HomeAnimeHowl's Moving Castle ဇာတ်လမ်းနောက်ကွယ်က စိတ်ဝင်စားဖွယ်အချက်များ

Howl’s Moving Castle ဇာတ်လမ်းနောက်ကွယ်က စိတ်ဝင်စားဖွယ်အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Howl’s Moving Castle ဟာ Ghibli စတူဒီယိုက ထုတ်လုပ်ထားတာ ဖြစ်ပြီး ကောင်းမွန်တဲ့ ဝေဖန်ချက်တွေလည်း ရရှိထားသလို အလွန်လည်း အောင်မြင်ခဲ့ပါတယ်။ IMDb ဆိုရင်လည်း (8.2) ရရှိထားပြီးတော့ အော်စကာဆုတစ်ဆုအတွက်တောင် စံကာတင်စာရင်း ဝင်ထားပါသေးတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းဟာ ဂျပန်နိုင်ငံမှာတင် မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းမှာပါ အောင်မြင်မှု ရရှိခဲ့တဲ့ anime ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အင်္ဂလိပ်စကားပြောအဖြစ် ပြန်လည်ဖန်တီးတဲ့အချိန်မှာလည်း Christian Bale ၊ Emily Mortimer နဲ့ Jean Simmons တို့လို နာမည်ကြီးတွေက အသံသရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Howl’s Moving Castle ဇာတ်လမ်းနောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Christian Bale ဟာ ဘယ်ဇာတ်ကောင်မှာမဆို အသံသရုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။
photo via screenrant

Spirited Away ဇာတ်လမ်းဟာ Ghibli စတူဒီယိုရဲ့ အအောင်မြင်ဆုံး anime တစ်ခုဖြစ်သလို အအောင်မြင်ဆုံး anime ရုပ်ရှင်လည်း ဖြစ်ပါတယ်။ Hayao Miyazaki ဟာ အဲ့ဒီ anime ရုပ်ရှင်နဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး အော်စကာဆုတောင်မှ ရရှိခဲ့ပါတယ်။ Christian Bale ကလည်း Spirited Away ရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်တာကြောင့် Howl’s Moving Castle ထဲမှာတော့ ဘယ်ဇာတ်ကောင်နေရာမှာမဆို အသံသရုပ်ဆောင်ဖို့အတွက် သဘောတူခဲ့ပါတယ်။ ဒါပေမယ့်လည်း အားလုံးသိကြတဲ့အတိုင်းပဲ သူကတော့ Howl နေရာမှာ အသံသရုပ်ဆောင်ခဲ့ရပါတယ်။

Ghibli ရုပ်ရှင်တွေထဲမှာ Batman သရုပ်ဆောင်နှစ်ယောက်တောင် အသံသရုပ်ဆောင်ခဲ့ဖူးပါတယ်။
photo via screenrant

Ghibli စတူဒီယိုက ရုပ်ရှင်တွေဟာ အလွန်အောင်မြင်ခဲ့ပြီး ဟောလိဝုဒ်မှာပါ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ဟောလိဝုဒ်က နာမည်ကြီး သရုပ်ဆောင်တွေဟာလည်း Ghibli ရုပ်ရှင်တွေမှာ အသံသရုပ်ဆောင်ခဲ့ကြပါတယ်။ ဥပမာပြောရရင် Matt Damon ဟာ Ponyo ထဲမှာ ပါဝင်ခဲ့သလို Anne Hathaway ကတော့ The Cat Returns ထဲမှာ ပါဝင်ခဲ့ပြီး Kirsten Dunst ကတော့ Kiki’s Delivery Service ထဲမှာ အသီးသီး ပါဝင်ခဲ့ကြပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ Batman နေရာမှာ သရုပ်ဆောင်ခဲ့သူ နှစ်ယောက်ဟာ Ghibli ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့ဖူးတယ်ဆိုတာပါပဲ။ Christian Bale ကတော့ Howl’s Moving Castle မှာ ပါဝင်ထားပြီး Michael Keaton က‌တော့ Porco Rosso ထဲမှာ ပါဝင်ခဲ့ပါတယ်။

Manga ထဲမှာတော့ Sophie ဟာ စွမ်းအားတွေ ရှိပါတယ်။
photo via screenrant

Anime ထဲမှာတော့ Sophie ဟာ Howl နဲ့ Witch of the Waste တို့လို မဟုတ်ဘဲ ဘာစွမ်းအားမှ မရှိပါဘူး။ အဲ့ဒီအချက်ကလည်း ဒီ anime ကို စိတ်ဝင်စားဖို့ကောင်းစေတာ ဖြစ်ပါတယ်။ သူမအနားမှာရှိတဲ့ လူတွေက မှော်စွမ်းအားတွေ ရှိနေပေမယ့်လည်း သူမတစ်ယောက်တည်းက ဘာစွမ်းအားမှ မရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာအုပ်ထဲမှာတော့ Sophie ဟာ မှော်စွမ်းအားတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် Sophie ဟာ စာအုပ်ထဲမှာတော့ သူ့ရဲ့ကိုယ်ပိုင် Fire Demon တွေနဲ့အတူ Witch of the Waste ကို အနိုင်ယူခဲ့ပါတယ်။

Sophie ရဲ့ ဒုတိယမြောက်ညီမ
photo via screenrant

စာအုပ်တွေကနေ ရုပ်ရှင်အဖြစ် ပြောင်းလဲဖန်တီးကြတဲ့ အချိန်မှာတော့ ဇာတ်လမ်းတွေဟာ အနည်းငယ် ကွဲပြားသွားလေ့ရှိပါတယ်။ အကြောင်းကတော့ ရုပ်ရှင်အဖြစ် ဖန်တီးဖို့အတွက် ပိုပြီးတော့ အဆင်ပြေအောင် ပြောင်းလဲခဲ့ကြတာ ဖြစ်ပါတယ်။ Howl’s Moving Castle ထဲမှာတော့ စာအုပ်ထဲက ဇာတ်ကောင်တစ်ယောက်ဟာ anime ထဲမှာ လုံးဝကို မပါဝင်ခဲ့ပါဘူး။

စာအုပ်ထဲမှာတော့ Sophie ဟာ ညီမနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး anime ထဲမှာတော့ ညီမတစ်ယောက်ပဲ ရှိနေတာကို တွေ့ရပါတယ်။ Sophie ရဲ့ ဒုတိယမြောက်ညီမကတော့ Martha လို့ ခေါ်ပြီးတော့ စုန်းမတစ်ယောက်ဆီမှာ မှော်ပညာသင်ယူဖို့ စေလွှတ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်တဲ့ မှော်အတတ်ကို သင်ယူခဲ့ပြီး ရုပ်ဖျက်ကာ အလုပ်လုပ်နေပါတယ်။

မူလက Hayao Miyazaki ဟာ ဒီ anime ကို ရိုက်ကူးဖို့ အစီအစဉ် မရှိပါဘူး။
photo via screenrant

Hayao Miyazaki ဟာ များသောအားဖြင့် Ghibli ရဲ့ ရုပ်ရှင်တွေမှာ ထုတ်လုပ်သူ၊ ဇာတ်လမ်းရေးသားသူ၊ manga ရေးဆွဲသူ၊ ဇာတ်ညွှန်းရေးသားသူနဲ့ ဒါရိုက်တာစတဲ့ နေရာပေါင်းစုံမှာ တစ်ယောက်တည်း ပြုလုပ်လေ့ရှိတာကြောင့် နာမည်ကြီးပါတယ်။ ဒါပေမယ့်လည်း Ghibli ရဲ့ ဇာတ်လမ်းတွေ အားလုံးကိုတော့ သူတစ်ယောက်တည်း ဒါရိုက်တာ လုပ်ခဲ့တာ မဟုတ်ပါဘူး။

ဥပမာပြောရရင် The Cat Returns လို ဇာတ်လမ်းတွေကိုတော့ Hayao Miyazaki က ဒါရိုက်တာလုပ်ခဲ့တာ မဟုတ်ဘဲ Hiroyuki Morita က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ မူလတုန်းကတော့ Howl’s Moving Castle ကိုလည်း Hayao Miyazaki က ရိုက်ကူးဖို့ အစီအစဉ် မရှိခဲ့ပါဘူး။ ကနဦးတုန်းက ဒါရိုက်တာနေရာမှာ တာဝန်ယူထားသူဟာ Mamoru Hosoda ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာ နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Hayao Miyazaki က ဒီရုပ်ရှင်မှာ ဒါရိုက်တာ ဝင်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကတော့ Ghibli ရဲ့ နာမည်ကြီး anime တစ်ကားဖြစ်တဲ့ Howl’s Moving Castle နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Howl’s Moving Castle ဟာ Ghibli စတူဒီယိုက ထုတ္လုပ္ထားတာ ျဖစ္ၿပီး ေကာင္းမြန္တဲ့ ေဝဖန္ခ်က္ေတြလည္း ရရွိထားသလို အလြန္လည္း ေအာင္ျမင္ခဲ့ပါတယ္။ IMDb ဆိုရင္လည္း (8.2) ရရွိထားၿပီးေတာ့ ေအာ္စကာဆုတစ္ဆုအတြက္ေတာင္ စံကာတင္စာရင္း ဝင္ထားပါေသးတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာ ဂ်ပန္ႏိုင္ငံမွာတင္ မဟုတ္ဘဲ ကမာၻတစ္ဝန္းမွာပါ ေအာင္ျမင္မႈ ရရွိခဲ့တဲ့ anime ဇာတ္လမ္းတစ္ခုလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ အဂၤလိပ္စကားေျပာအျဖစ္ ျပန္လည္ဖန္တီးတဲ့အခ်ိန္မွာလည္း Christian Bale ၊ Emily Mortimer နဲ႔ Jean Simmons တို႔လို နာမည္ႀကီးေတြက အသံသ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ Howl’s Moving Castle ဇာတ္လမ္းေနာက္ကြယ္က စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Christian Bale ဟာ ဘယ္ဇာတ္ေကာင္မွာမဆို အသံသ႐ုပ္ေဆာင္ဖို႔ သေဘာတူခဲ့ပါတယ္။
photo via screenrant

Spirited Away ဇာတ္လမ္းဟာ Ghibli စတူဒီယိုရဲ႕ အေအာင္ျမင္ဆုံး anime တစ္ခုျဖစ္သလို အေအာင္ျမင္ဆုံး anime ႐ုပ္ရွင္လည္း ျဖစ္ပါတယ္။ Hayao Miyazaki ဟာ အဲ့ဒီ anime ႐ုပ္ရွင္နဲ႔ တစ္ကမာၻလုံးက ပရိသတ္ေတြကို ဖမ္းစားႏိုင္ခဲ့ၿပီး ေအာ္စကာဆုေတာင္မွ ရရွိခဲ့ပါတယ္။ Christian Bale ကလည္း Spirited Away ရဲ႕ အမာခံပရိသတ္တစ္ေယာက္ ျဖစ္တာေၾကာင့္ Howl’s Moving Castle ထဲမွာေတာ့ ဘယ္ဇာတ္ေကာင္ေနရာမွာမဆို အသံသ႐ုပ္ေဆာင္ဖို႔အတြက္ သေဘာတူခဲ့ပါတယ္။ ဒါေပမယ့္လည္း အားလုံးသိၾကတဲ့အတိုင္းပဲ သူကေတာ့ Howl ေနရာမွာ အသံသ႐ုပ္ေဆာင္ခဲ့ရပါတယ္။

Ghibli ႐ုပ္ရွင္ေတြထဲမွာ Batman သ႐ုပ္ေဆာင္ႏွစ္ေယာက္ေတာင္ အသံသ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။
photo via screenrant

Ghibli စတူဒီယိုက ႐ုပ္ရွင္ေတြဟာ အလြန္ေအာင္ျမင္ခဲ့ၿပီး ေဟာလိဝုဒ္မွာပါ ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ေဟာလိဝုဒ္က နာမည္ႀကီး သ႐ုပ္ေဆာင္ေတြဟာလည္း Ghibli ႐ုပ္ရွင္ေတြမွာ အသံသ႐ုပ္ေဆာင္ခဲ့ၾကပါတယ္။ ဥပမာေျပာရရင္ Matt Damon ဟာ Ponyo ထဲမွာ ပါဝင္ခဲ့သလို Anne Hathaway ကေတာ့ The Cat Returns ထဲမွာ ပါဝင္ခဲ့ၿပီး Kirsten Dunst ကေတာ့ Kiki’s Delivery Service ထဲမွာ အသီးသီး ပါဝင္ခဲ့ၾကပါတယ္။ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ Batman ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူ ႏွစ္ေယာက္ဟာ Ghibli ႐ုပ္ရွင္ထဲမွာ ပါဝင္ခဲ့ဖူးတယ္ဆိုတာပါပဲ။ Christian Bale ကေတာ့ Howl’s Moving Castle မွာ ပါဝင္ထားၿပီး Michael Keaton က‌ေတာ့ Porco Rosso ထဲမွာ ပါဝင္ခဲ့ပါတယ္။

Manga ထဲမွာေတာ့ Sophie ဟာ စြမ္းအားေတြ ရွိပါတယ္။
photo via screenrant

Anime ထဲမွာေတာ့ Sophie ဟာ Howl နဲ႔ Witch of the Waste တို႔လို မဟုတ္ဘဲ ဘာစြမ္းအားမွ မရွိပါဘူး။ အဲ့ဒီအခ်က္ကလည္း ဒီ anime ကို စိတ္ဝင္စားဖို႔ေကာင္းေစတာ ျဖစ္ပါတယ္။ သူမအနားမွာရွိတဲ့ လူေတြက ေမွာ္စြမ္းအားေတြ ရွိေနေပမယ့္လည္း သူမတစ္ေယာက္တည္းက ဘာစြမ္းအားမွ မရွိတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း စာအုပ္ထဲမွာေတာ့ Sophie ဟာ ေမွာ္စြမ္းအားေတြကို ပိုင္ဆိုင္ထားပါတယ္။ ဒါ့အျပင္ Sophie ဟာ စာအုပ္ထဲမွာေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ Fire Demon ေတြနဲ႔အတူ Witch of the Waste ကို အႏိုင္ယူခဲ့ပါတယ္။

Sophie ရဲ႕ ဒုတိယေျမာက္ညီမ
photo via screenrant

စာအုပ္ေတြကေန ႐ုပ္ရွင္အျဖစ္ ေျပာင္းလဲဖန္တီးၾကတဲ့ အခ်ိန္မွာေတာ့ ဇာတ္လမ္းေတြဟာ အနည္းငယ္ ကြဲျပားသြားေလ့ရွိပါတယ္။ အေၾကာင္းကေတာ့ ႐ုပ္ရွင္အျဖစ္ ဖန္တီးဖို႔အတြက္ ပိုၿပီးေတာ့ အဆင္ေျပေအာင္ ေျပာင္းလဲခဲ့ၾကတာ ျဖစ္ပါတယ္။ Howl’s Moving Castle ထဲမွာေတာ့ စာအုပ္ထဲက ဇာတ္ေကာင္တစ္ေယာက္ဟာ anime ထဲမွာ လုံးဝကို မပါဝင္ခဲ့ပါဘူး။

စာအုပ္ထဲမွာေတာ့ Sophie ဟာ ညီမႏွစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီး anime ထဲမွာေတာ့ ညီမတစ္ေယာက္ပဲ ရွိေနတာကို ေတြ႕ရပါတယ္။ Sophie ရဲ႕ ဒုတိယေျမာက္ညီမကေတာ့ Martha လို႔ ေခၚၿပီးေတာ့ စုန္းမတစ္ေယာက္ဆီမွာ ေမွာ္ပညာသင္ယူဖို႔ ေစလႊတ္ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ပုံသ႑ာန္ကို ေျပာင္းလဲႏိုင္တဲ့ ေမွာ္အတတ္ကို သင္ယူခဲ့ၿပီး ႐ုပ္ဖ်က္ကာ အလုပ္လုပ္ေနပါတယ္။

မူလက Hayao Miyazaki ဟာ ဒီ anime ကို ႐ိုက္ကူးဖို႔ အစီအစဥ္ မရွိပါဘူး။
photo via screenrant

Hayao Miyazaki ဟာ မ်ားေသာအားျဖင့္ Ghibli ရဲ႕ ႐ုပ္ရွင္ေတြမွာ ထုတ္လုပ္သူ၊ ဇာတ္လမ္းေရးသားသူ၊ manga ေရးဆြဲသူ၊ ဇာတ္ၫႊန္းေရးသားသူနဲ႔ ဒါ႐ိုက္တာစတဲ့ ေနရာေပါင္းစုံမွာ တစ္ေယာက္တည္း ျပဳလုပ္ေလ့ရွိတာေၾကာင့္ နာမည္ႀကီးပါတယ္။ ဒါေပမယ့္လည္း Ghibli ရဲ႕ ဇာတ္လမ္းေတြ အားလုံးကိုေတာ့ သူတစ္ေယာက္တည္း ဒါ႐ိုက္တာ လုပ္ခဲ့တာ မဟုတ္ပါဘူး။

ဥပမာေျပာရရင္ The Cat Returns လို ဇာတ္လမ္းေတြကိုေတာ့ Hayao Miyazaki က ဒါ႐ိုက္တာလုပ္ခဲ့တာ မဟုတ္ဘဲ Hiroyuki Morita က ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ မူလတုန္းကေတာ့ Howl’s Moving Castle ကိုလည္း Hayao Miyazaki က ႐ိုက္ကူးဖို႔ အစီအစဥ္ မရွိခဲ့ပါဘူး။ ကနဦးတုန္းက ဒါ႐ိုက္တာေနရာမွာ တာဝန္ယူထားသူဟာ Mamoru Hosoda ျဖစ္ေပမယ့္လည္း ေနာက္ပိုင္းမွာ ႏႈတ္ထြက္သြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Hayao Miyazaki က ဒီ႐ုပ္ရွင္မွာ ဒါ႐ိုက္တာ ဝင္လုပ္ခဲ့ရတာ ျဖစ္ပါတယ္။

ဒါကေတာ့ Ghibli ရဲ႕ နာမည္ႀကီး anime တစ္ကားျဖစ္တဲ့ Howl’s Moving Castle နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ အခ်က္ေလးေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular