HomeEntertainmentFilmအချိန်ခရီးသွားခြင်းအကြောင်း ရိုက်ကူးထားတဲ့ IMDb အမြင့်ဆုံး ရုပ်ရှင်ကားများ

အချိန်ခရီးသွားခြင်းအကြောင်း ရိုက်ကူးထားတဲ့ IMDb အမြင့်ဆုံး ရုပ်ရှင်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Sci-Fi လို့ခေါ်တဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားတွေဟာ လူကြိုက်များတဲ့ ရုပ်ရှင်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ သိပ္ပံပညာကို အခြေခံထားတဲ့ ဇာတ်ကားတွေထဲမှာမှ အချိန်ခရီးသွားတဲ့အကြောင်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားတွေဟာလည်း ရုပ်ရှင်ချစ်သူတွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားပါတယ်။ ဒါကြောင့် အချိန်ခရီးသွားတဲ့အကြောင်းကို အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေထဲက IMDb အမြင့်ဆုံး ရရှိထားတဲ့ ဇာတ်ကား(၇)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(7) The Terminator
photo via imdb

Terminator ဟာ ၁၉၈၄ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Sarah Connor ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို သတ်ဖို့အတွက် ၂၀၂၉ခုနှစ်ကနေ အတိတ်ဆီကို စက်ရုပ်တစ်ရုပ် စေလွှတ်လိုက်ပါတယ်။ လူသားတွေဘက်ကလည်း အဲ့ဒီကောင်မလေးကို ကာကွယ်ဖို့အတွက် စစ်သားတစ်ယောက်ကို လွှတ်လိုက်ပြီးတော့ လူသားနဲ့ စက်ရုပ်ကြားက တိုက်ပွဲကို ကြည့်ရှုရမှာပါ။

(6) X-Men: Days of The Future Past
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.0) ရရှိထားပါတယ်။ ဒီကားဟာ X-Men universe ရဲ့ (၇) ကားမြောက် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၂၀၂၃ခုနှစ်မှာ သန္ဓေပြောင်းလူသားတွေဟာ မျိုးတုန်းတော့မယ့် အန္တရာယ်ကို ကျရောက်နေခဲ့ပါတယ်။ အဲ့ဒါကြောင့် သမိုင်းကို ပြန်ပြင်ဖို့နဲ့ သူတို့ရဲ့အသက်ဘေးကနေ လွတ်မြောက်ဖို့အတွက် Logan ကို ၁၉၇၀ခုနှစ်နှောင်းပိုင်းအချိန်ကို အချိန်ခရီးသွားလိုက်ပါတော့တယ်။

(5) 12 Monkeys
photo via screenrant

ဒီကားကတော့ ၁၉၉၅ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၉၆ခုနှစ်မှာ ဗိုင်းရပ်စ်တစ်ခုကြောင့် လူသားမျိုးနွယ်တစ်ခုလုံးနီးပါး သေဆုံးခဲ့ရပါတယ်။ အသက်ရှင်ကျန်သူ အနည်းငယ်ကလည်း အသက်ရှင်နေထိုင်ဖို့အတွက် မြေအောက်ထဲမှာ နေကြရပါတယ်။ ၂၀၃၅ခုနှစ်မှာတော့ အဲ့ဒီဗိုင်းရပ်စ် ဘယ်လိုဖြစ်ပေါ်လာလည်းဆိုတာကို စုံစမ်းဖို့ James Cole (Bruce Willis) ကို အတိတ်ကိုပြန်သွားဖို့အတွက် ရွေးချယ်ခဲ့ပါတယ်။

(4) Avengers: Endgame
photo via imdb

ဒီကားကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီး IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူအများစု ကြည့်ပြီးကြပြီမို့ သိပ်အများကြီး ပြောစရာလိုမယ် မထင်ပါဘူး။ Avengers: Infinity War အပြီးမှာ ဖြစ်သွားတဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်တွေကြောင့် ကမ္ဘာကြီးရဲ့ လူဦးရေဟာ တစ်ဝက်တိတိ လျော့ကျသွားပါတယ်။ ဒါကြောင့် ကျန်နေသေးတဲ့ Avenger တွေစုစည်းပြီးတော့ အားလုံးကို ကယ်တင်ဖို့အတွက် ကြိုးစားကြပါတော့တယ်။

(3) Terminator 2: Judgement Day
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၁ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.5) ရရှိထားပါတယ်။ Terminator ရဲ့ ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ ဒီကားမှာတော့ နောက်ထပ်စက်ရုပ်တစ်ရုပ်ဟာ အနာဂတ်ကနေ အတိတ်ဆီကို ထပ်ပြီးလာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ Sarah Connor ကို သတ်ဖို့မဟုတ်တော့ဘဲနဲ့ သူ့ရဲ့သားကို သတ်ဖို့ မစ်ရှင်ပေးထားတာပါ။ သို့ပေမယ့် ယခင်က ရောက်နှင့်နေပြီးတဲ့ စက်ရုပ်က Sarah Connor ရဲ့သားကို ကာကွယ်ဖို့ ဖြစ်လာပါတော့တယ်။

(2) Back To The Future
photo via screenrant

ဒီကားကတော့ ၁၉၈၅ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.5) ရရှိထားပါတယ်။ အချိန်ခရီးသွားတဲ့ ဇာတ်ကားတွေထဲမှာတော့ ဂန္ထဝင်ဇာတ်ကားတစ်ကားလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကို မတော်တဆ ရောက်သွားခဲ့ပါတယ်။ အဲ့လိုရောက်သွားပြီးတဲ့နောက်မှာတော့ အန္တရာယ်ကင်းကင်းနဲ့ လက်ရှိကာလကို ပြန်ပြီးလာနိုင်မလားဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားဟာ အချိန်ခရီးသွားခြင်းအကြောင်းကို သေချာ ရိုက်ပြထားတာကြောင့် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။

(1) Interstellar
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ကမ္ဘာကြီးရဲ့ သယံဇာတတွေဟာ ကုန်သလောက် ဖြစ်လာတာကြောင့် လူသားတွေ နေထိုင်ဖို့အတွက် ဂြိုဟ်အသစ်ကို ရှာဖွေရပါတော့တယ်။ ဒီလိုနဲ့ လေယာဉ်မှူးဘဝကနေ အနားယူထားပြီး လယ်သမားလုပ်နေတဲ့ Cooper ဟာ နာဆာရဲ့ကမ်းလှမ်းမှုနဲ့ နေထိုင်ရာ ဂြိုဟ်အသစ် ရှာဖွေမယ့်မစ်ရှင်မှာ ပါဝင်ဖို့ ဖြစ်လာပါတော့တယ်။

ဒါကတော့ အချိန်ခရီးသွားတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်မိတဲ့ အခြားဇာတ်ကားတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Sci-Fi လို႔ေခၚတဲ့ စိတ္ကူးယဥ္သိပၸံဇာတ္ကားေတြဟာ လူႀကိဳက္မ်ားတဲ့ ႐ုပ္ရွင္အမ်ိဳးအစားထဲမွာ ပါဝင္ပါတယ္။ သိပၸံပညာကို အေျခခံထားတဲ့ ဇာတ္ကားေတြထဲမွာမွ အခ်ိန္ခရီးသြားတဲ့အေၾကာင္းေတြကို ႐ိုက္ကူးထားတဲ့ ဇာတ္ကားေတြဟာလည္း ႐ုပ္ရွင္ခ်စ္သူေတြရဲ႕ အားေပးမႈကို တစ္ခဲနက္ ရရွိထားပါတယ္။ ဒါေၾကာင့္ အခ်ိန္ခရီးသြားတဲ့အေၾကာင္းကို အေျခခံ ႐ိုက္ကူးထားတဲ့ ဇာတ္ကားေတြထဲက IMDb အျမင့္ဆုံး ရရွိထားတဲ့ ဇာတ္ကား(၇)ကားကို ေဖာ္ျပေပးလိုက္ပါတယ္။

(7) The Terminator
photo via imdb

Terminator ဟာ ၁၉၈၄ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Sarah Connor ဆိုတဲ့ မိန္းကေလးတစ္ေယာက္ကို သတ္ဖို႔အတြက္ ၂၀၂၉ခုႏွစ္ကေန အတိတ္ဆီကို စက္႐ုပ္တစ္႐ုပ္ ေစလႊတ္လိုက္ပါတယ္။ လူသားေတြဘက္ကလည္း အဲ့ဒီေကာင္မေလးကို ကာကြယ္ဖို႔အတြက္ စစ္သားတစ္ေယာက္ကို လႊတ္လိုက္ၿပီးေတာ့ လူသားနဲ႔ စက္႐ုပ္ၾကားက တိုက္ပြဲကို ၾကည့္ရႈရမွာပါ။

(6) X-Men: Days of The Future Past
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.0) ရရွိထားပါတယ္။ ဒီကားဟာ X-Men universe ရဲ႕ (၇) ကားေျမာက္ ႐ုပ္ရွင္ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ၂၀၂၃ခုႏွစ္မွာ သေႏၶေျပာင္းလူသားေတြဟာ မ်ိဳးတုန္းေတာ့မယ့္ အႏၲရာယ္ကို က်ေရာက္ေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သမိုင္းကို ျပန္ျပင္ဖို႔နဲ႔ သူတို႔ရဲ႕အသက္ေဘးကေန လြတ္ေျမာက္ဖို႔အတြက္ Logan ကို ၁၉၇၀ခုႏွစ္ေႏွာင္းပိုင္းအခ်ိန္ကို အခ်ိန္ခရီးသြားလိုက္ပါေတာ့တယ္။

(5) 12 Monkeys
photo via screenrant

ဒီကားကေတာ့ ၁၉၉၅ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ၁၉၉၆ခုႏွစ္မွာ ဗိုင္းရပ္စ္တစ္ခုေၾကာင့္ လူသားမ်ိဳးႏြယ္တစ္ခုလုံးနီးပါး ေသဆုံးခဲ့ရပါတယ္။ အသက္ရွင္က်န္သူ အနည္းငယ္ကလည္း အသက္ရွင္ေနထိုင္ဖို႔အတြက္ ေျမေအာက္ထဲမွာ ေနၾကရပါတယ္။ ၂၀၃၅ခုႏွစ္မွာေတာ့ အဲ့ဒီဗိုင္းရပ္စ္ ဘယ္လိုျဖစ္ေပၚလာလည္းဆိုတာကို စုံစမ္းဖို႔ James Cole (Bruce Willis) ကို အတိတ္ကိုျပန္သြားဖို႔အတြက္ ေ႐ြးခ်ယ္ခဲ့ပါတယ္။

(4) Avengers: Endgame
photo via imdb

ဒီကားကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိထားတာ ျဖစ္ၿပီး IMDb (8.4) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ လူအမ်ားစု ၾကည့္ၿပီးၾကၿပီမို႔ သိပ္အမ်ားႀကီး ေျပာစရာလိုမယ္ မထင္ပါဘူး။ Avengers: Infinity War အၿပီးမွာ ျဖစ္သြားတဲ့ စိတ္မေကာင္းစရာ အျဖစ္အပ်က္ေတြေၾကာင့္ ကမာၻႀကီးရဲ႕ လူဦးေရဟာ တစ္ဝက္တိတိ ေလ်ာ့က်သြားပါတယ္။ ဒါေၾကာင့္ က်န္ေနေသးတဲ့ Avenger ေတြစုစည္းၿပီးေတာ့ အားလုံးကို ကယ္တင္ဖို႔အတြက္ ႀကိဳးစားၾကပါေတာ့တယ္။

(3) Terminator 2: Judgement Day
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၉၁ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.5) ရရွိထားပါတယ္။ Terminator ရဲ႕ ဒုတိယေျမာက္ ဇာတ္ကား ျဖစ္ပါတယ္။ ဒီကားမွာေတာ့ ေနာက္ထပ္စက္႐ုပ္တစ္႐ုပ္ဟာ အနာဂတ္ကေန အတိတ္ဆီကို ထပ္ၿပီးလာခဲ့ပါတယ္။ ဒီတစ္ခါမွာေတာ့ Sarah Connor ကို သတ္ဖို႔မဟုတ္ေတာ့ဘဲနဲ႔ သူ႔ရဲ႕သားကို သတ္ဖို႔ မစ္ရွင္ေပးထားတာပါ။ သို႔ေပမယ့္ ယခင္က ေရာက္ႏွင့္ေနၿပီးတဲ့ စက္႐ုပ္က Sarah Connor ရဲ႕သားကို ကာကြယ္ဖို႔ ျဖစ္လာပါေတာ့တယ္။

(2) Back To The Future
photo via screenrant

ဒီကားကေတာ့ ၁၉၈၅ခုႏွစ္က ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.5) ရရွိထားပါတယ္။ အခ်ိန္ခရီးသြားတဲ့ ဇာတ္ကားေတြထဲမွာေတာ့ ဂႏၴဝင္ဇာတ္ကားတစ္ကားလို႔ ေျပာလို႔ရပါတယ္။ ဇာတ္လမ္းကေတာ့ ဆယ္ေက်ာ္သက္ ေကာင္ေလးတစ္ေယာက္ဟာ လြန္ခဲ့တဲ့ ႏွစ္သုံးဆယ္ကို မေတာ္တဆ ေရာက္သြားခဲ့ပါတယ္။ အဲ့လိုေရာက္သြားၿပီးတဲ့ေနာက္မွာေတာ့ အႏၲရာယ္ကင္းကင္းနဲ႔ လက္ရွိကာလကို ျပန္ၿပီးလာႏိုင္မလားဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီကားဟာ အခ်ိန္ခရီးသြားျခင္းအေၾကာင္းကို ေသခ်ာ ႐ိုက္ျပထားတာေၾကာင့္ ၾကည့္ကိုၾကည့္သင့္တဲ့ ဇာတ္ကားေလး ျဖစ္ပါတယ္။

(1) Interstellar
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.6) ရရွိထားပါတယ္။ ကမာၻႀကီးရဲ႕ သယံဇာတေတြဟာ ကုန္သေလာက္ ျဖစ္လာတာေၾကာင့္ လူသားေတြ ေနထိုင္ဖို႔အတြက္ ၿဂိဳဟ္အသစ္ကို ရွာေဖြရပါေတာ့တယ္။ ဒီလိုနဲ႔ ေလယာဥ္မႉးဘဝကေန အနားယူထားၿပီး လယ္သမားလုပ္ေနတဲ့ Cooper ဟာ နာဆာရဲ႕ကမ္းလွမ္းမႈနဲ႔ ေနထိုင္ရာ ၿဂိဳဟ္အသစ္ ရွာေဖြမယ့္မစ္ရွင္မွာ ပါဝင္ဖို႔ ျဖစ္လာပါေတာ့တယ္။

ဒါကေတာ့ အခ်ိန္ခရီးသြားတဲ့အေၾကာင္းကို ႐ိုက္ကူးထားတဲ့ ဇာတ္ကားေကာင္းမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္မိတဲ့ အျခားဇာတ္ကားေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular