HomeCelebs Update NewsInternationalကိုယ့်ကိုယ်ကို MCU ထဲမှာ ပါဝင်မှန်း မေ့နေတဲ့ Laurence Fishburne

ကိုယ့်ကိုယ်ကို MCU ထဲမှာ ပါဝင်မှန်း မေ့နေတဲ့ Laurence Fishburne

သရုပ်ဆောင် Laurence Fishburne ကတော့ John Wick 4 ကို ပရိုမိုးရှင်းပြုလုပ်တဲ့ အင်တာဗျူးထဲမှာ MCU နဲ့ ပတ်သက်တဲ့ အကြောင်းအရာအချို့ကို ပြောဆိုသွားပါတယ်။ အဲဒီအင်တာဗျူးမှာတော့ Laurence ဟာ သူ့ကိုယ်သူ MCU ထဲမှာ ပါဝင်ထားမှန်း မေ့လျော့နေပုံ ရပါတယ်။ Laurence ဟာ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ant-Man and the Wasp ရုပ်ရှင်ထဲမှာ Bill Foster အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Bill Foster ကတော့ Hank Pym နဲ့အတူ Shield အဖွဲ့ထဲမှာ ပါဝင်ခဲ့ဖူးသူ ဖြစ်ပြီး Ant-Man and the Wasp ရုပ်ရှင်ထဲမှာတော့ Ava Starr ကို စောင့်ရှောက်နေသူလည်း ဖြစ်ပါတယ်။ Laurence ဟာ John Wick 4 အတွက် ComicBook.com နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး MCU နဲ့ ပတ်သက်တဲ့ အကြောင်းအရာအချို့ကိုလည်း ပြောပြခဲ့ပါတယ်။

photo credit Marvel Studios

“ကျွန်တော်က MCU ပရိသတ်တစ်ယောက်ပါ။ Marvel Cinematic Universe ကိုလည်း တကယ်ကြိုက်ပါတယ်။ အဲဒီထဲမှာ ကျွန်တော် အရမ်းပါဝင်ချင်ပေမယ့် ပရိသတ်အဖြစ်နဲ့ပဲနေပြီး သူတို့ကမ်းလှမ်းလာတာကို စောင့်နေတာပါ။ ကျွန်တော် Atlanta မှာ ရောက်နေတုန်းကတော့ နောက်ထပ် Captain America ရုပ်ရှင်အတွက် သူတို့ပြင်ဆင်နေကြတယ်လို့ ကြားတယ်ဗျ။ အဲဒါနဲ့ ကျွန်တော်လည်း ဟုတ်ပြီ … လုပ်သာလုပ်ကြကွာလို့ ပြန်ပြောလိုက်တယ် …”

ဒီစကားတွေကြောင့်ပဲ Laurence ဟာ MCU ထဲမှာ Bill Foster အနေနဲ့ သရုပ်ဆောင်ဖူးတာကို မေ့လျော့နေတယ်လို့ ယူဆရတာပဲ ဖြစ်ပါတယ်။ Bill Foster ကိုတော့ Ant-Man 2 ရဲ့အဆုံးသတ်မှာ Ava Starr နဲ့အတူ FBI ကနေ ထွက်ပြေးတာကို နောက်ဆုံးအနေနဲ့ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Laurence ရဲ့ ပြောစကားအရ Bill Foster ဟာ Captain America: New World Order ထဲမှာလည်း ပြန်လည်ပါဝင်လာဦးမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Ava Starr တဖြစ်လည်း Ghost ကလည်း Thunderbolts ရုပ်ရှင်ထဲမှာ ပြန်လည်ပါဝင်လာမှာ ဖြစ်တာကြောင့် ဒီရုပ်ရှင်ထဲမှာလည်း Bill Foster ကို Supporting Role အနေနဲ့ မြင်တွေ့ရနိုင်ပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular