HomeEntertainmentFilmရုပ်ရှင်ချစ်သူတွေ ကြည့်ရှုထားသင့်တဲ့ Jason Momoa ရဲ့ ဇာတ်ကားကောင်းများ

ရုပ်ရှင်ချစ်သူတွေ ကြည့်ရှုထားသင့်တဲ့ Jason Momoa ရဲ့ ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Jason Momoa ဟာ Game of Thrones ဇာတ်လမ်းတွဲထဲက Khal Drogo အဖြစ်နဲ့ လူသိများကျော်ကြားလာပြီး အဲ့ဒီဇာတ်ကောင်ကြောင့်ပဲ စတင်အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ DCEU ရဲ့ Aquaman နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပိုမိုနာမည်ရလာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ ဒီဇာတ်ကားတွေတင် မဟုတ်ဘဲ တခြားလူသိပ်မသိသေးတဲ့ ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ဖူးပြီး အဲ့ဒီရုပ်ရှင်တွေထဲက ကြည့်ရှုထားသင့်တဲ့ ရုပ်ရှင်အချို့ကို ဖော်ပြပေးချင်ပါတယ်။

(7) Conan the Barbarian
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (5.2) ရရှိထားပါတယ်။ Conan ဟာ သူ့ရဲ့ ရွာကို ဖျက်ဆီးသွားပြီး သူ့အဖေကို သတ်ပစ်ခဲ့တဲ့ Warlord ကို လက်စားချေဖို့ ကြိုးစားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူထင်ထားတာထက် ပိုဆိုးတဲ့အန္တရာယ်တွေကို ရင်ဆိုင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jason Momoa ၊ Rachel Nichols နဲ့ Stephen Lang တို့ ပါဝင်ထားပါတယ်။

(6) Sweet Girl
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ထားပြီး IMDb (5.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Ray Cooper ဟာ ဇနီးဖြစ်သူ ဆုံးပါးသွားတာကြောင့် သူ့ရဲ့တစ်ဦးတည်းသော မိသားစုဖြစ်တဲ့ သမီးလေးကို ကာကွယ်ရင်း သူ့ဇနီးရဲ့ သေဆုံးမှုအတွက် တရားမျှတမှု ရရှိအောင် ကြိုးစားပုံကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Jason Momoa ၊ Isabela Merced နဲ့ Adria Arjona တို့ ပါဝင်ထားပါတယ်။

(5) Bullet to the Head
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (5.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ စုံထောက်တစ်ယောက်နဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်တို့ဟာ တခြားလူတစ်ယောက်ကြောင့် သူတို့ရဲ့ ပါတနာတွေ သေဆုံးသွားကြပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ ဘုံရန်သူကို တိုက်ခိုက်ဖို့အတွက် ပူးပေါင်းလိုက်ကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sylvester Stallone ၊ Jason Momoa နဲ့ Sung Kang တို့ ပါဝင်ထားပါတယ်။

(4) Braven
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (5.9) ရရှိထားပါတယ်။ သစ်ခုတ်သမားတစ်ယောက်ဟာ သူ့ရဲ့ဖခင်နဲ့ ဇနီးကို ကာကွယ်ဖို့အတွက် အကြောင်းတစ်ခုကြောင့် မူးယစ်ဆေးဝါး ကုန်သည်တွေနဲ့ တိုက်ခိုက်ရပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jason Momoa ၊ Stephen Lang နဲ့ Jill Wagner တို့ ပါဝင်ထားပါတယ်။

(3) Road to Paloma
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူတစ်ယောက်ရဲ့ မိခင်ဖြစ်သူဟာ အဓမ္မကျင့်ခံရပြီး အသတ်ခံလိုက်ရပါတယ်။ ဒါကြောင့်ပဲ သူဟာ အဲ့ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိသူကို ပြန်လည် လက်စားချေခဲ့ပြီး သူ့ကို လိုက်လံဖမ်းဆီးနေတဲ့ ရဲတွေလက်က လွတ်အောင် ထွက်ပြေးရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jason Momoa ၊ Lisa Bonet နဲ့ Robert Homer Mollohan တို့ ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Jason Momoa ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ်။

(2) Aquaman
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.9) ရရှိထားပါတယ်။ Arthur ဟာ လူသားတစ်ဝက်၊ Atlantean တစ်ဝက် ဖြစ်ပြီး ရေနေသတ္တဝါတွေနဲ့ စကားပြောဆိုနိုင်တဲ့ စွမ်းအားကို ရရှိထားပါတယ်။ တစ်ရက်မှာတော့ သူဟာ ရေအောက်မှာ ရှိတဲ့ Atlantis ရဲ့ ဘုရင်ဖြစ်ဖို့ ကံပါလာတာကို သိလိုက်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jason Momoa ၊ Amber Heard နဲ့ Patrick Wilson တို့ ပါဝင်ထားပါတယ်။

(1) Zack Snyder’s Justice League
photo via screenrant

ဒီရုပ်ရှင်ကလည်း ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာပေါ်ကို ကျရောက်လာတော့မယ့် အန္တရာယ်တွေကို တားဆီးဖို့အတွက် Bruce Wayne က လူလိုက်စုပြီး Justice League အဖွဲ့ ဖြစ်ပေါ်လာပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Ben Affleck ၊ Gal Gadot ၊ Jason Momoa နဲ့ Henry Cavill တို့ ပါဝင်ထားပါတယ်။

ဒါကတော့ Jason Momoa သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ကားကောင်းအချို့ကို ရွေးချယ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီလိုရုပ်ရှင်ဇာတ်ကားအကြောင်း သတင်း၊ဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Jason Momoa ဟာ Game of Thrones ဇာတ္လမ္းတြဲထဲက Khal Drogo အျဖစ္နဲ႔ လူသိမ်ားေက်ာ္ၾကားလာၿပီး အဲ့ဒီဇာတ္ေကာင္ေၾကာင့္ပဲ စတင္ေအာင္ျမင္လာခဲ့သူ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ DCEU ရဲ့ Aquaman ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပိုမိုနာမည္ရလာခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ ဒီဇာတ္ကားေတြတင္ မဟုတ္ဘဲ တျခားလူသိပ္မသိေသးတဲ့ ႐ုပ္ရွင္ေတြမွာလည္း ပါဝင္ခဲ့ဖူးၿပီး အဲ့ဒီ႐ုပ္ရွင္ေတြထဲက ၾကည့္ရွုထားသင့္တဲ့ ႐ုပ္ရွင္အခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Conan the Barbarian
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (5.2) ရရွိထားပါတယ္။ Conan ဟာ သူ႔ရဲ့ ရြာကို ဖ်က္ဆီးသြားၿပီး သူ႔အေဖကို သတ္ပစ္ခဲ့တဲ့ Warlord ကို လက္စားေခ်ဖို႔ ႀကိဳးစားတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူထင္ထားတာထက္ ပိုဆိုးတဲ့အႏၲရာယ္ေတြကို ရင္ဆိုင္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jason Momoa ၊ Rachel Nichols နဲ႔ Stephen Lang တို႔ ပါဝင္ထားပါတယ္။

(6) Sweet Girl
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၁ ခုႏွစ္မွာ ထြက္ထားၿပီး IMDb (5.5) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Ray Cooper ဟာ ဇနီးျဖစ္သူ ဆုံးပါးသြားတာေၾကာင့္ သူ႔ရဲ့တစ္ဦးတည္းေသာ မိသားစုျဖစ္တဲ့ သမီးေလးကို ကာကြယ္ရင္း သူ႔ဇနီးရဲ့ ေသဆုံးမွုအတြက္ တရားမၽွတမွု ရရွိေအာင္ ႀကိဳးစားပုံကို ျမင္ေတြ႕ရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Jason Momoa ၊ Isabela Merced နဲ႔ Adria Arjona တို႔ ပါဝင္ထားပါတယ္။

(5) Bullet to the Head
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (5.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ စုံေထာက္တစ္ေယာက္နဲ႔ လုပ္ႀကံသတ္ျဖတ္သူတစ္ေယာက္တို႔ဟာ တျခားလူတစ္ေယာက္ေၾကာင့္ သူတို႔ရဲ့ ပါတနာေတြ ေသဆုံးသြားၾကပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ ဘုံရန္သူကို တိုက္ခိုက္ဖို႔အတြက္ ပူးေပါင္းလိုက္ၾကပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Sylvester Stallone ၊ Jason Momoa နဲ႔ Sung Kang တို႔ ပါဝင္ထားပါတယ္။

(4) Braven
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (5.9) ရရွိထားပါတယ္။ သစ္ခုတ္သမားတစ္ေယာက္ဟာ သူ႔ရဲ့ဖခင္နဲ႔ ဇနီးကို ကာကြယ္ဖို႔အတြက္ အေၾကာင္းတစ္ခုေၾကာင့္ မူးယစ္ေဆးဝါး ကုန္သည္ေတြနဲ႔ တိုက္ခိုက္ရပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jason Momoa ၊ Stephen Lang နဲ႔ Jill Wagner တို႔ ပါဝင္ထားပါတယ္။

(3) Road to Paloma
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ လူတစ္ေယာက္ရဲ့ မိခင္ျဖစ္သူဟာ အဓမၼက်င့္ခံရၿပီး အသတ္ခံလိုက္ရပါတယ္။ ဒါေၾကာင့္ပဲ သူဟာ အဲ့ဒီလုပ္ရပ္ေတြအတြက္ တာဝန္ရွိသူကို ျပန္လည္ လက္စားေခ်ခဲ့ၿပီး သူ႔ကို လိုက္လံဖမ္းဆီးေနတဲ့ ရဲေတြလက္က လြတ္ေအာင္ ထြက္ေျပးရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jason Momoa ၊ Lisa Bonet နဲ႔ Robert Homer Mollohan တို႔ ပါဝင္ထားပါတယ္။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ဟာ Jason Momoa ကိုယ္တိုင္ ဒါရိုက္တာအျဖစ္ ရိုက္ကူးထားတဲ့ ပထမဆုံး႐ုပ္ရွင္လည္း ျဖစ္ပါတယ္။

(2) Aquaman
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (6.9) ရရွိထားပါတယ္။ Arthur ဟာ လူသားတစ္ဝက္၊ Atlantean တစ္ဝက္ ျဖစ္ၿပီး ေရေနသတၱဝါေတြနဲ႔ စကားေျပာဆိုနိုင္တဲ့ စြမ္းအားကို ရရွိထားပါတယ္။ တစ္ရက္မွာေတာ့ သူဟာ ေရေအာက္မွာ ရွိတဲ့ Atlantis ရဲ့ ဘုရင္ျဖစ္ဖို႔ ကံပါလာတာကို သိလိုက္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jason Momoa ၊ Amber Heard နဲ႔ Patrick Wilson တို႔ ပါဝင္ထားပါတယ္။

(1) Zack Snyder’s Justice League
photo via screenrant

ဒီ႐ုပ္ရွင္ကလည္း ၂၀၂၁ ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ကမၻာေပၚကို က်ေရာက္လာေတာ့မယ့္ အႏၲရာယ္ေတြကို တားဆီးဖို႔အတြက္ Bruce Wayne က လူလိုက္စုၿပီး Justice League အဖြဲ႕ ျဖစ္ေပၚလာပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Ben Affleck ၊ Gal Gadot ၊ Jason Momoa နဲ႔ Henry Cavill တို႔ ပါဝင္ထားပါတယ္။

ဒါကေတာ့ Jason Momoa သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြထဲက ဇာတ္ကားေကာင္းအခ်ိဳ႕ကို ေရြးခ်ယ္ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ ဒီလို႐ုပ္ရွင္ဇာတ္ကားအေၾကာင္း သတင္း၊ေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္ရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular