HomeEntertainmentFilmStreaming Service အားလုံးမှာ ဖယ်ရှားခံလိုက်ရပြီဖြစ်တဲ့ Harry Potter ရုပ်ရှင်ကားများ 

Streaming Service အားလုံးမှာ ဖယ်ရှားခံလိုက်ရပြီဖြစ်တဲ့ Harry Potter ရုပ်ရှင်ကားများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် Harry Potter ရုပ်ရှင်ဇာတ်ကားတွေဟာ streaming service တွေ အားလုံးမှာ ဖယ်ရှားခံလိုက်ရပြီဖြစ်ပြီး နိုဝင်ဘာလ(၁)ရက်နေ့ကစပြီး ဘယ် streaming service မှာမှ ကြည့်ရှုလို့ မရတော့ဘူးလို့ သိရပါတယ်။

မူလက Harry Potter (၈)ကားစလုံးဟာ NBCUniversal ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Peacock ဆိုတဲ့ streaming service မှာ ကြည့်ရှုလို့ ရနေတာဖြစ်ပြီး စာချုပ်ပါ စည်းကမ်းချက်တွေကြောင့် နိုဝင်ဘာလ(၁)ရက်နေ့က စတင်ပြီး ဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေအရ Harry Potter (၈)ကားလုံးရဲ့ မူပိုင်ခွင့်တွေကို ၂၀၂၁ခုနှစ်အထိ NBCUniversal က ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

©Warner Bros.

ပြီးခဲ့တဲ့ အောက်တိုဘာ တစ်လလုံးကတော့ Harry Potter (၈)ကားလုံးကို NBCUniversal က ပိုင်တဲ့ Peacock streaming service မှာ ကြည့်ရှုလို့ ရခဲ့ပါတယ်။ အဲ့ဒီ့မတိုင်ခင်မှာတော့ HBO Max မှာလည်း အချိန်အတိုင်းအတာ တစ်ခုအထိ ကြည့်ရှုလို့ ရခဲ့ပါသေးတယ်။

HBO Max ဟာ ယခုနှစ် မေလမှာ စတင်ထုတ်လွှင့်ခဲ့တဲ့ streaming service တစ်ခုဖြစ်ပြီး အဲ့ဒီ့အချိန်တည်းက Harry Potter (၈)ကားလုံးကို ကြည့်ရှုလို့ ရခဲ့ပေမယ့် ဩဂုတ်လမှာတော့ ဖယ်ရှားခံခဲ့ရပါတယ်။ Peacock ကတော့ ယခုနှစ် ဇူလိုင်လမှာမှ NBCUniversal က စတင်ထုတ်လွှင့်ခဲ့တဲ့ streaming service ဖြစ်ပါတယ်။

©Warner Bros.

NBCUniversal ဟာ Harry Potter ဇာတ်ကားတွေရဲ့ ဖြန့်ချိရေးကုမ္ပဏီဖြစ်တဲ့ Warner Media ကနေ ဒေါ်လာသန်း(၂၅၀)တန် သဘောတူညီချက် စာချုပ်ကို ၂၀၁၆ခုနှစ်မှာ ချုပ်ဆိုခဲ့တာဖြစ်ပြီး on-air နဲ့ ဒစ်ဂျစ်တယ်လ် ထုတ်လွှင့်ပိုင်ခွင့်ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သဘောတူညီချက် စာချုပ်ကိုတော့ ယခုနှစ်အစောပိုင်းမှာ ထပ်မံသက်တမ်းတိုးခဲ့ကြပြီး Warner Media ကတော့ HBO Max ကို စတင်ထုတ်လွှင့်ချိန်မှာ Harry Potter ဇာတ်ကားတွေကို သုံးလခန့် သူ့ရဲ့ကိုယ်ပိုင် streaming service မှာ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

Glasgow

Source: cbr

(Zawgyi Version)

နာမည္ေက်ာ္ Harry Potter ႐ုပ္ရွင္ဇာတ္ကားေတြဟာ streaming service ေတြ အားလုံးမွာ ဖယ္ရွားခံလိုက္ရၿပီျဖစ္ၿပီး ႏိုဝင္ဘာလ(၁)ရက္ေန႔ကစၿပီး ဘယ္ streaming service မွာမွ ၾကည့္ရႈလို႔ မရေတာ့ဘူးလို႔ သိရပါတယ္။

မူလက Harry Potter (၈)ကားစလုံးဟာ NBCUniversal ကုမၸဏီက ပိုင္ဆိုင္တဲ့ Peacock ဆိုတဲ့ streaming service မွာ ၾကည့္ရႈလို႔ ရေနတာျဖစ္ၿပီး စာခ်ဳပ္ပါ စည္းကမ္းခ်က္ေတြေၾကာင့္ ႏိုဝင္ဘာလ(၁)ရက္ေန႔က စတင္ၿပီး ဖယ္ရွားခံလိုက္ရတာ ျဖစ္ပါတယ္။ သတင္းေဖာ္ျပခ်က္ေတြအရ Harry Potter (၈)ကားလုံးရဲ႕ မူပိုင္ခြင့္ေတြကို ၂၀၂၁ခုႏွစ္အထိ NBCUniversal က ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။

©Warner Bros.

ၿပီးခဲ့တဲ့ ေအာက္တိုဘာ တစ္လလုံးကေတာ့ Harry Potter (၈)ကားလုံးကို NBCUniversal က ပိုင္တဲ့ Peacock streaming service မွာ ၾကည့္ရႈလို႔ ရခဲ့ပါတယ္။ အဲ့ဒီ့မတိုင္ခင္မွာေတာ့ HBO Max မွာလည္း အခ်ိန္အတိုင္းအတာ တစ္ခုအထိ ၾကည့္ရႈလို႔ ရခဲ့ပါေသးတယ္။

HBO Max ဟာ ယခုႏွစ္ ေမလမွာ စတင္ထုတ္လႊင့္ခဲ့တဲ့ streaming service တစ္ခုျဖစ္ၿပီး အဲ့ဒီ့အခ်ိန္တည္းက Harry Potter (၈)ကားလုံးကို ၾကည့္ရႈလို႔ ရခဲ့ေပမယ့္ ဩဂုတ္လမွာေတာ့ ဖယ္ရွားခံခဲ့ရပါတယ္။ Peacock ကေတာ့ ယခုႏွစ္ ဇူလိုင္လမွာမွ NBCUniversal က စတင္ထုတ္လႊင့္ခဲ့တဲ့ streaming service ျဖစ္ပါတယ္။

©Warner Bros.

NBCUniversal ဟာ Harry Potter ဇာတ္ကားေတြရဲ႕ ျဖန႔္ခ်ိေရးကုမၸဏီျဖစ္တဲ့ Warner Media ကေန ေဒၚလာသန္း(၂၅၀)တန္ သေဘာတူညီခ်က္ စာခ်ဳပ္ကို ၂၀၁၆ခုႏွစ္မွာ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး on-air နဲ႔ ဒစ္ဂ်စ္တယ္လ္ ထုတ္လႊင့္ပိုင္ခြင့္ကို ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ သေဘာတူညီခ်က္ စာခ်ဳပ္ကိုေတာ့ ယခုႏွစ္အေစာပိုင္းမွာ ထပ္မံသက္တမ္းတိုးခဲ့ၾကၿပီး Warner Media ကေတာ့ HBO Max ကို စတင္ထုတ္လႊင့္ခ်ိန္မွာ Harry Potter ဇာတ္ကားေတြကို သုံးလခန႔္ သူ႔ရဲ႕ကိုယ္ပိုင္ streaming service မွာ ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Glasgow

Source: cbr

 

RELATED ARTICLES

Most Popular