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Star-Lord ဟာ ကမ္ဘာကိုပြန်လာခဲ့ပြီး သူ့ရဲ့အဘိုးအိမ်ကို ပြန်သွားခဲ့ပါတယ်။ အဲဒီဇာတ်ဝင်ခန်းထဲမှာတော့ သူ့အဘိုးရဲ့နာမည်က Jason Quill ဆိုတာကို သိလိုက်ရပါတယ်။ ကောမစ်ထဲမှာတော့ Star-Lord ရဲ့အဖေဟာ J’son ပဲ ဖြစ်ပါတယ်။ J’son ကတော့ Spartax Empire ကို အုပ်ချုပ်နေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ MCU ထဲက Star-Lord ရဲ့အဘိုးနာမည်ဟာ ကောမစ်ထဲက J’son ကို Reference ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular