HomeCharacterDC ကောမစ်ထဲမှာ Harley Quinn တွဲခဲ့ဖူးတဲ့ နာမည်ကြီး ဇာတ်ကောင်များ

DC ကောမစ်ထဲမှာ Harley Quinn တွဲခဲ့ဖူးတဲ့ နာမည်ကြီး ဇာတ်ကောင်များ

ေအာက္တြင္ ‌ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Harley Quinn လို့ ပြောလိုက်ရင် ပရိသတ်အများစုဟာ သူမကို Joker နဲ့ တွဲပြီး မြင်တတ်ကြပါတယ်။ ကောမစ်ထဲမှာတော့ သူမဟာ တခြားဇာတ်ကောင်များစွာနဲ့လည်း တွဲခဲ့ဖူးရုံမကဘဲ လက်ပါထပ်ခဲ့ဖူးပါသေးတယ်။ ဒါ့အပြင် သူမဟာ Wonder Woman ၊ Green Arrow နဲ့ Power Girl တို့လို ဇာတ်ကောင်တွေအပေါ်မှာလည်း တစ်ဖက်သတ် ခံစားချက်တွေ ရှိခဲ့ဖူးပါသေးတယ်။ တကယ်တော့ သူမရဲ့ အတိတ်ဇာတ်ကြောင်းကို ကြည့်လိုက်ရင် သူမဟာ အချစ်ရေး ကံကောင်းခဲ့သူတစ်ယောက် မဟုတ်တာကို တွေ့ရမှာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ DC ကောမစ်ထဲမှာ Harley Quinn တွဲခဲ့ဖူးတဲ့ နာမည်ကြီးဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Joker
photo via cbr

Harley Quinn တွဲခဲ့ဖူးတဲ့ ဇာတ်ကောင်တွေကို ဖော်ပြရမယ်ဆိုရင်တော့ Joker ဟာ မပါမဖြစ်ပါပဲ။ ဒါတင်မက Joker ဟာ Harley Quinn origin ရဲ့ အဓိကကျတဲ့နေရာမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Joker ဟာ Harley အတွက် ရည်းစားကောင်း တစ်ယောက်တော့ မဖြစ်ခဲ့ပါဘူး။ Joker ဟာ Harley တွဲခဲ့ဖူးတဲ့ ပထမဆုံး တစ်ယောက်ဖြစ်သလို အဆုံးရွားဆုံး တစ်ယောက်ဆိုလည်း မမှားပါဘူး။

ကျွန်တော်တို့ ရုပ်ရှင်တွေနဲ့ ကောမစ်တွေထဲမှာ မြင်ခဲ့ရသလို Joker ဟာ Harley ရဲ့ အချစ်ကို စမ်းသပ်ဖို့အတွက် အန္တရာယ်အလွန်များတဲ့ အခြေအနေတွေကို တွေ့ကြုံစေခဲ့ပါတယ်။ ဒါ့အပြင် Harley ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာအများစုရဲ့ တရားခံကတော့ Joker ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လောလောဆယ် ထွက်နေတဲ့ ကောမစ်တွေထဲမှာတော့ Harley ဟာ Joker နဲ့ ပြတ်သွားပြီး Joker ကြောင့် ဖြစ်ခဲ့ရတဲ့ နာကျင်မှုတွေကို ကုစားဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

(2) Catwoman
photo via cbr

Harley Quinn နဲ့ Selina Kyle တို့ နှစ်ယောက်လုံးဟာ bisexual ဆိုတာကို အချို့ပရိသတ်တွေကတော့ မသိကြပါဘူး။ Catwoman ကောမစ်ရဲ့ အတွဲ(39)ထဲမှာတော့ Selina Kyle ဟာ နောက်ထပ် Catwoman ဖြစ်သူ Eiko Hasigawa နဲ့ တွဲတာကို တွေ့ခဲ့ရပါတယ်။ New 52’s Harley Quinn ကောမစ်ရဲ့ အတွဲ(0)ထဲမှာတော့ Harley ဟာ Poison Ivy နဲ့ တွဲတာကို မြင်တွေ့ခဲ့ရပါတယ်။

Old Lady Harley ဆိုတဲ့ ကောမစ်ထဲမှာတော့ အသက်ကြီးနေတဲ့ Harley ကို မြင်တွေ့ခဲ့ရပြီး သူမဟာ အကြိမ်များစွာ လက်ထပ်ခဲ့တယ် ဆိုတာကိုလည်း သိခဲ့ရပါတယ်။ အဲ့ဒီထဲက တစ်ကြိမ်ကတော့ Selina နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ အိမ်ထောင်ရေးက ကြာကြာခံခဲ့ပုံတော့ မရပါဘူး။ အကြောင်းကတော့ အဲ့ဒီကောမစ်ထဲမှာလည်း သူတို့နှစ်ယောက်အကြောင်းနဲ့ ပတ်သက်ပြီး အများကြီး မဖော်ပြထားလို့ပဲ ဖြစ်ပါတယ်။

(3) Red Tool
photo via cbr

Red Tool ကတော့ လူတိုင်းသိကြတဲ့ ဇာတ်ကောင်တစ်ယောက် မဟုတ်ပေမယ့်လည်း စိတ်ဝင်စားဖို့ ကောင်းတာကြောင့် ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ ၁၉၈၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ DC ဇာတ်ကောင် Deathstroke ကို ပြောင်တဲ့အနေနဲ့ Marvel ဟာ Deadpool ကို ၁၉၉၁ခုနှစ်မှာ ဖန်တီးခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ ၂၀၁၄ ခုနှစ်အရောက်မှာပဲ DC ဟာ Deadpool ကို ပြန်ပြောင်တဲ့အနေနဲ့ Red Tool ကို ထပ်ဖန်တီးခဲ့ပါတယ်။

Red Tool ကတော့ Harley ကို စွဲလမ်းနေသူတစ်ယောက် ဖြစ်ပြီး အမြဲတမ်း Harley နောက်ကို နောက်ယောင်ခံလိုက်နေလေ့ ရှိပါတယ်။ နောက်ပိုင်းမှာတော့ Red Tool ဟာ မင်္ဂလာပွဲ ပြုလုပ်ဖို့အတွက် Harley ကို ပြန်ပေးဆွဲသွားပါတယ်။ Harley ကလည်း အဲ့ဒီမင်္ဂလာပွဲမှာ အနည်းငယ် ပျော်ရွှင်ခဲ့ပေမယ့်လည်း တကယ်ကြီးတော့ လက်မထပ်ခဲ့ပါဘူး။ Harley ဟာ Red Tool ကို လက်ထပ်ဖို့ ငြင်းဆန်ခဲ့ပေမယ့်လည်း Old Lady Harley ထဲမှာတော့ သူမနဲ့ Red Tool ကို ပါတနာလိုပုံစံမျိူး ဖော်ပြထားပါတယ်။

(4) Shazam
photo via cbr

Injustice ကောမစ်ထဲမှာတော့ Superman ဟာ Joker ကို သတ်လိုက်ပြီး Harley ဟာ Batman ဘက်ကို ရောက်သွားပါတယ်။ Superman နဲ့ Batman တို့ကြားက တိုက်ပွဲတွေများစွာမှာ Harley ပါဝင်ခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေကြားမှာပဲ သူမဟာ Shazam ကို ချစ်ကြိုက်မိသွားပါတယ်။ သူတို့ဟာ ဆန့်ကျင်ဘက် အဖွဲ့ဝင်တွေ ဖြစ်နေပေမယ့်လည်း နှစ်ယောက်လုံးဟာ ခံစားချက်တွေ အပြန်အလှန် ရှိခဲ့ကြပါတယ်။

ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ တန်ဖိုးရှိတဲ့ အချိန်တွေကို ကုန်ဆုံးခဲ့ကြပါတယ်။ ဒါ့အပြင် Harley ဟာ အချိန်တိုင်းမှာ Shazam ကို Batman ဘက် ပါလာအောင် ပြောင်းလဲဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်လည်း Shazam ကတော့ သဘောမတူခဲ့ပါဘူး။ နောက်ဆုံးမှာတော့ Harley ဟာ Joker က သူမကို အသုံးချခဲ့သလို Shazam ကလည်း Superman ရဲ့ အသုံးချခံနေရတာကို မမြင်ချင်တော့တာကြောင့် စိတ်ပျက်ပြီး လက်လျှော့သွားခဲ့ပါတယ်။

(5) Deadshot
photo via cbr

၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Suicide Squad ထဲမှာတောင် Harley နဲ့ Deadshot တို့ရဲ့ ဆက်ဆံရေးကို အနည်းငယ် ပြသသွားပါတယ်။ ကောမစ်ထဲမှာဆိုရင်တော့ သူတို့နှစ်ယောက်ဟာ ရိုးရှင်းစွာ အီစီကလီလုပ်တဲ့အဆင့်ကနေ တွဲတဲ့အဆင့်ထိ ဖြစ်ခဲ့ဖူးပါတယ်။ များသောအားဖြင့်တော့ သူတို့နှစ်ယောက်ဟာ တွဲကြတာထက် အီစီကလီလုပ်တဲ့ အဆင့်မှာပဲ ရပ်တန့်နေလေ့ ရှိပါတယ်။ ဒါ့အပြင် တစ်ခါတုန်းက Joker ဟာ Deadshot ကို သတ်တော့မယ့် အချိန်မှာ Harley ဟာ Deadshot ကို မသတ်ဖို့အတွက် တောင်းပန်ခဲ့ဖူးပါသေးတယ်။

(6) Lobo
photo via cbr

Harley နဲ့ Lobo တို့ နှစ်ယောက်လုံးဟာ မကြာခဏ သူတို့ကိုယ်သူတို့ အန္တရာယ်များတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့အောင် ပြုလုပ်လေ့ ရှိပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက် တွဲဖြစ်ကြတယ်ဆိုတာ သိပ်အဆန်းတော့ မဟုတ်ပါဘူး။ Harley Little Black Book #6 ကောမစ်ထဲမှာတော့ Harley ဟာ အဖမ်းခံလိုက်ရပြီး အာကာသထဲကို အာကာသယာဉ်တစ်ခုနဲ့ ပါသွားပါတယ်။

ဖြစ်ချင်တော့ Lobo ကလည်း အဲ့ဒီအာကာသယာဉ်ပေါ် ရောက်နေပါတယ်။ Harley ဟာ အကျဉ်းခန်းထဲက ဖောက်ထွက်ပြီး နောက်မှာတော့ သူတို့နှစ်ယောက် တွေ့မိသွားကြပြီး ပူးပေါင်း တိုက်ခိုက်ကြပါတော့တယ်။ တိုက်ခိုက်နေရင်းနဲ့ပဲ သူတို့ဟာ အီစီကလီဖြစ်လာပြီး တွဲခဲ့ကြပါတယ်။ အချိန်တစ်ခု ကြာတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံးဟာ ကိုယ့်လမ်းကို ဆက်သွားကြပါတော့တယ်။ Old Lady Harley ထဲမှာလည်း Lobo ဟာ Harley ရည်းစားဟောင်းတွေထဲက တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။

(7) Nightwing
photo via cbr

Dick Grayson ဟာ မူလက Batman ရဲ့ လက်အောက်မှာ Robin အနေနဲ့ နေထိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ သူဟာ Batman ရဲ့ လောင်းရိပ်အောက်က ရုန်းထွက်နိုင်ကြောင်း သက်သေပြဖို့အတွက် Nightwing အနေနဲ့ တစ်ကိုယ်တော်ဟီးရိုး လုပ်ခဲ့ပါတယ်။ ဒါ့အပြင် Grayson ဟာ Batman သင်ပေးခဲ့သူတွေထဲမှာ တိုက်ခိုက်ရေး အကောင်းဆုံးတစ်ယောက် ဖြစ်ပြီး ကျွမ်းဘားနေရာမှာ အတော်ဆုံးပဲ ဖြစ်ပါတယ်။ သူဟာ များသောအားဖြင့် Starfire နဲ့ပဲ ရိုမန့်စ်ဆန်တဲ့ ဆက်ဆံရေးရှိပေမယ့် Harley နဲ့လည်း တွဲခဲ့ဖူးပါသေးတယ်။

၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman and Harley Quinn ဆိုတဲ့ animated movie ထဲမှာတော့ သူတို့နှစ်ယောက် တွဲသွားတာကို မြင်ခဲ့ရပါသေးတယ်။ ဒါတင်မကသေးဘဲ သူတို့နှစ်ယောက်ဟာ တခြားကောမစ်တွေထဲမှာလည်း တွဲခဲ့ကြပါသေးတယ်။ Harley ဟာ Grayson ရဲ့ တင်ပါးကို အလွန်ကြိုက်နှစ်သက်တယ်လို့ တချို့ဇာတ်လမ်းတွေမှာတော့ မြင်ရပါတယ်။ Old Lady Harley ထဲမှာတော့ Harley ဟာ Grayson နဲ့ လက်ထပ်ခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ တစ်ရက်မှာတော့ Grayson ဟာ တိုက်ခိုက်ရင်း သေဆုံးသွားခဲ့ပါတယ်။

(8) Batman
photo via cbr

ဆန့်ကျင်ဘက်အရာတွေဟာ ဆွဲငင်တတ်တယ်ဆိုတဲ့ စကားကတော့ Harley နဲ့ Batman တို့အတွက် အမှန်ပဲ ဖြစ်ပါတယ်။ Harley ဟာ Batman ကို အကြောင်းအမျိူးမျိူးနဲ့ အကြိမ်များစွာ နမ်းခဲ့ဖူးပြီး Batman အပေါ် သူမရဲ့ စိတ်ဝင်စားမှုကိုလည်း ဖုံးကွယ်မထားခဲ့ပါဘူး။ ဒါ့အပြင် သူမဟာ Bruce Wayne ကိုလည်း Batman မှန်း မသိဘဲ ကြိုက်ခဲ့ဖူးပါသေးတယ်။

Batman ကိုယ်တိုင်ကလည်း ခံစားချက်တွေ အများကြီး ထုတ်မပြခဲ့ပေမယ့် Harley အပေါ်မှာ ခံစားချက် အနည်းငယ် ရှိနေတယ် ဆိုတာတော့ ငြင်းစရာ မလိုပါဘူး။ ဒါ့အပြင် ကောမစ်တစ်ခုထဲမှာဆိုရင် Batman နဲ့ Harley တို့ကြားက ယုံကြည်မှုတွေဟာ တိုးပွားလာပြီး Batman က သူ ဘယ်သူလည်းဆိုတာကို ပြခဲ့ပါသေးတယ်။

(9) Booster Gold
photo via cbr

Harley နဲ့ Booster Gold တို့ဟာ ကောမစ်ထဲမှာတောင် သိပ်ပြီးဆုံတွေ့လေ့ မရှိတာကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေအတွက် အနည်းငယ် ထူးဆန်းနေပါတယ်။ Heroes in the Crisis ဆိုတဲ့ ကောမစ်ထဲမှာတော့ သူတို့နှစ်ယောက်လုံးဟာ အစုလိုက် အပြုံလိုက် လူသတ်မှုအတွက် သံသယရှိခံရသူတွေ ဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့ အကြောင်းအမျိူးမျိူးကြောင့် သူတို့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ခဲ့ပြီး Harley Quinn #71 ကောမစ်ထဲမှာတော့ သူတို့နှစ်ယောက် ရင်းနှီးနေတာကို မြင်တွေ့ခဲ့ရပါတယ်။

Harley ဟာ သူ့ရဲ့သူငယ်ချင်း Alicia ကို သတ်သွားတဲ့ တရားခံကို ခြေရာခံဖို့အတွက် Booster Gold ဆီမှာ အကူအညီ တောင်းခဲ့ပါတယ်။ Booster Gold ကလည်း Harley ကို စိတ်ပူတာကြောင့် သူတို့နှစ်ယောက် ပူးပေါင်းကာ စုံစမ်းခဲ့ကြပါတယ်။ ဒီလိုမျိူး စုံစမ်းကြတဲ့ အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ စေ့စပ်ထားတဲ့ အတွဲအဖြစ် ဟန်ဆောင်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ Booster Gold ဟာ Harley ကို အပြည့်အဝ လက်ခံခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ စတင်ခဲ့ပါတယ်။

(10) Poison Ivy
photo via cbr

Harley ရဲ့  နာမည်အကြီးဆုံး ရည်းစားကတော့ Joker ပြီးရင် Poison Ivy ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၁၉၉၀ ကျော်လောက်ကတည်းက အီစီကလီတွေ ဖြစ်ခဲ့ပေမယ့်လည်း ဘယ်တုန်းကမှ တရားဝင်တွဲတယ်လို့ မမြင်ခဲ့ရပါဘူး။ ၂၀၁၄ ခုနှစ် ရောက်တဲ့အချိန်မှာတော့ Harley Quinn #0 ကောမစ် ထွက်ရှိလာခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ တရားဝင် ဖြစ်သွားပါတယ်။

Harley ကလည်း Ivy ကို လူသားတွေအပေါ်မှာ ပိုပြီးနားလည်မှုရှိလာစေဖို့ ကူညီခဲ့ပါတယ်။ Ivy ရဲ့ အမြင်မှာတော့ Harley ဟာ သူမရဲ့ သနားကြင်နာမှုနဲ့ အချစ်တွေကို ထိုက်တန်တဲ့ တစ်ဦးတည်းသော လူသားလို့ သတ်မှတ်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ Injustice နဲ့ Old Lady Harley တို့မှာ လက်ထပ်ခဲ့ကြဖူးသလို ၂၀၁၉ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ Harley Quinn animated series ထဲမှာလည်း တွဲနေဆဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Harley Quinn လို႔ ေျပာလိုက္ရင္ ပရိသတ္အမ်ားစုဟာ သူမကို Joker နဲ႔ တြဲၿပီး ျမင္တတ္ၾကပါတယ္။ ေကာမစ္ထဲမွာေတာ့ သူမဟာ တျခားဇာတ္ေကာင္မ်ားစြာနဲ႔လည္း တြဲခဲ့ဖူး႐ုံမကဘဲ လက္ပါထပ္ခဲ့ဖူးပါေသးတယ္။ ဒါ့အျပင္ သူမဟာ Wonder Woman ၊ Green Arrow နဲ႔ Power Girl တို႔လို ဇာတ္ေကာင္ေတြအေပၚမွာလည္း တစ္ဖက္သတ္ ခံစားခ်က္ေတြ ရွိခဲ့ဖူးပါေသးတယ္။ တကယ္ေတာ့ သူမရဲ႕ အတိတ္ဇာတ္ေၾကာင္းကို ၾကည့္လိုက္ရင္ သူမဟာ အခ်စ္ေရး ကံေကာင္းခဲ့သူတစ္ေယာက္ မဟုတ္တာကို ေတြ႕ရမွာပါ။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ DC ေကာမစ္ထဲမွာ Harley Quinn တြဲခဲ့ဖူးတဲ့ နာမည္ႀကီးဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Joker
photo via cbr

Harley Quinn တြဲခဲ့ဖူးတဲ့ ဇာတ္ေကာင္ေတြကို ေဖာ္ျပရမယ္ဆိုရင္ေတာ့ Joker ဟာ မပါမျဖစ္ပါပဲ။ ဒါတင္မက Joker ဟာ Harley Quinn origin ရဲ႕ အဓိကက်တဲ့ေနရာမွာ ပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Joker ဟာ Harley အတြက္ ရည္းစားေကာင္း တစ္ေယာက္ေတာ့ မျဖစ္ခဲ့ပါဘူး။ Joker ဟာ Harley တြဲခဲ့ဖူးတဲ့ ပထမဆုံး တစ္ေယာက္ျဖစ္သလို အဆုံး႐ြားဆုံး တစ္ေယာက္ဆိုလည္း မမွားပါဘူး။

ကြၽန္ေတာ္တို႔ ႐ုပ္ရွင္ေတြနဲ႔ ေကာမစ္ေတြထဲမွာ ျမင္ခဲ့ရသလို Joker ဟာ Harley ရဲ႕ အခ်စ္ကို စမ္းသပ္ဖို႔အတြက္ အႏၲရာယ္အလြန္မ်ားတဲ့ အေျခအေနေတြကို ေတြ႕ႀကဳံေစခဲ့ပါတယ္။ ဒါ့အျပင္ Harley ႀကဳံေတြ႕ခဲ့ရတဲ့ စိတ္ဒဏ္ရာအမ်ားစုရဲ႕ တရားခံကေတာ့ Joker ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ေလာေလာဆယ္ ထြက္ေနတဲ့ ေကာမစ္ေတြထဲမွာေတာ့ Harley ဟာ Joker နဲ႔ ျပတ္သြားၿပီး Joker ေၾကာင့္ ျဖစ္ခဲ့ရတဲ့ နာက်င္မႈေတြကို ကုစားဖို႔ ႀကိဳးစားေနတာကို ေတြ႕ရပါတယ္။

(2) Catwoman
photo via cbr

Harley Quinn နဲ႔ Selina Kyle တို႔ ႏွစ္ေယာက္လုံးဟာ bisexual ဆိုတာကို အခ်ိဳ႕ပရိသတ္ေတြကေတာ့ မသိၾကပါဘူး။ Catwoman ေကာမစ္ရဲ႕ အတြဲ(39)ထဲမွာေတာ့ Selina Kyle ဟာ ေနာက္ထပ္ Catwoman ျဖစ္သူ Eiko Hasigawa နဲ႔ တြဲတာကို ေတြ႕ခဲ့ရပါတယ္။ New 52’s Harley Quinn ေကာမစ္ရဲ႕ အတြဲ(0)ထဲမွာေတာ့ Harley ဟာ Poison Ivy နဲ႔ တြဲတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

Old Lady Harley ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ အသက္ႀကီးေနတဲ့ Harley ကို ျမင္ေတြ႕ခဲ့ရၿပီး သူမဟာ အႀကိမ္မ်ားစြာ လက္ထပ္ခဲ့တယ္ ဆိုတာကိုလည္း သိခဲ့ရပါတယ္။ အဲ့ဒီထဲက တစ္ႀကိမ္ကေတာ့ Selina နဲ႔ လက္ထပ္ခဲ့တာ ျဖစ္ၿပီး သူတို႔ရဲ႕ အိမ္ေထာင္ေရးက ၾကာၾကာခံခဲ့ပုံေတာ့ မရပါဘူး။ အေၾကာင္းကေတာ့ အဲ့ဒီေကာမစ္ထဲမွာလည္း သူတို႔ႏွစ္ေယာက္အေၾကာင္းနဲ႔ ပတ္သက္ၿပီး အမ်ားႀကီး မေဖာ္ျပထားလို႔ပဲ ျဖစ္ပါတယ္။

(3) Red Tool
photo via cbr

Red Tool ကေတာ့ လူတိုင္းသိၾကတဲ့ ဇာတ္ေကာင္တစ္ေယာက္ မဟုတ္ေပမယ့္လည္း စိတ္ဝင္စားဖို႔ ေကာင္းတာေၾကာင့္ ထည့္သြင္းထားျခင္း ျဖစ္ပါတယ္။ ၁၉၈၀ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ DC ဇာတ္ေကာင္ Deathstroke ကို ေျပာင္တဲ့အေနနဲ႔ Marvel ဟာ Deadpool ကို ၁၉၉၁ခုႏွစ္မွာ ဖန္တီးခဲ့ပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ ၂၀၁၄ ခုႏွစ္အေရာက္မွာပဲ DC ဟာ Deadpool ကို ျပန္ေျပာင္တဲ့အေနနဲ႔ Red Tool ကို ထပ္ဖန္တီးခဲ့ပါတယ္။

Red Tool ကေတာ့ Harley ကို စြဲလမ္းေနသူတစ္ေယာက္ ျဖစ္ၿပီး အၿမဲတမ္း Harley ေနာက္ကို ေနာက္ေယာင္ခံလိုက္ေနေလ့ ရွိပါတယ္။ ေနာက္ပိုင္းမွာေတာ့ Red Tool ဟာ မဂၤလာပြဲ ျပဳလုပ္ဖို႔အတြက္ Harley ကို ျပန္ေပးဆြဲသြားပါတယ္။ Harley ကလည္း အဲ့ဒီမဂၤလာပြဲမွာ အနည္းငယ္ ေပ်ာ္႐ႊင္ခဲ့ေပမယ့္လည္း တကယ္ႀကီးေတာ့ လက္မထပ္ခဲ့ပါဘူး။ Harley ဟာ Red Tool ကို လက္ထပ္ဖို႔ ျငင္းဆန္ခဲ့ေပမယ့္လည္း Old Lady Harley ထဲမွာေတာ့ သူမနဲ႔ Red Tool ကို ပါတနာလိုပုံစံမ်ိဴး ေဖာ္ျပထားပါတယ္။

(4) Shazam
photo via cbr

Injustice ေကာမစ္ထဲမွာေတာ့ Superman ဟာ Joker ကို သတ္လိုက္ၿပီး Harley ဟာ Batman ဘက္ကို ေရာက္သြားပါတယ္။ Superman နဲ႔ Batman တို႔ၾကားက တိုက္ပြဲေတြမ်ားစြာမွာ Harley ပါဝင္ခဲ့ၿပီး အဲ့ဒီတိုက္ပြဲေတြၾကားမွာပဲ သူမဟာ Shazam ကို ခ်စ္ႀကိဳက္မိသြားပါတယ္။ သူတို႔ဟာ ဆန႔္က်င္ဘက္ အဖြဲ႕ဝင္ေတြ ျဖစ္ေနေပမယ့္လည္း ႏွစ္ေယာက္လုံးဟာ ခံစားခ်က္ေတြ အျပန္အလွန္ ရွိခဲ့ၾကပါတယ္။

ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ တန္ဖိုးရွိတဲ့ အခ်ိန္ေတြကို ကုန္ဆုံးခဲ့ၾကပါတယ္။ ဒါ့အျပင္ Harley ဟာ အခ်ိန္တိုင္းမွာ Shazam ကို Batman ဘက္ ပါလာေအာင္ ေျပာင္းလဲဖို႔ အစြမ္းကုန္ ႀကိဳးစားခဲ့ေပမယ့္လည္း Shazam ကေတာ့ သေဘာမတူခဲ့ပါဘူး။ ေနာက္ဆုံးမွာေတာ့ Harley ဟာ Joker က သူမကို အသုံးခ်ခဲ့သလို Shazam ကလည္း Superman ရဲ႕ အသုံးခ်ခံေနရတာကို မျမင္ခ်င္ေတာ့တာေၾကာင့္ စိတ္ပ်က္ၿပီး လက္ေလွ်ာ့သြားခဲ့ပါတယ္။

(5) Deadshot
photo via cbr

၂၀၁၆ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Suicide Squad ထဲမွာေတာင္ Harley နဲ႔ Deadshot တို႔ရဲ႕ ဆက္ဆံေရးကို အနည္းငယ္ ျပသသြားပါတယ္။ ေကာမစ္ထဲမွာဆိုရင္ေတာ့ သူတို႔ႏွစ္ေယာက္ဟာ ႐ိုးရွင္းစြာ အီစီကလီလုပ္တဲ့အဆင့္ကေန တြဲတဲ့အဆင့္ထိ ျဖစ္ခဲ့ဖူးပါတယ္။ မ်ားေသာအားျဖင့္ေတာ့ သူတို႔ႏွစ္ေယာက္ဟာ တြဲၾကတာထက္ အီစီကလီလုပ္တဲ့ အဆင့္မွာပဲ ရပ္တန႔္ေနေလ့ ရွိပါတယ္။ ဒါ့အျပင္ တစ္ခါတုန္းက Joker ဟာ Deadshot ကို သတ္ေတာ့မယ့္ အခ်ိန္မွာ Harley ဟာ Deadshot ကို မသတ္ဖို႔အတြက္ ေတာင္းပန္ခဲ့ဖူးပါေသးတယ္။

(6) Lobo
photo via cbr

Harley နဲ႔ Lobo တို႔ ႏွစ္ေယာက္လုံးဟာ မၾကာခဏ သူတို႔ကိုယ္သူတို႔ အႏၲရာယ္မ်ားတဲ့ အေျခအေနေတြနဲ႔ ႀကဳံေတြ႕ေအာင္ ျပဳလုပ္ေလ့ ရွိပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ တြဲျဖစ္ၾကတယ္ဆိုတာ သိပ္အဆန္းေတာ့ မဟုတ္ပါဘူး။ Harley Little Black Book #6 ေကာမစ္ထဲမွာေတာ့ Harley ဟာ အဖမ္းခံလိုက္ရၿပီး အာကာသထဲကို အာကာသယာဥ္တစ္ခုနဲ႔ ပါသြားပါတယ္။

ျဖစ္ခ်င္ေတာ့ Lobo ကလည္း အဲ့ဒီအာကာသယာဥ္ေပၚ ေရာက္ေနပါတယ္။ Harley ဟာ အက်ဥ္းခန္းထဲက ေဖာက္ထြက္ၿပီး ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ ေတြ႕မိသြားၾကၿပီး ပူးေပါင္း တိုက္ခိုက္ၾကပါေတာ့တယ္။ တိုက္ခိုက္ေနရင္းနဲ႔ပဲ သူတို႔ဟာ အီစီကလီျဖစ္လာၿပီး တြဲခဲ့ၾကပါတယ္။ အခ်ိန္တစ္ခု ၾကာတဲ့အခါမွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ ကိုယ့္လမ္းကို ဆက္သြားၾကပါေတာ့တယ္။ Old Lady Harley ထဲမွာလည္း Lobo ဟာ Harley ရည္းစားေဟာင္းေတြထဲက တစ္ေယာက္အေနနဲ႔ ပါဝင္ခဲ့ပါေသးတယ္။

(7) Nightwing
photo via cbr

Dick Grayson ဟာ မူလက Batman ရဲ႕ လက္ေအာက္မွာ Robin အေနနဲ႔ ေနထိုင္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူဟာ Batman ရဲ႕ ေလာင္းရိပ္ေအာက္က ႐ုန္းထြက္ႏိုင္ေၾကာင္း သက္ေသျပဖို႔အတြက္ Nightwing အေနနဲ႔ တစ္ကိုယ္ေတာ္ဟီး႐ိုး လုပ္ခဲ့ပါတယ္။ ဒါ့အျပင္ Grayson ဟာ Batman သင္ေပးခဲ့သူေတြထဲမွာ တိုက္ခိုက္ေရး အေကာင္းဆုံးတစ္ေယာက္ ျဖစ္ၿပီး ကြၽမ္းဘားေနရာမွာ အေတာ္ဆုံးပဲ ျဖစ္ပါတယ္။ သူဟာ မ်ားေသာအားျဖင့္ Starfire နဲ႔ပဲ ႐ိုမန႔္စ္ဆန္တဲ့ ဆက္ဆံေရးရွိေပမယ့္ Harley နဲ႔လည္း တြဲခဲ့ဖူးပါေသးတယ္။

၂၀၁၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Batman and Harley Quinn ဆိုတဲ့ animated movie ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ တြဲသြားတာကို ျမင္ခဲ့ရပါေသးတယ္။ ဒါတင္မကေသးဘဲ သူတို႔ႏွစ္ေယာက္ဟာ တျခားေကာမစ္ေတြထဲမွာလည္း တြဲခဲ့ၾကပါေသးတယ္။ Harley ဟာ Grayson ရဲ႕ တင္ပါးကို အလြန္ႀကိဳက္ႏွစ္သက္တယ္လို႔ တခ်ိဳ႕ဇာတ္လမ္းေတြမွာေတာ့ ျမင္ရပါတယ္။ Old Lady Harley ထဲမွာေတာ့ Harley ဟာ Grayson နဲ႔ လက္ထပ္ခဲ့ၿပီး ကံမေကာင္းစြာနဲ႔ပဲ တစ္ရက္မွာေတာ့ Grayson ဟာ တိုက္ခိုက္ရင္း ေသဆုံးသြားခဲ့ပါတယ္။

(8) Batman
photo via cbr

ဆန႔္က်င္ဘက္အရာေတြဟာ ဆြဲငင္တတ္တယ္ဆိုတဲ့ စကားကေတာ့ Harley နဲ႔ Batman တို႔အတြက္ အမွန္ပဲ ျဖစ္ပါတယ္။ Harley ဟာ Batman ကို အေၾကာင္းအမ်ိဴးမ်ိဴးနဲ႔ အႀကိမ္မ်ားစြာ နမ္းခဲ့ဖူးၿပီး Batman အေပၚ သူမရဲ႕ စိတ္ဝင္စားမႈကိုလည္း ဖုံးကြယ္မထားခဲ့ပါဘူး။ ဒါ့အျပင္ သူမဟာ Bruce Wayne ကိုလည္း Batman မွန္း မသိဘဲ ႀကိဳက္ခဲ့ဖူးပါေသးတယ္။

Batman ကိုယ္တိုင္ကလည္း ခံစားခ်က္ေတြ အမ်ားႀကီး ထုတ္မျပခဲ့ေပမယ့္ Harley အေပၚမွာ ခံစားခ်က္ အနည္းငယ္ ရွိေနတယ္ ဆိုတာေတာ့ ျငင္းစရာ မလိုပါဘူး။ ဒါ့အျပင္ ေကာမစ္တစ္ခုထဲမွာဆိုရင္ Batman နဲ႔ Harley တို႔ၾကားက ယုံၾကည္မႈေတြဟာ တိုးပြားလာၿပီး Batman က သူ ဘယ္သူလည္းဆိုတာကို ျပခဲ့ပါေသးတယ္။

(9) Booster Gold
photo via cbr

Harley နဲ႔ Booster Gold တို႔ဟာ ေကာမစ္ထဲမွာေတာင္ သိပ္ၿပီးဆုံေတြ႕ေလ့ မရွိတာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးကေတာ့ ပရိသတ္ေတြအတြက္ အနည္းငယ္ ထူးဆန္းေနပါတယ္။ Heroes in the Crisis ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ အစုလိုက္ အၿပဳံလိုက္ လူသတ္မႈအတြက္ သံသယရွိခံရသူေတြ ျဖစ္ေနပါတယ္။ ေနာက္ပိုင္းမွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ သူတို႔ရဲ႕ အျပစ္ကင္းစင္မႈကို သက္ေသျပႏိုင္ခဲ့ၿပီး Harley Quinn #71 ေကာမစ္ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ ရင္းႏွီးေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

Harley ဟာ သူ႔ရဲ႕သူငယ္ခ်င္း Alicia ကို သတ္သြားတဲ့ တရားခံကို ေျခရာခံဖို႔အတြက္ Booster Gold ဆီမွာ အကူအညီ ေတာင္းခဲ့ပါတယ္။ Booster Gold ကလည္း Harley ကို စိတ္ပူတာေၾကာင့္ သူတို႔ႏွစ္ေယာက္ ပူးေပါင္းကာ စုံစမ္းခဲ့ၾကပါတယ္။ ဒီလိုမ်ိဴး စုံစမ္းၾကတဲ့ အခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ေစ့စပ္ထားတဲ့ အတြဲအျဖစ္ ဟန္ေဆာင္ခဲ့ပါေသးတယ္။ အဲ့ဒီေနာက္မွာေတာ့ Booster Gold ဟာ Harley ကို အျပည့္အဝ လက္ခံခဲ့ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးဟာ စတင္ခဲ့ပါတယ္။

(10) Poison Ivy
photo via cbr

Harley ရဲ႕  နာမည္အႀကီးဆုံး ရည္းစားကေတာ့ Joker ၿပီးရင္ Poison Ivy ပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ၁၉၉၀ ေက်ာ္ေလာက္ကတည္းက အီစီကလီေတြ ျဖစ္ခဲ့ေပမယ့္လည္း ဘယ္တုန္းကမွ တရားဝင္တြဲတယ္လို႔ မျမင္ခဲ့ရပါဘူး။ ၂၀၁၄ ခုႏွစ္ ေရာက္တဲ့အခ်ိန္မွာေတာ့ Harley Quinn #0 ေကာမစ္ ထြက္ရွိလာခဲ့ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးဟာ တရားဝင္ ျဖစ္သြားပါတယ္။

Harley ကလည္း Ivy ကို လူသားေတြအေပၚမွာ ပိုၿပီးနားလည္မႈရွိလာေစဖို႔ ကူညီခဲ့ပါတယ္။ Ivy ရဲ႕ အျမင္မွာေတာ့ Harley ဟာ သူမရဲ႕ သနားၾကင္နာမႈနဲ႔ အခ်စ္ေတြကို ထိုက္တန္တဲ့ တစ္ဦးတည္းေသာ လူသားလို႔ သတ္မွတ္ထားပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ Injustice နဲ႔ Old Lady Harley တို႔မွာ လက္ထပ္ခဲ့ၾကဖူးသလို ၂၀၁၉ ခုႏွစ္မွာ စတင္ထြက္ရွိခဲ့တဲ့ Harley Quinn animated series ထဲမွာလည္း တြဲေနဆဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular