HomeCelebs Update NewsInternationalPeacemaker သရုပ်ဆောင် Jennifer Holland နဲ့ စေ့စပ်လိုက်ပြီ ဖြစ်တဲ့ James Gunn

Peacemaker သရုပ်ဆောင် Jennifer Holland နဲ့ စေ့စပ်လိုက်ပြီ ဖြစ်တဲ့ James Gunn

မကြာသေးခင်ကပဲ ဒါရိုက်တာ James Gunn ဟာ တွဲလာတာ ကြာပြီ ဖြစ်တဲ့ သရုပ်ဆောင် Jennifer Holland နဲ့ စေ့စပ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

Jennifer Holland ကတော့ မကြာသေးခင်က ထွက်ရှိထားတဲ့ Peacemaker ဇာတ်လမ်းတွဲထဲမှာ Emilia Harcourt နေရာက ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ Peacemaker ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ James Gunn ကပဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by James Gunn (@jamesgunn)

James Gunn နဲ့ Jennifer Holland တို့ဟာ ၂၀၁၅ ခုနှစ်က စတင်ပြီး တွဲခဲ့ကြတာ ဖြစ်ပါတယ်။ James Gunn ဟာ The Suicide Squad ရုပ်ရှင်နဲ့ DCEU ထဲကို စတင်ဝင်ရောက်ခဲ့တဲ့ အချိန်ကတည်းက Jennifer Holland ကို Emilia Harcourt အနေနဲ့ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ Spin-Off ဇာတ်လမ်းတွဲ ဖြစ်တဲ့ Peacemaker ထဲမှာတော့ Jennifer Holland ဟာ ပိုမိုအရေးပါတဲ့နေရာက ပါဝင်ခဲ့ရပြီး ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းကပဲ James Gunn ဟာ Jennifer Holland နဲ့ စေ့စပ်လိုက်ပြီဆိုတဲ့အကြောင်းကို သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ အသိပေးထားပါတယ်။ အဲဒါကတော့ ကော်ဖီသောက်နေတဲ့ Jennifer Holland ရဲ့ဓာတ်ပုံကို တင်ထားပြီး သူမရဲ့ လက်သူကြွယ်မှာတော့ ကြီးမားတဲ့ စိန်တစ်လုံးနဲ့ အလှဆင်ထားတဲ့ စေ့စပ်လက်စွပ် ဝတ်ဆင်ထားပုံကို တင်ထားတာ ဖြစ်ပါတယ်။ Jennifer Holland ကလည်း သူတို့နှစ်ယောက် တွဲရိုက်ထားတဲ့ပုံကို တင်ထားပြီး “ပျော်ရွှင်မှု” ဆိုတဲ့ စကားလုံးနဲ့ပဲ ရိုးရိုးရှင်းရှင်း Caption တပ်ထားပါတယ်။

 

View this post on Instagram

 

A post shared by Jennifer Holland (@jenniferlholland)

သူတို့နှစ်ယောက်ကတော့ တွဲလာတာ (၇)နှစ်နီးပါး ရှိပြီဖြစ်ပြီး နောက်ဆုံးမှာတော့ လက်ထပ်ကြဖို့အတွက် အခုလို စေ့စပ်လိုက်တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး တွေ့ဆုံပုံကလည်း Smallville ထဲက သရုပ်ဆောင် Michael Rosenbaum က မိတ်ဆက်ပေးခဲ့တာကြောင့်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာ သိပ်မကြာခင်မှာပဲ တွဲသွားကြပြီးတော့ ယခုအခြေအနေထိ ရောက်လာတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ယခုအချိန်မှာ စေ့စပ်ထားပြီ ဖြစ်တာကြောင့် မကြာခင်မှာ မင်္ဂလာပွဲကို ကျင်းပမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular