HomeEntertainmentFilm၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ့် Hunger Games: The Ballad of Songbirds & Snakes

၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ့် Hunger Games: The Ballad of Songbirds & Snakes

Hunger Games ရဲ့ Prequel ရုပ်ရှင်ဖြစ်တဲ့ The Ballad of Songbirds & Snakes ကတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် Lionsgate ဟာ ယခုအချိန်မှာတော့ ဒီရုပ်ရှင်အတွက် Teaser တစ်ခုကိုလည်း ထုတ်ပေးထားပါတယ်။ ဒီရုပ်ရှင်ကတော့ အရင်ကထွက်ရှိထားတဲ့ ရုပ်ရှင်တွေမတိုင်ခင် အချိန်တစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး ဗီလိန်ဖြစ်တဲ့ President Snow ရဲ့ ငယ်ဘဝအကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Hunger Games Franchise ကတော့ စာရေးဆရာမ Suzanne Collins ရဲ့ဝတ္ထုတွေကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကာ ၂၀၂၀ ခုနှစ်မှာတော့ Mockingjay, The Ballad of Songbirds & Snakes ဆိုတဲ့စာအုပ် ထပ်မံထွက်ရှိလာပါတယ်။ ယခုအချိန်မှာတော့ အဲဒီဝတ္ထုကို Live Action အဖြစ် ပြန်လည်ဖန်တီးနေပြီ ဖြစ်ပြီး ရှေ့နှစ်ထဲမှာပဲ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Lionsgate စတူဒီယိုကတော့ မကြာခင်ကပဲ ဒီရုပ်ရှင်အတွက် Teaser တစ်ခုကို ထုတ်ပေးလိုက်ပါတယ်။ အဲဒီ Teaser ထဲမှာတော့ ဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ မပါဝင်သေးဘဲ နှင်းတောထဲမှာ ရွှေရောင်ငှက်တစ်ကောင်နဲ့ ရွှေရောင်မြွေတစ်ကောင်တို့ ပေါ်လာတာကိုပဲ မြင်တွေ့ခဲ့ရပါတယ်။ ဒီ Teaser ထဲမှာတော့ ဒီရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။

ဒီရုပ်ရှင်ကိုတော့ အရင်ကရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Francis Lawrence ကပဲ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Tom Blythe ကတော့ Coriolanus Snow ရဲ့ငယ်ဘဝမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး Rachel Zegler ကတော့ Lucy Gray Baird နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ Hunger Games ရုပ်ရှင်တွေအားလုံးဟာ ထွက်ရှိတဲ့ နှစ်တိုင်းရဲ့ ဝင်ငွေအများဆုံး Top 10 မှာလည်း ပါဝင်လေ့ရှိတာကြောင့် ဒီရုပ်ရှင်ကရော ပရိသတ်တွေကို ဘယ်လိုအံ့ဩစရာတွေနဲ့ ဆွဲဆောင်သွားမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular