HomeEntertainmentFilmထိမိတဲ့ရသကို နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ horror စီးရီးကောင်းများ

ထိမိတဲ့ရသကို နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ horror စီးရီးကောင်းများ

horror ဇာတ်လမ်းတွေကိုမှ အရသာထိထိမိမိနဲ့ မတူကွဲပြားတဲ့ တင်ဆက်ပုံ၊ ခိုင်မာတဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်တွေကို ကြည့်ရှုလိုကြတဲ့ ပရိသတ်များအတွက် နာမည်ကြီး horror ဇာတ်လမ်းတွဲကောင်း (၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(7) AMERICAN HORROR STORY

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb (8) ရရှိထားပါတယ်။ season (10) ထွက်ရှိထားပြီး နောက်ထပ်လည်း ထပ်ထွက်လာဦးမှာ ဖြစ်ပါတယ်။ season တစ်ခုစီတိုင်းမှာ မတူညီတဲ့ နေရာတွေနဲ့ မတူညီတဲ့ ဇာတ်လမ်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် horror ဇာတ်လမ်းတွဲတွေထဲက အအောင်မြင်ဆုံးတစ်ခုလို့ ပြောနိုင်ပြီး jump scare တွေ သိပ်မပါဘဲ သင့်ကို ကျောရိုးထဲထိ စိမ့်နေအောင် ခံစားရစေမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

(6) BATES MOTEL

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.1) ရရှိထားကာ season (၅)ခု ရှိပါတယ်။ ဇာတ်လမ်းကတော့ Norman Bates နဲ့ သူ့ရဲ့အမေအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပြီးတော့ ၁၉၆၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Psycho ဆိုတဲ့ horror ကားရဲ့ prequel ဖြစ်ပါတယ်။

သူတို့သားအမိနှစ်ယောက်ဟာ ကမ်းခြေမြို့လေးတစ်မြို့ ဖြစ်တဲ့ White Pine Bay ကို ပြောင်းရွှေ့လာကြပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့အမေဟာ မိုတယ်တစ်ခုကို ဝယ်ပြီး စီးပွားရေးလုပ်ကာ ဘဝကို အသစ်က ပြန်စခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ အိမ်နီးနားချင်းတွေက ပုံမှန်မဟုတ်တာကြောင့် မိခင်ဖြစ်သူဟာ သူ့ရဲ့သားလေးကို ကာကွယ်ရပါတော့တယ်။

(5) PENNY DREADFUL

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.2) ရရှိထားပါတယ်။ season (၃)ခုနဲ့ ဇာတ်သိမ်းထားပါတယ်။ ဇာတ်လမ်းကတော့ Vanessa Ives ဟာ လူသတ်သမားတစ်ယောက်ကို စုံစမ်းဖို့အတွက် သေနတ်သမားတစ်ယောက် ဖြစ်တဲ့ Ethan Chandler ၊ စူးစမ်းလေ့လာသူ Sir Malcolm Murray နဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်တဲ့  Victor Frankenstein တို့ကို စုစည်းပြီးတော့ အဖွဲ့ဖွဲ့လိုက်ပါတယ်။ ဒီလိုစုံစမ်းနေရင်းနဲ့ သူတို့အုပ်စုရဲ့ပစ်မှတ်ဟာ လူသားမဟုတ်တဲ့ အရာတစ်ခုမှန်း သိလိုက်ရပါတော့တယ်။

(4) THE WALKING DEAD

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.2) ရရှိထားပါတယ်။ လက်ရှိမှာတော့ season (11)ကို ထုတ်လွှင့်နေပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ လူတော်တော်များများ သိကြတာကြောင့် သိပ်ပြီးအများကြီး ပြောဖို့လိုမယ် မထင်ပါဘူး။ ဇာတ်လမ်းကတော့ ရဲအရာရှိတစ်ယောက် ဖြစ်တဲ့ Rick Grimes ဟာ ကိုမာကနေ နှိုးထလာတဲ့အချိန်မှာ လူသားတွေ တော်တော်များများဟာ ဇွန်ဘီတွေ ဖြစ်ကုန်ကြတာကို သိလိုက်ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ လုံခြုံတဲ့နေရာကို လိုက်ရှာရင်းနဲ့ တခြားအသက်ရှင်ကျန်သူတွေနဲ့ တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူက တခြားသူတွေကို ဦးဆောင်ပြီးတော့ လုံခြုံတဲ့နေရာကို ရှာဖို့အတွက် ခရီးထွက်ရပါတော့တယ်။

(3) HAUNTING HOUSE SERIES

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (8.7) ရရှိထားပါတယ်။ season နှစ်ခု ထွက်ရှိထားကာ season တစ်ခုကို ဇာတ်လမ်းတစ်ခုစီ ဖြစ်ပါတယ်။ season 1 ရဲ့ ဇာတ်လမ်းကတော့ မိသားစုတစ်စုဟာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်ကြီးမှာ နေထိုင်ခဲ့ကြပြီးတော့ ကလေးတွေဟာလည်း ကြီးပြင်းလာကြပါတယ်။ အဲ့ဒီအိမ်မှာ သူတို့ဟာ ငယ်ငယ်တည်းက ဒုက္ခတွေမျိုးစုံ ခံစားခဲ့ရပေမယ့် သူတို့ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီအိမ်ကြီးကို ပြန်သွားဖို့ ဖြစ်လာပါတယ်။ အဲ့ဒီအိမ်ကြီးမှာ နေခဲ့တဲ့အချိန်တွေနဲ့ လက်ရှိအချိန်ကို ယှဉ်ပြီး ရိုက်ပြထားတာကို ကြည့်ရှုရမှာဖြစ်ပြီး ကျွန်တော်တို့ကြည့်နေကျ ပုံမှန်သရဲကားတွေနဲ့ မတူဘဲ လုံးဝကို ကွဲပြားတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

(2) STRANGER THINGS

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.8) ရရှိထားကာ ဆက်လက်ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Indiana ပြည်နယ်မှာ ရှိတဲ့ မြို့လေးတစ်မြို့မှာ စိတ်စွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက် ပေါ်လာတဲ့အခါမှာတော့ သူနဲ့အတူ ကမ္ဘာကြီးကိုပါ ဖျက်ဆီးပစ်နိုင်တဲ့ အရာတစ်ခု ပါလာပါတယ်။ အဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလည်း ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပြီးတော့ ပုံမှန်ဇာတ်ကားတွေနဲ့ မတူညီဘဲ ဇာတ်ဆောင်တွေအကုန်လုံးက ကလေးတွေ ဖြစ်ပါတယ်။

(1) BLACK MIRROR

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.8) ရရှိထားကာ season (၅)ခု ထွက်ရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲကလည်း Stranger Things လိုမျိုး စိတ်ကူးယဉ်သိပ္ပံနဲ့ horror ကို ရောထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နည်းပညာတွေ အင်မတန် ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီလိုနည်းပညာတွေ တိုးတက်လာတာနဲ့ လူသားတွေဟာလည်း ဘယ်လိုမျိုးတွေ ပြောင်းလဲသွားမလည်း ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပြီးတော့ အရင်က ကျွန်တော်တို့ ကြည့်ရှုခဲ့ဖူးတဲ့ နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်သစ်ကြီးတေွအကြောင်း ရိုက်ကူးထားတာနဲ့ လုံးဝကို မတူညီတဲ့ ခံစားမှုကို ရရှိမှာ ဖြစ်ပါတယ်။

Lego Les
RELATED ARTICLES

Most Popular