HomeEntertainmentFilmTerminator 2 ရဲ့ဇာတ်လမ်းကို ဆေးတွေကွဲပြီး ဖန်တီးခဲ့တာပါလို့ ဆိုလာတဲ့ James Cameron 

Terminator 2 ရဲ့ဇာတ်လမ်းကို ဆေးတွေကွဲပြီး ဖန်တီးခဲ့တာပါလို့ ဆိုလာတဲ့ James Cameron 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အော်စကာဆုများရှင် နာမည်ကျော် ရုပ်ရှင်ဖန်တီးသူ James Cameron ကတော့ Terminator 2 ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ညွှန်းကို အက်စတက်ဆီတွေကောင်းပြီး ရေးသားခဲ့တာလို့ ဖွင့်ဟလာပါတယ်။

ယခုဆိုရင် Terminator 2: Judgement Day ဇာတ်ကား ထွက်ရှိခဲ့တာ နှစ်ပေါင်းသုံးဆယ် ပြည့်သွားပါပြီ။ ၁၉၉၁ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကိုတော့ James Cameron က ရိုက်ကူးပေးခဲ့ပြီး ဇာတ်ညွှန်းပိုင်းကိုတော့ William Wisher နဲ့ ပူးတွဲ ရေးသားခဲ့တာ ဖြစ်ပါတယ်။

နှစ်တွေ ကြာလာခဲ့ပြီ ဖြစ်ပေမယ့် ဒီဇာတ်ကားဟာ အက်ရှင်ကားချစ်သူတွေရဲ့ အကြိုက်ဆုံးစာရင်းထဲမှာ ပါဝင်နေသလို အကောင်းဆုံး အက်ရှင်ကားစာရင်းမှာလည်း ပါဝင်နေမှာပါ။ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ရုံသာမက ငွေကြေးအရမှာလည်း သောက်သောက်လဲ အောင်မြင်ခဲ့တဲ့ ဒီဇာတ်ကားဟာ အော်စကာ စံကာတင်စာရင်းမှာ (၆)ဆုဝင်ခဲ့ပြီး (၄)ဆု ဆွတ်ခူးခဲ့ပါတယ်။

Photo via IMDb

Terminator 1 နဲ့ Terminator 2: Judgement Day ရုပ်ရှင်တို့ဟာ မင်းသားကြီး Arnold ကိုလည်း ထိပ်တန်းမင်းသား တစ်လက်အဖြစ် တွန်းတင်ပေးခဲ့သလို ဒါရိုက်တာ James Cameron ကိုလည်း နံပါတ်တစ် စာရင်းဝင်တဲ့ ဒါရိုက်တာအဖြစ် ဟောလိဝုဒ်မှာ နေရာရရှိစေခဲ့တဲ့ ဇာတ်ကားတွေလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် Terminator ရဲ့ အောင်မြင်မှုဟာ အဲဒီခေတ်က ရရှိဖို့ မလွယ်တဲ့ အောင်မြင်မှုမျိုးကိုပါ ရရှိစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

Terminator 2 ရုပ်ရှင်ရဲ့ နှစ်သုံးဆယ်ပြည့် အထိမ်းအမှတ်အဖြစ် The Ringer သတင်းဌာနဟာ ဇာတ်ကားသရုပ်ဆောင်တွေနဲ့ ဖန်တီးသူတွေ တွေ့ဆုံပြီး အမှတ်တရ အင်တာဗျူးတစ်ခု မကြာသေးခင်ကပဲ ပြုလုပ်ခဲ့ပါတယ်။ ဒီမှာတင် ဇာတ်ကားရဲ့ အစောပိုင်း ဖန်တီးမှုအဆင့်တွေမှာ စိတ်ကူးဉာဏ် ကွန့်မြူးတဲ့အခါ ပထမရုပ်ရှင် Terminator ရဲ့ အောင်မြင်မှုတစ်ခုတည်းကြောင့် မဟုတ်ခဲ့ဘူးလို့ ဒါရိုက်တာ James Cameron က ဆိုပါတယ်။

Photo via IMDb

Terminator 2 အတွက် ဇာတ်ညွှန်းရေးနေတဲ့အချိန်မှာ James ဟာ အက်စတက်ဆီဆေးတွေ သုံးစွဲရင်း ဇာတ်ညွှန်းကို ရေးသားဖန်တီးခဲ့တာလို့ ပြောပြခဲ့ပါတယ်။ ဆေးကောင်းနေတဲ့ အရှိန်ရယ်၊ Sting ရဲ့ သီချင်းတစ်ပုဒ်ရယ်ကြောင့် John Connor ကာရိုက်တာကို ဖန်တီးဖို့ စိတ်ကူးရလာခဲ့တာလို့ ဆိုပါတယ်။

“ကျုပ် အက်စတက်စီတွေ ကောင်းပြီး Terminator အတွက် မှတ်စုတွေ ထိုင်ရေးနေတဲ့အချိန်ကို မှတ်မိသေးတယ်။ အဲဒီအချိန် ကျုပ်ခေါင်းထဲမှာ စွဲနေတာက Sting ရဲ့ Russians သီချင်းပဲ။ I hope the Russians love their children too ဆိုတဲ့ စာသားလေ။ အဲဒီမှာ ကျုပ် ဘာကိုတွေးလိုက်မိလည်း သိလား ? နျူကလီးယားစစ်ပွဲ ဖန်တီးတဲ့ အိုင်ဒီယာကိုက အသက်တွေ၊ ဘဝတွေနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတဲ့ကိစ္စလေ။ အဲဒီမှာတင် အဲဒီကလေး (John Connor) ဖြစ်လာခဲ့တာပဲ … ” လို့ Sting က အဆိုပါ အင်တာဗျူးမှာ ပြောပြသွားတာ ဖြစ်ပါတယ်။

©Carolco Pictures

အနုပညာလက်ရာတစ်ခု ဖန်တီးဖို့အတွက် မူးယစ်ဆေး သုံးစွဲတယ်ဆိုတာဟာ James Cameron တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ကမ္ဘာကြီးကို Titanic လို ဇာတ်ကားမျိုး ရိုက်ပေးထားတဲ့ သူလိုလူတစ်ယောက်က အဲဒီအချိန်ကာလမှာ လက်ခံပေးဖို့ ခက်သေးတဲ့ ဆေးမျိုးကို သုံးပြီး ဒီဇာတ်ကားကို ဖန်တီးခဲ့တယ်ဆိုတာဟာ နည်းနည်းတော့ အံ့အားသင့်စရာကောင်းပါတယ်။

Titanic ၊ Avatar စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်က ဖန်တီးသူတစ်ယောက်အနေနဲ့ ရုပ်ရှင်တွေ ဖန်တီးဖို့ ရှိတိုင်း ဒီလိုဆေးတွေ သုံးလေ့ရှိလားဆိုတာကလည်း မေးစရာတစ်ခု ဖြစ်လာပါလိမ့်မယ်။ သို့သော်လည်း အခြေအနေနဲ့ အချိန်အခါကို ကြည့်မယ်ဆိုရင်တော့ Avatar sequel ရုပ်ရှင် (၄)ကား ဆက်ရိုက်ဖို့ ရှိသေးတဲ့ အသက်(၆၆)နှစ်ကျော် ဒါရိုက်တာတစ်ယောက်အနေနဲ့ ဒီလိုရောဂါဘယတွေ ထူပြောနေတဲ့ ခေတ်ကြီးမှာ ဆက်အသက်ရှင်နေသေးတဲ့အတွက် သေချာပေါက် မူးယစ်ဆေးတွေ ထိုင်သုံးနေမှာ မဟုတ်တော့ဘူးဆိုတာ ခန့်မှန်းကြည့်ရင် သိသာနေပါတယ်။

Glagow

Source: screenrant

(Zawgyi Version)

ေအာ္စကာဆုမ်ားရွင္ နာမည္ေက်ာ္ ႐ုပ္ရွင္ဖန္တီးသူ James Cameron ကေတာ့ Terminator 2 ႐ုပ္ရွင္ဇာတ္ကားရဲ႕ ဇာတ္ၫႊန္းကို အက္စတက္ဆီေတြေကာင္းၿပီး ေရးသားခဲ့တာလို႔ ဖြင့္ဟလာပါတယ္။

ယခုဆိုရင္ Terminator 2: Judgement Day ဇာတ္ကား ထြက္ရွိခဲ့တာ ႏွစ္ေပါင္းသုံးဆယ္ ျပည့္သြားပါၿပီ။ ၁၉၉၁ခုႏွစ္က ထြက္ရွိခဲ့တဲ့ ဒီဇာတ္ကားကိုေတာ့ James Cameron က ႐ိုက္ကူးေပးခဲ့ၿပီး ဇာတ္ၫႊန္းပိုင္းကိုေတာ့ William Wisher နဲ႔ ပူးတြဲ ေရးသားခဲ့တာ ျဖစ္ပါတယ္။

ႏွစ္ေတြ ၾကာလာခဲ့ၿပီ ျဖစ္ေပမယ့္ ဒီဇာတ္ကားဟာ အက္ရွင္ကားခ်စ္သူေတြရဲ႕ အႀကိဳက္ဆုံးစာရင္းထဲမွာ ပါဝင္ေနသလို အေကာင္းဆုံး အက္ရွင္ကားစာရင္းမွာလည္း ပါဝင္ေနမွာပါ။ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ႕ ခ်ီးက်ဴးမႈကို ရရွိခဲ့႐ုံသာမက ေငြေၾကးအရမွာလည္း ေသာက္ေသာက္လဲ ေအာင္ျမင္ခဲ့တဲ့ ဒီဇာတ္ကားဟာ ေအာ္စကာ စံကာတင္စာရင္းမွာ (၆)ဆုဝင္ခဲ့ၿပီး (၄)ဆု ဆြတ္ခူးခဲ့ပါတယ္။

Photo via IMDb

Terminator 1 နဲ႔ Terminator 2: Judgement Day ႐ုပ္ရွင္တို႔ဟာ မင္းသားႀကီး Arnold ကိုလည္း ထိပ္တန္းမင္းသား တစ္လက္အျဖစ္ တြန္းတင္ေပးခဲ့သလို ဒါ႐ိုက္တာ James Cameron ကိုလည္း နံပါတ္တစ္ စာရင္းဝင္တဲ့ ဒါ႐ိုက္တာအျဖစ္ ေဟာလိဝုဒ္မွာ ေနရာရရွိေစခဲ့တဲ့ ဇာတ္ကားေတြလို႔ ေျပာလို႔ရပါတယ္။ ဒါ့အျပင္ Terminator ရဲ႕ ေအာင္ျမင္မႈဟာ အဲဒီေခတ္က ရရွိဖို႔ မလြယ္တဲ့ ေအာင္ျမင္မႈမ်ိဳးကိုပါ ရရွိေစခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။

Terminator 2 ႐ုပ္ရွင္ရဲ႕ ႏွစ္သုံးဆယ္ျပည့္ အထိမ္းအမွတ္အျဖစ္ The Ringer သတင္းဌာနဟာ ဇာတ္ကားသ႐ုပ္ေဆာင္ေတြနဲ႔ ဖန္တီးသူေတြ ေတြ႕ဆုံၿပီး အမွတ္တရ အင္တာဗ်ဴးတစ္ခု မၾကာေသးခင္ကပဲ ျပဳလုပ္ခဲ့ပါတယ္။ ဒီမွာတင္ ဇာတ္ကားရဲ႕ အေစာပိုင္း ဖန္တီးမႈအဆင့္ေတြမွာ စိတ္ကူးဉာဏ္ ကြန႔္ျမဴးတဲ့အခါ ပထမ႐ုပ္ရွင္ Terminator ရဲ႕ ေအာင္ျမင္မႈတစ္ခုတည္းေၾကာင့္ မဟုတ္ခဲ့ဘူးလို႔ ဒါ႐ိုက္တာ James Cameron က ဆိုပါတယ္။

Photo via IMDb

Terminator 2 အတြက္ ဇာတ္ၫႊန္းေရးေနတဲ့အခ်ိန္မွာ James ဟာ အက္စတက္ဆီေဆးေတြ သုံးစြဲရင္း ဇာတ္ၫႊန္းကို ေရးသားဖန္တီးခဲ့တာလို႔ ေျပာျပခဲ့ပါတယ္။ ေဆးေကာင္းေနတဲ့ အရွိန္ရယ္၊ Sting ရဲ႕ သီခ်င္းတစ္ပုဒ္ရယ္ေၾကာင့္ John Connor ကာ႐ိုက္တာကို ဖန္တီးဖို႔ စိတ္ကူးရလာခဲ့တာလို႔ ဆိုပါတယ္။

“က်ဳပ္ အက္စတက္စီေတြ ေကာင္းၿပီး Terminator အတြက္ မွတ္စုေတြ ထိုင္ေရးေနတဲ့အခ်ိန္ကို မွတ္မိေသးတယ္။ အဲဒီအခ်ိန္ က်ဳပ္ေခါင္းထဲမွာ စြဲေနတာက Sting ရဲ႕ Russians သီခ်င္းပဲ။ I hope the Russians love their children too ဆိုတဲ့ စာသားေလ။ အဲဒီမွာ က်ဳပ္ ဘာကိုေတြးလိုက္မိလည္း သိလား ? န်ဴကလီးယားစစ္ပြဲ ဖန္တီးတဲ့ အိုင္ဒီယာကိုက အသက္ေတြ၊ ဘဝေတြနဲ႔ လုံးဝဆန႔္က်င္ဘက္ ျဖစ္ေနတဲ့ကိစၥေလ။ အဲဒီမွာတင္ အဲဒီကေလး (John Connor) ျဖစ္လာခဲ့တာပဲ … ” လို႔ Sting က အဆိုပါ အင္တာဗ်ဴးမွာ ေျပာျပသြားတာ ျဖစ္ပါတယ္။

©Carolco Pictures

အႏုပညာလက္ရာတစ္ခု ဖန္တီးဖို႔အတြက္ မူးယစ္ေဆး သုံးစြဲတယ္ဆိုတာဟာ James Cameron တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ သို႔ေပမယ့္ ကမာၻႀကီးကို Titanic လို ဇာတ္ကားမ်ိဳး ႐ိုက္ေပးထားတဲ့ သူလိုလူတစ္ေယာက္က အဲဒီအခ်ိန္ကာလမွာ လက္ခံေပးဖို႔ ခက္ေသးတဲ့ ေဆးမ်ိဳးကို သုံးၿပီး ဒီဇာတ္ကားကို ဖန္တီးခဲ့တယ္ဆိုတာဟာ နည္းနည္းေတာ့ အံ့အားသင့္စရာေကာင္းပါတယ္။

Titanic ၊ Avatar စတဲ့ နာမည္ႀကီး ႐ုပ္ရွင္ဇာတ္ကားေတြရဲ႕ ေနာက္ကြယ္က ဖန္တီးသူတစ္ေယာက္အေနနဲ႔ ႐ုပ္ရွင္ေတြ ဖန္တီးဖို႔ ရွိတိုင္း ဒီလိုေဆးေတြ သုံးေလ့ရွိလားဆိုတာကလည္း ေမးစရာတစ္ခု ျဖစ္လာပါလိမ့္မယ္။ သို႔ေသာ္လည္း အေျခအေနနဲ႔ အခ်ိန္အခါကို ၾကည့္မယ္ဆိုရင္ေတာ့ Avatar sequel ႐ုပ္ရွင္ (၄)ကား ဆက္႐ိုက္ဖို႔ ရွိေသးတဲ့ အသက္(၆၆)ႏွစ္ေက်ာ္ ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ ဒီလိုေရာဂါဘယေတြ ထူေျပာေနတဲ့ ေခတ္ႀကီးမွာ ဆက္အသက္ရွင္ေနေသးတဲ့အတြက္ ေသခ်ာေပါက္ မူးယစ္ေဆးေတြ ထိုင္သုံးေနမွာ မဟုတ္ေတာ့ဘူးဆိုတာ ခန႔္မွန္းၾကည့္ရင္ သိသာေနပါတယ္။

Glagow

Source: screenrant

RELATED ARTICLES

Most Popular