HomeCelebs Update NewsInternationalJames Bond အဖြစ် သရုပ်ဆောင်ချင်ပါတယ်လို့ ဆိုလာတဲ့ Henry Cavill 

James Bond အဖြစ် သရုပ်ဆောင်ချင်ပါတယ်လို့ ဆိုလာတဲ့ Henry Cavill 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်မင်းသား Henry Cavill ဟာ Superman နဲ့ Sherlock Holmes တို့လို နာမည်ကြီးဇာတ်ရုပ်တွေကို သရုပ်ဆောင်အပြီးမှာတော့ အထင်ကရ ဇာတ်ရုပ်တစ်ခုဖြစ်တဲ့ James Bond ကိုလည်း သရုပ်ဆောင်ချင်တယ်လို့ ဆိုလာပါတယ်။

မကြာခင်မှာ အသစ်ထွက်ရှိလာမယ့် James Bond ရုပ်ရှင် No Time To Die ဟာ မင်းသား Daniel Craig ရဲ့ ငါးကားမြောက်နဲ့ နောက်ဆုံး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒါကြောင့်လည်း Henry Cavill ဟာ James Bond နေရာမှာ သူ့အနေနဲ့ အစားထိုးဝင်ရောက် သရုပ်ဆောင်ဖို့ ယုံကြည်ချက်တွေ ပြည့်ဝနေတာ ဖြစ်ပါတယ်။

Photo via IMDb

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ Cavill ဟာ အသက်နှစ်ဆယ်ကျော် အရွယ်လောက်တုန်းက James Bond ရုပ်ရှင်ဇာတ်ကားမှာ လူရွေးပွဲဝင်ပြိုင်ပြီး သရုပ်ဆောင်ရလုနီးနီး ဖြစ်ခဲ့တာကို ပြောပြခဲ့ပါသေးတယ်။

“တကယ်လို့ Barbara (James Bond ရုပ်ရှင်ရဲ့ ထုတ်လုပ်သူ Barbara Broccoli) နဲ့ Mike (တွဲဖက်ထုတ်လုပ်သူ Michael G. Wilson) တို့ကသာ စိတ်ဝင်စားမယ်ဆိုရင် အဲ့ဒီ့အခွင့်အရေးကို ကျွန်တော် အရယူမိပါလိမ့်မယ်။ အခုအခြေအနေမှာတော့ အကုန်လုံးက ဘာမှမရေရာသေးပါဘူး။ ဘာတွေဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိရမှာပေါ့။ ဒါပေမယ့် ပြောရရင်တော့ James Bond အဖြစ် ကျွန်တော် သရုပ်ဆောင်ချင်တာပေါ့ဗျာ။ ဒါက အရမ်း အရမ်းကို စိတ်လှုပ်ရှားစရာကြီးလေ… ” လို့ Cavill က ဆိုထားပါတယ်။

Photo: henrcavill/ Instagram

Cavill ဟာ Man of Steel ဇာတ်ကားမှာ Superman အဖြစ် စတင်သရုပ်ဆောင်ခဲ့ပြီး အဲ့ဒီ့နောက်မှာ ထွက်ရှိခဲ့တဲ့ Batman v Superman: Dawn of Justice နဲ့ Justice League တို့မှာ Superman ဇာတ်ကောင်ကို ဆက်တိုက် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း Netflix ရဲ့ Enola Holmes ရုပ်ရှင်ဇာတ်ကားမှာ Sherlock Holmes ဇာတ်ကောင်ကနေ သရုပ်ဆောင်ထားပါသေးတယ်။

အသစ်ထွက်ရှိလာမယ့် James Bond ဇာတ်ကား No Time To Die ဟာ ရုံတင်ရက် ရွှေ့ဆိုင်းမှုများစွာကို ပြုလုပ်အပြီးမှာ လာမယ့်နိုဝင်ဘာလမှာ ရုံတင်ဖို့ လျာထားဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ဒီရုံတင်ရက်ဟာလည်း အတည်တကျ မဖြစ်နိုင်သေးဘဲ နောက်ထပ် ရွှေ့ဆိုင်းရဖို့လည်း ဖြစ်နိုင်နေပါသေးတယ်။ James Bond ဇာတ်ကောင်အတွက် သရုပ်ဆောင်အသစ် ရွေးချယ်ရာမှာတော့ Henry Cavill အပြင် Idris Elba နဲ့ Tom Hardy တို့ကလည်း သတင်းထွက်နေပါသေးတယ်။

Glasgow

Source: indian express

(Zawgyi Version)

နာမည္ေက်ာ္မင္းသား Henry Cavill ဟာ Superman နဲ႔ Sherlock Holmes တို႔လို နာမည္ႀကီးဇာတ္႐ုပ္ေတြကို သ႐ုပ္ေဆာင္အၿပီးမွာေတာ့ အထင္ကရ ဇာတ္႐ုပ္တစ္ခုျဖစ္တဲ့ James Bond ကိုလည္း သ႐ုပ္ေဆာင္ခ်င္တယ္လို႔ ဆိုလာပါတယ္။

မၾကာခင္မွာ အသစ္ထြက္ရွိလာမယ့္ James Bond ႐ုပ္ရွင္ No Time To Die ဟာ မင္းသား Daniel Craig ရဲ႕ ငါးကားေျမာက္နဲ႔ ေနာက္ဆုံး သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Henry Cavill ဟာ James Bond ေနရာမွာ သူ႔အေနနဲ႔ အစားထိုးဝင္ေရာက္ သ႐ုပ္ေဆာင္ဖို႔ ယုံၾကည္ခ်က္ေတြ ျပည့္ဝေနတာ ျဖစ္ပါတယ္။

Photo via IMDb

မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ GQ မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာေတာ့ Cavill ဟာ အသက္ႏွစ္ဆယ္ေက်ာ္ အ႐ြယ္ေလာက္တုန္းက James Bond ႐ုပ္ရွင္ဇာတ္ကားမွာ လူေ႐ြးပြဲဝင္ၿပိဳင္ၿပီး သ႐ုပ္ေဆာင္ရလုနီးနီး ျဖစ္ခဲ့တာကို ေျပာျပခဲ့ပါေသးတယ္။

“တကယ္လို႔ Barbara (James Bond ႐ုပ္ရွင္ရဲ႕ ထုတ္လုပ္သူ Barbara Broccoli) နဲ႔ Mike (တြဲဖက္ထုတ္လုပ္သူ Michael G. Wilson) တို႔ကသာ စိတ္ဝင္စားမယ္ဆိုရင္ အဲ့ဒီ့အခြင့္အေရးကို ကြၽန္ေတာ္ အရယူမိပါလိမ့္မယ္။ အခုအေျခအေနမွာေတာ့ အကုန္လုံးက ဘာမွမေရရာေသးပါဘူး။ ဘာေတြျဖစ္မယ္ဆိုတာ ကြၽန္ေတာ္တို႔ သိရမွာေပါ့။ ဒါေပမယ့္ ေျပာရရင္ေတာ့ James Bond အျဖစ္ ကြၽန္ေတာ္ သ႐ုပ္ေဆာင္ခ်င္တာေပါ့ဗ်ာ။ ဒါက အရမ္း အရမ္းကို စိတ္လႈပ္ရွားစရာႀကီးေလ… ” လို႔ Cavill က ဆိုထားပါတယ္။

Photo: henrcavill/ Instagram

Cavill ဟာ Man of Steel ဇာတ္ကားမွာ Superman အျဖစ္ စတင္သ႐ုပ္ေဆာင္ခဲ့ၿပီး အဲ့ဒီ့ေနာက္မွာ ထြက္ရွိခဲ့တဲ့ Batman v Superman: Dawn of Justice နဲ႔ Justice League တို႔မွာ Superman ဇာတ္ေကာင္ကို ဆက္တိုက္ သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ အခုလက္ရွိမွာလည္း Netflix ရဲ႕ Enola Holmes ႐ုပ္ရွင္ဇာတ္ကားမွာ Sherlock Holmes ဇာတ္ေကာင္ကေန သ႐ုပ္ေဆာင္ထားပါေသးတယ္။

အသစ္ထြက္ရွိလာမယ့္ James Bond ဇာတ္ကား No Time To Die ဟာ ႐ုံတင္ရက္ ေ႐ႊ႕ဆိုင္းမႈမ်ားစြာကို ျပဳလုပ္အၿပီးမွာ လာမယ့္ႏိုဝင္ဘာလမွာ ႐ုံတင္ဖို႔ လ်ာထားဆဲ ျဖစ္ပါတယ္။ သို႔ေပမယ့္ ကိုဗစ္ကပ္ေရာဂါ အေျခအေနေၾကာင့္ ဒီ႐ုံတင္ရက္ဟာလည္း အတည္တက် မျဖစ္ႏိုင္ေသးဘဲ ေနာက္ထပ္ ေ႐ႊ႕ဆိုင္းရဖို႔လည္း ျဖစ္ႏိုင္ေနပါေသးတယ္။ James Bond ဇာတ္ေကာင္အတြက္ သ႐ုပ္ေဆာင္အသစ္ ေ႐ြးခ်ယ္ရာမွာေတာ့ Henry Cavill အျပင္ Idris Elba နဲ႔ Tom Hardy တို႔ကလည္း သတင္းထြက္ေနပါေသးတယ္။

Glasgow

Source: indian express

RELATED ARTICLES

Most Popular