HomeEntertainmentFilmGOTG Vol.3 ထဲမှာ Rocket သေဆုံးသွားနိုင်ကြောင်း ပြသနေတဲ့ သဲလွန်စများ

GOTG Vol.3 ထဲမှာ Rocket သေဆုံးသွားနိုင်ကြောင်း ပြသနေတဲ့ သဲလွန်စများ

Guardians of the Galaxy Vol.3 ရဲ့ ပထမဆုံး ထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီထွေလာထဲက ဇာတ်ဝင်ခန်းအချို့ကတော့ Rocket သေဆုံးသွားနိုင်ကြောင်း ပြသနေပါတယ်။ ဒါ့အပြင် ဒါရိုက်တာ James Gunn ကလည်း MCU ကနေ ထွက်ခွာသွားတော့မှာ ဖြစ်သလို ဒီရုပ်ရှင်ဟာ GOTG အဖွဲ့သားတွေရဲ့ နောက်ဆုံးရုပ်ရှင်လည်း ဖြစ်နေပါတယ်။ MCU ရဲ့ထုံးစံအတိုင်း ထွေလာမှာ ပရိသတ်တွေကို ဂျင်းထည့်ပြီး မထင်ထားတာတွေကို ပြသသွားလေ့ ရှိပေမယ့်လည်း လောလောဆယ်မှာတော့ ဒီထွေလာအရ Rocket သေဆုံးသွားနိုင်ကြောင်း ညွှန်းဆိုနေတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ယခုလိုမျိူး Rocket သေဆုံးသွားမယ်လို့ ပရိသတ်တွေ အများအပြားက ယူဆရနေတဲ့ အဓိကအကြောင်းရင်းကတော့ ဒီထွေလာထဲမှာ Rocket ရဲ့ Origin ကို Tease လုပ်သွားတာကြောင့် ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Rocket ရဲ့ ငယ်ဘဝက သာမန် Raccoon ပုံစံလေးကို မြင်တွေ့ခဲ့ရပြီး သူ့ကိုစမ်းသပ်မှုတွေ ပြုလုပ်တော့မယ့် ပုံစံကို တွေ့လိုက်ရပါတယ်။ ဇာတ်ကောင်တစ်ယောက် မသေဆုံးခင်မှာ သူ့ရဲ့နောက်ကြောင်းကို ပြန်ပြတဲ့ပုံစံဟာ ရုပ်ရှင်အများစုမှာ ပါဝင်တတ်ပြီး ဒါရိုက်တာ James Gunn ကလည်း Rocket ရဲ့ နောက်ကြောင်းဟာ ကောမစ်ထဲကတောင် ပိုမိုဆိုးရွားနေတယ်လို့ ပြောခဲ့ဖူးပါတယ်။

နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Star-Lord ဟာ ရှိုက်ကြီးတငင် ငိုကြွေးနေတာကို တွေ့လိုက်ရပါသေးတယ်။ ဒါကြောင့်ပဲ Star-Lord ဟာ သူတို့အဖွဲ့ဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာ ဖြစ်နိုင်ချေ များနေပါတယ်။ သူဆုံးရှုံးလိုက်ရတဲ့ ဇာတ်ကောင်ဟာ Rocket ဖြစ်နေနိုင်သလို အချို့ကလည်း Drax သို့မဟုတ် Mantis ဖြစ်နေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာလည်း Star-Lord သေဆုံးသွားမယ်လို့ ပြောဆိုနေကြပါသေးတယ်။

photo via screenrant

ဒါ့အပြင် ဒီထွေလာထဲက သတိထားမိစရာ ဒိုင်ယာလော့ခ်တစ်ခုကတော့ Rocket ရဲ့ “ငါထပ်ပြီး ပြေးမနေတော့ဘူး” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ Rocket ဟာ သူ့ရဲ့ရာဇဝတ်မှုတွေဆီကနေ ထွက်ပြေးနေသူ ဖြစ်သလို အန္တရာယ်များတဲ့ အခြေအနေတွေကိုလည်း ရှောင်လွှဲလေ့ရှိပါတယ်။ Infinity War ထဲမှာလည်း Rocket ဟာ Thor နဲ့ လိုက်သွားခဲ့ပြီး Star-Lord ကတော့ “အဲဒီမှာ Thanos မရှိလို့ မင်းလိုက်သွားတယ်ဆိုတာ ငါသိတယ်” လို့ ပြောခဲ့ပါသေးတယ်။

ယခုအချိန်မှာတော့ ဒီထွေလာထဲက ဒိုင်ယာလော့ခ်ကြောင့် Rocket ဟာ သူ့ရဲကံကြမ္မာကို လက်ခံလိုက်ပုံရပြီး အဲဒီကံကြမ္မာကလည်း သူ့ရဲ့ နောက်ကြောင်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဒါတင်မကသေးဘဲ Rocket ဟာ “နောက်ဆုံးအကြိမ်အနေနဲ့ ငါတို့အားလုံးအတူတူ ပျံသန်းကြမယ်” လို့လည်း ပြောသွားပါသေးတယ်။

photo via screenrant

နောက်ဆုံးတစ်ခုကတော့ ဒီထွေလာရဲ့ အဆုံးသတ်မှာ Groot ဟာ Star-Lord နဲ့ ကျောချင်းကပ်ပြီး ရန်သူတွေကို ရင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိူးပုံစံဟာ Groot နဲ့ Rocket တို့နှစ်ယောက်ရဲ့ အမြဲလိုလို တိုက်ခိုက်နေကြပုံစံလည်း ဖြစ်ပါတယ်။ Rocket ဟာ Groot ရဲ့ Father Figure တစ်ယောက် ဖြစ်ပြီး အစတုန်းကတော့ Groot ရဲ့ စကားကို Rocket တစ်ယောက်တည်းကပဲ နားလည်နိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုအချိန်မှာတော့ Star-Lord ကပါ Groot ရဲ့စကားကို နားလည်နေပြီ ဖြစ်တာကြောင့် Rocket ရဲ့နေရာကို အစားထိုးသွားတော့မှာ ဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်ကြောင့်ပဲ အဲဒီဇာတ်ဝင်ခန်းထဲမှာတော့ Rocket ဟာ GOTG အဖွဲ့သားတွေနဲ့တူတူ ရှိမနေတော့ဘူးလို့ ယူဆရပါတယ်။ ဒါတွေကတော့ Guardians of the Galaxy Vol.3 ထဲမှာ Rocket သေဆုံးသွားနိုင်ကြောင်း ဖော်ပြနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular