HomeEntertainmentFilmHarry Potter နဲ့ Ron Weasley နေရာမှာ လူရွေးပွဲဝင်ပြိုင်ခဲ့ဖူးတဲ့ Tom Felton

Harry Potter နဲ့ Ron Weasley နေရာမှာ လူရွေးပွဲဝင်ပြိုင်ခဲ့ဖူးတဲ့ Tom Felton

သရုပ်ဆောင် Tom Felton ကိုတော့ Harry Potter ထဲက Draco Malfoy ဇာတ်ကောင်နဲ့ လူသိများကြပါတယ်။ ဒါပေမယ့်လည်း Tom Felton ဟာ အစတည်းက Draco ဇာတ်ကောင်အတွက် လူရွေးပွဲဝင်ပြိုင်ခဲ့တာ မဟုတ်ပါဘူး။ Tom Felton ဟာလည်း အခြားသရုပ်ဆောင်တွေလိုပဲ Harry Potter ရုပ်ရှင်(၈)ကားလုံးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။

Tom Felton ဟာ Harry Potter ရုပ်ရှင်တွေအပြီးမှာ အခြားသောရုပ်ရှင်တွေမှာလည်း ဆက်လက်သရုပ်ဆောင်ခဲ့ပါတယ်။ Rise of the Planet of the Apes ရုပ်ရှင်နဲ့ A Babysitter’s Guide to Monster Hunting တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့သလို CW ရုပ်သံလိုင်းရဲ့ The Flash ဇာတ်လမ်းတွဲထဲမှာလည်း Doctor Alchemy အနေနဲ့လည်း ပါဝင်ခဲ့ပါသေးတယ်။ ဒါ့အပြင် Tom ဟာ Beyond the Wand: The Magic and Mayhem of Growing Up a Wizard ဆိုတဲ့ စာအုပ်ကိုလည်း ရေးသားခဲ့ပြီး Non-Fiction Bestseller List ထဲမှာ ပါဝင်ခဲ့ပါတယ်။

photo credit Warner Bros. Picture

Tom ဟာ အစတုန်းကတော့ Draco နဲ့ ဆန့်ကျင်ဘက်ဇာတ်ကောင် ဖြစ်တဲ့ Harry Potter နေရာမှာ ပါဝင်ဖို့ လူရွေးပွဲဝင်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ Harry Potter နေရာကို မရရှိခဲ့တာကြောင့် Ron Weasley နေရာမှာ ဆက်လက်ပြိုင်ပွဲဝင်ခဲ့ပါတယ်။

Tom ဟာ ဒီဇာတ်ကောင်နှစ်ခုထဲက တစ်ခုခုကိုသာ ရရှိခဲ့ရင် လုံးဝမတူညီတဲ့ လူတစ်ယောက် ဖြစ်လာနိုင်တယ်လို့ MTV News နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ ပြောသွားပါတယ်။ ဒါ့အပြင် “ကျွန်တော် ဒီရုပ်ရှင်တွေထဲမှာ ပါဝင်ခွင့်ရတာကိုပဲ ကျေးဇူးတင်လှပါပြီဗျာ။ ဒါပေမယ့် Draco ဇာတ်ကောင်ကို သရုပ်ဖော်ခွင့်ရတာကိုတော့ ပိုပြီးကျေးဇူးတင်မိပါတယ် …” လို့လည်း ပြောသွားပါသေးတယ်။

photo credit Warner Bros. Picture

ဒါ့အပြင် Tom ဟာ Draco ဇာတ်ကောင်နေရာကို ရရှိသွားပုံကလည်း ထူးခြားလှပါတယ်။ Draco ဇာတ်ကောင်အတွက် လူရွေးပွဲဝင်ပြိုင်ကြတဲ့အချိန်မှာ Harry Potter စာအုပ်ထဲက အကြိုက်ဆုံး အကြောင်းအရာတစ်ခုကို ပြောပြဖို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Tom ကတော့ Harry Potter စာအုပ်ကို မဖတ်ရသေးတာကြောင့် သူ့အရှေ့မှာ ပြောသွားတဲ့ ကလေးတစ်ယောက်အတိုင်းပဲ ပြန်ပြောလိုက်ပါတယ်။

ဒါရိုက်တာ Christopher Columbus ကတော့ Tom လိမ်ပြောနေတာကို သိနေခဲ့ပါတယ်။ သို့သော်လည်း ဒီအချက်ကြောင့်ပဲ Tom ဟာ Draco ဇာတ်ကောင်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီနေရာမှာ Draco Malfoy ဇာတ်ကောင်သာဆိုရင် ဒီလိုပဲလုပ်မှာပဲဆိုပြီး ဒါရိုက်တာ Christopher Columbus က ယူဆခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ Tom Felton ဟာ The New York Times နဲ့ အင်တာဗျူးမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular