HomeEntertainmentFilmHawkeye ဇာတ်လမ်းတွဲဟာ Multiverse ထဲမှာ ဇာတ်အိမ်တည်ထားတယ်ဆိုတဲ့ Fan Theory

Hawkeye ဇာတ်လမ်းတွဲဟာ Multiverse ထဲမှာ ဇာတ်အိမ်တည်ထားတယ်ဆိုတဲ့ Fan Theory

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Hawkeye ဇာတ်လမ်းတွဲဟာ MCU ထဲက ဇာတ်လမ်းငယ်တစ်ခုပုံစံမျိူး ဖန်တီးထားပေမယ့်လည်း Fan Theory တစ်ခုအရ ဆိုရင်တော့ ဒီဇာတ်လမ်းတွဲဟာ Multiverse အတွင်းမှာ ဇာတ်အိမ်တည်ထားတယ်လို့ ဆိုပါတယ်။ ဒီသီအိုရီအရ ဆိုရင်တော့ အရာရာ အားလုံး ပြောင်းလဲသွားမှာပဲ ဖြစ်ပါတယ်။ ဒီသီအိုရီအကြောင်းကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

photo via screenrant

Marvel ရဲ့ တခြားရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေလိုပဲ Hawkeye ဟာလည်း Easter Egg တွေ ပါဝင်နေပါတယ်။ Hawkeye ဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)မှာတင် Rogers: Musical ကို ပြသခဲ့သလို ပြီးခဲ့တဲ့ အပတ်တုန်းက ထွက်ရှိခဲ့တဲ့ အပိုင်း(၃)ထဲမှာတော့ New York တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီး Easter Egg တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Kingpin ပြန်လည် ပါဝင်လာနိုင်တဲ့ အကြောင်းကိုလည်း အရိပ်အမြွက် ပြသသွားပါတယ်။

အပိုင်း(၃)ထဲမှာတော့ New York တိုက်ပွဲကို Kate Bishop ရဲ့ ရှုထောင့်ကနေ ပြသသွားပြီး အဲ့ဒီဇာတ်ဝင်ခန်းမှာ မြင်တွေ့ခဲ့ရတဲ့ အချက်တစ်ချက်ကြောင့် ဒီသီအိုရီ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ဝင်ခန်းမှာတော့ Stark တာဝါဟာ Loki ရဲ့ တိုက်ခိုက်မှုကြောင့် “R” စကားလုံး ပျောက်နေပါတယ်။

ဒါပေမယ့်လည်း Avengers ရုပ်ရှင်ထဲမှာတော့ Stark တာဝါရဲ့ ပျောက်ဆုံးနေတဲ့ စကားလုံးဟာ “K” ဖြစ်နေပါတယ်။ တချို့ပရိသတ်တွေကတော့ ဒီတစ်ချက်ကို ရုပ်ရှင်တွေမှာ ဖြစ်နေကျ အမှားတစ်ခုလို့ပဲ ယူဆကြပေမယ့်လည်း ဒီသီအိုရီအရ ဆိုရင်တော့ ဒီအချက်ကြောင့်ပဲ Hawkeye ဇာတ်လမ်းတွဲဟာ တခြား Timeline တစ်ခုမှာ ဇာတ်အိမ်တည်ထားတယ်လို့ ဖြစ်လာတာပါ။

photo via screenrant

Disney+ ကနေ ပြသနေတဲ့ WandaVision နဲ့ What If…? တို့လို Marvel ဇာတ်လမ်းတွဲအများစုဟာ Multiverse တွေအကြောင်းတွေကို ဦးတည်နေပါတယ်။ Marvel ဟာ ကိုဗစ်မဖြစ်ခင်တုန်းက ပထမဆုံး ဖန်တီးခဲ့တဲ့ ဇာတ်လမ်းတွဲဟာ The Falcon and the Winter Soldier ဖြစ်ပြီး ထွက်ရှိလာတဲ့အချိန်ကျမှ ဒုတိယနေရာကို ရောက်သွားတာ ဖြစ်ပါတယ်။

The Falcon and the Winter Soldier ကို ပထမဆုံးလို့ သတ်မှတ်မယ်ဆိုရင် WandaVision ကနေ What If…? အထိ Multiverse အကြောင်းတွေကို တောက်လျှောက် ပြသခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီသီအိုရီအတိုင်းသာဆိုရင် Hawkeye ကလည်း Multiverse အကြောင်းကို ဖော်ပြသွားမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်နေနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Hawkeye ဇာတ္လမ္းတြဲဟာ MCU ထဲက ဇာတ္လမ္းငယ္တစ္ခုပုံစံမ်ိဴး ဖန္တီးထားေပမယ့္လည္း Fan Theory တစ္ခုအရ ဆိုရင္ေတာ့ ဒီဇာတ္လမ္းတြဲဟာ Multiverse အတြင္းမွာ ဇာတ္အိမ္တည္ထားတယ္လို႔ ဆိုပါတယ္။ ဒီသီအိုရီအရ ဆိုရင္ေတာ့ အရာရာ အားလုံး ေျပာင္းလဲသြားမွာပဲ ျဖစ္ပါတယ္။ ဒီသီအိုရီအေၾကာင္းကိုေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရွုနိုင္ပါတယ္။

photo via screenrant

Marvel ရဲ့ တျခား႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြလိုပဲ Hawkeye ဟာလည္း Easter Egg ေတြ ပါဝင္ေနပါတယ္။ Hawkeye ဇာတ္လမ္းတြဲရဲ့ အပိုင္း(၁)မွာတင္ Rogers: Musical ကို ျပသခဲ့သလို ၿပီးခဲ့တဲ့ အပတ္တုန္းက ထြက္ရွိခဲ့တဲ့ အပိုင္း(၃)ထဲမွာေတာ့ New York တိုက္ပြဲကို ျမင္ေတြ႕ခဲ့ရၿပီး Easter Egg ေတြကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ Kingpin ျပန္လည္ ပါဝင္လာနိုင္တဲ့ အေၾကာင္းကိုလည္း အရိပ္အႁမြက္ ျပသသြားပါတယ္။

အပိုင္း(၃)ထဲမွာေတာ့ New York တိုက္ပြဲကို Kate Bishop ရဲ့ ရွုေထာင့္ကေန ျပသသြားၿပီး အဲ့ဒီဇာတ္ဝင္ခန္းမွာ ျမင္ေတြ႕ခဲ့ရတဲ့ အခ်က္တစ္ခ်က္ေၾကာင့္ ဒီသီအိုရီ ေပၚေပါက္လာတာ ျဖစ္ပါတယ္။ အဆိုပါ ဇာတ္ဝင္ခန္းမွာေတာ့ Stark တာဝါဟာ Loki ရဲ့ တိုက္ခိုက္မွုေၾကာင့္ “R” စကားလုံး ေပ်ာက္ေနပါတယ္။

ဒါေပမယ့္လည္း Avengers ႐ုပ္ရွင္ထဲမွာေတာ့ Stark တာဝါရဲ့ ေပ်ာက္ဆုံးေနတဲ့ စကားလုံးဟာ “K” ျဖစ္ေနပါတယ္။ တခ်ိဳ႕ပရိသတ္ေတြကေတာ့ ဒီတစ္ခ်က္ကို ႐ုပ္ရွင္ေတြမွာ ျဖစ္ေနက် အမွားတစ္ခုလို႔ပဲ ယူဆၾကေပမယ့္လည္း ဒီသီအိုရီအရ ဆိုရင္ေတာ့ ဒီအခ်က္ေၾကာင့္ပဲ Hawkeye ဇာတ္လမ္းတြဲဟာ တျခား Timeline တစ္ခုမွာ ဇာတ္အိမ္တည္ထားတယ္လို႔ ျဖစ္လာတာပါ။

photo via screenrant

Disney+ ကေန ျပသေနတဲ့ WandaVision နဲ႔ What If…? တို႔လို Marvel ဇာတ္လမ္းတြဲအမ်ားစုဟာ Multiverse ေတြအေၾကာင္းေတြကို ဦးတည္ေနပါတယ္။ Marvel ဟာ ကိုဗစ္မျဖစ္ခင္တုန္းက ပထမဆုံး ဖန္တီးခဲ့တဲ့ ဇာတ္လမ္းတြဲဟာ The Falcon and the Winter Soldier ျဖစ္ၿပီး ထြက္ရွိလာတဲ့အခ်ိန္က်မွ ဒုတိယေနရာကို ေရာက္သြားတာ ျဖစ္ပါတယ္။

The Falcon and the Winter Soldier ကို ပထမဆုံးလို႔ သတ္မွတ္မယ္ဆိုရင္ WandaVision ကေန What If…? အထိ Multiverse အေၾကာင္းေတြကို ေတာက္ေလၽွာက္ ျပသခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဒီသီအိုရီအတိုင္းသာဆိုရင္ Hawkeye ကလည္း Multiverse အေၾကာင္းကို ေဖာ္ျပသြားမယ့္ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ေနနိုင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular