HomeCharacterJustice League အဖွဲ့ဝင်ဖြစ်တဲ့ Flash အကြောင်း စိတ်ဝင်စားစရာအချက်များ

Justice League အဖွဲ့ဝင်ဖြစ်တဲ့ Flash အကြောင်း စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Barry Allen a.k.a Flash ၁၉၄၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ Flash Comics #1 ထဲမှာ ပထမဦးဆုံး DC ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။  သူဟာ DC universe ထဲက အအောင်မြင်ဆုံးနဲ့ စွမ်းအားအကြီးဆုံးဇာတ်ကောင်တွေထဲကတစ်ယောက် ဖြစ်ပြီးတော့ ပရိသတ်တွေအများအပြားလည်း ပိုင်ဆိုင်ထားတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သင်မသိလောက်သေးတဲ့ သူရဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူ့မှာ အမြွှာညီအကိုတစ်ယောက် ရှိပါတယ်။
photo via cbr

တစ်ရက်မှာတော့ Barry ဟာ သူ့မှာ Malcolm Thawne ဆိုတဲ့အမြွှာညီအကိုတစ်ယောက်ရှိမှန်းကို သိလိုက်ရပါတယ်။ ချမ်းသာကြွယ်ဝတဲ့ Thawne မိသားစုရဲ့ကလေးကို ယူသွားပေးရမယ့်ဆရာဝန်ဟာ အရက်မူးနေတာကြောင့် တလွဲတွေလုပ်လိုက်မိပြီး ကလေးဟာ မတော်တဆအသက်ဆုံးရှုံးသွားခဲ့ပါတယ်။ အဲ့ဒီဆရာဝန်ဟာ ပြဿာနာတက်မှာဆိုးတာကြောင့် Allen မိသားစုကမွေးတဲ့အမြွှာနှစ်ယောက်ထဲကတစ်ယောက်ကို ယူပြီး Thawne မိသားစုကိုပေးလိုက်ပါတယ်။

နှစ်တွေကြာလာတဲ့အချိန်မှာတော့ Malcolm ဟာကြီးလာပြီးတော့ သူ့ရဲ့မိသားစုတွေဟာ သူ့ရဲ့တကယ့်မိသားစုအရင်းမဟုတ်ဘူးဆိုတာကို သိလိုက်ရပါတော့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူဟာ လိုက်စုံစမ်းရင်းနဲ့ ဗီလိန်တစ်ယောက်ဖြစ်လာပြီးတော့ Barry ဟာသူ့ရဲ့အမြွှာညီအကိုဆိုတာကိုသိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Barry ရဲ့စွမ်းအားတွေကို လုယူဖို့အပြင် Barry နဲ့ပတ်သက်တဲ့အရာတွေအကုန်လုံးကို ဖျက်စီးပစ်ဖို့အတွက် ကြိုးစားပါတော့တယ်။

Flash ဟာလူသတ်ခဲ့ဖူးပါတယ်။
photo via cbr

Flash ဟာ ရာဇဝတ်မှုတွေကို ဖြေရှင်းတဲ့အခါမှာတော့ လူမသတ်ဘဲ ဖြေရှင်းတတ်တာကိုတော့ သိကြမှာပါ။ ဒါပေမဲ့လည်း သူဟာ တစ်ခါတစ်ရံမှာတော့လည်း လူသတ်ခဲ့ဖူးပါတယ်။ တစ်ရက်မှာတော့ Reverse Flash ဟာ Iris West ကိုသတ်လိုက်ပါတယ်။ အဲ့ဒါကြောင့်ပဲ Barry ဟာအချိန်အတော်ကြာကြေကွဲနေပေမယ့်လည်း နောက်ပိုင်းမှာတော့ စိတ်သစ်လူသစ်နဲ့နေထိုင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Fiona Webb ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ကြိုက်နေတဲ့အချိန်မှာ Reverse Flash ဟာထပ်မံပြီးတော့ နှောင့်ယှက်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Barry ဟာ ဝမ်းနည်းစရာတွေ နောက်ထပ်တစ်ကြိမ်ထပ်ပြီးမဖြစ်အောင် တားဆီးရင်းနဲ့ မတော်တဆ Reverse Flash ရဲ့လည်ပင်းကို ချိုးမိလိုက်ပါတယ်။

The Flash Annual #3 ဆိုတဲ့ကောမစ်ထဲမှာလည်း အနာဂတ်မှာရှိတဲ့ Flash ဟာ ဗီလိန်တွေတော်တော်များများကို သတ်ပစ်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Gorilla Grodd နဲ့တိုက်ပွဲဖြစ်ကြပြီး Grodd ရဲ့ခေါင်းကို ဖောက်ခွဲပစ်လိုက်ပါတယ်။ အဲ့ဒီတိုက်ပွဲပြီးသွားတဲ့အချိန်မှာတော့ သူဟာ အတိတ်ကိုပြန်ပြီးတော့ အချိန်ခရီးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အတိတ်က Barry ကိုပါ သတ်ပစ်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ အတိတ်က Barry ကိုမသတ်နိုင်ခင်မှာဘဲ အနာဂတ်က Flash ကိုတားဆီးဖို့အတွက် Wally ဟာ အနာဂတ်ကနေ အချိန်ခရီးသွားပြီး ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာမတားဆီးနိုင်ခဲ့ဘဲနဲ့ အနာဂတ်က Flash ရဲ့သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

စိတ်စွမ်းအားရှိတဲ့သူတွေဟာ သူ့ရဲ့စိတ်ကိုဖတ်လို့မရပါဘူး။
photo via cbr

Flash ဟာအရမ်းကို လျင်မြန်တဲ့ စူပါဟီးရိုးတစ်ယောက်ဖြစ်ပြီးတော့ အချိန်ခရီးသွားခြင်းတွေကိုပါ ပြုလုပ်နိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့စွမ်းအားတွေဟာ အဲ့ဒါတွေပဲ ရှိတာမဟုတ်ပါဘူး။ အကြောင်းကတော့ သူဟာအရမ်းကို လျင်မြန်အောင်လှုပ်ရှားနိုင်တဲ့သူတစ်ယောက် ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာတင်မြန်တာမဟုတ်ဘဲနဲ့ သူ့ရဲ့စိတ်ဟာလည်း အရမ်းကိုမြန်ဆန်လွန်းတာကြောင့် ဗျူဟာတွေကိုလည်း အရမ်းလျင်မြန်စွာချနိုင်ပါတယ်။

အဲ့ဒီစွမ်းရည်ဟာ သူ့ကို စိတ်စွမ်းအားရှိတဲ့သူတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးထားခဲ့ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ဉီးနှောက်ဟာ အရမ်းကိုလျင်မြန်စွာ အလုပ်လုပ်နေတာကြောင့် စိတ်စွမ်းအားရှိတဲ့သူတွေဟာ သူ့ရဲ့စိတ်ကို မထိန်းချုပ်နိုင်သလို ဘာတွေတွေးနေလည်းဆိုတာကိုလည်း စိတ်ကိုမဖတ်နိုင်ပါဘူး။ အဲ့ဒါကြောင့် သူဟာ စိတ်စွမ်းအားရှိတဲ့သူတွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ အားသာချက်တစ်ခု ရှိနေခဲ့ပါတယ်။

Barry Allen ဟာ ပထမဆုံး Flash မဟုတ်ပါဘူး။
photo via cbr

တကယ်တော့ ပထမဆုံး Flash ဟာ Jay Garrick ဖြစ်ပြီးတော့ Barry မဟုတ်ပါဘူး။ ဒါ့အပြင် အခုထွက်ရှိနေတဲ့ Flash စီးရီးဟာလည်း ပထမဆုံးစီးရီးမဟုတ်ဘဲ တကယ်တော့ ၁၉၉၀ ခုနှစ်နှောင်းပိုင်းမှာ Flash စီးရီးတစ်ခု ထွက်ခဲ့ဖူးပါသေးတယ်။ အဲ့ဒီထဲက Flash အဖြစ်သရုပ်ဆောင်ခဲ့သူဟာ John Wesley Shipp ဖြစ်ပြီးတော့ အခုလက်ရှိထွက်နေတဲ့ Flash စီးရီးထဲမှာလည်း Barry ရဲ့အဖေနေရာနဲ့ ပထမဆုံး Flash ဖြစ်တဲ့ Jay Garrick နေရာမှာလည်း သရုပ်ဆောင်ခဲ့ပါသေးတယ်။

Black Flash ကဘယ်သူလဲ?
photo via cbr

Flash ဟာအရမ်းကိုမြန်လွန်းတာကို လူတိုင်းသိကြမှာပါ။ သူဟာ ဘယ်လောက်ထိမြန်လဲဆိုရင် သေခြင်းတရားတောင်မှ သူ့အပေါ်မှာ မသက်ရောက်နိုင်ပါဘူး။ ဒီအချက်ဟာ နည်းနည်းတော့ အဓိပ္ပာယ်မရှိသလိုဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့လည်း ဒါတွေဟာ ကောမစ်တွေဖြစ်ပြီး တကယ့်အပြင်လောကမှာ မရှိတာကြောင့် စာရေးဆရာတွေရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးထားတာတွေကို ကြည့်ရှုရတာဖြစ်ပါတယ်။ Flash ဟာ အရမ်းကို မြန်လွန်းတာကြောင့် သူ့အပေါ်မှာ သေခြင်းတရားတောင်မှ မသက်နိုင်ပါဘူး။

အဲ့ဒါကြောင့်ပဲ သေခြင်းတရားဟာ Flash လိုမျိုး speedster တွေကို သတ်ပစ်ဖို့အတွက် အကောင်အထည်တစ်ခု အဖြစ်ဖန်တီးလိုက်ပါတယ်။ အဲ့ဒါကတော့ Black Flash ဖြစ်ပြီး သေခြင်းရဲ့အလုပ်ကိုလုပ်ဖို့အတွက် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ Black Flash ဟာအစကတော့ speedster တွေကြားထဲမှာ ဒဏ္ဍာရီတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ သူတို့ကိုယ်တိုင်ကို ကြုံတွေ့ခဲ့ရပြီးတော့ Black Flash ဟာ speedster တွေသေဆုံးခံနီးအချိန်တွေဆိုရင် ပေါ်လာတတ်ပါတယ်။ ဒါ့အပြင် Max Mercury လို့ခေါ်တဲ့ တစ်ယောက်တည်းကပဲ Black Flash ရဲ့လက်ထဲကနေ တစ်ကြိမ်မက လွတ်မြောက်ခဲ့ဖူးတဲ့ speedster တစ်ယောက် ဖြစ်ပါတယ်။

သူဟာ Ghost Rider နဲ့လည်းပေါင်းစပ်သွားခဲ့ဖူးပါတယ်။
photo via cbr

စူပါဟီးရိုးကောမစ်တွေကို ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Marvel နဲ့ DC တို့ဟာ တစ်ခါတစ်ရံကျရင် crossover တွေကို ပြုလုပ်လေ့ရှိပါတယ်။ စစပိုင်းပြုလုပ်တဲ့ crossover တွေထဲမှာတော့ သူတို့ရဲ့ဇာတ်ကောင်တွေဟာ အချင်းချင်းတိုက်ခိုက်နေကြပြီးတော့ နောက်ပိုင်းမှာတော့ သူတို့ရဲ့ဇာတ်ကောင်တွေကို ပေါင်းစပ်ပြီးတော့ ဇာတ်ကောင်အသစ်တွေကို ဖန်တီးဖို့အတွက် အကြံရသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ဟာ Superman နဲ့ Captain America ၊ Spider-Man နဲ့ Superboy တို့ကို ပေါင်းစပ်ပြီးတော့ ဇာတ်ကောင်အသစ်တွေ ပြုလုပ်ခဲ့သလို Flash နဲ့ Ghost Rider ကိုပေါင်းစပ်ပြီးတော့လည်း Speed Demon လို့ခေါ်တဲ့ ဇာတ်ကောင်အသစ်ကို ဖန်တီးခဲ့ပါသေးတယ်။

သူ့ရဲ့ ရှုပ်ထွေးတဲ့ origin
photo via cbr

Flash ဇာတ်လမ်းတွေဟာ အမြဲတမ်းအချိန်ခရီးသွားတာတွေနဲ့ ပြည့်နှက်နေတာကိုတော့ လူတိုင်းသိကြမှာပါ။ ဒါ့အပြင် သူ့ရဲ့ Flash ဖြစ်လာရတဲ့အကြောင်းအရင်းဟာ အချိန်ခရီးသွားတာနဲ့ ဆက်စပ်နေပြီးတော့ အနည်းငယ်ရှုပ်ထွေးပါတယ်။ Barry ဟာ မတော်တဆ မိုးကြိုးပစ်ခံခဲ့ရပြီးတော့ တစ်ချိန်တည်းမှာပဲ သူ့အပေါ်ကို ဓာတုပစ္စည်းတွေဟာလည်း ဖိတ်ကျသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ စွမ်းအားတွေရရှိလာပြီးတော့ Flash ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အံ့ဩစရာတစ်ခုကတော့ သူ့ကိုထိသွားတဲ့ မိုးကြိုးဟာလည်း သူကိုယ်တိုင်ပဲ ဖြစ်နေတာပါ။ အကြောင်းကတော့ အနည်းငယ်ဝေးလံတဲ့ အနာဂတ်ကာလက Flash ဟာ ထုံးစံအတိုင်း Reverse Flash နဲ့တိုက်ခိုက်နေခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Reverse Flash ဟာ အတိတ်ကာလကိုပြန်သွားပြီးတော့ Barry နဲ့ Iris တို့ကို အန္တရာယ်ပေးဖို့အတွက် ကြိုးစားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အနာဂတ်က Barry ဟာ Reverse Flash ကိုနောက်ကိုလိုက်ပြီး အတိတ်ကို အချိန်ခရီးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့အမြန်နှုန်းဟာ အရမ်းကို လျင်မြန်လာပြီးတော့ သူကိုယ်တိုင်တောင် မထိန်းချုပ်နိုင်တော့သလို ဖြစ်သွားပြီး မိုးကြိုးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အတိတ်ကာလကို မိုးကြိုးတစ်ခုအနေနဲ့ ရောက်လာပြီးတော့ အတိတ်က Barry ဆီကို ဝင်တိုက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အပေါ်ကပြောခဲ့သလိုပဲ သူဟာ မိုးကြိုးအဖြစ် ပြောင်းလဲသွားတာကြောင့် လူတစ်ယောက်ပုံစံမမြင်ရတော့ဘဲ အတိတ်ကာလက Barry ဟာမိုးကြိုးပစ်ခံရသလို ဖြစ်သွားပြီး အဲ့ဒါကြောင့်ပဲ အတိတ်ကာလက Barry ဟာ Flash ဖြစ်လာခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Barry Allen a.k.a Flash ၁၉၄၀ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Flash Comics #1 ထဲမွာ ပထမဦးဆုံး DC ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့ပါတယ္။  သူဟာ DC universe ထဲက အေအာင္ျမင္ဆုံးနဲ႔ စြမ္းအားအႀကီးဆုံးဇာတ္ေကာင္ေတြထဲကတစ္ေယာက္ ျဖစ္ၿပီးေတာ့ ပရိသတ္ေတြအမ်ားအျပားလည္း ပိုင္ဆိုင္ထားတဲ့ ဇာတ္ေကာင္တစ္ေယာက္ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ သင္မသိေလာက္ေသးတဲ့ သူရဲ႕အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူ႔မွာ အႁမႊာညီအကိုတစ္ေယာက္ ရွိပါတယ္။
photo via cbr

တစ္ရက္မွာေတာ့ Barry ဟာ သူ႔မွာ Malcolm Thawne ဆိုတဲ့အႁမႊာညီအကိုတစ္ေယာက္ရွိမွန္းကို သိလိုက္ရပါတယ္။ ခ်မ္းသာႂကြယ္ဝတဲ့ Thawne မိသားစုရဲ႕ကေလးကို ယူသြားေပးရမယ့္ဆရာဝန္ဟာ အရက္မူးေနတာေၾကာင့္ တလြဲေတြလုပ္လိုက္မိၿပီး ကေလးဟာ မေတာ္တဆအသက္ဆုံးရႈံးသြားခဲ့ပါတယ္။ အဲ့ဒီဆရာဝန္ဟာ ျပႆာနာတက္မွာဆိုးတာေၾကာင့္ Allen မိသားစုကေမြးတဲ့အႁမႊာႏွစ္ေယာက္ထဲကတစ္ေယာက္ကို ယူၿပီး Thawne မိသားစုကိုေပးလိုက္ပါတယ္။

ႏွစ္ေတြၾကာလာတဲ့အခ်ိန္မွာေတာ့ Malcolm ဟာႀကီးလာၿပီးေတာ့ သူ႔ရဲ႕မိသားစုေတြဟာ သူ႔ရဲ႕တကယ့္မိသားစုအရင္းမဟုတ္ဘူးဆိုတာကို သိလိုက္ရပါေတာ့တယ္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ သူဟာ လိုက္စုံစမ္းရင္းနဲ႔ ဗီလိန္တစ္ေယာက္ျဖစ္လာၿပီးေတာ့ Barry ဟာသူ႔ရဲ႕အႁမႊာညီအကိုဆိုတာကိုသိသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Barry ရဲ႕စြမ္းအားေတြကို လုယူဖို႔အျပင္ Barry နဲ႔ပတ္သက္တဲ့အရာေတြအကုန္လုံးကို ဖ်က္စီးပစ္ဖို႔အတြက္ ႀကိဳးစားပါေတာ့တယ္။

Flash ဟာလူသတ္ခဲ့ဖူးပါတယ္။
photo via cbr

Flash ဟာ ရာဇဝတ္မႈေတြကို ေျဖရွင္းတဲ့အခါမွာေတာ့ လူမသတ္ဘဲ ေျဖရွင္းတတ္တာကိုေတာ့ သိၾကမွာပါ။ ဒါေပမဲ့လည္း သူဟာ တစ္ခါတစ္ရံမွာေတာ့လည္း လူသတ္ခဲ့ဖူးပါတယ္။ တစ္ရက္မွာေတာ့ Reverse Flash ဟာ Iris West ကိုသတ္လိုက္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Barry ဟာအခ်ိန္အေတာ္ၾကာေၾကကြဲေနေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ စိတ္သစ္လူသစ္နဲ႔ေနထိုင္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Fiona Webb ဆိုတဲ့ေကာင္မေလးတစ္ေယာက္နဲ႔ ႀကိဳက္ေနတဲ့အခ်ိန္မွာ Reverse Flash ဟာထပ္မံၿပီးေတာ့ ေႏွာင့္ယွက္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Barry ဟာ ဝမ္းနည္းစရာေတြ ေနာက္ထပ္တစ္ႀကိမ္ထပ္ၿပီးမျဖစ္ေအာင္ တားဆီးရင္းနဲ႔ မေတာ္တဆ Reverse Flash ရဲ႕လည္ပင္းကို ခ်ိဳးမိလိုက္ပါတယ္။

The Flash Annual #3 ဆိုတဲ့ေကာမစ္ထဲမွာလည္း အနာဂတ္မွာရွိတဲ့ Flash ဟာ ဗီလိန္ေတြေတာ္ေတာ္မ်ားမ်ားကို သတ္ပစ္ေနခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Gorilla Grodd နဲ႔တိုက္ပြဲျဖစ္ၾကၿပီး Grodd ရဲ႕ေခါင္းကို ေဖာက္ခြဲပစ္လိုက္ပါတယ္။ အဲ့ဒီတိုက္ပြဲၿပီးသြားတဲ့အခ်ိန္မွာေတာ့ သူဟာ အတိတ္ကိုျပန္ၿပီးေတာ့ အခ်ိန္ခရီးသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ အတိတ္က Barry ကိုပါ သတ္ပစ္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ အတိတ္က Barry ကိုမသတ္ႏိုင္ခင္မွာဘဲ အနာဂတ္က Flash ကိုတားဆီးဖို႔အတြက္ Wally ဟာ အနာဂတ္ကေန အခ်ိန္ခရီးသြားၿပီး ေရာက္လာခဲ့ပါတယ္။ ဒါေပမဲ့လည္း သူဟာမတားဆီးႏိုင္ခဲ့ဘဲနဲ႔ အနာဂတ္က Flash ရဲ႕သတ္ျဖတ္တာကို ခံခဲ့ရပါတယ္။

စိတ္စြမ္းအားရွိတဲ့သူေတြဟာ သူ႔ရဲ႕စိတ္ကိုဖတ္လို႔မရပါဘူး။
photo via cbr

Flash ဟာအရမ္းကို လ်င္ျမန္တဲ့ စူပါဟီး႐ိုးတစ္ေယာက္ျဖစ္ၿပီးေတာ့ အခ်ိန္ခရီးသြားျခင္းေတြကိုပါ ျပဳလုပ္ႏိုင္တဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း သူ႔ရဲ႕စြမ္းအားေတြဟာ အဲ့ဒါေတြပဲ ရွိတာမဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သူဟာအရမ္းကို လ်င္ျမန္ေအာင္လႈပ္ရွားႏိုင္တဲ့သူတစ္ေယာက္ ျဖစ္ၿပီး ႐ုပ္ပိုင္းဆိုင္ရာတင္ျမန္တာမဟုတ္ဘဲနဲ႔ သူ႔ရဲ႕စိတ္ဟာလည္း အရမ္းကိုျမန္ဆန္လြန္းတာေၾကာင့္ ဗ်ဴဟာေတြကိုလည္း အရမ္းလ်င္ျမန္စြာခ်ႏိုင္ပါတယ္။

အဲ့ဒီစြမ္းရည္ဟာ သူ႔ကို စိတ္စြမ္းအားရွိတဲ့သူေတြရဲ႕ အႏၲရာယ္ကေန ကာကြယ္ေပးထားခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူ႔ရဲ႕ဉီးေႏွာက္ဟာ အရမ္းကိုလ်င္ျမန္စြာ အလုပ္လုပ္ေနတာေၾကာင့္ စိတ္စြမ္းအားရွိတဲ့သူေတြဟာ သူ႔ရဲ႕စိတ္ကို မထိန္းခ်ဳပ္ႏိုင္သလို ဘာေတြေတြးေနလည္းဆိုတာကိုလည္း စိတ္ကိုမဖတ္ႏိုင္ပါဘူး။ အဲ့ဒါေၾကာင့္ သူဟာ စိတ္စြမ္းအားရွိတဲ့သူေတြနဲ႔ တိုက္ခိုက္တဲ့အခ်ိန္မွာ အားသာခ်က္တစ္ခု ရွိေနခဲ့ပါတယ္။

Barry Allen ဟာ ပထမဆုံး Flash မဟုတ္ပါဘူး။
photo via cbr

တကယ္ေတာ့ ပထမဆုံး Flash ဟာ Jay Garrick ျဖစ္ၿပီးေတာ့ Barry မဟုတ္ပါဘူး။ ဒါ့အျပင္ အခုထြက္ရွိေနတဲ့ Flash စီးရီးဟာလည္း ပထမဆုံးစီးရီးမဟုတ္ဘဲ တကယ္ေတာ့ ၁၉၉၀ ခုႏွစ္ေႏွာင္းပိုင္းမွာ Flash စီးရီးတစ္ခု ထြက္ခဲ့ဖူးပါေသးတယ္။ အဲ့ဒီထဲက Flash အျဖစ္သ႐ုပ္ေဆာင္ခဲ့သူဟာ John Wesley Shipp ျဖစ္ၿပီးေတာ့ အခုလက္ရွိထြက္ေနတဲ့ Flash စီးရီးထဲမွာလည္း Barry ရဲ႕အေဖေနရာနဲ႔ ပထမဆုံး Flash ျဖစ္တဲ့ Jay Garrick ေနရာမွာလည္း သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။

Black Flash ကဘယ္သူလဲ?
photo via cbr

Flash ဟာအရမ္းကိုျမန္လြန္းတာကို လူတိုင္းသိၾကမွာပါ။ သူဟာ ဘယ္ေလာက္ထိျမန္လဲဆိုရင္ ေသျခင္းတရားေတာင္မွ သူ႔အေပၚမွာ မသက္ေရာက္ႏိုင္ပါဘူး။ ဒီအခ်က္ဟာ နည္းနည္းေတာ့ အဓိပၸာယ္မရွိသလိုျဖစ္ေနပါလိမ့္မယ္။ ဒါေပမဲ့လည္း ဒါေတြဟာ ေကာမစ္ေတြျဖစ္ၿပီး တကယ့္အျပင္ေလာကမွာ မရွိတာေၾကာင့္ စာေရးဆရာေတြရဲ႕ စိတ္ကူးဉာဏ္ကြန႔္ျမဴးထားတာေတြကို ၾကည့္ရႈရတာျဖစ္ပါတယ္။ Flash ဟာ အရမ္းကို ျမန္လြန္းတာေၾကာင့္ သူ႔အေပၚမွာ ေသျခင္းတရားေတာင္မွ မသက္ႏိုင္ပါဘူး။

အဲ့ဒါေၾကာင့္ပဲ ေသျခင္းတရားဟာ Flash လိုမ်ိဳး speedster ေတြကို သတ္ပစ္ဖို႔အတြက္ အေကာင္အထည္တစ္ခု အျဖစ္ဖန္တီးလိုက္ပါတယ္။ အဲ့ဒါကေတာ့ Black Flash ျဖစ္ၿပီး ေသျခင္းရဲ႕အလုပ္ကိုလုပ္ဖို႔အတြက္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ Black Flash ဟာအစကေတာ့ speedster ေတြၾကားထဲမွာ ဒ႑ာရီတစ္ခုလို ျဖစ္ေနခဲ့ပါတယ္။ ဒါေပမဲ့လည္း ေနာက္ပိုင္းမွာေတာ့ သူတို႔ကိုယ္တိုင္ကို ႀကဳံေတြ႕ခဲ့ရၿပီးေတာ့ Black Flash ဟာ speedster ေတြေသဆုံးခံနီးအခ်ိန္ေတြဆိုရင္ ေပၚလာတတ္ပါတယ္။ ဒါ့အျပင္ Max Mercury လို႔ေခၚတဲ့ တစ္ေယာက္တည္းကပဲ Black Flash ရဲ႕လက္ထဲကေန တစ္ႀကိမ္မက လြတ္ေျမာက္ခဲ့ဖူးတဲ့ speedster တစ္ေယာက္ ျဖစ္ပါတယ္။

သူဟာ Ghost Rider နဲ႔လည္းေပါင္းစပ္သြားခဲ့ဖူးပါတယ္။
photo via cbr

စူပါဟီး႐ိုးေကာမစ္ေတြကို ထုတ္လုပ္တဲ့ နာမည္ႀကီး ကုမၸဏီႏွစ္ခုျဖစ္တဲ့ Marvel နဲ႔ DC တို႔ဟာ တစ္ခါတစ္ရံက်ရင္ crossover ေတြကို ျပဳလုပ္ေလ့ရွိပါတယ္။ စစပိုင္းျပဳလုပ္တဲ့ crossover ေတြထဲမွာေတာ့ သူတို႔ရဲ႕ဇာတ္ေကာင္ေတြဟာ အခ်င္းခ်င္းတိုက္ခိုက္ေနၾကၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ သူတို႔ရဲ႕ဇာတ္ေကာင္ေတြကို ေပါင္းစပ္ၿပီးေတာ့ ဇာတ္ေကာင္အသစ္ေတြကို ဖန္တီးဖို႔အတြက္ အႀကံရသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ဟာ Superman နဲ႔ Captain America ၊ Spider-Man နဲ႔ Superboy တို႔ကို ေပါင္းစပ္ၿပီးေတာ့ ဇာတ္ေကာင္အသစ္ေတြ ျပဳလုပ္ခဲ့သလို Flash နဲ႔ Ghost Rider ကိုေပါင္းစပ္ၿပီးေတာ့လည္း Speed Demon လို႔ေခၚတဲ့ ဇာတ္ေကာင္အသစ္ကို ဖန္တီးခဲ့ပါေသးတယ္။

သူ႔ရဲ႕ ရႈပ္ေထြးတဲ့ origin
photo via cbr

Flash ဇာတ္လမ္းေတြဟာ အၿမဲတမ္းအခ်ိန္ခရီးသြားတာေတြနဲ႔ ျပည့္ႏွက္ေနတာကိုေတာ့ လူတိုင္းသိၾကမွာပါ။ ဒါ့အျပင္ သူ႔ရဲ႕ Flash ျဖစ္လာရတဲ့အေၾကာင္းအရင္းဟာ အခ်ိန္ခရီးသြားတာနဲ႔ ဆက္စပ္ေနၿပီးေတာ့ အနည္းငယ္ရႈပ္ေထြးပါတယ္။ Barry ဟာ မေတာ္တဆ မိုးႀကိဳးပစ္ခံခဲ့ရၿပီးေတာ့ တစ္ခ်ိန္တည္းမွာပဲ သူ႔အေပၚကို ဓာတုပစၥည္းေတြဟာလည္း ဖိတ္က်သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ စြမ္းအားေတြရရွိလာၿပီးေတာ့ Flash ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း အံ့ဩစရာတစ္ခုကေတာ့ သူ႔ကိုထိသြားတဲ့ မိုးႀကိဳးဟာလည္း သူကိုယ္တိုင္ပဲ ျဖစ္ေနတာပါ။ အေၾကာင္းကေတာ့ အနည္းငယ္ေဝးလံတဲ့ အနာဂတ္ကာလက Flash ဟာ ထုံးစံအတိုင္း Reverse Flash နဲ႔တိုက္ခိုက္ေနခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Reverse Flash ဟာ အတိတ္ကာလကိုျပန္သြားၿပီးေတာ့ Barry နဲ႔ Iris တို႔ကို အႏၲရာယ္ေပးဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အနာဂတ္က Barry ဟာ Reverse Flash ကိုေနာက္ကိုလိုက္ၿပီး အတိတ္ကို အခ်ိန္ခရီးသြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ သူ႔ရဲ႕အျမန္ႏႈန္းဟာ အရမ္းကို လ်င္ျမန္လာၿပီးေတာ့ သူကိုယ္တိုင္ေတာင္ မထိန္းခ်ဳပ္ႏိုင္ေတာ့သလို ျဖစ္သြားၿပီး မိုးႀကိဳးအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ အတိတ္ကာလကို မိုးႀကိဳးတစ္ခုအေနနဲ႔ ေရာက္လာၿပီးေတာ့ အတိတ္က Barry ဆီကို ဝင္တိုက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း အေပၚကေျပာခဲ့သလိုပဲ သူဟာ မိုးႀကိဳးအျဖစ္ ေျပာင္းလဲသြားတာေၾကာင့္ လူတစ္ေယာက္ပုံစံမျမင္ရေတာ့ဘဲ အတိတ္ကာလက Barry ဟာမိုးႀကိဳးပစ္ခံရသလို ျဖစ္သြားၿပီး အဲ့ဒါေၾကာင့္ပဲ အတိတ္ကာလက Barry ဟာ Flash ျဖစ္လာခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular