HomeEntertainmentFilmBox-office မှာ ဝင်ငွေအများဆုံး ရရှိထားတဲ့ နာမည်ကျော်စစ်ကား(၅)ကား 

Box-office မှာ ဝင်ငွေအများဆုံး ရရှိထားတဲ့ နာမည်ကျော်စစ်ကား(၅)ကား 

စစ်ကားတွေဟာ စစ်ရဲ့ အနိဌာရုံ၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ လူသားတွေရဲ့ အတ္တ၊ လောဘတွေကို မီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ တချို့ကတော့ စစ်အကြောင်း သီးသန့်ရိုက်ပြတဲ့ကားတွေ ရှိသလို၊ တချို့ကတော့ လူမှုဘဝထဲက အချစ်၊အလွမ်း ဒရာမာတွေနဲ့ စစ်နောက်ခံသမိုင်းကြောင်းကို တင်ဆက်ပြတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ ဒီထဲကမှ ဝင်ငွေအများဆုံး ရရှိထားတဲ့ စစ်ကား(၅)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(5) 1917 (ဒေါ်လာ ၃၈၄ သန်းကျော်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.3) ရရှိထားပါတယ်။ ပထမကမ္ဘာစစ်အတွင်းမှာ ဇာတ်အိမ်တည်ထားပြီး ဗြိတိသျှစစ်သားနှစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြုလုပ်ဖို့ မဖြစ်နိုင်တဲ့ အမိန့်ကို ရရှိခဲ့ပါတယ်။ အဲ့ဒီအမိန့်ကတော့ ရန်သူရဲ့ စခန်းဆီကို သွားပြီး စစ်သားပေါင်း (၁၆၀၀)လောက်ရဲ့ အသက်ကို ကယ်တင်နိုင်မယ့် သတင်းစကားကို သွားပြောရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ George MacKay ၊ Richard Madden နဲ့ Benedict Cumberbatch တို့ ပါဝင်ထားပြီး အော်စကာသုံးဆု ရရှိထားပါတယ်။

(4) Pearl Harbor (ဒေါ်လာ ၄၄၉ သန်းကျော်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.2) ရရှိထားပါတယ်။ Rafe နဲ့ Danny တို့ နှစ်ယောက်ဟာ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပြီး လေတပ်သားတွေ ဖြစ်လာကြပါတယ်။ အဲ့ဒီနောက် သူတို့နှစ်ယောက်ဟာ Evelyn ဆိုတဲ့ စစ်သူနာပြုတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ကြပြီး သိပ်မကြာခင်မှာပဲ သူတို့သုံးယောက်လုံးဟာ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုနဲ့ ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Ben Affleck ၊ Kate Beckinsale နဲ့ Josh Hartnett တို့ ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(3) Saving Private Ryan (ဒေါ်လာ ၄၈၂ သန်းကျော်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဇာတ်အိမ်တည်ထားပြီး Captain John Miller ဟာ တပ်သား James Ryan ကို ရှာဖွေပြီး ကယ်တင်ဖို့ အမိန့်ကျလာပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ Ryan ကို ကယ်တင်ဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Hanks ၊ Vin Diesel ၊ Matt Damon နဲ့ Edward Burns တို့ ပါဝင်ထားပြီး အော်စကာငါးဆု ရရှိထားပါတယ်။

(2) Dunkirk (ဒေါ်လာ ၅၂၆ သန်းကျော်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.8) ရရှိထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဇာတ်အိမ်တည်ထားပြီး ဂျာမနီတပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ မဟာမိတ်တပ်တွေအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျာမနီတွေနဲ့ ရင်ဆိုင်နေရတဲ့ မဟာမိတ်တွေဟာ Dunkirk မြို့ကနေ ဆုတ်ခွာဖို့ ကြိုးစားကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Harry Styles ၊ Tom Hardy နဲ့ Cillian Murphy တို့ ပါဝင်ထားပြီး အော်စကာသုံးဆု ရရှိထားပါတယ်။

(1) American Sniper (ဒေါ်လာ ၅၄၇ သန်းကျော်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အီရတ်စစ်ပွဲကနေ အိမ်ပြန်လာတဲ့ စနိုက်ပါတစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သူဟာ စစ်ပွဲကနေ အိမ်ပြန်ရောက်လာပေမယ့်လည်း စစ်ပွဲအတွင်းမှာ မြင်တွေ့ခဲ့ရတဲ့ သွေးထွက်သံယိုတွေကြောင့် စိတ်ဒဏ်ရာရနေပြီး အဲ့ဒီအချက်ကြောင့်ပဲ သူ့ရဲ့အိမ်ထောင်ရေးနဲ့ဘဝကို ထိခိုက်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Bradley Cooper ၊ Sienna Miller နဲ့ Luke Grimes တို့ ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

ဒါကတော့ ဇာတ်လမ်းလည်းကောင်းပြီး ဝင်ငွေအရလည်း အအောင်မြင်ဆုံးဖြစ်တဲ့ စစ်ကားငါးကား ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်ကားတွေရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular