HomeCelebs Update NewsInternationalချစ်သူနဲ့ ရိုးရှင်းစွာ လက်ထပ်သွားတဲ့ Game of Thrones သရုပ်ဆောင် Jack Gleeson

ချစ်သူနဲ့ ရိုးရှင်းစွာ လက်ထပ်သွားတဲ့ Game of Thrones သရုပ်ဆောင် Jack Gleeson

Game of Thrones ဇာတ်လမ်းတွဲထဲမှာ Joffrey Baratheon အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jack Gleeson ကတော့ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ရိုးရှင်းတဲ့ မင်္ဂလာပွဲတစ်ခု ပြုလုပ်ပြီး လက်ထပ်သွားတယ်လို့ သိရပါတယ်။ သူ့ချစ်သူကောင်မလေးရဲ့ အမည်ကတော့ Róisín O’Mahony ဖြစ်ပါတယ်။

GoT သရုပ်ဆောင် Jack Gleeson ကတော့ အသက်(၃၀)နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ပရိသတ်တွေကြားမှာ အလွန်ကျော်ကြားခဲ့တဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ချစ်သူကောင်မလေးဟာလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး comedian တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo: patsylynch/ Twitter

သူတို့နှစ်ဦးကတော့ အိုင်ယာလန်နိုင်ငံက Kerry County မှာရှိတဲ့ The Sacred Heart Church မှာ အကျဉ်းရုံးပြီး လက်ထပ်မင်္ဂလာ ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။ မင်္ဂလာပွဲကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ခရစ်ယာန်ဘုန်းတော်ကြီး Father Patsy Lynch က တွစ်တာမှာ မျှဝေပေးထားတာ ဖြစ်ပါတယ်။

“The Glen Church မှာ ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အသိုင်းအဝိုင်းက နာမည်ကျော်တွေဖြစ်တဲ့ Jack Gleeson နဲ့ Róisín တို့ရဲ့ အလွန်ရိုးရှင်းပြီး ဂုဏ်သိက္ခာနဲ့ ပြည့်ဝတဲ့ မင်္ဂလာပွဲပါပဲ …”လို့ Father Patsy Lynch က အဆိုပါ မင်္ဂလာပွဲအခမ်းအနားအကြောင်းကို ပို့စ်မှာရေးသား ဂုဏ်ပြုပေးထားပါတယ်။

Photo: patsylynch/ Twitter

Jack Gleeson ဟာ HBO ရဲ့နာမည်ကျော်ဇာတ်လမ်းတွဲ Game of Thrones ထဲမှာ Cersei ရဲ့သား Joffrey Baratheon အဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဗီလိန်ဇာတ်ရုပ်ကို မုန်းစရာကောင်းလောက်အောင် သရုပ်ဆောင်ကောင်းခဲ့သူမို့ လက်တွေ့ဘဝမှာပါ အချို့သော အစွန်းရောက်ပရိသတ်တွေရဲ့ ခြိမ်းခြောက်စာတွေကိုပါ ရရှိခဲ့သူ ဖြစ်ပါတယ်။

အဲဒီရိုက်ခတ်မှုတွေကြောင့်ပဲ Gleeson ဟာ သရုပ်ဆောင်ဘဝကနေ ခေတ္တအနားယူခဲ့ရပြီး ၂၀၂၀ ခုနှစ်မှာတော့ BBC ရဲ့ မီနီစီးရီးဖြစ်တဲ့ Out of Her Mind ထဲမှာ ပါဝင်ပြီး သရုပ်ဆောင်လောကထဲကို ပြန်လည် ဝင်ရောက်လာပါတယ်။ ဒါ့အပြင် မကြာခင် ထွက်ရှိလာဦးမယ့် In The Land of Saints and Sinners ဆိုတဲ့ Netflix ရုပ်ရှင်ထဲမှာ ဝါရင့်သရုပ်ဆောင်တွေ ဖြစ်တဲ့ Liam Neeson ၊ Ciaran Hinds တို့နဲ့အတူ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular