HomeEntertainmentFilmHouse of Gucci ဒုတိယထွေလာထဲမှာ ခင်ပွန်းကိုသတ်ဖို့ ကြံစည်နေတဲ့ Lady Gaga 

House of Gucci ဒုတိယထွေလာထဲမှာ ခင်ပွန်းကိုသတ်ဖို့ ကြံစည်နေတဲ့ Lady Gaga 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ House of Gucci ရုပ်ရှင်ရဲ့ ဒုတိယထွေလာကတော့ ထပ်မံထွက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာလည်း Lady Gaga ရဲ့ ထူးခြားချက်တဲ့ ဖက်ရှင်၊ အပြင်အဆင်တွေနဲ့ သရုပ်ဆောင်မှုတွေကို တွေ့ရဦးမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ Gaga ဟာ နာမည်ကြီး Gucci မိသားစုဝင်တစ်ယောက် ဖြစ်တဲ့ Maurizio Gucci ကို လက်ထပ်ထားတဲ့ Patrizia Reggiani ဆိုတဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ထားပါတယ်။

ပထမဆုံးထွက်ရှိခဲ့တဲ့ ထွေလာထဲမှာတော့ Gucci မိသားစုရဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးထားပါတယ်။ ယခုထပ်မံထွက်ရှိလာတဲ့ ဒုတိယထွေလာထဲမှာတော့ Gucci ဖက်ရှင်မိသားစုနဲ့ ပတ်သက်တဲ့ Patrizia ရဲ့ ရည်မှန်းချက်တွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Photo via IMDb

“Gucci ဆိုတာ အဲလောက်လည်း စိတ်လှုပ်ရှားဖို့ မကောင်းသလို လူတိုင်းကလည်း သိမနေပါဘူး … ” လို့ Patrizia က ခင်ပွန်းသည် Maurizio ကို ပြောလိုက်ပါတယ်။

မင်းသား Adam Driver သရုပ်ဆောင်ထားတဲ့ Maurizio ကတော့ “အဲလိုဆိုလည်း အနည်းဆုံးတော့ ဒါက ကိုယ့်နာမည်လေ အချစ်ရယ် … ” လို့ ပြန်ပြောလိုက်ပါတယ်။ ဒီမှာတင် Patrizia ကလည်း “ကျွန်မတို့ရဲ့ နာမည်ပါ အချစ်ရယ် … ” လို့ ပြန်ပြောထားတာ တွေ့ရပါတယ်။

Al Pacino သရုပ်ဆောင်ထားတဲ့ Aldo Gucci ကတော့ “ဒါက မိန်းမတွေရဲ့ ကစားပွဲ မဟုတ်ဘူး။ မှတ်ထားစမ်း … ” လို့ Patrizia ကို ပြောလိုက်ပါတယ်။ Patrizia ကတော့ သူမရဲ့ ခင်ပွန်းသည် Maurizio ကို တစ်ခုခု ပြန်ပြောစေချင်တဲ့ အကြည့်နဲ့ အားကိုးတကြီး ကြည့်လိုက်ပေမယ့် Maurizio ကတော့ နှုတ်ဆိတ်လို့သာ နေပါတယ်။

Photo via IMDb

ဒီမှာတင် Patrizia တစ်ယောက် ပေါက်ကွဲဖို့ ဖြစ်လာပါတော့တယ်။ အဲဒါကတော့ သူမရဲ့ ခင်ပွန်းသည်ကို သတ်ဖို့ ကြံစည်တာပါပဲ။ “ဘယ်သူက ဘာလုပ်လိုက်တာလဲ” လို့ Patrizia က လုပ်ကြံရေးသမားတွေကို မေးလိုက်ပြီး သူမဘက်က ရှင်းရှင်းလင်းလင်း ပြောလိုက်တာကတော့ “မလွဲစေနဲ့ … ” ဆိုတာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို အခုမှ သိတဲ့သူတွေအနေနဲ့တော့ အံ့အားသင့်စရာ ဖြစ်နိုင်ပေမယ့် တကယ်တော့ ဒါဟာ အပြင်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီး Gucci မိသားစုဝင်ဖြစ်ခဲ့တဲ့ Patrizia ဟာ သူမရဲ့ ခင်ပွန်းဟောင်း Maurizio Gucci ကို သတ်ဖို့ လုပ်ကြံရေးသမားတစ်ယောက် ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ၁၉၉၅ ခုနှစ် မတ်လ(၂၇)ရက်နေ့မှာ ဖြစ်ပါတယ်။

Photo via IMDb

Maurizio ဟာ သူ့ရုံးခန်းရဲ့ အပြင်ဘက်မှာပဲ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ Patrizia ကတော့ ဒီလူသတ်မှုမှာ ပြစ်မှုထင်ရှားနဲ့ ထောင်ဒဏ်(၂၉)နှစ် ချမှတ်ခံခဲ့ရပါတယ်။ အဲဒီနောက် ထောင်ထဲမှာ (၁၈)နှစ်ခန့် နေထိုင်ပြီးနောက် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

Gucci မိသားစုရဲ့ အဖြစ်ဆိုးကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီ House of Gucci ရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ အခုလို ဖော်ပြထားပါတယ်။

“House of Gucci ရုပ်ရှင်ကတော့ အီတလီရဲ့ နာမည်ကျော် ဖက်ရှင်အင်ပါယာတစ်ခုဖြစ်တဲ့ Gucci မိသားစုရဲ့ ထိတ်လန့်စရာ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆယ်စုနှစ် သုံးခုအတွင်းက အချစ်၊ သစ္စာဖောက်မှု၊ ကြီးကျယ်တဲ့ ဇိမ်ခံဘဝကြောင့် ဖြစ်ပေါ်လာတဲ့ စာရိတ္တပျက်ပြားမှု၊ လက်စားချေခြင်းနဲ့ လူသတ်မှုတွေအကြောင်းကို မြင်တွေ့ရမှာပါ။ နာမည်တစ်ခုရဲ့ နောက်ကွယ်က အဓိပ္ပာယ်၊ တန်ဖိုးနဲ့ မိသားစုတစ်ခုအနေနဲ့ အရာအားလုံးကို ထိန်းချုပ်ဖို့ ဘယ်လောက်ထိ လုပ်သွားလည်းဆိုတာတွေ မြင်တွေ့ရမှာပါ … ” လို့ ဇာတ်လမ်းအကျဉ်းမှာ ဖော်ပြထားပါတယ်။

ဒီဇာတ်ကားကိုတော့ နာမည်ကျော် ဒါရိုက်တာ Ridley Scott က ရိုက်ကူးထားပြီး ထိတ်ထိတ်ကြဲ နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Lady Gaga ၊ Jared Leto ၊ Adam Driver ၊ Salma Hayek ၊ Al Pacino နဲ့ Jeremy Irons တို့ အဓိက ပါဝင်ထားပါတယ်။

House of Gucci ကိုတော့ လာမယ့် နိုဝင်ဘာလ(၂၄)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

ပရိသတ္ေတြ စိတ္ဝင္တစား ေစာင့္ေမၽွာ္ေနၾကတဲ့ House of Gucci ႐ုပ္ရွင္ရဲ့ ဒုတိယေထြလာကေတာ့ ထပ္မံထြက္ရွိလာၿပီ ျဖစ္ပါတယ္။

ဒီဇာတ္ကားထဲမွာလည္း Lady Gaga ရဲ့ ထူးျခားခ်က္တဲ့ ဖက္ရွင္၊ အျပင္အဆင္ေတြနဲ႔ သ႐ုပ္ေဆာင္မွုေတြကို ေတြ႕ရဦးမွာပါ။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Gaga ဟာ နာမည္ႀကီး Gucci မိသားစုဝင္တစ္ေယာက္ ျဖစ္တဲ့ Maurizio Gucci ကို လက္ထပ္ထားတဲ့ Patrizia Reggiani ဆိုတဲ့ အမ်ိဳးသမီးေနရာက သ႐ုပ္ေဆာင္ထားပါတယ္။

ပထမဆုံးထြက္ရွိခဲ့တဲ့ ေထြလာထဲမွာေတာ့ Gucci မိသားစုရဲ့ ပုံရိပ္ေတြနဲ႔ ပရိသတ္ေတြကို မိတ္ဆက္ေပးထားပါတယ္။ ယခုထပ္မံထြက္ရွိလာတဲ့ ဒုတိယေထြလာထဲမွာေတာ့ Gucci ဖက္ရွင္မိသားစုနဲ႔ ပတ္သက္တဲ့ Patrizia ရဲ့ ရည္မွန္းခ်က္ေတြကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Photo via IMDb

“Gucci ဆိုတာ အဲေလာက္လည္း စိတ္လွုပ္ရွားဖို႔ မေကာင္းသလို လူတိုင္းကလည္း သိမေနပါဘူး … ” လို႔ Patrizia က ခင္ပြန္းသည္ Maurizio ကို ေျပာလိုက္ပါတယ္။

မင္းသား Adam Driver သ႐ုပ္ေဆာင္ထားတဲ့ Maurizio ကေတာ့ “အဲလိုဆိုလည္း အနည္းဆုံးေတာ့ ဒါက ကိုယ့္နာမည္ေလ အခ်စ္ရယ္ … ” လို႔ ျပန္ေျပာလိုက္ပါတယ္။ ဒီမွာတင္ Patrizia ကလည္း “ကၽြန္မတို႔ရဲ့ နာမည္ပါ အခ်စ္ရယ္ … ” လို႔ ျပန္ေျပာထားတာ ေတြ႕ရပါတယ္။

Al Pacino သ႐ုပ္ေဆာင္ထားတဲ့ Aldo Gucci ကေတာ့ “ဒါက မိန္းမေတြရဲ့ ကစားပြဲ မဟုတ္ဘူး။ မွတ္ထားစမ္း … ” လို႔ Patrizia ကို ေျပာလိုက္ပါတယ္။ Patrizia ကေတာ့ သူမရဲ့ ခင္ပြန္းသည္ Maurizio ကို တစ္ခုခု ျပန္ေျပာေစခ်င္တဲ့ အၾကည့္နဲ႔ အားကိုးတႀကီး ၾကည့္လိုက္ေပမယ့္ Maurizio ကေတာ့ ႏွုတ္ဆိတ္လို႔သာ ေနပါတယ္။

Photo via IMDb

ဒီမွာတင္ Patrizia တစ္ေယာက္ ေပါက္ကြဲဖို႔ ျဖစ္လာပါေတာ့တယ္။ အဲဒါကေတာ့ သူမရဲ့ ခင္ပြန္းသည္ကို သတ္ဖို႔ ႀကံစည္တာပါပဲ။ “ဘယ္သူက ဘာလုပ္လိုက္တာလဲ” လို႔ Patrizia က လုပ္ႀကံေရးသမားေတြကို ေမးလိုက္ၿပီး သူမဘက္က ရွင္းရွင္းလင္းလင္း ေျပာလိုက္တာကေတာ့ “မလြဲေစနဲ႔ … ” ဆိုတာပဲ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းကို အခုမွ သိတဲ့သူေတြအေနနဲ႔ေတာ့ အံ့အားသင့္စရာ ျဖစ္နိုင္ေပမယ့္ တကယ္ေတာ့ ဒါဟာ အျပင္မွာ တကယ္ျဖစ္ခဲ့တဲ့ ျဖစ္ရပ္မွန္ဇာတ္လမ္း ျဖစ္ပါတယ္။ နာမည္ႀကီး Gucci မိသားစုဝင္ျဖစ္ခဲ့တဲ့ Patrizia ဟာ သူမရဲ့ ခင္ပြန္းေဟာင္း Maurizio Gucci ကို သတ္ဖို႔ လုပ္ႀကံေရးသမားတစ္ေယာက္ ငွားရမ္းခဲ့တာ ျဖစ္ပါတယ္။ အခ်ိန္ကာလကေတာ့ ၁၉၉၅ ခုႏွစ္ မတ္လ(၂၇)ရက္ေန႔မွာ ျဖစ္ပါတယ္။

Photo via IMDb

Maurizio ဟာ သူ႔႐ုံးခန္းရဲ့ အျပင္ဘက္မွာပဲ ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရပါတယ္။ Patrizia ကေတာ့ ဒီလူသတ္မွုမွာ ျပစ္မွုထင္ရွားနဲ႔ ေထာင္ဒဏ္(၂၉)ႏွစ္ ခ်မွတ္ခံခဲ့ရပါတယ္။ အဲဒီေနာက္ ေထာင္ထဲမွာ (၁၈)ႏွစ္ခန႔္ ေနထိုင္ၿပီးေနာက္ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလမွာေတာ့ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္ လြတ္ေျမာက္လာခဲ့ပါတယ္။

Gucci မိသားစုရဲ့ အျဖစ္ဆိုးကို ျပန္လည္ရိုက္ကူးထားတဲ့ ဒီ House of Gucci ႐ုပ္ရွင္ရဲ့ ဇာတ္လမ္းအက်ဥ္းကိုေတာ့ အခုလို ေဖာ္ျပထားပါတယ္။

“House of Gucci ႐ုပ္ရွင္ကေတာ့ အီတလီရဲ့ နာမည္ေက်ာ္ ဖက္ရွင္အင္ပါယာတစ္ခုျဖစ္တဲ့ Gucci မိသားစုရဲ့ ထိတ္လန႔္စရာ ျဖစ္ရပ္မွန္ဇာတ္လမ္းကို အေျခခံ ရိုက္ကူးထားတာ ျဖစ္ပါတယ္။ ဆယ္စုႏွစ္ သုံးခုအတြင္းက အခ်စ္၊ သစၥာေဖာက္မွု၊ ႀကီးက်ယ္တဲ့ ဇိမ္ခံဘဝေၾကာင့္ ျဖစ္ေပၚလာတဲ့ စာရိတၱပ်က္ျပားမွု၊ လက္စားေခ်ျခင္းနဲ႔ လူသတ္မွုေတြအေၾကာင္းကို ျမင္ေတြ႕ရမွာပါ။ နာမည္တစ္ခုရဲ့ ေနာက္ကြယ္က အဓိပၸာယ္၊ တန္ဖိုးနဲ႔ မိသားစုတစ္ခုအေနနဲ႔ အရာအားလုံးကို ထိန္းခ်ဳပ္ဖို႔ ဘယ္ေလာက္ထိ လုပ္သြားလည္းဆိုတာေတြ ျမင္ေတြ႕ရမွာပါ … ” လို႔ ဇာတ္လမ္းအက်ဥ္းမွာ ေဖာ္ျပထားပါတယ္။

ဒီဇာတ္ကားကိုေတာ့ နာမည္ေက်ာ္ ဒါရိုက္တာ Ridley Scott က ရိုက္ကူးထားၿပီး ထိတ္ထိတ္ၾကဲ နာမည္ႀကီး သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Lady Gaga ၊ Jared Leto ၊ Adam Driver ၊ Salma Hayek ၊ Al Pacino နဲ႔ Jeremy Irons တို႔ အဓိက ပါဝင္ထားပါတယ္။

House of Gucci ကိုေတာ့ လာမယ့္ နိုဝင္ဘာလ(၂၄)ရက္ေန႔မွာ ႐ုံတင္ျပသမွာ ျဖစ္ပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular