HomeEntertainmentFilmအသစ်ထွက်ရှိလာဦးမယ့် ဒါရိုက်တာ James Wan ရဲ့ Horror ဇာတ်လမ်းတွဲ Stinger

အသစ်ထွက်ရှိလာဦးမယ့် ဒါရိုက်တာ James Wan ရဲ့ Horror ဇာတ်လမ်းတွဲ Stinger

ဒါရိုက်တာ James Wan ကတော့ Stinger ဆိုတဲ့ Horror ဇာတ်လမ်းတွဲကို Peacock ရုပ်သံလိုင်းနဲ့ ပူးပေါင်းပြီး ဖန်တီးသွားမယ်လို့ သိရပါတယ်။ ဒါရိုက်တာ James Wan ကတော့ သူ့ရဲ့ ဒါရိုက်တာ ဘဝအစမှာတင် Saw Franchise ကို ဖန်တီးကာ လူသိများခဲ့ပြီး Horror ဇာတ်လမ်းတွေအများအပြားကို ဖန်တီးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီးရုပ်ရှင်တွေ ဖြစ်တဲ့ Insidious ၊ The Conjuring ၊ Furious 7 နဲ့ Aquaman တို့ကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲကိုတော့ ၁၉၈၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ စာရေးဆရာ Robert McCammon ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဝတ္ထုဇာတ်လမ်းကတော့ Texas မှာ အာကာသယာဉ်တစ်စီး ပျက်ကျလာရာက စတင်ပါတယ်။ ဒုတိယမြောက် ယာဉ်တစ်ခု ပျက်ကျလာချိန်မှာတော့ ဂြိုဟ်သားတစ်ယောက်လည်း ပါဝင်လာပြီး အဲဒီဂြိုဟ်သားဟာ သူ့ရဲ့မစ်ရှင် အောင်မြင်ဖို့အတွက် ဘာမဆိုပြုလုပ်ပါတော့တယ်။ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းအကျဉ်း ဖော်ပြချက်မှာတော့ Texas က လူတစ်စုဟာ ထူးခြားဆန်းကြယ်တဲ့ အန္တရာယ်တစ်ခုကို အတူရင်ဆိုင်ကြရမယ်လို့ ဖော်ပြထားပါတယ်။

ယခုအချိန်မှာတော့ ဒါရိုက်တာ James Wan ဟာ ဒီဇာတ်လမ်းတွဲကို Peacock ရုပ်သံလိုင်းနဲ့ ပူးပေါင်းဖန်တီးသွားမယ်လို့ Deadline သတင်းဌာနရဲ့ ဖော်ပြထားပါတယ်။ Yellowstone နဲ့ Chicago Fire တို့ရဲ့ ဇာတ်ညွှန်းရေးဆရာ ဖြစ်တဲ့ Ian McCulloch က ဇာတ်ညွှန်းရေးသွားမှာ ဖြစ်ပြီး The Haunting of Bly Manor နဲ့ Channel Zero တို့ရဲ့ ဒါရိုက်တာ E.L. Katz ကလည်း ပထမဆုံးအပိုင်းကို ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

photo via screenrant

ဒါရိုက်တာ James Wan ရဲ့ Horror ဇာတ်လမ်းတွေကတော့ ပရိသတ်တွေအကြိုက် ဖြစ်လေ့ရှိတာကြောင့် ဒီဇာတ်လမ်းတွဲဟာလည်း စောင့်ကြည့်ရမယ့် ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဒါရိုက်တာ James Wan ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Malignant ရုပ်ရှင်ဟာလည်း ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပြီး မကြာခင်မှာလည်း Killer Doll ဇာတ်လမ်းကို မြင်တွေ့ရမယ့် M3GAN ရုပ်ရှင်လည်း ထွက်ရှိလာဦးမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular