HomeAnimeတစ်ခြားကမ္ဘာမှာ ဇာတ်အိမ်တည်ထားတဲ့ anime ဇာတ်လမ်းတွဲများ (Isekai)

တစ်ခြားကမ္ဘာမှာ ဇာတ်အိမ်တည်ထားတဲ့ anime ဇာတ်လမ်းတွဲများ (Isekai)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime ပရိသတ်တွေအတွက် ဒီတစ်ခါ စုစည်းဖော်ပြပေးချင်တဲ့ ဇာတ်လမ်းတွဲတွေကတော့ Isekai လို့ခေါ်တဲ့ အဓိကဇာတ်ကောင်က တစ်ခြားကမ္ဘာတစ်ခုကို ရောက်သွားတဲ့ anime အမျိုးအစား ဖြစ်ပါတယ်။ ဘယ်လိုဇာတ်လမ်းတွေ ဖြစ်မလည်းဆိုတာ ကြည့်လိုက်ရအောင်။

(7) Sword Art Online
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ၂၀၂၂ခုနှစ်မှာ ‌ထောင်ပေါင်းများစွာသော လူတွေက ဂိမ်းတစ်ခုထဲမှာ ပိတ်မိသွားကြပါတယ်။ အဲ့ဒီနောက်မှာတော့ Kirito ဟာ အဲ့ဒီဂိမ်းထဲက ထွက်နိုင်အောင် တစ်ယောက်တည်း ကြိုးစားပါတော့တယ်။

(6) No Game No Life
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး IMDb (7.8) ရထားပါတယ်။ ဇာတ်လမ်းကတော့ Sora နဲ့ Shiro တို့ မောင်နှမနှစ်ယောက်ဟာ ကမ္ဘာပေါ်မှာ အတော်ဆုံး ဂိမ်းသမားတွေ ဖြစ်ကြပြီးတော့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ ဘုရားသခင်ကိုတောင် စစ်တုရင်ကစားနည်းမှာ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်လုံးဟာ အရာအားလုံးကို ဂိမ်းကစားခြင်းနဲ့ ဖြေရှင်းတဲ့ ကမ္ဘာတစ်ခုကို ပို့ခံလိုက်ရပါတော့တယ်။

(5) Overlord
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၅ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.8) ရထားပါတယ်။ ဇာတ်လမ်းကတော့ အွန်လိုင်းဂိမ်းတစ်ခုဟာ ဆာဗာတွေ ပိတ်ကျသွားပြီးတော့ အဲ့ဒီအချိန်မှာ ဆော့နေတဲ့ လူငယ်တစ်ယောက်ဟာ အဲ့ဒီဂိမ်းထဲမှာ ပိတ်မိသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ အဲ့ဒီဂိမ်းထဲက ကမ္ဘာကို သူ့ရဲ့အင်ပါယာ ဖြစ်လာအောင်လို့ ကြိုးစားပါတော့တယ်။

(4) Konosuba: God’s Blessing on This Wonderful World
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Kazuma ဟာ တစ်ခြားလူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ရင်းနဲ့ သူကိုယ်တိုင်ကတော့ သေဆုံးသွားခဲ့ပါတယ်။ (အနည်းဆုံးတော့ သူက အဲ့လိုထင်ခဲ့တာပါပဲ။) အဲ့လို သေဆုံးသွားပြီးတဲ့နောက်မှာ နတ်ဘုရားမ တစ်ယောက်ဟာ သူ့ကို မှော်ဆန်တဲ့ ကမ္ဘာကြီးမှာ နောက်တစ်ကြိမ် အသက်ပြန်လည် ရှင်နိုင်ဖို့အတွက် အခွင့်အရေးပေးခဲ့ပါတယ်။

(3) That Time I Got Reincarnated as a Slime
photo via imdb

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၈ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး IMDb (8.0)  ရထားပါတယ်။ ဇာတ်လမ်းကတော့ အသက် (၃၇)နှစ်ရှိနေပြီဖြစ်တဲ့ Mikami Satoru ဟာ အထီးကျန်နေပြီးတော့ သူ့ရဲ့ဘဝကို မကျေနပ်ဖြစ်နေသူ တစ်ယောက်ပါ။ ဒါပေမယ့်လည်း သူဟာ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားတဲ့အခါမှာတော့ တစ်ခြားကမ္ဘာတစ်ခုမှာ Slime အနေနဲ့ ပြန်ပြီးတော့ အသက်ရှင်လာခဲ့ပါတယ်။

(2) Re: Zero
photo via imdb

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၆ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Subaru Natsuki ဟာ သူ့ကို တစ်ခြားကမ္ဘာတစ်ခုကနေ ဆင့်ခေါ်ခံလိုက်ရပြီးတော့ သူနဲ့အတူရှိနေတဲ့ မိန်းကလေးတွေရော သူကိုယ်တိုင်ပါ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာ သူဟာ နိုးလာပြီး အရင်နေရာမှာ အရင်လူတွေနဲ့ပဲ ရှိနေတာကို တွေ့လိုက်ရပါတယ်။ သို့ပေမယ့် မကြာခင်မှာပဲ အကုန်လုံးဟာ ထပ်ပြီးအသတ်ခံလိုက်ရပြန်ကာ အဲ့ဒီနေ့ဟာ ထပ်ကာထပ်ကာ ဖြစ်နေပါတော့တယ်။

(1) The Rising of the Shield Hero
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Naofumi Iwatani ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ သူဟာ သာမန် otaku တစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့ Melromarc ဆိုတဲ့ကမ္ဘာကို ဆင့်ခေါ်ခံလိုက်ရပါတယ်။ အဲ့လိုဆင့်ခေါ်ခံလိုက်ရတဲ့ အကြောင်းအရင်းကတော့ အဲ့ဒီကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို တစ်ခြားဟီးရိုးသုံးယောက်နဲ့အတူတူ ဖြေရှင်းပေးဖို့ပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Anime ပရိသတ္ေတြအတြက္ ဒီတစ္ခါ စုစည္းေဖာ္ျပေပးခ်င္တဲ့ ဇာတ္လမ္းတြဲေတြကေတာ့ Isekai လို႔ေခၚတဲ့ အဓိကဇာတ္ေကာင္က တစ္ျခားကမာၻတစ္ခုကို ေရာက္သြားတဲ့ anime အမ်ိဳးအစား ျဖစ္ပါတယ္။ ဘယ္လိုဇာတ္လမ္းေတြ ျဖစ္မလည္းဆိုတာ ၾကည့္လိုက္ရေအာင္။

(7) Sword Art Online
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ၂၀၂၂ခုႏွစ္မွာ ‌ေထာင္ေပါင္းမ်ားစြာေသာ လူေတြက ဂိမ္းတစ္ခုထဲမွာ ပိတ္မိသြားၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Kirito ဟာ အဲ့ဒီဂိမ္းထဲက ထြက္ႏိုင္ေအာင္ တစ္ေယာက္တည္း ႀကိဳးစားပါေတာ့တယ္။

(6) No Game No Life
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၄ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (7.8) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ Sora နဲ႔ Shiro တို႔ ေမာင္ႏွမႏွစ္ေယာက္ဟာ ကမာၻေပၚမွာ အေတာ္ဆုံး ဂိမ္းသမားေတြ ျဖစ္ၾကၿပီးေတာ့ ေနာက္ပိုင္းမွာ သူတို႔ႏွစ္ေယာက္ဟာ ဘုရားသခင္ကိုေတာင္ စစ္တုရင္ကစားနည္းမွာ အႏိုင္ယူႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္လုံးဟာ အရာအားလုံးကို ဂိမ္းကစားျခင္းနဲ႔ ေျဖရွင္းတဲ့ ကမာၻတစ္ခုကို ပို႔ခံလိုက္ရပါေတာ့တယ္။

(5) Overlord
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၅ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.8) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ အြန္လိုင္းဂိမ္းတစ္ခုဟာ ဆာဗာေတြ ပိတ္က်သြားၿပီးေတာ့ အဲ့ဒီအခ်ိန္မွာ ေဆာ့ေနတဲ့ လူငယ္တစ္ေယာက္ဟာ အဲ့ဒီဂိမ္းထဲမွာ ပိတ္မိသြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ အဲ့ဒီဂိမ္းထဲက ကမာၻကို သူ႔ရဲ႕အင္ပါယာ ျဖစ္လာေအာင္လို႔ ႀကိဳးစားပါေတာ့တယ္။

(4) Konosuba: God’s Blessing on This Wonderful World
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.8) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Kazuma ဟာ တစ္ျခားသူတစ္ေယာက္ရဲ႕ အသက္ကို ကယ္တင္ရင္းနဲ႔ သူကိုယ္တိုင္ကေတာ့ ေသဆုံးသြားခဲ့ပါတယ္။ (အနည္းဆုံးေတာ့ သူက အဲ့လိုထင္ခဲ့တာပဲ) အဲ့လိုေသဆုံးသြားၿပီးတဲ့ေနာက္မွာ နတ္ဘုရားမ တစ္ေယာက္ဟာ သူ႔ကို ေမွာ္ဆန္တဲ့ ကမာၻႀကီးမွာ ေနာက္တစ္ႀကိမ္ အသက္ျပန္လည္ ရွင္ႏိုင္ဖို႔အတြက္ အခြင့္အေရးေပးခဲ့ပါတယ္။

(3) That Time I Got Reincarnated as a Slime
photo via imdb

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၈ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (8.0)  ရထားပါတယ္။ ဇာတ္လမ္းကေတာ့ အသက္ (၃၇)ႏွစ္ရွိေနၿပီျဖစ္တဲ့ Mikami Satoru ဟာ အထီးက်န္ေနၿပီးေတာ့ သူ႔ရဲ႕ဘဝကို မေက်နပ္ျဖစ္ေနသူ တစ္ေယာက္ပါ။ ဒါေပမယ့္လည္း သူဟာ မေတာ္တဆမႈတစ္ခုေၾကာင့္ ေသဆုံးသြားတဲ့အခါမွာေတာ့ တစ္ျခားကမာၻတစ္ခုမွာ Slime အေနနဲ႔ ျပန္ၿပီးေတာ့ အသက္ရွင္လာခဲ့ပါတယ္။

(2) Re: Zero
photo via imdb

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၆ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Subaru Natsuki ဟာ သူ႔ကို တစ္ျခားကမာၻတစ္ခုကေန ဆင့္ေခၚခံလိုက္ရၿပီးေတာ့ သူနဲ႔အတူရွိေနတဲ့ မိန္းကေလးေတြေရာ သူကိုယ္တိုင္ပါ ရက္ရက္စက္စက္ အသတ္ခံလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာ သူဟာ ႏိုးလာၿပီး အရင္ေနရာမွာ အရင္လူေတြနဲ႔ပဲ ရွိေနတာကို ေတြ႕လိုက္ရပါတယ္။ သို႔ေပမယ့္ မၾကာခင္မွာပဲ အကုန္လုံးဟာ ထပ္ၿပီးအသတ္ခံလိုက္ရျပန္ကာ အဲ့ဒီေန႔ဟာ ထပ္ကာထပ္ကာ ျဖစ္ေနပါေတာ့တယ္။

(1) The Rising of the Shield Hero
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Naofumi Iwatani ဆိုတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ သူဟာ သာမန္ otaku တစ္ေယာက္ျဖစ္ၿပီး တစ္ရက္မွာေတာ့ Melromarc ဆိုတဲ့ကမာၻကို ဆင့္ေခၚခံလိုက္ရပါတယ္။ အဲ့လိုဆင့္ေခၚခံလိုက္ရတဲ့ အေၾကာင္းအရင္းကေတာ့ အဲ့ဒီကမာၻမွာ ျဖစ္ေပၚေနတဲ့ အခက္အခဲေတြကို တစ္ျခားဟီး႐ိုးသုံးေယာက္နဲ႔အတူတူ ေျဖရွင္းေပးဖို႔ပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular